← Chapters

အခန်း (၁၀၅၆)

Vol. 76 Ch. 1056

အခန်း (၁၀၅၆)

Vol. 76 Ch. 1056

သို့သော် မိစ္ဆာဘုရင်များကြားတွင် အနိုင်ရသူကို မဆုံးဖြတ်နိုင်ခင် ကောင်းကင်ချောက်နက်ပုလဲများကို မည်သူမှ မစုဆောင်းရဲကြပေ။

ထိုသို့မဟုတ်လျှင် သူတို့အတွက် ခြေချစရာနေရာ ရှိတော့မည်မဟုတ်ပေ။

ဤရေကန်က ပြုတ်ကျလာသောလူများကို ကြာပင်အဖြစ် ပြောင်းပစ်လိမ့်မည်။

ကျားကလန်သားတစ်ယောက်ဖြစ်သော မိစ္ဆာဘုရင်ရှစ်ကျန်းက ဝိညာဉ်သုံးပါးတောင်တန်း၏ အရှင်သခင် ဖြစ်မလာသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

မိစ္ဆာဘုရင်ယွင်ထျန်းနှင့် မိစ္ဆာဘုရင်ချင်းဖူက လေထုထဲတွင် ပျံသန်းနိုင်သော အားသာချက်ကို ပိုင်ဆိုင်ထားသည်။

လင်းနို့ကလန်နှင့် ငှက်များက ကြာပန်းပေါ်တွင် ခြေချရန် မလိုအပ်ပေ။ သူတို့က လေထုထဲတွင် လှည့်ပတ်ပျံသန်ပြီး တိုက်ခိုက်နေသောကြောင့် ကြာပင်ပေါ်တွင်ရှိသော မိစ္ဆာများက ခုခံရန် ခက်ခဲနေသည်။

ဟန်မူယဲ့က ဓားကို ဝှေ့ယမ်းလိုက်ပြီး ရှေ့တွင်ရှိသော ပုံရိပ်များကို ဖြတ်တောက်နေသည်။ သူ မိစ္ဆာဘုရင်ရှစ်ကျန်းဆီသို့ လျင်မြန်စွာ သွားလိုက်သည်။

ထိုအချိန်တွင် လှံတစ်ချောင်းကိုင်ထားသော သွေးကျောက်တုံးက သတ်ဖြတ်ချင်သော မျက်နှာထားဖြင့် ရုတ်တရက် နောက်လှည့်လိုက်သည်။

“ဝှစ်”

လေထုထဲတွင်စောင့်နေသော မိစ္ဆာဘုရင်ယွင်ထျန်းက ပျံသန်းလာခဲ့သည်။

မိစ္ဆာဘုရင်ရှစ်ကျန်းနှင့် တိုက်ခိုက်နေသော မိစ္ဆာဘုရင်ချင်းဖူက တစ်ခုခုကို သဘောတူထားပုံပေါ်သည်။ သူက ရုတ်တရက် အနက်ရောင်အလင်းများကို ပစ်ထုတ်ပြီး မိစ္ဆာဘုရင်ရှစ်ကျန်း၏ ကျားဖြူပုံရိပ်ကို တားဆီးလိုက်သည်။

“အစ်ကိုကြီး သတိထားပါ”

တာအိုတန်ခိုးရှင်ချန်ယန်က ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ သို့သော် သူက နောက်ဆုတ်သည်။

မိစ္ဆာဘုရင်နှစ်ယောက်က ပူးပေါင်းလိုက်သောကြောင့် မိစ္ဆာဘုရင်ရှစ်ကျန်း၏နောက်တွင် မည်သူမှ မနေရဲတော့ပေ။

“မင်းက သူ့ကို ကယ်မှာလား”

“မိစ္ဆာဘုရင်တစ်ယောက်ကိုလေ”

သွေးကျောက်တုံးက အထင်သေးနေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို တားဆီးထားသည်။

“မိစ္ဆာဘုရင်ရှစ်ကျန်းကို ရှင်းထုတ်နိုင်ရင် ကောင်းကင်ချောက်နက်ပုလဲ ငါးရာပေးမယ်လို့ မိစ္ဆာဘုရင်ယွင်ထျန်းက ငါ့ကို ကတိပေးထားတယ်”

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါက ကောင်းကင်ချောက်နက်ပုလဲ ငါးရာကိုယူပြီး ဒီကမ္ဘာကနေ ထွက်သွားမယ်။ ငါထွက်မသွားခင်မှာ မင်းကို ကောင်းကင်‌ကျောက်တုံးခံတပ်ရဲ့ ခေါင်းဆောင် ဖြစ်လာအောင် ကူညီပေးခဲ့မယ်”

သွေးကျောက်တုံးက ဟန်မူယဲ့ကို ကြည့်နေသည်။ သူ့လက်ထဲတွင်ရှိသော လှံက သွေးအလင်းကို ထုတ်လွှတ်သည်။

“နောက်တစ်ကြိမ်အမဲလိုက်ပွဲမှာ မင်းက ပိုများတဲ့ ကောင်းကင်ချောက်နက်ပုလဲတွေကို ရနိုင်မှာပါ”

ကောင်းကင်ချောက်နက်ပုလဲလုံး ငါးရာ ....

‘ကောင်းကင်ချောက်နက်ပုလဲလုံး ငါးရာအတွက်လား’

သို့သော် တွေးကြည့်လိုက်လျှင် သွေးကျောက်တုံးလို ကျင့်ကြံသူတစ်ယောက်အတွက် ကောင်းကင်ချောက်နက်ပုလဲလုံး ငါးရာသည် အလွန်တန်ဖိုးရှိသည်။

သူက လေဟာနယ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်တွင်သာ ရှိသည်။

သွေးကျောက်တုံးက ကိုယ်ပွားတစ်ခု ဖြစ်သော်လည်း မူလခန္ဓာက ရွှေအင်မော်တယ်အဆင့်သို့ သေချာပေါက် မရောက်နိုင်သေးပေ။

“ကောင်းကင်ချောက်နက်ပုလဲလုံး ငါးရာလား”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး မိစ္ဆာဘုရင်နှစ်ယောက်၏ ဖိနှိပ်မှုအောက်တွင် ရှိနေသော မိစ္ဆာဘုရင်ရှစ်ကျန်းကို ကြည့်သည်။ သူ၏ ကျားဖြူပုံရိပ်က မှိန်ဖျော့လာသည်။

“ညီလေးငါး၊ မြန်မြန်ထွက်သွားတော့”

မိစ္ဆာဘုရင်ရှစ်ကျန်းက အော်ပြောသည်။

သူက အကူအညီမတောင်းပဲ ထွက်သွားရန် ပြောခဲ့သည်။

သူ၏အမြင်တွင် ဟန်မူယဲ့၏ ဓားကျင့်ကြံခြင်းက အားကောင်းသော်လည်း ရွှေအင်မော်တယ်အဆင့် မိစ္ဆာဘုရင်နှင့် ရင်ဆိုင်ရန် မလုံလောက်ပေ။

ထို့ကြောင့် ထွက်သွားလျှင် ပိုကောင်းသည်။

ယခုအချိန်တွင် မိစ္ဆာဘုရင်ရှစ်ကျန်းက ဟန်မူယဲ့နှင့် လက်အောက်ငယ်သားများကို သေဆုံးသွားရန် လုပ်ဆောင်မည်မဟုတ်ပေ။

ဟန်မူယဲ့က မျက်လုံးများတောက်ပနေပြီး ဓားကို ဆွဲထုတ်သည်။

“ခလွမ် ....”

ဓားမြည်သံသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွားသည်။

ထိုဓားချက်က မလျင်မြန်ပေ။

သို့သော် ဓားချက် ပေါ်ထွက်လာသောအခါတွင် နေရာတစ်ခုလုံးက ချိပ်ပိတ်ခံလိုက်ရသည်။

သူ့ကို မည်သူမှ မတားဆီးနိုင်ပေ။

သွေးကျောက်တုံးက တစ်ကိုယ်လုံး တုန်ခါနေပြီး မျက်လုံးပြူးသွားသည်။

သူက ချမ်းသာပေးရန် တောင်းဆိုလိုက်သည်။

ဟန်မူယဲ့က တွန့်ဆုတ်မနေခဲ့ပေ။

သူက ဓားကို ဆွဲထုတ်လိုက်သောအချိန်တွင် ရပ်တန့်ရန် မလိုအပ်ပေ။

အစိမ်းရောင်အလင်း ပေါ်ထွက်လာသည်။ သူ့ရှေ့တွင်ရှိသော သွေးကျောက်တုံးက တစ်ပိုင်းတစ်စစီ ဖြစ်သွားသည်။

ထိုအပိုင်းအစများက ရေကန်ထဲသို့ ကျသွားသည်။

ကောင်းကင်ချောက်နက်ပုလဲ သုံးလုံးသည် ကြာပန်း၏အထက်တွင် တောက်ပစွာ ရှိနေသည်။

‘ဒါက သွေးကျောက်တုံးရဲ့ အစစ်အမှန်ခန္ဓာကိုယ်လား’

ဟန်မူယဲ့က ကောင်းကင်ချောက်နက်ပုလဲများကို သိမ်းယူလိုက်ပြီး တောင်ပံဖြန့်ထားသော အဖြူအနက်ပုံရိပ်ဆီသို့ ပျံသန်းသွားသည်။

ဓားတစ်ချက် ....

ဓားတစ်ချက်သာ ဖြစ်သည်။

ကောင်းကင်ကျောက်တုံးခံတပ်၏ နာမည်ကြီး ဒုတိယခေါင်းဆောင် ‌လေဟာနယ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့် သွေးကျောက်တုံးက ဓားတစ်ချက်ဖြင့် အသတ်ခံလိုက်ရသည်။

ထိုဖြစ်ရပ်ကြောင့် လူတိုင်းက ထိတ်လန့်သွားခဲ့သည်။

သူတို့က ဟန်မူယဲ့ကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။

မိစ္ဆာဘုရင်ရှစ်ကျန်းကို ဝိုင်းရံတိုက်ခိုက်နေသော မိစ္ဆာကျွမ်းကျင်သူများကပင် မသိစိတ်အလျောက် နောက်ဆုတ်သွားခဲ့သည်။

ဝိညာဉ်ရေကန်၏ အပြင်ဘက်တွင် ပုံရိပ်အများအပြား၏ မျက်လုံးများက တောက်ပလာကြသည်။

“အဲဒီဓားကျင့်ကြံသူလား”

“မျိုးရိုးနာမည်က ဟန်ထင်တယ်။ တာအိုတန်ခိုးရှင်ချွမ်လင်းနဲ့ တခြားလူတွေက သူ့ကို အတော်လေး ယုံကြည်ထားကြတယ်။ ဒီနေ့မှာ သူ့စွမ်းရည်ကို မြင်လိုက်ရပြီ”

သူတို့က ကြာပင်များပေါ်သို့ တိတ်ဆိတ်စွာ ခြေချလိုက်သည်။

သူတို့က အင်မော်တယ်အလင်းကို ထုတ်လွှတ်နေကြသည်။

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီဖြစ်သောကြောင့် ဖုံးကွယ်နေရန် မလိုတော့ပေ။

သူက ခြေတစ်လှမ်းဖြင့် မိစ္ဆာဘုရင်ရှစ်ကျန်း၏ တိုက်ပွဲထဲသို့ ဝင်ရောက်လာသည်။

“ဝီ”

ဓားအလင်း ဖြတ်ပြေးသွားသည်။

ပေတစ်သောင်းဓားအလင်းသည် မိစ္ဆာဘုရင်ယွင်ထျန်းကို လွင့်စင်သွားစေခဲ့သည်။

ထိုဓားချက်က အလွန်အားကောင်းသည်။

ဝိညာဉ်သုံးပါးတောင်တန်း၏ အသန်မာဆုံးမိစ္ဆာဘုရင်က ထိုဓားချက်ကို မခုခံနိုင်ခဲ့ပေ။

“မင်းက ဘယ်သူလဲ ....”

မိစ္ဆာဘုရင်ယွင်ထျန်းက ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး ရွှေအင်မော်တယ်အဆင့် စွမ်းအင်ကို ထုတ်လွှတ်သည်။

ပုံရိပ်တစ်ခုသည် သူ့နောက်တွင် ပေါ်လာသည်။

ရွှေရောင်ဝတ်စုံနှင့် အေးစက်သောမျက်လုံးများကို ပိုင်ဆိုင်ထားသော လူတစ်ယောက် ဖြစ်သည်။

“ငါက အင်မော်တယ်ဘုရင်ရဲ့ တပည့်တစ်ယောက်ပဲ။ မင်းက ဘယ်အင်အားစုကလဲ”

‘အင်မော်တယ်ဘုရင်ရဲ့ တပည့်လား’

‘ဟူယွင်လုံနဲ့ တခြားလူတွေကလည်း အင်မော်တယ်ဘုရင်ရဲ့ တပည့်မဟုတ်ဘူးလား’

ဟန်မူယဲ့က ဓားကိုင်ထားသည်။

မိစ္ဆာဘုရင်ယွင်ထျန်း၏စကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်တွင်ရှိနေသော ပုံရိပ်များက တုံ့ဆိုင်းသွားကြသည်။ သူတို့က ဖြူဖျော့နေပြီး ရှေ့မတိုးရဲတော့ပေ။

“ဘုန်း”

သိပ်မဝေးသောနေရာတွင် လေပြင်းနှင့် မိုးခြိမ်းသံကို ကြားနိုင်သည်။ အနက်ရောင်ပုဆိန်တစ်လက်ကို ကိုင်ထားသော လူသန်ကြီးက ပျံသန်းလာပြီး မိစ္ဆာဘုရင်ယွင်ထျန်း၏ ဦးခေါင်းကို ရိုက်ချသည်။

“မင်းက အင်မော်တယ်ဘုရင်ရဲ့တပည့် ဖြစ်နေရင်ရော ဘာအရေးလဲ။ အပျက်အစီးနယ်မြေရဲ့ တိုက်ပွဲမှာ နောက်ခံတွေက အရေးမပါဘူး”

လူသန်ကြီးက အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ရောက်လာခဲ့သည်။ သူက အင်မော်တယ်အလင်းကို ထုတ်လွှတ်နေသည်။

သူက ရွှေအင်မော်တယ်တစ်ဝက်အဆင့်တွင် ရှိနေပြီး အဆင့်မြင့်ဝိညာဉ်ရတနာကို ကိုင်ဆောင်ထားသောကြောင့် လေဟာနယ်ကို တုန်ခါသွားစေသည်။

ထိုတိုက်ကွက်သည် ရွှေအင်မော်တယ်ကို ဒဏ်ရာရသွားစေနိုင်သည်။

“မင်းက သေချင်နေတာပဲ”

မိစ္ဆာဘုရင်ယွင်ထျန်းက အေးစက်စွာ အော်ဟစ်လိုက်ပြီး လက်မြှောက်သည်။ အနက်ရောင်ချိန်းကြိုးတစ်ခု ပေါ်ထွက်လာပြီး ပုဆိန်ကို တားဆီးသည်။ ထို့နောက် ချိန်းကြိုးက လူသန်ကြီး၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။

အင်မော်တယ်ရတနာ တစ်ဝက်အဆင့် ....

သူက ကိုယ်ပွားနှင့် ဤကမ္ဘာသို့ ဝင်ရောက်လာသော်လည်း ထိပ်တန်းအဆင့် ဝိညာဉ်ရတနာကို ကိုင်ဆောင်ထားသည်။

ထိုအရာသည် အင်မော်တယ်ဘုရင်တစ်ပါး၏ တပည့်ဖြစ်ရသော အကျိုးအမြတ် ဖြစ်သည်။

အင်မော်တယ်ဘုရင်တစ်ပါး၏ တပည့်သည် အခြေခံအုတ်မြစ်၊ အဆက်အသွယ်နှင့် အဆုံးမရှိသော အရင်းအမြစ်များကို ရနိုင်သည်။

“တိုက်”

လူသန်ကြီးက ကြောက်ရွံ့နေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို လှည့်ကြည့်ပြီး အော်ပြောသည်။

သို့သော် ဟန်မူယဲ့က မလှုပ်ရှားခဲ့ပေ။

ထိုကိစ္စသည် သူနှင့် မသက်ဆိုင်ပေ။

သူက ထိုလူသန်ကြီးကို မသိပေ။

“ဘန်း”

ချိန်းကြိုးက လူသန်ကြီး၏ ခန္ဓာကိုယ်ကို ရေကန်ထဲသို့ ပစ်ချလိုက်သည်။ ထို့နောက် ကောင်းကင်ချောက်နက်ပုလဲ သုံးလုံးနှင့် ကြာပန်းတစ်ခု ပေါ်လာသည်။

မိစ္ဆာဘုရင်ယွင်ထျန်းက လက်မြှောက်ပြီး ပုလဲလုံးများကို သိမ်းယူသည်။ ထို့နောက် ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“မင်းက အသိစိတ်ရှိသားပဲ”

“မင်းက ဘယ်အင်အားစုကလဲ။ အပျက်အစီးနယ်မြေကနေ ထွက်လာရင် စတုတ္ထမြောက်အလွှာရဲ့ ရွှေသစ်ရွက်မျှော်စင်မှာ ငါ့ကို လာရှာလှည့်”

သူက စကားပြောလိုက်ပြီး အပြာရောင်သန်းနေသော အဖြူရောင်ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသည်။ ထို့နောက် မိစ္ဆာဘုရင်ရှစ်ကျန်းဆီသို့ ပျံသန်းသွားသည်။

“မိစ္ဆာဘုရင်ရှစ်ကျန်းကို သတ်ဖြတ်ဖို့ ကူညီပေးပါ။ သူ့ခန္ဓာကိုယ်က တန်ဖိုးရှိတယ်”

သူက စကားအဆုံးတွင် ရုတ်တရက် ရပ်တန့်လိုက်ပြီး ချိန်းကြိုးဖြင့် ဟန်မူယဲ့ကို ရိုက်ချသည်။

သို့သော် ချိန်းကြိုးက လေထုကိုသာ ရိုက်မိသွားသည်။

“ဝီ”

လေဟာနယ်က တုန်ခါနေသည်။

ဟန်မူယဲ့ကို မမြင်ရပေ။

‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’

‘ထွက်ပြေးသွားတာလား’

‘သူ့မူလဝိညာဉ်က ဒီကမ္ဘာကနေ ထွက်သွားတာလား’

“မိစ္ဆာဘုရင်၊ ဂရုစိုက်ပါ ....”

ထိတ်လန့်နေသောအသံသည် အဝေးတစ်နေရာတွင် ပေါ်ထွက်လာသည်။

မိစ္ဆာဘုရင်ယွင်ထျန်းက ခေါင်းမော့ကြည့်သည်။

ဟန်မူယဲ့၏ ဓားရှည်က အင်မော်တယ်အလင်းဖြင့် တောက်ပနေပြီး လေထုထဲတွင် တည်ငြိမ်စွာ ရှိနေသည်။

‘ဒီရေကန်က ပျံသန်းမှုကို တားမြစ်ထားတယ်မဟုတ်လား’

မိစ္ဆာဘုရင်ယွင်ထျန်းက နားမလည်နိုင်ခဲ့ပေ။

ဓားရှည်က ကျဆင်းလာသည်။

ဓားရှည်က အစိမ်းရောင်အလင်းကို သယ်ဆောင်ထားသည်။

ထိုဓားက နှေးကွေးပြီး လေထုကိုပင် ပိုင်းဖြတ်နိုင်ပုံမရပေ။

ဓားရှည်က ချိန်းကြိုးကို လွင့်ထွက်သွားစေသည်။

ထိုဓားသည် စိတ်ကူးမယဉ်နိုင်လောက်သော စွမ်းအားကို သယ်ဆောင်ထားသည်။

ထိုဓားအင်မော်တယ်မျိုးသည် အပြင်ကမ္ဘာတွင် အလွန်အားကောင်းသော ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။

မိစ္ဆာဘုရင်ယွင်ထျန်းက ပါးစပ်ဖွင့်လိုက်သော်လည်း အသံမထွက်နိုင်တော့ပေ။

အစိမ်းရောင်ဓားအလင်းသည် သူ၏ ကိုယ်ပွားကို ဖျက်ဆီးပစ်လိုက်သည်။

All Chapters