← Chapters

အခန်း (၁၀၅၇)

Vol. 76 Ch. 1057

အခန်း (၁၀၅၇)

Vol. 76 Ch. 1057

ဓားအလင်းသည် ဝိညာဉ်ရတနာချိန်းကြိုးကို ကောက်ယူလိုက်ပြီး လေဝိညာဉ်ငှက်၏ခန္ဓာကိုယ်ကို ထိုးဖောက်သည်။

ဟန်မူယဲ့က လက်မြှောက်ပြီး ငှက်၏လက်သည်းများကို ဆုပ်ကိုင်၍ ဆွဲချလိုက်သည်။

ဝိညာဉ်သုံးပါးတောင်တန်း၏ နံပတ်တစ်မိစ္ဆာဘုရင်က ဟန်မူယဲ့၏ ဓားချက်ကို မခုခံနိုင်ခဲ့ပေ။

‘ကောင်းကင်ကျောက်တုံးခံတပ်ရဲ့ နံပတ်ငါးစစ်သူကြီးက ဘယ်လောက်တောင် အားကောင်းနေတာလဲ’

ဝိညာဉ်ရေကန်၏ ပတ်ဝန်းကျင်တွင် အာမေဍိတ်အသံများ ပေါ်ထွက်လာသည်။

မရေမတွက်နိုင်‌သော မိစ္ဆာများက ထွက်ပြေးသွားကြသည်။

ကြာပင်တွင်ရှိနေသော မိစ္ဆာများက စိုးရိမ်စွာ နောက်ဆုတ်ကြသည်။

မိစ္ဆာဘုရင်ချင်းဖူက နောက်လှည့်ပြီး ထွက်ပြေးသွားသည်။ မိစ္ဆာဘုရင်ရှစ်ကျန်းက ကျယ်လောင်စွာရယ်လိုက်သည်။ သူ့နောက်တွင်ရှိသော ကျားဖူပုံရိပ်က ခုန်ထွက်လာပြီး လက်သည်းများဖြင့် ရိုက်ချသည်။

“ဘန်း”

မိစ္ဆာဘုရင်ချင်းဖူ၏ တောင်ပံများက ပျက်စီးသွားသည်။ သူက ရေကန်ထဲသို့ ပြုတ်ကျသွားပြီး အနီရောင်ကြာပန်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုကြာပန်းတွင် ကောင်းကင်ချောက်နက်ပုလဲ ခြောက်လုံးကို သယ်ဆောင်ထားသည်။

‘ရွှေအင်မော်တယ်တစ်ယောက်က ကောင်းကင်ချောက်နက်ပုလဲ ခြောက်လုံးကိုပဲ သယ်ဆောင်ထားတာလား’

‘အမြတ်ကြီးစားနေတာပဲ’

ဟန်မူယဲ့က ဝိညာဉ်ရေကန်၏ဘေးတွင် ဆင်းသက်လိုက်သည်။

မိစ္ဆာဘုရင်ချင်းဖူကို သတ်ဖြတ်လိုက်သော မိစ္ဆာဘုရင်ရှစ်ကျန်းက ပုလဲလုံးများကို သိမ်းလိုက်ပြီး ဟန်မူယဲ့၏ရှေ့သို့ ရောက်လာသည်။

“ညီလေး၊ ဒီကမ္ဘာကနေ ထွက်သွားတော့မှာလား”

မိစ္ဆာဘုရင်ရှစ်ကျန်းက ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က ‌ခေါင်းညိတ်သည်။

သူ့တာဝန်က ပြီးပြည့်စုံသွားသည်။

မိစ္ဆာဘုရင်ရှစ်ကျန်းက လက်မြှောက်သည် အစိမ်းရောင်လေပြင်းတစ်ခုသည် ရေကန်တွင်ရှိသော ကြာပန်းများ၏ ကောင်းကင်ချောက်နက်ပုလဲကို စုဆောင်းလိုက်သည်။

တစ်ထောင်ခန့်သာ ရှိသည်။

သူက ကောင်းကင်ချောက်နက်ပုလဲများကို စုစည်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ညီလေး၊ မင်းရဲ့ မူလခန္ဓာက ဒီမှာ ရှိနေတယ်ဆိုရင် ဒီပုလဲလုံးတွေကိုယူပြီး ထွက်သွားပါတော့”

“အနာဂတ်မှာ ထပ်လာဖြစ်ရင် ဝိညာဉ်သုံးပါးတောင်တန်းကို အလည်လာဖို့ သတိရပါ”

“တကယ်လို့ ကိုယ်ပွားနဲ့ရောက်လာပြီး တခြားလုပ်စရာမရှိရင် ဝိညာဉ်သုံးပါးတောင်တန်းမှာ ဆက်နေပါ့လား”

မိစ္ဆာဘုရင်ရှစ်ကျန်းက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ပြုံးသည်။

“အခုအချိန်ကစပြီး မင်းက ဓားပြခေါင်းဆောင် ဖြစ်လာလိမ့်မယ်”

‘ဝိညာဉ်သုံးပါးတောင်တန်းမှာ နေရမှာလား’

သူက ဤကမ္ဘာတွင် နှစ်တစ်ရာခန့်သာ နေရသေးသည်။

သို့သော် အပြင်ကမ္ဘာတွင် အချိန်ခဏသာ ဖြစ်သည်။

အကယ်၍ သူက ဤကမ္ဘာတွင် ဆက်နေခဲ့လျှင် အရင်းအမြစ်များကို ပိုရှာနိုင်လိမ့်မည်။

အပျက်အစီးနယ်မြေများ၏ အကြောင်းကိုလည်း သိနိုင်လိမ့်မည်။

ထို့အပြင် ရွှေအင်မော်တယ်ချွမ်လင်းနှင့် တခြားလူများဆီမှ ဖြေရှင်းချက်ကိုလည်း တောင်းရဦးမည်။

သူက စဉ်းစားကြည့်လိုက်ပြီး မိစ္ဆာဘုရင်ရှစ်ကျန်းကို ကြည့်သည်။

“ကောင်းပြီ။ ကျွန်တော်နေမယ်။ ဒါပေမဲ့ ဓားပြ‌ခေါင်းဆောင်က အစ်ကိုကြီးပါပဲ”

ထိုစကားကို ကြားလိုက်ရသောအခါတွင် မိစ္ဆာဘုရင်ရှစ်ကျန်းက ကျယ်လောင်စွာရယ်ပြီး လက်ကို ဝှေ့ယမ်းသည်။

“သွားကြစို့၊ ငါတို့က ဒီတိုက်ပွဲမှာ အနိုင်ရခဲ့တယ်။ သောက်ကြမယ်”

....

အမဲလိုက်ပွဲတွင် မိစ္ဆာဘုရင်ရှစ်ကျန်းက ဓားအင်မော်တယ်ဟူယွမ်၏စွမ်းအားကို အသုံးပြုပြီး ဝိညာဉ်သုံးပါးတောင်တန်း၏ တခြားမိစ္ဆာဘုရင်နှစ်ပါးကို ရှင်းထုတ်ပစ်ခဲ့သည်။

ထိုတိုက်ပွဲအပြီးတွင် ကောင်းကင်ကျောက်တုံးခံတပ်သည် ဝိညာဉ်သုံးပါးတောင်တန်းကို ထိန်းချုပ်လိုက်သည်။

ဝိညာဉ်ရေကန်ကိုလည်း ပိုင်ဆိုင်သွားသည်။

ပြန်လည်စုစည်းမှုများကို လုပ်ပြီးသောအခါတွင် ဝိညာဉ်သုံးပါးတောင်တန်း၏ စစ်တပ်က စတင်နယ်ချဲ့လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် မိုင်တစ်သန်းပတ်ဝန်းကျင်တွင် စစ်ပွဲများ စတင်လာသည်။

ဓားရှည်တစ်လက်နှင့် ဓားအင်မော်တယ်ဟူယွမ်က ပြိုင်ဘက်ကင်းသည်။

ကြွယ်ဝမှုများကို စုစည်းရန် အကောင်းဆုံးနည်းလမ်းသည် စစ်ပွဲပင် ဖြစ်သည်။

ဟန်မူယဲ့က များပြားသော ကောင်းကင်ချောက်နက်ပုလဲနှင့် အမျိုးမျိုးသော အထောက်အပံ့ပစ္စည်းများကို ရခဲ့သည်။

နှစ်တစ်ရာအတွင်း၌ မိစ္ဆာဘုရင်ရှစ်ကျန်းက မိုင်တစ်သန်းပတ်ဝန်းကျင်ကို အုပ်စိုးပြီး မရေမတွက်နိုင်သော စစ်သည်များကို ပိုင်ဆိုင်ခဲ့သည်။

ဟန်မူယဲ့၏ နာမည်က ထူးခြားပြီး လူတိုင်းက သူ့ကို အလွန်လေးစားကြသည်။ သူက မိစ္ဆာဘုရင်ရှစ်ကျန်းနှင့် ယှဉ်နိုင်သည်။

ယခင်က ဟန်မူယဲ့ လေ့ကျင့်ပေးခဲ့‌သောလူများသည် ယခုအချိန်တွင် ကျွမ်းကျင်သူများ ဖြစ်လာကြသည်။ သူတို့က စစ်ပွဲတွင် သူ့ကို ကူညီပေးခဲ့ကြသည်။

ထိုသို့ဖြင့် ဟန်မူယဲ့က ကျားဝိညာဉ်ကမ္ဘာတွင် နာမည်ကြီးလာခဲ့သည်။

ဝိညာဉ်သုံးပါးတောင်တန်း ....

ကျားတစ်‌ကောင်အဖြစ် အသွင်ပြောင်းထားသော ဟန်မူယဲ့က ကျားစိမ်းမျိုးနွယ်စု၏ လူအိုကြီးတစ်ယောက်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။

“တာအိုရောင်းရင်းဟန်ရဲ့ နည်းလမ်းတွေက တကယ် အထင်ကြီးစရာကောင်းတယ် ....”

လူအိုကြီးက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး သက်ပြင်းချသည်။

သူက မူလဝိညာဉ်ကို ခွဲထုတ်ပြီး ကျားဝိညာဉ်အပျက်အစီးနယ်မြေသို့ ရောက်လာသော ရွှေအင်မော်တယ်ချွမ်လင်း ဖြစ်သည်။

ယခုအချိန်တွင် သူက လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်နေသည်။

သို့သော် သူက ထိုအဆင့်သို့ ရောက်ရန်အတွက် ဤကမ္ဘာတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် နေထိုင်ခဲ့ရသည်။

ထိုနှစ်များတွင် သူ့တပည့်များ၏ အကူအညီဖြင့် နယ်မြေတစ်ခုနှင့် ဝိညာဉ်ရေကန်လေးတစ်ခုကို ပိုင်ဆိုင်ထားသည်။ သူတို့က လွန်ခဲ့သော နှစ်ပေါင်းငါးရာတွင် ကောင်းကင်‌ချောက်နက်ပုလဲ တစ်ထောင်ကျော်ကို စုဆောင်းနိုင်ခဲ့သည်။

သို့သော် ဟန်မူယဲ့နှင့် ယှဉ်လိုက်လျှင် သူ၏ အောင်မြင်မှုများက မပြောပလောက်ပေ။

သူ၏ ကိုယ်ပွားက လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေသော်လည်း စစ်ပွဲမှတစ်ဆင့် မရေမတွက်နိုင်သော ကြွယ်ဝမှုများကို စုဆောင်းထားသည့် ဟန်မူယဲ့နှင့် မယှဉ်နိုင်ပေ။

“အကြီးအကဲချွမ်လင်း၊ မိစ္ဆာဘုရင်ရှစ်ကျန်းဆီမှာ အညံ့ခံသင့်တယ်။ သူက လူကောင်းတစ်ယောက်ပဲ”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ရှစ်ကျန်းက အပြင်ကမ္ဘာမှ ရောက်လာသော ကျင့်ကြံသူများကို မငြင်းပယ်ပေ။

သူ့စကားက အပြင်ကမ္ဘာမှ ရောက်လာသောလူများသည် ဤကမ္ဘာ၏ သက်ရှိများကို စိတ်ကြိုက်သတ်ဖြတ်မနေလျှင် အဆင်ပြေသည်။

ရွှေအင်မော်တယ်ချွမ်လင်းက ဟန်မူယဲ့နှင့်အတူ ပူးပေါင်းရန် အမှန်တကယ် ဆန္ဒရှိသည်။

ဟန်မူယဲ့က သူ့ကို ကောင်းကင်‌ကျောက်တုံးခံတပ်တွင် မှီခိုနိုင်အောင် ကူညီမည်ဖြစ်သောကြောင့် သူက ပျော်ရွှင်နေသည်။

မိစ္ဆာဘုရင်ရှစ်ကျန်း၏ အမိန့်အောက်တွင် သူတို့၏ အကျိုးအမြတ်များက ပိုများလာလိမ့်မည်။

“တာအိုရောင်းရင်းဟန်၊ မိစ္ဆာဘုရင်ယွင်ထျန်းက အင်မော်တယ်ဘုရင်ရဲ့ တပည့်တစ်ယောက်ဆိုတာကို မင်းသိလား”

ရွှေအင်မော်တယ်ချွမ်လင်းက ခံစားချက်တချို့နှင့်အတူ ပြောသည်။

ဟန်မူယဲ့က မိစ္ဆာဘုရင်ယွင်ထျန်းကို လွယ်ကူစွာ သတ်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ရွှေအင်မော်တယ်အဆင့် မိစ္ဆာသည် ဓားတစ်ချက်ဖြင့် အသတ်ခံလိုက်ရသည်။

“သူ့ရဲ့ မူလခန္ဓာက ကျွန်တော့်ကို ပြဿနာလာရှာမှာလား”

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

‘သူက အင်မော်တယ်ဘုရင်ရဲ့ တပည့်တစ်ယောက်ဆိုရင်ရော ဘာဖြစ်လဲ။ အခုမှ ရွှေအင်မော်တယ်အဆင့်ပဲ ရှိသေးတာလေ’

အင်မော်တယ်ဘုရင်ချန်ယွမ်ကိုယ်တိုင် ဝင်ပါမလာသ၍ ဟန်မူယဲ့က စိုးရိမ်နေရန် မလိုအပ်ပေ။

“ဟားဟား၊ သူက ပြဿနာရှာချင်ရင်တောင် ငါတို့က သူ့ကို တားဆီးထားမှာပါ”

‌ရွှေအင်မော်တယ်ချွမ်လင်းက အပြုံးတစ်ခုနှင့်အတူ ပြောသည်။

အင်မော်တယ်ဘုရင်၏ တပည့်များသည် စည်းလုံးမှုမရှိပဲ အဖွဲ့ကွဲနေကြသည်။

သူ၏ လက်အောက်တွင် အနည်းဆုံး အင်မော်တယ်သခင်အဆင့် တပည့်ဆယ်ယောက်ခန့် ရှိသည်။ သူတို့အားလုံးသည် ကိုယ်ပိုင်လွှမ်းမိုးနိုင်စွမ်းကို ပိုင်ဆိုင်ကြသည်။

“အပျက်အစီးနယ်မြေမှာ ကောင်းကင်ချောက်နက်ပုလဲနဲ့ ရတနာတွေအပြင် ကမ္ဘာရင်းမြစ်လည်း ရှိတယ်”

ရွှေအင်မော်တယ်ချွမ်လင်းက တည်ငြိမ်စွာ ပြောသည်။

အင်မော်တယ်ဘုရင်၏ တပည့်များအားလုံးသည် အပျက်အစီးနယ်မြေ၏ ကမ္ဘာရင်းမြစ်အတွက် ယှဉ်ပြိုင်ကြလိမ့်မည်။

ကမ္ဘာရင်းမြစ်သည် အပျက်အစီးနယ်မြေတွင် ကျန်နေခဲ့သော ရှေးခေတ်ကျွမ်းကျင်သူများ၏ ဝိညာဉ်အကြွင်းအကျန် ဖြစ်သည်။

ထို့အပြင် စည်းမျဉ်းစွမ်းအားအနည်းငယ်လည်း ရှိနေသည်။

ဝိညာဉ်အကြွင်းအကျန်နှင့် စည်းမျဉ်းစွမ်းအား မရှိတော့လျှင် အပျက်အစီးနယ်မြေက ပျောက်ကွယ်သွားလိမ့်မည်။

အပျက်အစီးနယ်မြေ ပြိုကွဲသွားလျှင် သက်ရှိများအားလုံး ပျောက်ကွယ်သွားလိမ့်မည်။ သူတို့၏ စွမ်းအားကို ကောင်းကင်တစ်သောင်းချောက်နက်က ဝါးမြိုလိမ့်မည်။ အပျက်အစီးနယ်မြေကို ဖျက်ဆီးလိုက်သောလူများက များပြားသော အကျိုးအမြတ်ကို ရနိုင်သည်။

ပြန့်ကျဲနေသော ရတနာများအပြင် ကမ္ဘာပျက်စီးမှုမှ ဖြစ်ပေါ်လာသော ဉာဏ်အလင်းကိုလည်း ရရှိလိမ့်မည်။

အပျက်အစီးနယ်မြေမှ ရရှိလာသော ဝိညာဉ်အကြွင်းအကျန်နှင့် စည်းမျဉ်းစွမ်းအားကိုလည်း ရတနာများဖြင့် လဲလှယ်နိုင်သည်။

အင်မော်တယ်ဘုရင်ချန်ယွမ်ကပင် ဝိညာဉ်အကြွင်းအကျန်နှင့် စည်းမျဉ်းစွမ်းအားကို စုဆောင်းရန် တာဝန်များ ထုတ်ပေးလိမ့်မည်။

“တာအိုရောင်းရင်းဟန်၊ ငါတို့က အဲဒီအကြောင်းကို မတွေးရဲပါဘူး”

ရွှေအင်မော်တယ်ချွမ်လင်းက ညင်သာစွာ သက်ပြင်းချသည်။

သူတို့က ကောင်းကင်တစ်သောင်းမြို့၏ တတိယအလွှာတွင် ရှိနေ‌သော တပည့်အုပ်စုသာ ဖြစ်သည်။ သူတို့က ကမ္ဘာတစ်ခုကို ဖျက်ဆီးရန် မတွေးရဲကြပေ။

သို့သော် ဟန်မူယဲ့နှင့် မိစ္ဆာဘုရင်ရှစ်ကျန်း ရှိနေသောကြောင့် သူတို့က မျှော်လင့်ချက်ကို မြင်လာရသည်။

အကယ်၍ သူတို့က ဤကမ္ဘာကို ထိန်းချုပ်ပြီး ဝိညာဉ်နှင့် စည်းမျဉ်းစွမ်းအားကို ရရှိနိုင်လျှင် တစ်ခါတည်း ကောင်းကင်အထိ ရောက်သွားလိမ့်မည်။

“တာအိုရောင်းရင်းဟန်၊ တကယ်လို့ ငါတို့ အောင်မြင်သွားရင် မင်းက အကျိုးအမြတ်တွေအားလုံးကို ယူထားလို့ရပါတယ်”

ရွှေအင်မော်တယ်ချွမ်လင်းက တီးတိုးပြောသည်။

“ဒီအောင်မြင်မှုနဲ့ဆိုရင် ငါတို့က အကြီးအကဲတွေရဲ့ အသိအမှတ်ပြုခြင်းကိုရပြီး စတုတ္ထအလွှာကို တက်နိုင်လိမ့်မယ်”

အကျိုးအမြတ်က ဆွဲဆောင်နိုင်သော်လည်း အနာဂတ်လမ်းစဉ်က ပိုမိုအ‌ရေးကြီးသည်။

‘ကမ္ဘာတစ်ခုကို ဖျက်ဆီးရမှာလား’

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

ဤကမ္ဘာသည် ပုံရိပ်ယောင်တစ်ခုဖြစ်ကြောင်း သူနားလည်သည်။

အပျက်အစီးနယ်မြေသည် အစစ်အမှန်ကမ္ဘာတစ်ခု မဟုတ်ပေ။

သို့သော် ဤကမ္ဘာတွင် နှစ်ပေါင်းများစွာကြာအောင် နေထိုင်လာပြီး ဤကမ္ဘာကို မည်သို့ ဖျက်ဆီးနိုင်မည်နည်း။

သူက တုံ့ဆိုင်းနေသောကြောင့် ရွှေအင်မော်တယ်ချွမ်လင်းက ပြုံးလိုက်ပြီး ခေါင်းခါသည်။

အကယ်၍ မူလခန္ဓာနှင့် ဤကမ္ဘာထဲသို့ ဝင်လာခဲ့လျှင် ဤကမ္ဘာတွင် နစ်မျောသွားလိမ့်မည်။

ကံကောင်းစွာဖြင့် ဟန်မူယဲ့က ကိုယ်ပွားကို အသုံးပြုခဲ့သည်။

သူ၏ မူလခန္ဓာသည် အပြင်ဘက်တွင် ရှိနေပြီး အဆုံးတွင် နိုးထလာလိမ့်မည်။

အလျင်လိုရန် မလိုအပ်ပေ။

နှစ်ပေါင်းရှစ်ရာ ....

ထိုသို့ဖြင့် နှစ်ပေါင်းရှစ်ရာ ကြာမြင့်သွားသည်။ ကောင်းကင်ကျောက်တုံးခံတပ်သည် ကောင်းကင်ကျောက်တုံးမြို့တော် ဖြစ်သွားပြီး မိစ္ဆာဘုရင်ရှစ်ကျန်းသည် ကျားကလန်၏ အသန်မာဆုံးမိစ္ဆာဘုရင်များထဲမှ တစ်ယောက် ဖြစ်လာသည်။

ဟန်မူယဲ့၏ ကျင့်ကြံဆင့်နှင့် ခွန်အားသည် ဆက်တိုက်တိုးမြင့်လာပြီး ကောင်းကင်မော်တယ် အထွတ်အထိပ်အဆင့်တွင် ရှိနေသည်။

သို့သော် သူ၏ အောင်မြင်မှုများသည် ရွှေအင်မော်တယ်အဆင့်ထက် သာလွန်နေသည်။

လွန်ခဲ့သောနှစ်ဝက်တွင် သူက မိစ္ဆာဘုရင်ရှစ်ကျန်းနှင့် ပူးပေါင်းပြီး ကျားဝိညာဉ်ကမ္ဘာ၏ အနောက်မြောက်ပိုင်းအား အုပ်စိုးထားသော မြေနဂါးမိစ္ဆာဘုရင်ကို သတ်ဖြတ်ခဲ့သည်။ လောကတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။

ကောင်းကင်‌ကျောက်တုံးမြို့၏ ကောင်းကင်ကျောက်တုံးခန်းဆောင်တွင် ဖြစ်သည်။

ဟန်မူယဲ့နှင့် မိစ္ဆာဘုရင်ရှစ်ကျန်းက တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည်။

“ညီလေး၊ မင်းက ဒီကိုရောက်လာတာ နှစ်ပေါင်းတစ်ထောင် ကြာသွားပြီမဟုတ်လား”

မိစ္ဆာဘုရင်ရှစ်ကျန်းက သေရည်ခွက်ကို ကောက်ယူလိုက်ပြီး ညင်သာစွာပြောသည်။

ဟန်မူယဲ့ကလည်း သေရည်ခွက်ကို ကောက်ယူလိုက်ပြီး ခေါင်းညိတ်သည်။

“ဟုတ်တယ်။ နှစ်ပေါင်းတစ်ထောင် ရှိသွားပြီ”

All Chapters