← Chapters

အခန်း (၁၀၅၄)

Vol. 76 Ch. 1054

အခန်း (၁၀၅၄)

Vol. 76 Ch. 1054

ကပ်ဘေးစွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါတွင် သူက ကွဲပြားမှုတစ်ခုကို ခံစားလိုက်ရသည်။

ကပ်ဘေးများအားလုံးသည် မတူညီကြပေ။

ယခင်က သူရရှိထားသော ကပ်ဘေးစွမ်းအားသည် ယခင်ကပ်ဘေး၏ စွမ်းအား ဖြစ်သည်။ ထိုစွမ်းအားက ကောင်းကင်သစ်ပင်၏ သစ်သားစွမ်းရည်ကို ထူးခြားစွာ ဖိနှိပ်နိုင်ပြီး တစ်ချိန်တည်းမှာပင် အသွင်ပြောင်းပေးနိုင်‌သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

သို့သော် ယခုအချိန်တွင် သူစုပ်ယူလိုက်သော ကပ်ဘေးစွမ်းအားက အနည်းဆုံး ကပ်ဘေးခေတ်နှစ်ခု၏ စွမ်းအားကို သယ်ဆောင်ထားသည်။ ထို့အပြင် ပြင်းထန်သော သွေးဆာနေသည့် အငွေ့အသက်ကိုလည်း သယ်ဆောင်ထားသည်။

ထိုအရာသည် အလွန်ရှုပ်ထွေးသည်။

သို့သော် ဤနေရာတွင်ရှိသော အပျက်အစီးနယ်မြေက ကပ်ဘေးနှစ်ခုကို ခံစားခဲ့ရပြီး ထိုကပ်ဘေးနှစ်ခုတွင် ပါဝင်သော စည်းမျဉ်းသည် သွေးဆာခြင်းဖြစ်ကြောင်း နားလည်နိုင်သည်။

ကောင်းကင်တစ်သောင်းချောက်နက်သည် နာမည်ကြီးသော်လည်း မဟာပုဂ္ဂိုလ်ကြီးများ ရောက်မလာသည့် အကြောင်းအရင်းကို သူက နားလည်သွားသည်။

အင်မော်တယ်ဘုရင်နှင့် အင်မော်တယ်သခင်များအတွက် ကောင်းကင်တစ်သောင်းချောက်နက်သည် အလွန်အန္တရာယ်များသည်။

သူတို့က အပျက်အစီးနယ်မြေသို့ ဝင်‌ရောက်သွားသောအခါတွင် ကပ်ဘေးစွမ်းအားကို မတော်တဆ လှုံ့ဆော်မိပြီး သေဆုံးသွားနိုင်သည်။

ထို့ကြောင့် ကောင်းကင်တစ်သောင်းမြို့တွင် အင်မော်တယ်သခင်များ ရှိနေပြီး အင်မော်တယ်ဘုရင်ချန်ယွမ် နေထိုင်သော်လည်း အနည်းငယ်သော အင်မော်တယ်သခင်များကသာ ချောက်နက်ထဲသို့ ထွက်လာကြသည်။

“ဂါး”

ဟန်မူယဲ့၏ရှေ့တွင် သွေးချီစီးကြောင်းတစ်ခုသည် ကျားဖြူတစ်ကောင်အဖြစ် ပြောင်းလဲလိုက်ပြီး သူ့ကို ခုန်အုပ်သည်။

ထိုသားရဲက အားနည်းသည်။ သူတော်စင်တစ်ဝက်အဆင့်သာ ဖြစ်သည်။

အကယ်၍ သူက ပုံရိပ်ယောင်ကမ္ဘာထဲသို့ မူလခန္ဓာနှင့် ဝင်သွားမည်ဆိုလျှင် ထိုကျားဖြူကို လွယ်ကူစွာ သတ်ပစ်နိုင်သည်။

ဟန်မူယဲ့က မူလဝိညာဉ်ကို ခွဲထုတ်ရန် ဆုံးဖြတ်ခဲ့သည်။ ယခုအချိန်တွင် ဓားအလင်းတစ်ခုက ကျဆင်းလာပြီး ကျားဖြူပုံရိပ်ကို ဖျက်ဆီးပစ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်က တောင်တန်းနှင့် တိတ်ဆိတ်စွာ ပေါင်းစပ်သွားပြီး မူလဝိညာဉ်ဓားတစ်လက်ကို ပျံထွက်လာစေသည်။

ဓားက ကျားဖြူပုံရိပ်ကို ဖျက်ဆီးလိုက်သောအချိန်တွင် မူလဝိညာဉ်က ကျားဖြူ၏ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ပေါင်းစပ်သွားပြီး ရှေ့တွင်ရှိသော ကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။

သူ၏ ကိုယ်ပွားက အပျက်အစီးနယ်မြေထဲသို့ ရောက်သွားခဲ့သည်။

....

ကျားဝိညာဉ်ကမ္ဘာတွင် ကျားကလန်သည် လေးစားခံရသည်။

ဟန်မူယဲ့က ခန္ဓာကိုယ်တောင့်တင်းသော ကျားငယ်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

သူက အတားအဆီးမရှိပဲ ပုံရိပ်ယောင်ကမ္ဘာထဲသို့ ဝင်ရောက်သွားခဲ့သည်။

“ဝိညာဉ်သုံးပါးတောင်တန်း”

ဟန်မူယဲ့က အဝေးတစ်နေရာတွင်ရှိသော တောင်တန်းကို ကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။

သူက ဤကမ္ဘာသို့ ဝင်ရောက်လာသောအချိန်တွင် နယ်မြေတစ်ခုလုံးကို အာရုံခံနိုင်ခဲ့သည်။ ထို့ကြောင့် ဝိညာဉ်သုံးပါးတောင်တန်းနှင့် အနီးကပ်ဆုံးနေရာတွင် ဆင်းသက်ရန် ပြင်ဆင်ခဲ့သည်။

သူ၏ မူလဝိညာဉ်ဓားက အလွန်အားကောင်းသောကြောင့် တခြားကိုယ်ပွားများနှင့်မတူပဲ ခွန်အားကို အများအပြား ဖိနှိပ်မခံရပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ မူလဝိညာဉ်ဓားက သန့်စင်သော စွမ်းအားတစ်ခု ဖြစ်သည်။

ကျားဝိညာဉ်အပျက်အစီးနယ်မြေသို့ ရောက်လာသောအခါတွင် ဟန်မူယဲ့က ရွှေအင်မော်တယ်ချွမ်လင်း၏ အင်အားစုကို မရှာဖွေပဲ တစ်ယောက်တည်းကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

ဆယ်နှစ်အကြာတွင် သူက ကိုယ်ပိုင်ဓားပညာရပ်ကို ကျားကလန်၏စွမ်းအားနှင့် ပေါင်းစပ်ပြီး တိုက်ခိုက်နိုင်စွမ်းကို တည်ငြိမ်စေခဲ့သည်။

တခြားလူများ၏အမြင်တွင် သူ၏ ကိုယ်ပွားက ဟူယွမ်မြို့သခင် အင်မော်တယ်ဟူယွမ် ဖြစ်သည်။

သူက ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး မိုင်တစ်ထောင်ပတ်ဝန်းကျင်တွင် ပြိုင်ဘက်ကင်းသည်။

နောက်ပိုင်းတွင် ဝိညာဉ်သုံးပါးတောင်တန်း၏ မိစ္ဆာဘုရင်က သူ့ကို ခေါ်ယူခဲ့သည်။

ဝိညာဉ်သုံးပါးတောင်တန်း၏ မိစ္ဆာဘုရင်သုံးပါးတွင် အသန်မာဆုံးလူက လေဝိညာဉ်ငှက်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော မိစ္ဆာဘုရင်ယွင်ထျန်း ဖြစ်သည်။ ကျန်ရှိနေသော မိစ္ဆာဘုရင်နှစ်ယောက်တွင် တစ်ယောက်က ကျားဖြူသွေးမျိုးဆက်ကို ပိုင်ဆိုင်သော မိစ္ဆာဘုရင်ရှစ်ကျန်းဖြစ်ပြီး နောက်တစ်ယောက်က လင်းနို့တစ်ကောင်ဖြစ်သော မိစ္ဆာဘုရင်ချင်းဖူ ဖြစ်သည်။

ဟန်မူယဲ့ကို မိစ္ဆာဘုရင်ရှစ်ကျန်းက ခေါ်ယူခဲ့သည်။

သူက လျင်မြန်စွာ တိုးတက်လာပြီး နှစ်တစ်ရာအတွင်း၌ အံ့အားသင့်စရာကောင်းသော တိုက်ခိုက်နိုင်စွမ်းနှင့်အတူ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ရောက်လာခဲ့သည်။

အပြင်လူများက ထိုသို့ မြင်ကြသည်။

သို့သော် သူက မူလဝိညာဉ်ဓားကို ပိုင်ဆိုင်ထားသောကြောင့် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူနှင့် ယှဉ်ပြိုင်ရန် လုံလောက်သည်။

ဟန်မူယဲ့က ဓားတာအိုတွင် ပါရမီကောင်းပြီး လေဟာနယ်သန့်စင်ခြင်းအဆင့် ကောင်းကင်အင်‌မော်တယ်တစ်ယောက် ဖြစ်လာသောကြောင့် နှစ်တစ်ရာအတွင်း၌ မိစ္ဆာဘုရင်ရှစ်ကျန်း၏ အဓိကစစ်သူကြီးတစ်ယောက် ဖြစ်လာခဲ့သည်။

“ညီလေးငါး၊ လေ့ကျင့်နေတာကိုရပ်ပြီး လာသောက်ပါအုံး”

မိစ္ဆာဘုရင်ရှစ်ကျန်း၏ နက်ရှိုင်းသောအသံက တောင်ထွတ်တွင် ပေါ်ထွက်လာသည်။

ဓားရေးကျင့်နေသော ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ဓားသိမ်းသည်။ ထို့နောက် ရှေ့တွင်ရှိသော ကျားကလန်၏ လူငယ်စစ်သည်များကို ကြည့်လိုက်သည်။

“မင်းတို့ အကြိမ်တစ်ရာပြည့်အောင့် လေ့ကျင့်ရမယ်။ ပြီးရင် အနားယူလို့ရပြီ”

ကျားကလန်၏ တစ်ဒါဇင်ခန့်ရှိသော လူငယ်များက လျင်မြန်စွာ ဦးညွတ်လိုက်ကြသည်။

ငါးယောက်မြောက်ဆရာဟူသည် ကျောက်တုံးကောင်းကင်ခံတပ်တွင် အသန်မာဆုံးဓားကျင့်ကြံသူ ဖြစ်သည်။ ဝိညာဉ်သုံးပါးတောင်တန်းတွင်လည်း သူနှင့်ယှဉ်နိုင်သောလူ မရှိပေ။

သူ၏ သင်ပြမှုကို ရရှိခြင်းသည် ကောင်းချီးတစ်ခု ဖြစ်သည်။ ထို့ကြောင့် မည်သူမှ အပါးမခိုရဲကြပေ။

ဟန်မူယဲ့က လှုပ်ရှားလိုက်သည်။ သူက ကျားဖြူပုံရိပ်ကို ဆင့်ခေါ်ပြီး ချက်ချင်းဆိုသလိုပင် တောင်ထိပ်စံအိမ်သို့ ရောက်သွားသည်။

နဖူးတွင် ဘုရင်စာလုံးရှိနေသော အဖြူရောင်ဝတ်စုံနှင့် လူသန်ကြီးတစ်ယောက်သည် စံအိမ်ထဲတွင် ရှိနေသည်။ ထိုလူက မိစ္ဆာဘုရင်ရှစ်ကျန်း ဖြစ်သည်။

တစ်ဖက်တွင် အနက်‌ရောင်ချပ်ဝတ်နှင့် အကြီးအကဲနှစ်ယောက် ရှိသည်။

“အစ်ကိုကြီး၊ အစ်ကိုသုံး၊ အစ်ကိုလေး”

ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။

“ဟူယွမ်၊ ဓားကျင့်ကြံသူတွေအားလုံးက မင်းလိုပဲ ကြိုးစားကြတာလား”

စကားပြောလိုက်သောလူက ကျောက်တုံးကောင်းကင်ခံတပ်၏ လေးယောက်မြောက် အသန်မာဆုံးကျင့်ကြံသူ လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် တာအိုတန်ခိုးရှင် ချန်ယန် ဖြစ်သည်။

သူက တာအိုနည်းစနစ်များကို ကျင့်ကြံပြီး တိုက်ခိုက်နိုင်စွမ်း‌ကောင်းသည်။

ဘေးတွင်ရှိနေသော စုန့်ထောင်က ခေါင်းခါလိုက်ပြီး ပြောသည်။

“ညီလေးက ငယ်ရွယ်ပြီး တက်ကြွနေတယ်။ ငါတို့နဲ့ မတူဘူး။ အဲဒါကြောင့်ပဲ အစ်ကိုကြီးက အငယ်ဆုံးညီလေးကို တန်ဖိုးထားတာပေါ့”

ဟန်မူယဲ့က သူတို့နှင့် ရင်းနှီးသောကြောင့် လျစ်လျူရှုထားလိုက်ပြီး စားပွဲတွင် ရိုးရှင်းစွာထိုင်သည်။ သူက သေရည်ဖြည့်ထားသော ခွက်ကို ကောက်ယူလိုက်သည်။

မိစ္ဆာဘုရင်ရှစ်ကျန်းက ကျယ်လောင်စွာရယ်လိုက်ပြီး သေရည်ခွက်ကို ‌မြှောက်သည်။

“အစ်ကိုကြီး၊ ဝိညာဉ်သုံးပါးတောင်တန်းရဲ့ အမဲလိုက်ရာသီကို ရောက်လာပြီလား”

ဟန်မူယဲ့က သေရည်ခွက်ကို ချလိုက်ပြီး မိစ္ဆာဘုရင်ရှစ်ကျန်းကို ကြည့်သည်။

မိစ္ဆာဘုရင်ရှစ်ကျန်းက ခေါင်းညိတ်လိုက်ပြီး အဝေးတွင်ရှိသော တောင်တန်းများကို ကြည့်သည်။

ဝိညာဉ်သုံးပါးတောင်တန်း၏ အမဲလိုက်ရာသီ ....

မိစ္ဆာဘုရင်သုံးယောက်၏ ဖရိုဖရဲတိုက်ပွဲဖြစ်ပြီး ဝိညာဉ်သုံးပါးတောင်တန်း၏ အရင်းအမြစ်နှင့် နယ်မြေများကို ခွဲယူကြလိမ့်မည်။

နှစ်ပေါင်းငါးရာတွင် ဝိညာဉ်သုံးပါးတောင်တန်း၏ အမဲလိုက်ရာသီ စတင်လိမ့်မည်။ အနိုင်ရသူက ဝိညာဉ်သုံးပါးတောင်တန်း၏ အရှင်သခင် ဖြစ်လာပြီး အကျိုးအမြတ်ကို ခံစားရမည်။

‌ကောင်းကင်ချောက်နက်ပုလဲလုံးများ ထုတ်ပေးသော နေရာကို ထိန်းချုပ်ထားနိုင်မည်။

ထို့ကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဤနယ်မြေသို့ ကိုယ်ပွားစေလွှတ်ရန် ကြိုးစားကြသည်။

ပုံရိပ်ယောင်ကမ္ဘာတိုင်းတွင် ကောင်းကင်ချောက်နက်ပုလဲကို ထုတ်လုပ်ပေးသောနေရာများ ရှိကြသည်။ ဟန်မူယဲ့၏အမြင်တွင် ကောင်းကင်ချောက်နက်ပုလဲသည် လောက၏စွမ်းအားနှင့် ကမ္ဘာထဲတွင် ဝင်ရောက်လာသော ဝိညာဉ်များ၏ ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသည်။

ကောင်းကင်ချောက်နက်ပုလဲ၏ အရေအတွက်သည် ကမ္ဘာတစ်ခု၏ ခွန်အားနှင့် သက်ရှိများအပေါ်တွင် မူတည်နေသည်။

ကျားဝိညာဉ်အပျက်အစီးနယ်မြေသည် အလွန်မသန်မာသောကြောင့် ကောင်းကင်ချောက်နက်ပုလဲများကို သိပ်ထုတ်မပေးနိုင်ပေ။

တစ်ကြိမ်လျှင် ပုလဲလုံး တစ်သိန်းခန့်ကိုသာ ထုတ်ပေးနိုင်သည်။

အားကောင်းသော ကမ္ဘာများတွင် တစ်ခါတည်း ကောင်းကင်ချောက်နက်ပုလဲ တစ်သန်းခန့်ကို ထုတ်ယူနိုင်သည်ဟု ပြောကြသည်။

ဟန်မူယဲ့က ကောင်းကင်ချောက်နက်ပုလဲများနှင့် ကျင့်ကြံဖူးသည်။ ထိုပုလဲများ၏ သွေးနှင့်ချီက တူညီသော်လည်း ဝိညာဉ်စွမ်းအား ကွဲပြားသည်။

ကောင်းကင်ချောက်နက်ပုလဲထဲတွင် ဝိညာဉ်စွမ်းအားကို တိုးမြှင့်ပေးနိုင်သော ပုံရိပ်ယောင်ကမ္ဘာ၏စွမ်းအား ပါဝင်နေသည်။

သို့သော် ဝိညာဉ်စွမ်းအားကို တိုးမြှင့်ရန်အတွက် များပြား‌သော ကောင်းကင်ချောက်နက်ပုလဲများကို လိုအပ်သည်။

လူတစ်ယောက်၏ဝိညာဉ်က ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်သွားလျှင် တိုးတက်လာရန် ခက်ခဲသည်။ သွေး၊ ချီနှင့် ဝိညာဉ်ကို အားဖြည့်ပေးနိုင်သော ကောင်းကင်ချောက်နက်ပုလဲများက ရှားပါးသော ရတနာတစ်ပါး ဖြစ်သည်။

“ညီလေးနှစ်က သီးသန့်ကျင့်ကြံရာကနေ ထွက်လာတော့မယ်။ သူထွက်လာရင် ငါတို့ငါးယောက်က ပူးပေါင်းပြီး ရန်သူတွေကို သတ်ဖြတ်ပစ်ကြတာပေါ့”

မိစ္ဆာဘုရင်ရှစ်ကျန်းက သေရည်ခွက်ကိုမြှောက်လိုက်ပြီး ပြောသည်။

ဟန်မူယဲ့၊ ချန်ယန်နှင့် စုန့်ထောင်တို့ကလည်း ခွက်မြှောက်လိုက်ကြသည်။

ကျောက်တုံးကောင်းကင်ခံတပ်၏ အစ်ကိုနှစ် သွေးကျောက်တုံးက ဆယ်စုနှစ်များစွာကြာအောင် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ ဟန်မူယဲ့က သူနှင့် အဆက်အသွယ်သိပ်မရှိပေ။

သွေးကျောက်တုံးက ပြင်ပကမ္ဘာမှ ရောက်လာသော ကိုယ်ပွားတစ်ခု ဖြစ်လိမ့်မည်ဟု ဟန်မူယဲ့က သံသယရှိသည်။

သို့သော် ကိုယ်ပွားများကို ခွဲခြားရန် မလွယ်ကူပေ။ ထို့အပြင် ဟန်မူယဲ့က စစ်‌ဆေးရန်လည်း စိတ်မဝင်စားပေ။

သူက ဝိညာဉ်သုံးပါးတောင်တန်း၏ အမဲလိုက်ရာသီတွင် အခွင့်အရေးကို ဆုပ်ကိုင်ပြီး မိစ္ဆာဘုရင်ယွင်ထျန်းကို သတ်ဖြတ်၍ ခန္ဓာကိုယ်ကို ယူရမည်။

သူက ဤကမ္ဘာတွင် နှစ်ပေါင်းတစ်ရာကြာအောင် ကျင့်ကြံပြီး အခြေအနေကို နားလည်ခဲ့သည်။

သူက အပြင်လောကတွင်လည်း ကပ်ဘေးစွမ်းအားအနည်းငယ်ကို သန့်စင်နိုင်ခဲ့သည်။

သူက ကျားဝိညာဉ်အပျက်အစီးနယ်မြေတွင် အကျိုးအမြတ်များ သိပ်မရနိုင်ပေ။

ဟန်မူယဲ့က သေရည်အနည်းငယ် ဆက်သောက်လိုက်ပြီး ဓားနည်းစနစ်များကို လေ့ကျင့်နေသည်။

သူထွက်သွားသောအခါ တာအိုတန်ခိုးရှင်ချန်ယန်၏ မျက်နှာထားက အေးစက်လာသည်။

“အစ်ကိုကြီး၊ ကျားဝိညာဉ်ကမ္ဘာမှာ ဓားနည်းစနစ်အမွေအနှစ်တွေ သိပ်မရှိဘူး။ ဟူယွမ်က အပြင်ကမ္ဘာကနေ ရောက်လာတဲ့ ကိုယ်ပွားတစ်ခုပဲ။ သူ့ကို တကယ်ပဲ ထိန်းသိမ်းထားချင်တာလား”

တာအိုတန်ခိုးရှင်စုန့်ထောင်၏ မျက်လုံးများက တောက်ပနေပြီး မိစ္ဆာဘုရင်ရှစ်ကျန်းကို ကြည့်သည်။

“ငါတို့ ကျားဝိညာဉ်ကမ္ဘာမှာ ဓားတာအိုအမွေအနှစ်တွေ ရှိပါတယ်”

မိစ္ဆာဘုရင်ရှစ်ကျန်းက တည်ငြိမ်စွာ ‌ခေါင်းခါသည်။

“ငါက ညီလေးငါးကို ယုံတယ်”

စုန့်ထောင်နှင့်ချန်ယန်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာထားက မှုန်မှိုင်းနေသော်လည်း ဆက်မပြောတော့ပေ။

....

ဟန်မူယဲ့က ကိုယ်ပိုင်စံအိမ်သို့ ပြန်ရောက်လာသည်။ သူက ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဓားရိုးပေါ်တွင် လက်တင်သည်။

“ညီလေးငါး၊ အစ်ကိုနှစ်ကို လက်နက်နဲ့ကြိုဖို့ စဉ်းစားနေတာလား”

အသံတစ်သံ ပေါ်ထွက်လာသည်။

ဟန်မူယဲ့က ဓားရိုးကို လွှတ်လိုက်သည်။

သူက ခြံဝိုင်းထဲသို့ ဝင်သွားပြီး အနီရောင်ဝတ်စုံနှင့် ပိန်ပါးသောလူတစ်ယောက်ကို မြင်လိုက်ရသည်။

ကျောက်တုံးကောင်းကင်ခံတပ်၏ ဒုတိယခေါင်းဆောင် သွေးကျောက်တုံးသည် လေဟာနယ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်တွင် ရှိနေပြီး ဝိညာဉ်သုံးပါးတောင်တန်းမှ မိစ္ဆာဘုရင်ရှစ်ကျန်း၏လက်အောက်တွင် အသန်မာဆုံးကျင့်ကြံသူ ဖြစ်သည်။

“အစ်ကိုနှစ်က ပြန်ရောက်လာပြီလား”

ဟန်မူယဲ့က ကျောက်သားစားပွဲဆီသို့ လျှောက်သွားလိုက်သည်။ သူက ထိုင်လိုက်ပြီး သွေးကျောက်တုံးကို ကြည့်သည်။

“အစ်ကိုနှစ်က ကျင့်ကြံခြင်းမှာ အောင်မြင်မှုတွေ ရခဲ့တဲ့ပုံပဲ။ အမဲလိုက်ရာသီမှာ အစွမ်းပြတော့မှာလား”

သူ့စကားကို ကြားလိုက်ရသောအခါတွင် သွေးကျောက်တုံးက ပြုံးသည်။

“သဘောတူညီချက်တစ်ခု လုပ်ကြရအောင်”

‘သဘောတူညီချက်လား’

ဟန်မူယဲ့က ခေါင်းမော့ကြည့်သည်။

“မင်းက ဝိညာဉ်သုံးပါးတောင်တန်းရဲ့ မိစ္ဆာဘုရင်တစ်ပါးကြောင့် ဒီကိုရောက်လာတာ ငါသိတယ်”

“ငါလည်း အတူတူပဲ”

သွေးကျောက်တုံး၏ မျက်လုံးများက ဆွဲဆောင်မှုရှိစွာ တောက်ပနေပြီး ကြက်သွေးရောင်အငွေ့အသက်ကို ထုတ်လွှတ်သည်။

“ငါတို့က ပူးပေါင်းပြီး လိုချင်တာကို ယူကြမယ်”

ထိုစကားများက အလွန်ပွင့်လင်းပြီး ကိုယ်ပွားတစ်ယောက် ဖြစ်သည်ဟု တိုက်ရိုက်မပြောလိုက်ရုံသာ ရှိသည်။

တစ်ချိန်တည်းမှာပင် ဟူယွမ်ကလည်း ကိုယ်ပွားတစ်ယောက်ဖြစ်ကြောင်း သူက သေချာသိနေသည်။

“အစ်ကိုနှစ်က ဘယ်သူ့ကို သတ်ချင်တာလဲမသိဘူး”

ဟန်မူယဲ့က မျက်နှာထားပြောင်းလဲမသွားပဲ ညင်သာစွာမေးသည်။

သူက မငြင်းခဲ့ပေ။ ထိုအရာသည် ဝန်ခံခြင်း ဖြစ်သည်။

All Chapters