အခန်း (၁၀၅၂)
Vol. 76 Ch. 1052
တခြားလူများကို သိမ်းသွင်းရန် အကောင်းဆုံးနည်းလမ်းသည် အနိုင်ယူလိုက်ခြင်း ဖြစ်သည်။
“ဘန်း”
ဝက်ဝံရိုင်း၏ လက်ဝါးချက်က လူသန်ကြီးတစ်ယောက်ကို မြေပြင်ပေါ်တွင် လဲကျသွားစေသည်။ ချောင်ရှောင်လျူ၏ ပုဆိန်က ထိုလူနှင့် တစ်ပေအကွာတွင် ရပ်တန့်သွားသည်။ လူသန်ကြီးက မျှော်လင့်ချက်မဲ့နေသော မျက်နှာထားဖြင့် ထိတ်လန့်စွာ ရှိနေသည်။
“မင်း အရှုံးပေးမှာလား”
ချောင်ရှောင်လျူက ဟိန်းဟောက်သည်။
“အရှုံးပေးပါတယ်။ အရှုံးပေးပါတယ် ....”
လူသန်ကြီးက ချွေးအေးများထွက်နေပြီး လျင်မြန်စွာပြောလိုက်သည်။
“ငါ့နောက်ကိုလိုက်ပြီး ရန်သူတွေနဲ့ တိုက်ခိုက်ရမယ်”
ချောင်ရှောင်လျူက အော်ဟစ်လိုက်ပြီး ပုဆိန်မြှောက်၍ ပြေးထွက်သွားသည်။
လူသန်ကြီးက မတ်တပ်ရပ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလျက် ချောင်ရှောင်လျူ၏နောက်မှ လိုက်သွားသည်။
အောက်တွင်ရှိသော မြင်ကွင်းသည် ရှုပ်ထွေးနေသည်။ သို့သော် ကူယန်ဂိုဏ်းမှ လူများသည် အံ့အားသင့်နေကြသည်။
လက်ရွေးစင်တပည့်များကလည်း ကြောင်အနေကြသည်။
ဝိညာဉ်ရတနာ ....
သူတို့အားလုံးက ဝိညာဉ်ရတနာများကို ကိုင်ဆောင်ထားကြသည်။
ဖီးနစ်တောအုပ်ခံတပ်တွင်ရှိသော ကျင့်ကြံသူတိုင်းသည် ဝိညာဉ်ရတနာကို ပိုင်ဆိုင်ကြသည်။
‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’
လက်ရွေးစင်တပည့်များ အားလုံးကပင် ဝိညာဉ်ရတနာကို မပိုင်ဆိုင်ကြပေ။
ကူယန်ဂိုဏ်းတွင် ဝိညာဉ်ရတနာကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူများ တစ်ထောင်ခန့်သာရှိသည်။
‘ဖီးနစ်တောအုပ်ခံတပ်က ကူယန်ဂိုဏ်းထက် ပိုပြီးချမ်းသာနေတာလား’
“ငါနားလည်ပြီ”
ကုန်းပတ်ပေါ်တွင်ရှိသော ဆံပင်ဖြူနှင့်လူအိုကြီးက လောဘစိတ်နှင့်အတူ အောက်သို့ ကြည့်နေပြီး ပြောသည်။
“သူတို့က လျှို့ဝှက်နယ်မြေတစ်ခုကို ရှာတွေ့ထားတာဖြစ်လိမ့်မယ်”
လျှို့ဝှက်နယ်မြေ ....
ဖြစ်နိုင်သည်။
ကောင်းကင်တစ်သောင်းချောက်နက်တွင် မရေမတွက်နိုင်သော အမွေအနှစ်နှင့် ရတနာများကို ဖုံးကွယ်ထားသည်။
ကောင်းကင်တစ်သောင်းမြို့တွင် ရုတ်တရက် ချမ်းသာလာသော ဇာတ်လမ်းများ မရေမတွက်နိုင်အောင် ရှိနေသည်။
ကံကောင်းသောလူများက ရတနာသိုက်ကို ချက်ချင်းတွေ့နိုင်လိမ့်မည်။
“ဖီးနစ်တောအုပ်ခံတပ်ရဲ့ လူတွေကို သိမ်းသွင်းဖို့ တကယ်ထိုက်တန်တယ်”
ကုန်းပတ်ပေါ်တွင် ချပ်ဝတ်နှင့် လူငယ်တစ်ယောက်က ဂိုဏ်းတူညီလေးချီကို ကြည့်လိုက်ပြီး ပြောသည်။
“ချီယွမ်ဝူ၊ စိတ်မကောင်းပါဘူး။ ငါက ဖီးနစ်တောအုပ်ခံတပ်ရဲ့ လူတွေကို လက်ခံလိုက်မယ်”
“ဟားဟား၊ ငါ တုရှင်းရှန်ကလည်း စိတ်ဝင်စားတယ်”
“ဟမ့်၊ ဝိညာဉ်ရတနာတွေက တကယ်တန်ဖိုးရှိတယ်။ ငါ စုန့်ကျီကလည်း သူတို့ကို လက်ခံနိုင်တယ်”
ကုန်းပတ်ပေါ်တွင်ရှိသော လူများအားလုံးက စကားပြောလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူတို့က ပြိုင်ဘက်များဖြစ်သွားပြီး လေထုကို တင်းမာလာစေသည်။
ထို့ကြောင့် အောက်တွင်တိုက်ခိုက်နေသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများက ထိတ်လန့်သွားကြသည်။
ဟွမ်ကျစ်ဟူနှင့် ယွင်သွမ့်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။
အဆင့်အတန်းမြင့်မားသော လူများက လှည့်ကွက်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်သည်။
“အလျင်မလိုနဲ့။ သူတို့တွေ တိုက်ခိုက်ပါစေ”
ယွင်သွမ့်က တခစ်ခစ်ရယ်လိုက်ပြီး အဖွဲ့လိုက်ပြန်ရောက်လာသော ဖီးနစ်တောအုပ်ခံတပ်၏ ကျင့်ကြံသူများကို ကြည့်သည်။
သူတို့အားလုံးက တစ်ယောက်လျှင် ကျင့်ကြံသူလေးယောက်ကို လွယ်ကူစွာ သိမ်းသွင်းနိုင်ခဲ့ကြသည်။
ချက်ချင်းဆိုသလိုပင် ဖီးနစ်တောအုပ်ခံတပ်၏ ကျင့်ကြံသူအရေအတွက်က ၁,၅၀၀အထိ တိုးသွားသည်။
ကျင့်ကြံခြင်းလောကတွင် သန်မာသူကို လေးစားကြသည်။ အထူးသဖြင့် ကောင်းကင်တစ်သောင်းမြို့တွင် ထိုစကားသည် အလွန်မှန်ကန်သည်။
အဖွဲ့ခေါင်းဆောင်များက ဝိညာဉ်ရတနာကို ပိုင်ဆိုင်ထားပြီး ခွန်အားကောင်းသောကြောင့် တခြားလူများကို အညံ့ခံစေရန် ပိုမိုလွယ်ခဲ့သည်။
ရွေးချယ်မခံရသော လူများကပင် အလွန်အားကျနေကြသည်။
“လက်နက်တွေကို သွားယူလိုက်အုံးမယ်။ မင်းတို့ ဒီမှာစောင့်နေကြ”
အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးက ချောင်းဟန့်လိုက်ပြီး ရှေ့တက်သွားသည်။
အစပိုင်းတွင် သူက အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ဒုစစ်သူကြီး ဖြစ်သွားသည်။
ကျင့်ကြံသူများအားလုံးက ဟွမ်ကျစ်ဟူ၏ဘေးတွင် စုစည်းနေကြသည်။ သူမက ကျောက်ချန်ကို လှည့်ကြည့်သည်။
ကျောက်ချန်က အကူအညီမဲ့စွာ ခေါင်းခါလိုက်ပြီး ဓားများကို ထုတ်ပေးသည်။
ထိုဓားများသည် အရည်အသွေးကောင်းမွန်သော်လည်း ဝိညာဉ်အဆင့် မဟုတ်ပေ။
ထိုဓားများသည် အံ့ဖွယ်နေမင်းဓား၏ အခြေတည်ပုံစံဖြစ်ပြီး မှော်ရတနာအဆင့်တွင် ရှိသည်။
“တစ်ယောက်ကို ဓားတစ်လက်စီရမယ်။ အရည်အသွေးကောင်းတဲ့ ရတနာဓားတွေပါပဲ”
ကျောက်ချန်က တွန့်ဆုတ်စွာပြောသည်။
ထိုဓားများကို အချိန်ကြာမြင့်စွာ ပျိုးထောင်ပေးရန်လိုအပ်သည်။ ထို့ကြောင့် သူ့လက်ထဲတွင် အသုံးမဝင်ပေ။
ထိုဓားများကို သင်္ချိုင်းအင်မော်တယ်မြို့တွင် ရောင်းဝယ်ရန် မေ့လျော့မနေခဲ့လျှင် ဤနေရာအထိ ပါလာမည်မဟုတ်ပေ။
“မှော်ရတနာ”
“အနည်းဆုံး အလယ်အလတ်အဆင့် မှော်ရတနာတွေပဲ”
ကျင့်ကြံသူများက စိတ်လှုပ်ရှားနေကြသည်။
ကျောက်ချန်အထင်သေးသော ပစ္စည်းများက သူတို့အတွက် ရတနာဖြစ်နေသည်။
ထိုဓားများသည် စံနှုန်းနှင့်အညီ ထုတ်လုပ်ထားပြီး ဝင်္ကပါအတွက် အလွန်သင့်တော်သည်။
ဝိညာဉ်ရတနာများနှင့် မယှဉ်နိုင်သော်လည်း အချိန်ကြာမြင့်စွာ ပျိုးထောင်ပေးလျှင် အဆင့်တက်လာလိမ့်မည်။
ချက်ချင်းဆိုသလိုပင် အော်ဟစ်သံများနှင့် ပြည့်နှက်သွားသည်။
သူတို့က အညံ့ခံလိုက်သောအချိန်တွင် မှော်ရတနာဓားများကို ချက်ချင်းရလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ထို့ကြောင့် ဖီးနစ်တောအုပ်ခံတပ်နှင့် မပူးပေါင်းပဲ ထွက်ပြေးသွားသော ကျင့်ကြံသူများက နောင်တရနေကြသည်။
ဖီးနစ်တောအုပ်ခံတပ်သည် ယခင်နှင့် မတူတော့ပေ။
“အားလုံး အသင့်ပြင်ထားမယ်”
ကူယန်ဂိုဏ်း၏ သင်္ဘောပျံပေါ်မှ အသံတစ်သံထွက်လာသည်။
သင်္ဘောပျံက တုန်ခါသွားပြီး စတင်ရွေ့လျားလိုက်သည်။
သင်္ဘောပျံ၏နောက်တွင် ရွှေအလင်းရောင် ကျဆင်းလာသည်။
ဟွမ်ကျစ်ဟူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖီးနစ်တောအုပ်ခံတပ်၏ ကျင့်ကြံသူများကို ရွှေအလင်းဖြင့် ကာကွယ်ပေးသည်။ သူတို့က လျင်မြန်စွာ ပျံသန်းသွားကြသည်။
ထိုအလင်းလွှာသည် ချောက်နက်၏စွမ်းအားကို ကာကွယ်ပေးနိုင်သည်။ သို့သော် ဟွမ်ကျစ်ဟူနှင့် တခြားလူများ၏အမြင်တွင် အနည်းငယ်သာ ကာကွယ်ပေးနိုင်ခြင်း ဖြစ်သည်။
ထို့ကြောင့် ကျင့်ကြံသူများက ကောင်းကင်တစ်သောင်းမြို့နှင့် အလွန်ဝေးကွာသောနေရာတွင် မနေကြပေ။
ကောင်းကင်တစ်သောင်းမြို့၏ ပတ်ဝန်းကျင်တွင် ဝင်္ကပါကြောင့် ချောက်နက်၏စွမ်းအားက အနည်းငယ် အားပျော့သည်။
တောင်ကြားထဲတွင်ရှိနေသော ကျင့်ကြံသူများက ပျံသန်းသွားသော ဖီးနစ်တောအုပ်ခံတပ်မှ ကျင့်ကြံသူများကို ကြည့်နေကြသည်။
“ပထမအလွှာရဲ့ ကောင်းကင်က ပြောင်းလဲသွားတော့မှာထင်တယ် ....”
လူတစ်ယောက်က တီးတိုးပြောသည်။
“ဝီ”
သင်္ဘောပျံက ဝင်္ကပါကို ထိုးဖောက်သွားသည်။
ဟွမ်ကျစ်ဟူနှင့် တခြားလူများ၏ကိုယ်ပေါ်တွင်ရှိသော အလင်းရောင်က မှိန်ဖျော့သွားသည်။ သူတို့အားလုံးက တုန်ခါသွားကြသည်။
ချောက်နက်၏စွမ်းအားသည် သူတို့ကို ဖိနှိပ်နေသည်။
သင်္ဘောပျံက မိုင်တစ်ရာအကွာအထိ ရောက်လာသောအခါတွင် သူတို့က ပတ်ဝန်းကျင်နှင့် အသားကျသွားသည်။
“ဝီ”
သင်္ဘောပျံက တုန်ခါသွားသည်။
“မိစ္ဆာသားရဲတွေကို အမဲလိုက်ဖို့ အသင့်ပြင်ထားပါ”
ကူယန်ဂိုဏ်း၏ ကျင့်ကြံသူများက သင်္ဘောပျံပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
သူတို့၏နောက်တွင် ဟွမ်ကျစ်ဟူက ယွင်သွမ့်ကို လှည့်ကြည့်သည်။
“အခု ငါတို့စစ်သည်တွေကို လေ့ကျင့်ပေးဖို့ အခွင့်ကောင်းပဲ။ လူစုခွဲပြီး တာဝန်ယူကြမယ်”
ယွင်သွမ့်က ခေါင်းညိတ်လိုက်ပြီး ဖီးနစ်တောအုပ်ခံတပ်၏ ကျင့်ကြံသူတစ်အုပ်စုကို သင်္ဘောပျံ၏ ဘယ်ဘက်သို့ ခေါ်သွားသည်။ ဟွမ်ကျစ်ဟူက ကျန်ရှိနေသော လူများကို ညာဘက်သို့ ခေါ်သွားခဲ့သည်။
သိပ်မဝေးသောနေရာတွင် အရွယ်အစားအမျိုးမျိုးနှင့် မိစ္ဆာသားရဲများက သူတို့ဆီသို့ ပြေးဝင်လာကြသည်။
ဟွမ်ကျစ်ဟူက ဓားထုတ်လိုက်ပြီး အော်ဟစ်သည်။
“ခွန်အားကို စုစည်းမယ်”
သူတို့လေ့ကျင့်ထားသော ဝင်္ကပါကို မသုံးနိုင်တော့ပေ။ သို့သော် ရိုးရှင်းစွာ ခွန်အားစုစည်းခြင်းကို ပြုလုပ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ ကျင့်ကြံသူ ခုနစ်ရာ၊ ရှစ်ရာခန့်၏ ခွန်အားသည် အထင်ကြီးစရာကောင်းသည်။
“ဘုန်း”
ဟွမ်ကျစ်ဟူက စုစည်းထားသောခွန်အားကို ဆွဲယူလိုက်ပြီး ဓားဖြင့် ခုတ်ချသည်။ ဓားအလင်းသည် တောက်ပနေပြီး ပတ်ဝန်းကျင်ကို အလင်းပေးလိုက်သည်။
ကျွမ်းကျင်သူတစ်ယောက်သည် တိုက်ခိုက်မှုမှတစ်ဆင့် ခွန်အားကို ဖော်ပြနိုင်သည်။
ထိုဓားချက်ကို မြင်လိုက်ရသောအခါတွင် ကူယန်ဂိုဏ်း၏ လက်ရွေးစင်တပည့်များက လေးစားသွားကြသည်။
သင်္ဘောပျံ၏ထိပ်တွင် အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
“ဓားချက်က ခွန်အားကြီးတယ်။ ဒီလိုတိုက်ခိုက်နိုင်စွမ်းနဲ့ ပထမအလွှာမှာ ရှိနေတယ်။ ရည်မှန်းချက်ကြီးလိမ့်မယ် ....”
“ဘုန်း”
ဓားတစ်ချက်ဖြင့် ရှေ့ဆုံးတွင်ရှိသော မတူညီသည့် သားရဲသုံးကောင်ကို သတ်ဖြတ်ခဲ့သည်။
ဖီးနစ်တောအုပ်ခံတပ်သို့ စတင်ဝင်ရောက်လာသော ကျင့်ကြံသူများက သားရဲများ၏ အစိတ်အပိုင်းကို ကောက်ယူချင်သော်လည်း တပ်ဖွဲ့ခေါင်းဆောင်များက တားဆီးလိုက်ကြသည်။
“သတ်”
ဟွမ်ကျစ်ဟူက မရပ်တန့်ပဲ ပြေးထွက်သွားပြီး ပတ်ဝန်းကျင်တွင်ရှိသော သားရဲများကို သတ်ဖြတ်လိုက်သည်။
တစ်ဖက်တွင် ယွင်သွမ့်၏ တိုက်ခိုက်နိုင်စွမ်းက ဟွမ်ကျစ်ဟူထက် နိမ့်ကျသော်လည်း သူမ၏ ဓားက အလွန်အရည်အသွေးကောင်းသည်။ သူမက အင်မော်တယ်ရတနာဓားဖြင့် သားရဲများကို လွယ်ကူစွာ သတ်ဖြတ်နေခဲ့သည်။
ကူယန်ဂိုဏ်းသားများက တိုက်ခိုက်ရန် မလိုအပ်ခဲ့ပေ။
ခဏအကြာတွင် သားရဲများအားလုံး သေဆုံးသွားသည်။ ဟွမ်ကျစ်ဟူက လက်ကို ဝှေ့ယမ်းလိုက်သည်။
“အလောင်းတွေကို စုစည်းပြီး အသက်တစ်ရာရှူကြိမ်အတွင်း သင်္ဘောဆီကို ပြန်လာမယ်”
ချက်ချင်းဆိုသလိုပင် လူတိုင်းက အော်ဟစ်ပြီး အလောင်းများကို သိမ်းဆည်းလိုက်ကြသည်။
သူတို့စုစည်းထားခဲ့သော အရှိန်အဟုန်က ပျောက်ကွယ်သွားသည်။
ထို့ကြောင့် သင်္ဘောပျံ၏ ကုန်းပတ်ပေါ်တွင်ရှိသော လူများက နောင်တဖြင့် သက်ပြင်းချသည်။ သို့သော် စိတ်သက်သာသွားကြသည်။
ယခုလေးတင်စုစည်းထားသော အုပ်စုက ထိုအရှိန်အဟုန်မျိုးကို စုစည်းနိုင်လျှင် သူတို့က မည်သို့ လုပ်ရတော့မည်နည်း။
သင်္ဘောပျံက ရှေ့ဆက်သွားပြီး မိုင်ထောင်ချီအကွာအထိ ရောက်လာသည်။ သူတို့က မှောင်မည်းပြီး ပျက်စီးနေသောနေရာသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာခဲ့သည်။
ဤနေရာတွင် ချောက်နက်၏စွမ်းအားက သန်မာပြီး ကောင်းကင်တစ်သောင်းမြို့မှ ဝင်္ကပါ၏စွမ်းအားက သက်ရောက်မှုနည်းပါးသည်။
သင်္ဘောပျံက နှေးကွေးသွားသည်။
သူတို့က ဦးတည်ချက်သို့ ရောက်တော့မည်။
“ဝီ”
လေဟာနယ်က တုန်ခါသွားသည်။
ဟွမ်ကျစ်ဟူက ပေတစ်ထောင်ကြီးမားသော သင်္ဘောပျံတစ်စင်းကို မြင်ရသည်။ ထိုသင်္ဘောပျံက မှောင်မည်းနေသော ကောင်းကင်တစ်သောင်းချောက်နက်တွင် အလင်းတန်းတစ်ခုကို ချန်ထားခဲ့သည်။
“မွေးစားအဖေ ....”
ဟွမ်ကျစ်ဟူက ဟန်မူယဲ့ကို မမြင်လိုက်ရသော်လည်း ထိုသင်္ဘောပျံပေါ်တွင် ရှိနေကြောင်း အာရုံခံမိသည်။
“ကြည့်မနေနဲ့တော့။ အဲဒါက သုံးထပ်သင်္ဘောပျံပဲ”
“အဲဒီလိုသင်္ဘောပျံမျိူးကို ကောင်းကင်တစ်သောင်းမြို့ရဲ့ အင်အားစုကြီးတွေကပဲ ပိုင်ဆိုင်တယ်”
ဟွမ်ကျစ်ဟူ၏နောက်တွင် အသံတစ်သံထွက်လာသည်။
ဟွမ်ကျစ်ဟူက လှည့်ကြည့်လိုက်ပြီး အစိမ်းရောင်ချပ်ဝတ်နှင့် လူငယ်တစ်ယောက်ကို မြင်ရသည်။
“ငါက ကူယန်ဂိုဏ်းရဲ့ ချန်ကျင်းယွီပါ။ မိန်းကလေးရဲ့နာမည်ကို သိခွင့်ရှိမလား”
“ထွက်သွားစမ်း”
ဟွမ်ကျစ်ဟူက ဓားရိုးပေါ်တွင် လက်တင်ထားလိုက်သည်။
ချန်ကျင်းယွီ၏မျက်နှာထားက ပြောင်းလဲသွားပြီး သွေးစွမ်းအားကို ထုတ်ဖော်သည်။
လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်မော်တယ်၏ စွမ်းအားများ ပေါ်ထွက်လာပြီး သူ့နောက်တွင် အနက်ရောင်ချပ်ဝတ်နှင့် ပုံရိပ်တစ်ခု ဖြစ်တည်လာသည်။
သို့သော် သူမတိုက်ခိုက်ခင် အသံတစ်သံ ထွက်လာခဲ့သည်။
“ချန်ကျင်းယွီ၊ ခေါင်းဆောင်ကျစ်ဟူနဲ့ တခြားလူတွေက အခုလေးတင် တိုက်ခိုက်ပြီး ပင်ပန်းနေကြတယ်။ မင်းက တိုက်ခိုက်ချင်တယ်ဆိုရင် ငါက အဖော်လုပ်ပေးမယ်”
ချီယွမ်ဝူ ....
ချန်ကျင်းယွီက ချီယွမ်ဝူကို လှည့်ကြည့်လိုက်သည်။ ချီယွမ်ဝူကလည်း အနက်ရောင်ချပ်ဝတ်ပုံရိပ်ကို ထုတ်ဖော်ထားသည်။
သူ၏ ပုံရိပ်က ပိုမိုသိပ်သည်းနေသည်။