အခန်း (၈၁၀)
Vol. 54 Ch. 810
“ကျ..ကျွန်တော်.. ဟေးရှာ.. .နားလည်ပါ..တယ်.. ကျ..ကျွန်တော်..အား..အားလုံးက ..သခင့်..ကျေး…ကျေးဇူး..တွေ.ပါ.. ကျွန်တော်ပို သန်မာလာ..ပြီး. သခင့်ကို.ပြန်…ပေးဆပ်ပါ့မယ်.. “
ဟေးရှာက ရှစ်ဖုန့်အား လူသားတစ်ယောက်၏အသိအမြင်အတိုင်း တုန်ယင်စွာပြောလိုက်သည်။
ဟေးရှာ၏ ခိုင်မာပြတ်သားသော မျက်နှာကိုကြည့်၍ သူ့အပေါ်ထားရှိသည့်ရိုးသားမှုနှင့် သစ္စာတရားကိုရှစ်ဖုန့်မြင်နိုင်သည်ဖြစ်သည်။
အခုမှအသိဉာဏ်ကိုရရှိသောယင်အလောင်းကောင်တစ်ကိုအသာထား ယင်အလောင်းကောင်များမှာ ၎င်းတို့အင်္ကျီလက်ထဲ၌ လှည့်ကွက်များစွာကိုထားရှိကြသော လူသားများကဲ့သို့မဟုတ်ကြပေ။ ၎င်းတို့၏အရာအားလုံးအား မျက်နှာပေါ်တွင် ရေးသားဖော်ပြကြသည်ဖြစ်သည်။
ရှစ်ဖုန့်က ဟေးရှာကို ခေါင်းညိမ့်ပြပြီးပြောလိုက်သည်။
“အနာဂတ်မှာ မင်း ပိုသန်မာလာမယ်လို့ငါယုံကြည်တယ်”
ဤသစ္စာရှိ ယင်အလောင်းကောင်အားကြည့်ရင်း ရှစ်ဖုန့်၏စိတ်ထဲ၌သူ၏ မှတ်ဉာဏ်များပြန်လည်ရရှိခဲ့သည့် နေ့က ပေါ်လာသည်။ အကြွင်းမဲ့ယင်အလောင်းကောင်ကယင်ရှာက သူ့အား သစ္စာရှိခဲ့ပြီး သူ့ကြောင့်နှင့်သေလုနီးပါးပင်ဖြစ်ခဲ့
ရသည်ဖြစ်သည်။
“သူဘယ်လောက်ထိကြီးပြင်းလာပြီလဲဆိုတာကို ငါသိချင်မိတယ်.. ဒါပေမဲ့ အကြွင်းမဲ့ယင်အလောင်းကောင်မှာက မွေးရာပါပါရမီစွမ်းရည်ရှိတယ်.. ငါ့ကိုစိတ်ပျက်စေမှာမဟုတ်ဘူးမလား”
မှောင်မိုက်ပြီး အေးစက်သော ကမ္ဘာတစ်ခုအတွင်းတွင် လေးပြင်းများက တဝှီဝှီနှင့်ပြင်းထန်စွာတိုက်ခတ်နေသည်။ ၎င်းမှာ အရိုးထဲအထိတိုင်စိမ့်တက်အောင်အေးလှ၏။
မြေပြင်ပေါ်တွင် အဆုံးမဲ့သော အရိုးပုံကြီးတစ်ခုရှိနေသည်။ ၎င်းတို့မှာ မရေတွက်နိုင်သောလူသားရိုးများနှင့် မရေတွက်နိုင်သောနတ်ဆိုးသားရဲတို့၏အရိုးများ
ဖြစ်ကြပြီး အကန့်သတ်မဲ့သောအကွာအဝေးအထိ ပြန့်ကျဲနေသည်။
ကြီးမားသောအဖြူရောင်အရိုးတောင်တစ်ခုအတွင်းတွင် များစွာပြောပုံရိပ်များက မြေပြင်ထက်၌ဒူးထောက်နေကြပြီး ၎င်းတို့၏ ပါးစပ်များကနားလည်ရခက်ခဲသောထူးဆန်း
သည့်အော်သံများဟစ်အော်နေကြသည်။ ၎င်းတို့၏လက်များက ၎င်းတို့၏နတ်ဘုရားအား အစဉ်ချစ်ခင်ယုံကြည်ကိုးကွယ်နေသကဲ့သို့ရှိခိုးဦး
တိုက်နေကြသည်။
ပုံရိပ်များက လည်းသိပ်သည်းများပြားလွန်းလှပြီး တောင်ထိပ်ဖျားမှတောင်ခြေအထိတိုင်ရှိနေသည်။ ဤပုံရိပ်များက အေးစက်မှောင်မိုက်သော အော်ရာတစ်ခုကိုထုတ်လွှတ်နေပြီး ယင်းက သေခြင်း၏အော်ရာဖြစ်သည်မှာသိသာသည်ဖြစ်သည်။
အရိုးတောင်၏ထိပ်ဖျားတွင် လေထဲ၌ လွင့်မျောနေသော ဧရာမအရိုးဖြူ ပလ္လင်တစ်ခုရှိသည်။ ပလ္လင်၏ ထိပ်ဖျားတွင် အဖြူရောင်ပုံရိပ်တစ်ခုကထိုင်နေသည်။
ခြေထောက်များအားတင်ပျဉ်ခွေထားပြီး မျက်လုံးတို့ကို အနည်းငယ်ပိတ်ထားသည်။ သူ၏မျက်နှာကဖြူပြီး သူ၏ အသွင်အပြင်က နှိုင်းယှဉ်ဖော်ပြ၍မရအော်ကို ထူးဆန်းသည်။ သူသည် ရှစ်ဖုန့်သူပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံးလက်ခံခဲ့သည့်တပည့်ဖြစ်သူ ယင်ရှာပင်ဖြစ်သည်။
“ဟမ်”
သို့သော်ဤအခိုက်အတန့်တွင် ယင်ရှာက မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက်သူ၏မျက်လုံးတို့ကိုဖွင့်လိုက်သည်။ သူ၏ နှိုင်းယှဉ်ဖော်ပြ၍မရနိုင်လောက်သော စွမ်းအားကြီးအော်ရာက ရုတ်ခြည်း သူ၏ ကိုယ်မြင့်တက်ထွက်ပေါ်လာသည်။
အရိုးဖြူတောင်အတွင်းတွင် ပုံရိပ်များစွာမှာ ၎င်းတို့အထက်ရှိ စွမ်းအားကြီး အော်ရာကို ခံစားကြရသည်။ ၎င်းတို့၏ ကိုယ်များကတုန်ယင်နေပြီးပို၍ ခပ်မြန်မြန်ရှိခိုးဦတိုက်နေကြ၏။
ယင်ရှာမှာ အောက်ရှိ ပုံရိပ်များအား ဂရုစိုက်ခြင်းမရှိချေ။ သူ၏ခေါင်းအားမော့လိုက်ပြီး အကွာအဝေးတစ်ခုရှိအကန့်သတ်မဲ့သော ဟင်းလင်းပြင်သို့ကြည့်လိုက်သည်။ သူ၏ စိတ်ထဲ၌ငယ်ရွယ်သောပုံရိပ်တစ်ခုပေါ်လာသည်။
သူကတီးတိုးရေရွတ်လိုက်သည်။
“ဆရာ”
ယင်ရှာကခေါင်းမော့ကာ ဟင်းလင်းပြင်ထဲသို့စိုက်ကြည့်နေစဉ် ရုတ်တရက်သူထံသို့ အန္တရာယ်ဖြစ်လောက်စေသောအမြန်နှုန်းမျိုးဖြင့် ပျံသန်းလာနေသည့်ပုံရိပ်နှစ်ခုကိုမြင်
တွေ့လိုက်ရသည်။
ပုံရိပ်နှစ်ခုအားမြင်တွေ့လိုက်ရသောအခါတွင်
ယင်ရှာ၏မျက်လုံးတို့ကျဉ်းမြောင်းသွားသည်။ ပုံရိပ်နှစ်ခုတွင် တစ်ခုမြေဝါရောင်နှင့် တစ်ခုသွေးနီရောင်ဖြစ်သည်ကိုပြောနိုင်သည်ဖြစ်
သည်။ နှစ်ယောက်လုံးက အဆင့်ရှစ် မဟာသူတောင်စင်နယ်ပယ်များဖြစ်ကြ၏။
ထို့နောက်လိုက်ပါ၍ ယင်ရှာက ၎င်းတို့၏နမည်များကို ခေါ်လိုက်သည်။
“ထူရှာ ..ရွှယ်ရှာ”
မြေဝါရောင်ပုံရိပ်က မြေဓာတ်အခြေပြုယင်အလောင်းကောင်ဖြစ်သည်။ ဤအချိန်တွင် ထူရှာမှာ ၎င်းနှင့်အတူပါလာသည့် မြေဝါရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားသည်။
သို့သော် သူ၏ မြေဓာတ်အခြေပြု ချပ်ဝတ်က ထူရှာ ပိုသန်မာလာသကဲ့သို့ ၎င်းကလည်း မြေဝါရောင်အလင်းကိုထုတ်လွှတ်နေသည်။ တစ်ချက်ကြည့်ရုံနှင့် ၎င်းက သာမန်ပစ္စည်းမဟုတ်သည်ကိုပြောနိုင်သည်ဖြစ်၏။
သူ့ဘေးရှိရွှယ်ရှာမှာ ရှစ်ဖုန့်၎င်းအားဖမ်းဆီးစဉ်ကနှင့် ကွဲပြားသွားပြီဖြစ်သည်။ ထိုအချိန်က သူသည်အော်ဟစ်ဖို့သာသိခဲ့သည်။သူ၏ သွေးနီရောင်မျက်နှာကကြမ်းကြုတ်ခက်ထန်သည်။
အဆင့်ရှစ် မဟာသူတော်စင်နယ်ပယ် ယင်အလောင်းကောင်အဖြစ် အဆ့င်တက်လှမ်းပြီးနောက် ရွှယ်ရှာ၏ အသိဉာဏ်တို့အသက်ဝင်လာသည်။ သူ၏မျက်နှာကတြော့ သွေးနီရောင်ဖြစ်ဆဲဖြစ်သည်။ သူ၏ပုံစံကတည်ငြိမ်သော လူငယ်တစ်ယောက်၏ဟန်ပန်မျိုးရှိ၏။ သူကသွေးနီရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားပြီး သူ၏ကိုယ်ကအားကောင်းသော သွေးနံတစ်ခုကိုထုတ်လွှတ်နေသည်။
ထူရှာနှင့်ရွှယ်ရှာတို့ သူတို့၏ ခေါင်းအားငုံ့လိုက်သောအခါတွင် ဧရာမအရိုးဖြူပလ္လင်ထက်ရှိ အဖြူရောင် ပုံရိပ်ကိုမြင်တွေ့လိုက်ရပြီး သူတို့ကလည်းတီးတိုးရေရွတ်လိုက်သည်။
“ယင်ရှာ”
ထို့နောက်မကြာခင်နှစ်ယောက်သားလှုပ်ရှား
လိုက်ပြီး အရိုးဖြူ ပလ္လင်ထက်ဆင်းသက်လိုက်သည်။ တစ်ယောက်ဘယ်တစ်ယောက်တစ်ယောက်ကညာနှင့် ယင်ရှာဘေး၌ဆင်းသက်လိုက်ကြ၏။
ထူရှာနှင့်ယင်ရှာရောက်ရှိလာပြီးနောက် ယင်ရှာက သူ၏ခေါင်းကိုငုံ့လိုက်ပြီး မြေပြင်ပေါ်၌ဒူးထောက်နေကြသည့် များပြားလှသောပုံရိပ်များကိုကြည့်လိုက်သည်။
သူကအေးစက်စွာပြောလိုက်သည်။
“မင်းတို့ထဲမှာ ကိုးထောင့်ကိုးရာကိုးဆယ့်ခုနှစ်ယောက်က ငါ့နောက်ကိုလိုက်ပြီး ခရီးသစ်တစ်ခုစတင်ရမယ်”
မှောက်မိုက်သောကမ္ဘာအတွင်းတွင် အေးစက်ပြီးခံ့ညားသောခံစားချက်မဲ့သည်အသံတစ်ခုကရိုက်ခတ်ထွက်ပေါ်လာသည်။
“တီ.တီ.တီ.”
ထူးဆန်းသောအော်သံများကလည်း အဆက်မပြတ်ထွက်ပေါ်နေသည်။
ယင်ရှာစကားပြောပြီးနောက် သူ၏လက်နှစ်ဖက်လုံးဖြင့်ဆီးလ်တစ်ခုကိုပုံဖော်လိုက်သည်။ သူပုံဖော်လိုက်သောဆီးလ်က ယခင်ငရဲဘုံကိုးခု ဧကရာဇ်ဖန်တီးခဲ့သော အလောင်းတစ်သောင်းအစီအရင်ပင်ဖြစ်သည်။
ရုတ်ခြည်းယင်ရှာ၏ အလောင်းတစ်သောင်းအစီအရင်အောက်တွင် သိပ်သည်းများပြားလှသောယင်လောင်းကောင်များထဲမှပုံရိပ်များတစ်ခုပြီးတစ်ခုပျံသန်းထွက်လာသည်။စုစုပေါင်းကိုးထောင့်ကိုးရာကိုးဆယ့်ခုနှစ်
ကောင်ရှိပြီး အားလုံးက အထက်ရှိ ယင်အလောင်းကောင်သုံးကောင်ရှိရာ
သို့ဦးတည်လာ၏။
ယင်ရှာက ယင်အလောင်းကောင်ကိုးထောင့်ကိုးရာကိုးဆယ့်ခုနှစ်ကောင်ကိုစိုက်ကြည့်လိုက်သည်။ ဤယင်အလောင်းကောင်များမှာ ဂရုတစိုက်ရွေးချယ်ထားသောလက်ရွေးစင်
များဖြစ်ကြသည်။ ဤယင်အလောင်းကောင် ကိုးထောင့်ကိုးရာကိုးဆယ့်ခုနှစ်ကောင်လုံးက ကြယ်လေးပွင့် ဘုရင်နယ်ပယ်များဖြစ်ကြသည်။ အားလုံးအား သာမန်ယင်အလောင်းကောင်များ၏အကန့်အသတ်သို့ရောက်ရှိပြီဟုသတ်မှတ်၍ရသည်ဖြစ်သည်။
ဤအချိန်တွင် ယင်ရှာ၏အလောင်းတစ်သောင်းအစီအရင်က ပုံဖော်ပြီးဖြစ်သည်။ သူ့ကိုယ်သူ အစီအရင်၏မျက်လုံးအဖြစ်အသုံးပြု၏။ ထူရှာ၊ရွှယ်ရှာနှင့် ယင်အလောင်းကောင်ကိုးထောင့်ကိုးရာကိုးဆယ့်ခုနှစ်ကောင်တို့ပါအတူတကွဆိုလျှင် စုစုပေါင်းယင်အလောင်းကောင်တစ်သောင်းက စစ်မှန်သော အလောင်းတစ်သောင်းအစီအရင်အ
ဖြစ်ပြည့်စုံသွားပြီဖြစ်သည်။
ကောင်းကင်ထဲ၌သိပ်သည်းခမ်းနားသော
သေခြင်းအော်ရာဖြစ်သည့် အနက်ရာင်သေခြင်းမြူများနှင့် သတ်ဖြတ်ခြင်းအော်ရာများက တလိပ်လိပ်ထနေသည်။ ကောင်းကင်ထဲရှိစွမ်းအင်များမှာ ဖရိုဖရဲဖြစ်လာပြီး အုံကြွလာသည်။
ကောင်းကင်ထဲသို့ဝင်ရောက်လာသည့်မည်သည့်
သက်ရှိမဆို ဖျက်ဆီးခံရတော့မည်နှယ်ပင်ဖြစ်သည်။
“သွားစို့”
ယင်ရှာ၏အေးစက်သောအော်သံက ကောင်းကင်ထဲ၌ပဲ့တင်ထပ်သွားသည်။ ထို့နောက်သူ့အောက်ရှိ အရိုးဖြူပလ္လင်ကမြင့်တက်လာသည်။
“ဂါး.ဂါး.ဂါး.ဂါး”
ယင်ရှာရွှေးချယ်ထားသောယင်အလောင်း
ကောင်များမှ အော်သံများတစ်ခုပြီးတစ်ခုထွက်လာသည်။
ယင်အလောင်းကောင်ကိုးထောင့်ကိုးရာကိုးဆယ့်ခုနှစ်ကောင်ကလည်း အရိုးဖြူပလ္လင်နှင့်အတူ မြင့်တက်လာပြီးကောင်းကင်အတွင်းပျံသန်း
သွားသည်။ ထို့နောက်တွင် ဧရာမအရိုးဖြူပလ္လင်နောက်သို့လိုက်ပါပြီး အကန့်သတ်မဲ့သောဟင်းလင်းပြင်ထဲသို့ ဦးတည်ပျံသန်းသွား၏။
မကြာခင်တွင် ထျန်းဟန်တိုက်ကြီးပေါ်၌ အလောင်းတစ်သောင်းအစီအရင်၏ဒဏ္ဍာရီကျန်ရစ်ခဲ့သည်။
အနောက်ပိုင်းဒေသကြီး၏ ရွှယ်ယွမ်မြို့၌ဖြစ်သည်။ ၎င်းက နှိုင်းယှဉ်ဖော်ပြ၍မရနိုင်အောင်ကြီးမားပြီး
ဥစ္စာဓနကြွယ်ဝချမ်းသာသောမြို့တစ်ခုဖြစ်သည်။ ၎င်းက အနောက်ပိုင်းဒေသကြီးတစ်ခုလုံးရှိ အကြီးဆုံးမြို့များထဲမှတစ်ခုဖြစ်သည်။
ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ကရွှယ်ယွမ်မြို့အတွင်းလျှောက်လမ်းနေသည်။ သူတို့ဤနေရာသို့လာရသည့်ရည်ရွယ်ချက်က ရွှယ်ယွမ်မြို့အရှင်သခင်ထံမှ နေရာကူးပြောင်းအစီအရင်ကိုငှားရမ်းရန်ဖြစ်သည်။
“ဒီကိုမလာတာနှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဒီမြို့က အရင်ကထက်ပိုပြီးအသက်ဝင်ပြီးပိုကြွယ်ဝချမ်းသာလာမယ်လို့ ကျွန်တော်မမျှော်လင့်ထားဘူး”
လောချင်းချွမ်မှာ လမ်းဘေးတစ်ဖက်တစ်ချပ်စီရှိ မြင့်မားပြီးခမ်းနားသောအဆောက်အဦးများနှင့် အကန့်သတ်မဲ့လှသောလူစီးကြောင်းကိုကြည့်၍ ပြောလိုက်သည်။
ထို့နောက်လောချင်းချွမ်က ခေါင်းကိုလှည့်ကာပြုံးလိုက်ပြီး ဘေးရှိရှစ်ဖုန့်ကိုပြောလိုက်သည်။
“ရွှယ်ယွမ်မြို့ကလူတွေဆရာ့ကိုမှတ်မိနေအုံးမလားဆိုတာကျွန်တောသိချင်မိတယ်”
“ရွှယ်ယွမ်မြို့”
ရှစ်ဖုန့်ကဤစကားတို့အားရေရွတ်လိုက်သကဲ့သို့သူ၏နှုတ်ခမ်းထောင့်ကတွန့်ကွေးသွားပြီးအေး
စက်သောအပြုံးတစ်ခုဖြစ်ပေါ်လာသည်။
သူရွှယ်ယွမ်မြို့သို့ပထမဆုံးအကြိမ်လာစဉ်က သူသည်လည်းနေရာကူးပြောင်းအစီအရင်ကိုငှားရနလာခြင်းဖြစ်သည်ကိုမှတ်မိနေဆဲဖြစ်သည်။ အဆုံးသတ်တွင် ရွှယ်ယွမ်မြို့အရှင်သခင်၏ ငြင်းဆိုခြင်းကိုသူခံခဲ့ရသည်။
ထိုသည်သာမက ရွှယ်ယွမ်မြို့အရှင်သခင်ကလည်း ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ဖြစ်သောကြောင့် ရွှယ်ယွမ်မြို့ထိပ်ဖျား၌ ယိုမင်ကိုစိန်ခေါ်မှုဖြစ်ပွားခဲ့သည်။
ဤတိုက်ပွဲက ယိုမင်အား ငရဲဘုံကိုးခု ဧကရာဇ်အဖြစ်ထျန်းဟန်တိုက်ကြီးတစ်ခွင်
ကျော်ကြားစေခဲ့သောတိုက်ပွဲဖြစ်သည်။ သူက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ဖြစ်သူ ရွှယ်ယွမ်မြို့အရှင်သခင် ရွှယ်ယွမ် ဝူမင်ကို ရွှယ်ယွမ်မြို့ထိပ်ဖျား၌သတ်ပစ်ခဲ့သည်။
ဆက်ရန်………….
ဘာသာပြန်သူ-ARISE