← Chapters

အခန်း (၁၀၅၁)

Vol. 76 Ch. 1051

အခန်း (၁၀၅၁)

Vol. 76 Ch. 1051

သူတို့အားလုံးက အစိမ်းရောင်ကျောက်တုံးပေါ်တွင် ရပ်နေပြီး လူအုပ်ကို ဦးဆောင်လာသော ဟွမ်ကျစ်ဟူနှင့် ယွင်သွမ့်ကို ကြည့်လိုက်ကြသည်။

“ဟေး၊ ခံတပ်ခေါင်းဆောင်အသစ်၊ ဒီကိုလာပါအုံး။ ငါတို့ ကြည့်ပါရစေ”

အစိမ်းရောင်ကျောက်တုံးပေါ်တွင်ရှိသော ခေါင်းတုံးကြီးတစ်ယောက်က အပြုံးတစ်ခုနှင့်အတူ ရွှေမီးတောက်နောက်မှ လိုက်လာသော ပိုင်ရှစ်ကို ညွှန်ပြသည်။

“ခေါင်းဆောင်ပိုင်၊ မင်းကို မိန်းမတစ်ယောက်က အနိုင်ယူသွားတယ်ဆို”

“ခလွမ်”

တုံ့ပြန်မှုသည် ဓားသံတစ်ချက် ဖြစ်သည်။

ပေတစ်သောင်းရှည်လျားသော ဓားအလင်းသည် အစိမ်းရောင်ကျောက်တုံးကို ခုတ်ချလိုက်သည်။

အင်မော်တယ်ရတနာဓားမှ ထွက်ပေါ်လာသော အရိုးအေးလောက်သည့် ဓားအလင်းသည် အစိမ်းရောင်ကျောက်တုံးကို ချက်ချင်း အေးခဲသွားစေသည်။

“ဘုန်း”

ပေတစ်ရာမြင့်မားသော အစိမ်းရောင်ကျောက်တုံးက တစ်ပိုင်းတစ်စစီ ဖြစ်သွားသည်။

ကျောက်တုံးပေါ်တွင် ရပ်နေသော လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ်များက ခုခံရန် အခွင့်အရေးမရှိပဲ ထိုဓားချက်၏အောက်တွင် ပျောက်ကွယ်သွားကြသည်။

သူမက လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူရှစ်ယောက်ကို တစ်ချက်တည်း သတ်ဖြတ်ခဲ့သည်။

ဓားအလင်း ပျောက်ကွယ်သွားပြီး ဟွမ်ကျစ်ဟူက ဖြည်းဖြည်းချင်း ဓားပြန်သိမ်းသည်။

တောင်ကြားတစ်ခုလုံးက တိတ်ဆိတ်နေသည်။

‘ငါတို့ရဲ့ ခေါင်းဆောင်က ဒီလိုပဲ သေသွားတာလား’

ခံတပ်ဆယ်ခုခန့်သည် ဤနေရာတွင် စုဝေးနေသည်။ ဓားတစ်ချက်ဖြင့် ခေါင်းဆောင်များအားလုံး သေဆုံးသွားခဲ့သည်။

“ဖီးနစ်တောအုပ်ခံတပ်ရဲ့ ခေါင်းဆောင်ကို မလေးစားတဲ့လူတိုင်း ခြွင်းချက်မရှိ အသတ်ခံရမယ်”

ဟွမ်ကျစ်ဟူက ဓားကိုင်ထားပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။ သူမ၏ အသံက အေးစက်နေသည်။

“ခြွင်းချက်မရှိ အသတ်ခံရမယ်”

သူမ၏နောက်တွင် ဖီးနစ်တောအုပ်ခံတပ်၏ ကျင့်ကြံသူသုံးရာကျော်က ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ သူတို့၏ အသံက ကောင်းကင်အထိ ပဲ့တင်ထပ်နေသည်။

သူတို့၏ အရှိန်အဝါက အလွန်လွှမ်းမိုးနိုင်သောကြောင့် ပတ်ဝန်းကျင်တွင်ရှိနေသော တခြားလူများက တိတ်ဆိတ်စွာ နောက်ဆုတ်သွားကြသည်။

နောက်မဆုတ်လျှင် မတော်တဆ ထိခိုက်သွားနိုင်သည်။

ချက်ချင်းဆိုသလိုပင် နောက်ဆုတ်သွားသော ကျင့်ကြံသူများက တစ်ယောက်နှင့်တစ်ယောက် တိုက်မိပြီး ဖရိုဖရဲဖြစ်နေကြသည်။

“ဝီ”

လေထုက တုန်ခါသွားသည်။

ပေတစ်ထောင်ရှည်လျားသော သင်္ဘောပျံတစ်စင်း ဆင်းသက်လာပြီး မြေပြင်နှင့် မိုင်တစ်ရာအကွာတွင် ရစ်ဝဲနေသည်။

“ရှုပ်ထွေးနေတာပဲ”

အစိမ်းရောင်ဝတ်စုံနှင့် လူငယ်တန်ခိုးရှင်တစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး အော်ပြောသည်။

သူ့အသံကြောင့် အရှုပ်အထွေးများက ငြိမ်သက်သွားသည်။

“ပထမအလွှာရဲ့ အဓိကဂိုဏ်းသုံးဂိုဏ်းထဲက ကူယန်ဂိုဏ်းမဟုတ်လား”

“ဒီတစ်ကြိမ်မှာ ကူယန်ဂိုဏ်းက ကောင်းကင်တစ်သောင်းချောက်နက်ကိုလာဖို့ တာဝန်ထုတ်ထားတာမဟုတ်လား”

“ငါတို့ခေါင်းဆောင်တွေ အသတ်ခံလိုက်ရတာကို ပြောရမလား”

“အသုံးမဝင်ဘူး။ သူတို့က ဂရုစိုက်မှာမဟုတ်ဘူး”

ကူယန်ဂိုဏ်း၏လူငယ်က ဟွမ်ကျစ်ဟူကို ကြည့်သည်။ သူက မျက်ခုံးပင့်လိုက်ပြီး ပြောသည်။

“တိုက်ခိုက်လိုက်တဲ့လူက မင်းလား”

“မင်းရဲ့ ဓားနည်းစနစ်က မဆိုးဘူး။ ဒီမှာရှိတဲ့လူတိုင်းကို ထိန်းချုပ်ဖို့ တစ်နာရီအချိန်ပေးမယ်”

ထိုသို့ဖြင့် သူက သင်္ဘောပေါ်သို့ ပြန်တက်သွားသည်။

“ဂိုဏ်းတူညီလေးချီ၊ အဲဒီဓားချက်က တကယ်ခမ်းနားတယ်။ မိုင်တစ်ရာအကွာကနေ လှမ်းမြင်နိုင်တယ်”

ကုန်းပတ်ပေါ်တွင်ရှိသော အနက်ရောင်ချပ်ဝတ်နှင့် လူတစ်ယောက်က ပြုံးသည်။

“မင်းဘယ်လိုထင်လဲ။ သူတို့ကို သိမ်းသွင်းမှာလား”

“အဲဒီဓားချက်ကို သေချာမကြည့်လိုက်ရဘူး။ ဓားနည်းစနစ်ကို အားကိုးထားတာ ဖြစ်နိုင်တယ်”

ဂိုဏ်းတူညီလေးချီက ခေါင်းညိတ်လိုက်ပြီး အောက်ကို ငုံ့ကြည့်သည်။

“တကယ်လို့ သူမက အဲဒီလူတွေကို ထိန်းချုပ်နိုင်ရင် လက်အောက်ငယ်သားအဖြစ် လက်ခံပေးလို့ရတယ်”

သူက ပွင့်လင်းစွာ ပြောလိုက်သောကြောင့် ကုန်းပတ်ပေါ်တွင်ရှိသော လူများက ရယ်လိုက်ကြသည်။

သို့သော် သူ့စကားက မှားယွင်းနေသည်ဟု မည်သူမှ မထင်ကြပေ။

ထိုကျင့်ကြံသူများအတွက် ကူယန်ဂိုဏ်းမှ လက်ရွေးစင်တပည့်၏ အာရုံစိုက်မှုသည် အခွင့်အရေးတစ်ခု ဖြစ်သည်။

အောက်တွင်ရှိသော ကျင့်ကြံသူများက ကူယန်ဂိုဏ်းမှတပည့်၏ စကားကို ကြားလိုက်ရသည်။ သို့သော် ဟွမ်ကျစ်ဟူက ခေါင်းဆောင်များကို သတ်ပစ်ခဲ့သောကြောင့် သူတို့၏ရန်သူ ဖြစ်နေသည်။

“ဟမ့်၊ ငါက သေသွားရင်တောင် သူတို့နဲ့ မလိုက်ဘူး”

“ဟုတ်တယ်။ ခေါင်းဆောင်အတွက် လက်စားချေပေးရမယ်”

“အတူတူတိုက်ကြရအောင်။ ဖီးနစ်တောအုပ်ခံတပ်က လူသိပ်မရှိဘူး”

လူတစ်ယောက်က တိတ်ဆိတ်စွာ လှုံ့ဆော်ပေးလိုက်သည်။

သို့သော် မည်သူမှ ရှေ့တက်မသွားရဲကြပေ။

ဟွမ်ကျစ်ဟူက မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းခါသည်။

“သူတို့ရဲ့ ကျင့်ကြံဆင့်နဲ့ တိုက်ခိုက်နိုင်စွမ်းက နိမ့်ကျတယ်။ သစ္စာလည်းမရှိဘူး။ သူတို့ကို သိမ်းသွင်းလိုက်ရင် ခွန်အားတိုးလာမယ့်အစား ခွန်အားလျော့သွားလိမ့်မယ်”

ကျောက်ချန်က ပြောသည်။

“ဟုတ်တယ်။ သူတို့ကို ဂရုမစိုက်နဲ့။ ငါတို့နဲ့တင် လုံလောက်တယ်”

ဖီးနစ်တောအုပ်ခံတပ်၏ လူများက ဆယ်ရက်ကြာအောင် လေ့ကျင့်ထားပြီး စနစ်တကျရှိသည်။

သူတို့အားလုံးက ချပ်ဝတ်နှင့် လက်နက်များကို ကိုင်ဆောင်လိုက်လျှင် ပိုမိုသန်မာလာလိမ့်မည်။

သူတို့အတွက် အပြင်လူများသည် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်သည်။

“အမှန်အတိုင်းပြောရရင် ကောင်းကင်အံ့ဖွယ်ဓားကျင့်ကြံသူတွေရဲ့ နည်းလမ်းကို သုံးနိုင်တယ်”

ယွင်သွမ့်က တောက်ပနေသော မျက်လုံးများဖြင့် တခစ်ခစ်ရယ်သည်။

“ကျစ်ဟူ၊ ပထမအလွှာမှာ အမြန်ဆုံး အခြေကျချင်တယ်ဆိုရင် ခံတပ်တွေကနေ အင်အားစုစည်းနေတာက နှေးလွန်းတယ်”

“ကူယန်ဂိုဏ်းကို လှေကားထစ်အနေနဲ့ အသုံးချလိုက်ရင် မကောင်းဘူးလား”

‘ကူယန်ဂိုဏ်းလား’

ဟွမ်ကျစ်ဟူက ကောင်းကင်ထက်တွင်ရှိသော သင်္ဘောပျံကို ကြည့်သည်။

အမှန်တကယ်ပင် အကြံကောင်းဖြစ်သည်။

ကူယန်ဂိုဏ်းကို အသုံးပြုပြီး ပထမအလွှာတွင် ခြေကုပ်ယူမည်။

ပထမအလွှာတွင် အဆင့်မြင့်ကျင့်ကြံသူများ မရှိသော်လည် ကျင့်ကြံသူများ၏အရေအတွက် များပြားသည်။

အင်အားစုကြီးတစ်ခု ဖြစ်လာရန်အတွက် ခံတပ်နှင့် ကျေးရွာများကို စုစည်းနေလျှင် အချိန်ကြာလိမ့်မည်။

“ကောင်းတယ်”

ဟွမ်ကျစ်ဟူက ခေါင်းညိတ်လိုက်ပြီး ဓားရိုးပေါ်တွင် လက်တင်သည်။ ထို့နောက် ရှေ့တက်သွားသည်။

“ဖီးနစ်တောအုပ်ခံတပ်ရဲ့ စစ်သည်တွေအားလုံး နားထောင်ပါ”

သူမ၏စကားအဆုံးတွင် သေတ္တာတစ်လုံးသယ်ထားသော ဖီးနစ်တောအုပ်ခံတပ်၏ ကျင့်ကြံသူများက တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်ပြီး အော်ဟစ်လိုက်ကြသည်။

“ဟုတ်ကဲ့”

ထိုအော်ဟစ်သံကြောင့် သင်္ဘောပျံပေါ်တွင်ရှိနေသော ကူယန်ဂိုဏ်းမှ ကျင့်ကြံသူများ၏ မျက်လုံးက တောက်ပသွားသည်။

“ဖီးနစ်တောအုပ်ခံတပ်ရဲ့ အငွေ့အသက်က အထင်ကြီးစရာပဲ”

“အငွေ့အသက်တင်မကဘူး တိုက်ခိုက်လိုစိတ်ကိုလည်း ကြည့်လိုက်အုံး။ ကူယန်ဂိုဏ်းက မယှဉ်နိုင်ဘူး”

ဆံပင်ဖြူနေသော လူအိုကြီးက ညင်သာစွာပြောသည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဂိုဏ်းတူညီလေးချီက မျက်ခုံးပင့်လိုက်သည်။ သူ့ပတ်ဝန်းကျင်တွင်ရှိသော လူငယ်ကျင့်ကြံသူများ၏ မျက်လုံးက တောက်ပသွားသည်။

အားကောင်းသော အမျိုးသမီးဓားကျင့်ကြံသူတစ်ယောက်သည် ရှားပါးသည်။

ထိုနောက်လိုက်မျိုးကို ရထားလျှင် နေရာတိုင်းတွင် မျက်နှာပွင့်လိမ့်မည်။

ထို့အပြင် သူမက အဖွဲ့တစ်ဖွဲ့ကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်သည်။

အစပိုင်းတွင် ကူယန်ဂိုဏ်း၏ လက်ရွေးစင်တပည့်များက စိတ်မဝင်စားသော်လည်း ယခုအချိန်တွင် ဆွဲဆောင်ခံလိုက်ရသည်။

“ဒီတာဝန်က ငါတို့ဂိုဏ်းအတွက် လက်ရွေးစင်တပည့်တွေကို ရွေးချယ်ဖို့ပဲ။ အဲဒါကြောင့် ကျွမ်းကျင်သူတွေကို သိမ်းသွင်းနိုင်ရင် တာဝန်ထဲမှာ ထည့်တွက်လို့ရတယ်”

သင်္ဘောအခန်းထဲမှ ရယ်သံနှင့်အတူ အသံတစ်သံ ထွက်လာသည်။

ထိုစကားများကြောင့် ကုန်းပတ်ပေါ်တွင်ရှိသော လူများက ပိုမိုပြတ်သားလာကြသည်။

သို့သော် ဂိုဏ်းတူညီလေးချီ၏ မျက်နှာက မည်းမှောင်သွားသည်။

စကားပြောလိုက်သောလူက တာဝန်ကို စောင့်ကြပ်ပေးမည့် အကြီးအကဲ ဖြစ်သည်။

“သူမက အဲဒီကျင့်ကြံသူတွေကို ဘယ်လိုထိန်းချုပ်မလဲ ကြည့်ကြတာပေါ့”

ဂိုဏ်းတူညီလေးချီက ဂရုမစိုက်စွာ ပြောလိုက်ပြီး အောက်တွင်ရှိသော အရှုပ်အထွေးများကို ကြည့်နေသည်။

သင်္ဘောပျံပေါ်တွင်ရှိသော တခြားလူများကလည်း စိတ်ဝင်စားနေကြသည်။

ထိုကျင့်ကြံသူများကို ထိန်းချုပ်ရန် လွယ်ကူမည်မဟုတ်ပေ။

“ဖီးနစ်တောအုပ်ခံတပ်ရဲ့ တပည့်တွေ အဖွဲ့လိုက် လှုပ်ရှားမယ်”

“အဖွဲ့တိုင်းမှာ လူတစ်ရာဖြစ်သွားမယ်။ အဖွဲ့ခေါင်းဆောင်က ဒုစစ်သူကြီး ဖြစ်လာမယ်။ တစ်နာရီကြာရင် ဒုစစ်သူကြီးက လက်နက်တွေကို လာယူမယ်”

ဟွမ်ကျစ်ဟူ၏အသံက တောင်ကြားထဲတွင် ပျံ့နှံ့သွားသည်။

‘လူသိမ်းသွင်းမှာတဲ့လား’

‘ဘာနဲ့သိမ်းသွင်းမှာလဲ’

‘မင်းတို့ကလည်း ငါတို့နဲ့ ကျင့်ကြံဆင့် သိပ်မကွာပါဘူး။ ဘာဖြစ်လို့ မင်းတို့က ခေါင်းဆောင်ဖြစ်ရမှာလဲ’

‘မင်းတို့က အစိုးရအရာရှိတွေမလို့လား’

ကျင့်ကြံသူများက လှောင်ပြောင်လိုသော မျက်နှာထားဖြင့် ကြည့်နေကြသည်။

“ဟုတ်ကဲ့”

ပိုင်ရှစ်က အော်ဟစ်သည်။

“ဟုတ်ကဲ့”

ဖီးနစ်တောအုပ်ခံတပ်၏ ကျင့်ကြံသူများက ပြိုင်တူအော်ဟစ်လိုက်ကြသည်။

“အစ်ကိုယန်၊ ရာထူးတိုးတော့မယ်”

‌ချောင်ရှောင်ဝူက ကုန်းစွန်းယန်ကျင်းကို ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

တခြားလူများက ရယ်လိုက်ကြသည်။

“ငါတို့ မြန်မြန်လှုပ်ရှားဖို့လိုတယ်။ ခေါင်းဆောင်ကျစ်ဟူနဲ့ စစ်သူကြီးပိုင်ရှစ်ကို မျက်နှာပျက်အောင် မလုပ်သင့်ဘူး”

ကုန်းစွန်းယန်ကျင်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြောသည်။

“ငါတို့က ဓားကျင့်ကြံသူတွေကို သိမ်းသွင်းမယ်။ ခေါင်းဆောင်ကျစ်ဟူက ဓားကျင့်ကြံသူတစ်ယောက်ပဲ။ ငါတို့ကို သင်ပေးတဲ့ အခြေခံနည်းလမ်းတွေကလည်း ဓားတာအိုနဲ့ သက်ဆိုင်တယ်။ ဓားကျင့်ကြံသူတွေကို သိမ်းသွင်းနိုင်ရင် သင့်တော်တဲ့ အစီအစဉ်ကို လုပ်နိုင်လိမ့်မယ်”

ကုန်းစွန်းယန်ကျင်း၏ စကားကို တခြားလူများက ထောက်ခံလိုက်ကြသည်။

“ငါတို့အဖွဲ့က နတ်ဘုရားဘုရင်အဆင့် ကျင့်ကြံသူ ၁၈ယောက်ကို လိုချင်တယ်”

သိပ်မဝေးသောနေရာတွင် ဖီးနစ်တောအုပ်ခံတပ်၏ လူများက အော်ဟစ်လိုက်ကြသည်။

“ငါတို့မှာ နေရာလွတ်ကိုးခု ရှိတယ်။ အနည်းဆုံး သူတော်စင်အဆင့်မှာ ရှိနေရမယ်”

တချို့လူများက လက်မြှောက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

သို့သော် တောင်ကြားထဲတွင်ရှိသော ကျင့်ကြံသူအများစုက လှောင်ပြောင်သံများဖြင့် တုံ့ပြန်လိုက်ကြသည်။ လူတချို့ကသာ စိတ်ဝင်စားပုံပေါ်သည်။

ထို့ကြောင့် ဖီးနစ်တောအုပ်ခံတပ်၏ ကျင့်ကြံသူများက အနည်းငယ် ရှက်ရွံ့သွားသည်။

သို့သော် သူတို့က ထိုတုံ့ပြန်မှုကို မျှော်လင့်ထားခဲ့သည်။

“ဝီ”

တုန်ခါသံနှင့်အတူ ချောင်ရှောင်လျူက ပုဆိန်ကို ထုတ်ယူသည်။

သူက အင်မော်တယ်စွမ်းအင်ကို ထုတ်လွှတ်ထားသည်။

ချပ်ဝတ်ကို ဝတ်မထားသော်လည်း အားကောင်းသော ပုဆိန်က သူ့ကို ကာကွယ်ပေးနိုင်သည်။

ဝိညာဉ်ရတနာကို သန့်စင်ပြီးသောအခါတွင် ခွန်အားတိုးလာရုံသာမက ကျင့်ကြံဆင့်ကိုလည်း တိုးမြှင့်ပေးနိုင်သည်။

ဥပမာအနေဖြင့် ယခုအချိန်တွင် ချောင်ရှောင်လျူက ဝိညာဉ်ရတနာ၏အကူအညီဖြင့် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

သို့သော် ထိုသို့ လုပ်ဆောင်ရန်အတွက် တန်ဖိုးတစ်ခု ပေးဆပ်ရပြီး အချိန်ကြာမြင့်စွာ ထိန်းသိမ်းမထားနိုင်ပေ။

သူက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး စောင့်ကြည့်နေသော ကျင့်ကြံသူများဆီသို့ ပြေးဝင်သွားသည်။

ငွေရောင်မီးတောက်သည် ပုဆိန်မှ ထွက်လာပြီး‌ ဟိန်းဟောက်နေသော ငွေရောင်ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ဝိညာဉ်ရတနာ ဖြစ်သည်။

ဝက်ဝံပေါ်လာသောအခါ အဆင့်နိမ့်ကျင့်ကြံသူများက ထိတ်လန့်စွာ ထွက်ပြေးသွားကြသည်။

သူတော်စင်နှင့် နတ်ဘုရားဘုရင်များကသာ တာအိုနည်းစနစ်၊ လက်နက်များဖြင့် ခုခံရဲကြသည်။

ကောင်းကင်တစ်သောင်းချောက်နက်ကို အလင်းလွှာတစ်ခုဖြင့် လွှမ်းခြုံထားသည်။ ထို့ကြောင့် မန္တန်များက အားနည်းနေသော်လည်း အသုံးပြုနိုင်သည်။

အလင်းလွှာ၏အပြင်ဘက်တွင် တခြားစွမ်းအားများကို မသုံးနိုင်တော့ပေ။ လက်နက်နှင့် ခွန်အားကိုသာ အသုံးချနိုင်သည်။

“ဘုန်း”

ပုဆိန်က လူအုပ်ကို ရိုက်ခတ်သွားသည်။

သင်္ဘောပျံပေါ်တွင်ရှိသော ကူယန်ဂိုဏ်းမှ ကျင့်ကြံသူများ၏ မျက်လုံးသည် တောက်ပလာခဲ့သည်။

“သူက ဝိညာဉ်ရတနာကို အသုံးပြုနေတယ်ဆိုပေမဲ့ တိုက်ပွဲအသိစိတ် အားကောင်းတယ်”

လူတစ်ယောက်က တီးတိုးပြောသည်။

“ဘုန်း”

နောက်ထပ် အသံတစ်သံ ပေါ်ထွက်လာသည်။

ဖီးနစ်တောအုပ်ခံတပ်၏ ကျင့်ကြံသူများ ပြေးထွက်လာကြသည်။

All Chapters