အခန်း (၁၀၆၁)
Vol. 76 Ch. 1061
ရွှေအင်မော်တယ်ချွမ်လင်းက လက်သီးဆုပ်ထားပြီး အင်မော်တယ်အလင်းကို ထုတ်လွှတ်သည်။
ဟူယွင်လုံက တုံ့ဆိုင်းနေပြီး ဖြူဖျော့နေသောမျက်နှာထားဖြင့် အသက်ရှူသွင်းသည်။
ဤပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရန် မဖြစ်နိုင်တော့ပေ။
“အင်မော်တယ်သခင်တစ်ယောက်အနေနဲ့ အပြစ်မရှိတဲ့လူတွေကိုပါ တိုက်ခိုက်နေတာလား”
ထိုအချိန်တွင် အသံတစ်သံ ပေါ်ထွက်လာသည်။
“ခလွမ် ....”
အစိမ်းရောင်ဓားသည် ချုပ်နှောင်ထားသောစွမ်းအားကို ဖျက်ဆီးလိုက်သည်။
ဟန်မူယဲ့က အပြင်ဘက်သို့ ပျံသန်းထွက်လာပြီး ဓားအလင်းဖြင့် တိုက်ခိုက်သည်။
“ငါက မင်းရဲ့ကိုယ်ပွားကို အပျက်အစီးနယ်မြေထဲမှာ ဖျက်ဆီးပစ်ခဲ့တယ်။ အခုလည်း မင်းကို ထပ်ပြီး တိုက်ခိုက်ရဲတယ်”
ဓားအလင်းသည် အင်မော်တယ်သခင်ယွမ်ရှဲဆီသို့ တိုးဝင်သွားသည်။
အင်မော်တယ်သခင်ယွမ်ရှဲက လက်မြှောက်ပြီး တားဆီးသည်။ သို့သော် ဟန်မူယဲ့ကို ကြည့်လိုက်သောအချိန်တွင် ဟန်မူယဲ့က မိုင်တစ်ရာအကွာသို့ ရောက်သွားခဲ့သည်။
‘ပုရွက်ဆိတ်ကောင်’
‘မင်းက ငါ့ကိုယ်ပွား ပျက်စီးသွားတဲ့အကြောင်းကို တခြားလူတွေရှေ့မှာ ပြောရဲတယ်ပေါ့လေ’
အင်မော်တယ်သခင်ယွမ်ရှဲက ဒေါသထွက်နေသောမျက်နှာထားဖြင့် ဟန်မူယဲ့၏နောက်သို့ လိုက်သွားသည်။
“အင်မော်တယ်သခင်ရဲ့ ကိုယ်ပွားကို ဖျက်ဆီးပစ်ခဲ့တာလား”
ဟူယွင်လုံက ခက်ခဲစွာ ပြောသည်။
ရွှေအင်မော်တယ်ချွမ်လင်းက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဟန်မူယဲ့နှင့် အင်မော်တယ်သခင်ယွမ်ရှဲ ပျောက်ကွယ်သွားသောနေရာကို ကြည့်သည်။
“အရင်ဆုံး မြို့ကို ပြန်ကြရအောင်”
ရွှေအင်မော်တယ်ချွမ်လင်းက အသက်ရှူသွင်းလိုက်ပြီး ဟူယွင်လုံကို ကြည့်သည်။
“ဒီကိစ္စက မပြီးသေးဘူး။ အင်မော်တယ်သခင်ယွမ်ရှဲက ငါတို့ကိုတောင် ခြိမ်းခြောက်ရဲတယ်”
“မင်းက မြို့ကို ပြန်ရောက်ရင် တိမ်တိုက်နဂါးစံအိမ်ကို ကာကွယ်ထားပါ”
“ငါက ပဥ္စမအလွှာကိုသွားပြီး အင်မော်တယ်ဘုရင်ကို တင်ပြလိုက်မယ်”
ထိုသို့ဖြင့် သူက သင်္ဘော၏အခန်းထဲသို့ ချက်ချင်းပြန်ဝင်သွားသည်။
သူက အခန်းကို ဝင်္ကပါဖြင့် ဖုံးကွယ်လိုက်ပြီး လက်သီးဆုပ်ကို ဖွင့်ကြည့်သည်။
သူ့လက်ထဲတွင် အစိမ်းရောင်အလင်းလုံးတစ်ခု ရှိနေသည်။
ထိုအလင်းလုံးက ပုံရိပ်ယောင်ဆန်ပြီး ထူးခြားသောစွမ်းအားကို ထုတ်လွှတ်နေသည်။ တစ်ချက်ကြည့်လိုက်လျှင် လူများကို စိတ်လွတ်သွားအောင်လုပ်ရန် လုံလောက်သည်။
“ရင်းမြစ်စွမ်းအား ....”
ကျားဝိညာဉ်အပျက်အစီးနယ်မြေ၏ ရင်းမြစ်စွမ်းအား ဖြစ်သည်။
ဟန်မူယဲ့က ထွက်သွားသောအချိန်တွင် ထိုပစ္စည်းကို ရွှေအင်မော်တယ်ချွမ်လင်းဆီသို့ ပေးခဲ့သည်။
ဟန်မူယဲ့က အင်မော်တယ်ဘုရင်လိုချင်သော ရင်းမြစ်စွမ်းအားကို ရရှိလာသည်။ သို့သော် အင်မော်တယ်သခင်ယွမ်ရှဲ၏ လိုက်ဖမ်းခြင်းကို ခံနေရသည်။
‘အင်မော်တယ်သခင်က ရင်းမြစ်စွမ်းအားကို လုယူဖို့ ကြိုးစားနေတာလား’
“ကျန်းယန်မျှော်စင်၊ မင်းတို့ စောင့်နေလိုက်”
ရွှေအင်မော်တယ်ချွမ်လင်းက ရင်းမြစ်စွမ်းအားကို သိမ်းဆည်းလိုက်ပြီး အံကြိတ်သည်။
ကုန်းပတ်ပေါ်တွင် ဟူယွင်လုံ၏မျက်နှာထားက ပြောင်းလဲသွားသည်။
တခြားလူများကလည်း တိတ်ဆိတ်နေကြသည်။
သူတို့နှင့်အတူ လိုက်လာသော ဟန်မူယဲ့က အင်မော်တယ်သခင်၏ ကိုယ်ပွားကို သတ်ဖြတ်ခဲ့သည်။
ယခုအချိန်တွင် အင်မော်တယ်သခင်က ရောက်လာပြီး ဟန်မူယဲ့က တစ်ယောက်တည်းရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သည်။
သူတို့က ခံစားချက်များ ရှုပ်ထွေးနေသည်။
ဝမ်းနည်းခြင်း ....
အကူအညီမဲ့ခြင်း ....
မကျေမနပ်ဖြစ်ခြင်း ....
သင်္ဘောပျံတွင်ရှိသော ကျင့်ကြံသူအများစုက ဟန်မူယဲ့ကြောင့် အကျိုးအမြတ်ရခဲ့သည်။
ဟန်မူယဲ့၏ ခွန်အားကိုလည်း လေးစားကြသည်။
ယခု ဟန်မူယဲ့က တစ်ယောက်တည်း ထွက်သွားသောကြောင့် သူတို့က ထိတ်လန့်နေကြသည်။
“တာအိုရောင်းရင်းယွင်လုံ၊ ငါတို့ ဘာလုပ်ကြမလဲ”
အပြာရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ကျယ်လောင်စွာပြောသည်။
“ဟုတ်တယ်။ အပျက်အစီးနယ်မြေရဲ့ ဖြစ်ရပ်ကြောင့် အင်မော်တယ်သခင်တွေက လုပ်ချင်တာလုပ်နိုင်တာလား”
အနီရောင်ချပ်ဝတ်နှင့် လူသန်ကြီးတစ်ယောက်က ထပ်ပြောသည်။
ဟူယွင်လုံက ခေါင်းညိတ်လိုက်သည်။
“စိတ်ချပါ။ ဆရာတူအစ်ကိုချွမ်လင်းက ဒီကိစ္စကို ဖြေရှင်းပေးပါလိမ့်မယ်”
“တာအိုရောင်းရင်းဟန်နဲ့ နည်းလမ်းတွေနဲ့ဆိုရင် အင်မော်တယ်သခင်တစ်ပါးက သူ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး”
လူတိုင်းက ခေါင်းညိတ်လိုက်ပြီး သင်္ဘောပျံကို ထိန်းချုပ်၍ ကောင်းကင်တစ်သောင်းမြို့သို့ ဦးတည်သည်။
ထိုအချိန်တွင် ဟန်မူယဲ့က မိုင်ထောင်ချီအကွာသို့ ရောက်လာသည်။
သူက ရပ်တန့်လိုက်သည်။ သူ့လက်ထဲတွင်ရှိသော ဓားက နက်ရှိုင်းစွာ တောက်ပလာသည်။
အင်မော်တယ်သခင်ယွမ်ရှဲက သူ့ဘေးတွင် ပေါ်လာသည်။
“မင်းတော့ သေပြီပဲ ....”
အင်မော်တယ်သခင်ယွမ်ရှဲက အော်ဟစ်လိုက်သည်။
“ခလွမ် ....”
ဟန်မူယဲ့က ဓားဖြင့် ခုတ်ချသည်။
အင်မော်တယ်သတ်ဖြတ်ခြင်းဓား ....
မူလစွမ်းအား ....
ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ဖိနှိပ်ထားသော ချောက်နက်ထဲတွင် ထောင်ချောက်ဓားက အလွန်အားနည်းသွားသည်။ ထို့ကြောင့် မူလစွမ်းအားကို သယ်ဆောင်ထားသော အင်မော်တယ်သတ်ဖြတ်ခြင်းဓားကိုသာ အသုံးပြုနိုင်သည်။
သူက အင်မော်တယ်သတ်ဖြတ်ခြင်းဓားဖြင့် အင်မော်တယ်သခင်တစ်ပါးကို တိုက်ခိုက်နိုင်လိမ့်မည်။
“ခလွမ် ....”
အင်မော်တယ်သခင်ယွမ်ရှဲက အနက်ရောင်ဓားမော့ဖြင့် ဓားချက်ကို တားဆီးသည်။
ဓားမော့က ပျက်စီးခြင်းအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ထို့အပြင် ဓားချက်ကြောင့် ဓားမော့ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။
အင်မော်တယ်သခင်ယွမ်ရှဲက နောက်ဆုတ်ပေးလိုက်ရသည်။
သူက ထိတ်လန့်နေသည်။
“မင်းရဲ့ဓားနည်းစနစ်က တကယ်အားကောင်းတာပဲ”
သူက သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်သည်။ သူ့နောက်တွင် ပေတစ်ရာကြီးမားသော ပျက်စီးနေသည့် အနက်ရောင်ချပ်ဝတ်တစ်ခု ပေါ်လာသည်။
ထိုချပ်ဝတ် ပေါ်လာသောအခါ ပတ်ဝန်းကျင်တွင်ရှိသော သေဆုံးခြင်းစွမ်းအားများကို စုပ်ယူလိုက်သည်။
ထိုချပ်ဝတ်သည် ထိပ်တန်းအဆင့်ရတနာ ဖြစ်သည်။
ထို့အပြင် ကောင်းကင်တစ်သောင်းချောက်နက်၏ စွမ်းအားကို သယ်ဆောင်ထားသည်။
ထိုချပ်ဝတ်ကြောင့် အင်မော်တယ်သခင်ယွမ်ရှဲက ချောက်နက်ထဲတွင် ဖိနှိပ်မှုကို မခံရရုံသာမက အဆပေါင်းများစွာ ပိုမိုအားကောင်းလာလိမ့်မည်။
ဟန်မူယဲ့၏ မျက်နှာထားက လေးနက်လာသည်။
သူက အင်မော်တယ်သခင်တစ်ပါးနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ခြင်း ဖြစ်သည်။
အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူတိုင်းသည် အခြေခံအုတ်မြစ် နက်ရှိုင်းပြီး ရတနာများကို ပိုင်ဆိုင်ထားကြောင်း ဝန်ခံရမည်။
သူက သတိလွတ်သွားခဲ့သည်။
ဟန်မူယဲ့က အသက်ရှူသွင်းလိုက်ပြီး အင်မော်တယ်သတ်ဖြတ်ခြင်းဓားဖြင့် ခုတ်ချသည်။
ဓားအလင်းသည် အလွန်လျင်မြန်ပြီး ပျက်စီးနေသော ချပ်ဝတ်နှင့် ထိတွေ့သည်။
“ခလွမ် ....”
အနက်ရောင်ချပ်ဝတ်က ရွှေအလင်းကို ထုတ်လွှတ်ပြီး ဟန်မူယဲ့နှင့် ဓားကို လွင့်ထွက်သွားစေသည်။
အင်မော်တယ်သခင်ယွမ်ရှဲက ကြမ်းတမ်းသော သတ်ဖြတ်လိုစိတ်ကို ဖော်ပြသည်။
“သေဆုံးခြင်းစွမ်းအားက မင်းရဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားပြီ။ ဒီရတနာကို အသုံးပြုဖို့ လွယ်မှာမဟုတ်ဘူး”
ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး လှည့်ထွက်သွားသည်။
အင်မော်တယ်သခင်ယွမ်ရှဲက ထိုရတနာကို ထိန်းချုပ်ထားသည်ဟု သူထင်ခဲ့သည်။ သို့သော် ရတနာကို အပြည့်အဝ မသန့်စင်ရသေးပေ။
သူက ရတနာကို သန့်စင်ရန် မလုပ်ရဲပေ။
အနက်ရောင်ချပ်ဝတ်သည် သေဆုံးခြင်းစွမ်းအားကို သယ်ဆောင်ထားသည်။ ထိုချပ်ဝတ်ကို သန့်စင်ခြင်းသည် သေဆုံးခြင်းစွမ်းအားကို ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းခြင်းဖြစ်သည်။
အကယ်၍ ချပ်ဝတ်ပုံရိပ်ကို အသက်သွင်းလိုက်လျှင် သေဆုံးခြင်းစွမ်းအားသည် အင်မော်တယ်သခင်ယွမ်ရှဲကို တိုက်စားသွားလိမ့်မည်။
သူက အချိန်အတော်ကြာအောင် တောင့်ခံနိုင်မည်မဟုတ်ပေ။
“သေစမ်း ....”
အင်မော်တယ်သခင်ယွမ်ရှဲက အော်ဟစ်သည်။ သူ့မျက်နှာက ရှုံ့တွနေပြီး ချပ်ဝတ်ပုံရိပ်က သူ့ကို လွှမ်းခြုံသည်။ သူက ဟန်မူယဲ့၏နောက်သို့ လိုက်သွားခဲ့သည်။
ဟန်မူယဲ့က ဓားကို စီးနင်းပြီး လျင်မြန်စွာ သွားနေသည်။
သို့သော် အနက်ရောင်ချပ်ဝတ်က ချောက်နက်ထဲတွင် ထူးဆန်းစွာ ရွေ့လျားနိုင်သည်။ အင်မော်တယ်သခင်ယွမ်ရှဲက မည်သည့်စွမ်းအားကိုမှ အသုံးပြုရန်မလိုပဲ ဟန်မူယဲ့၏ရှေ့တွင် တိုက်ရိုက်ပေါ်လာသည်။
“ခလွမ် ....”
ဟန်မူယဲ့က ဓားဖြင့် ခုတ်ချလိုက်ပြီး တစ်ဖက်သို့ လှည့်ပြေးသည်။
သူက အင်မော်တယ်သခင်ကို တိုက်ခိုက်ရန် မကြောက်ပေ။ သို့သော် သေဆုံးခြင်းနယ်မြေတွင် သေဆုံးခြင်းစွမ်းအားကို သယ်ဆောင်ထားသော ချပ်ဝတ်နှင့် တိုက်ခိုက်ရခြင်းသည် ပျော်စရာမကောင်းပေ။
“ဘုန်း”
အနက်ရောင်ချပ်ဝတ်၏ လက်တစ်ဖက်က ဟန်မူယဲ့၏ ဦးခေါင်းကို ဖမ်းဆု်ပရန် ကြိုးစားသည်။
ထိုလက်က လေဟာနယ်ကို ထိုးခွဲလာခဲ့သည်။
ဟန်မူယဲ့က ရပ်တန့်လိုက်ပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။
သူတို့နှစ်ယောက်က ကောင်းကင်တစ်သောင်းချောက်နက်ထဲတွင် ပြေးလွှားနေကြသည်။ ဓားအလင်းနှင့် အနက်ရောင်ချပ်ဝတ်သည် သွယ်ယှက်နေသည်။
“ဘုန်း”
ကောင်းကင်နှင့်မြေကြီးသည် တုန်ခါသွားခဲ့သည်။
ပျက်စီးနေသော မြို့တံတိုင်း၏ရှေ့တွင် ဟွမ်ကျစ်ဟူက ဖီးနစ်တောအုပ်ခံတပ်၏ ကျင့်ကြံသူများကို ဦးဆောင်ပြီး ရတနာများကို ရှာဖွေနေသည်။ သူမက ကောင်းကင်ကို ရုတ်တရက် မော့ကြည့်သည်။
သူမ၏ဘေးတွင်ရှိနေသော ကျောက်ချန်ကလည်း မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်ကို ကြည့်သည်။
“မွေးစားအဖေလား”
ဟွမ်ကျစ်ဟူ၏ ဓားဆန္ဒက ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
“အစ်ကိုကြီးက တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေတာလား”
ကျောက်ချန်က တစ်ဖက်သို့ လှည့်ကြည့်လိုက်ပြီး တီးတိုးမေးသည်။
သူက နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို မေးနေခြင်း ဖြစ်သည်။
“ဟုတ်တယ်”
ရုပ်သေးရုပ်က ခေါင်းညိတ်သည်။
ဟွမ်ကျစ်ဟူက လှုပ်ရှားလိုက်ပြီး ရှေ့တက်သွားသည်။
“တာဝန်ချိန်မှာ ခွင့်ပြုချက်မရှိပဲ ထွက်သွားလို့မရဘူး”
သိပ်မဝေးသောနေရာတွင် ပုံရိပ်တစ်ခု ပျံသန်းလာသည်။
ကူယန်ဂိုဏ်း၏ ချန်ကျင်းယွီ ဖြစ်သည်။
ယခုအချိန်တွင် ချန်ကျင်းယွီက ကြာပွတ်တစ်ချောင်းကို ကိုင်ထားသည်။ ရွှေရောင်ကြာပွတ်က လေထုကို ထိုးခွဲပြီး ဝင်ရောက်လာသည်။
ထိုရိုက်ချက်က ဟွမ်ကျစ်ဟူ၏နောက်ကျောကို ဦးတည်နေသည်။
“ထွက်သွားစမ်း”
ဟွမ်ကျစ်ဟူက ဓားထုတ်လိုက်ပြီး ထောင့်ဖြတ်အတိုင်း ခုတ်ချသည်။ အေးစက်သောဓားအလင်းသည် ကြာပွတ်ကို ပြတ်တောက်သွားစေခဲ့သည်။
ကြာပွတ်က အဆင့်မြင့်ဝိညာဉ်ရတနာ ဖြစ်သည်။ ချန်ကျင်းယွီ၏ သွေးနှင့် သန့်စင်ထားသော ရတနာတစ်ခု ဖြစ်သည်။
ယခုအချိန်တွင် ရတနာက ပျက်စီးသွားသောကြောင့် သူ့ခန္ဓာကိုယ်က တုန်ခါနေပြီး သွေးအန်လိုက်ရသည်။
“ရဲတင်းလိုက်တာ”
အသံတစ်သံ ပေါ်ထွက်လာသည်။ အနက်ရောင်လက်တစ်ဖက်က ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ဟွမ်ကျစ်ဟူကို ဖမ်းဆုပ်သည်။
ဟွမ်ကျစ်ဟူက စိတ်မရှည်ဖြစ်နေပြီး ဓားရိုးကို ဆုပ်ကိုင်သည်။
“ဟမ့်”
အေးစက်သောအသံနှင့်အတူ မီးတောက်များ ပေါ်ထွက်လာသည်။