အခန်း (၁၀၆၂)
Vol. 76 Ch. 1062
“ရှဲ ....”
မီးတောက်များက အနက်ရောင်လက်ပုံရိပ်ကို လောင်ကျွမ်းပြီး အဝေးတစ်နေရာတွင်ရှိနေသော အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးကို ရစ်ပတ်လိုက်သည်။
လူအိုကြီးက ထိတ်လန့်သွားသည်။ သူက နည်းလမ်းအမျိုးမျိုးနှင့် ရတနာများကို အသုံးပြုခဲ့သည်။ သို့သော် မီးတောက်ကို မငြိမ်းသက်နိုင်ခဲ့ပေ။
“ကူညီပါ”
“ဂိုဏ်းတူအစ်ကိုကြီး ကယ်ပါအုံး ....”
လူအိုကြီးက ထိတ်လန့်စွာ အော်ဟစ်သည်။
မီးတောက်များက စိတ်ကူးမယဉ်နိုင်သော အပူဓာတ်ကို သယ်ဆောင်ထားပြီး ငြိမ်းသက်ရန် မဖြစ်နိုင်ပေ။
အဝေးတစ်နေရာတွင် အလင်းတန်းများ ဆင်းသက်လာသည်။ မန္တန်အမျိုးမျိုးနှင့် ရတနာများ ပေါ်ထွက်လာသော်လည်း မီးကို မငြိမ်းနိုင်ခဲ့ပေ။
“ဒါက ဘာမီးတောက်လဲ”
“အနည်းဆုံး အင်မော်တယ်မီးတောက်ပဲ”
“ဖီးနစ်တောအုပ်ခံတပ်က ငါတို့ကူယန်ဂိုဏ်းနဲ့ ရန်သူဖြစ်ချင်တာလား”
ထိတ်လန့်နေသောလူအုပ်က ပြောလိုက်သည်။
ရွှေမီးတောက် ကျင်းဟော်က နှာမှုတ်လိုက်ပြီး လက်မြှောက်သည်။ မီးတောက်များက သူ့ဆီသို့ ပြန်ရောက်လာကြသည်။
ထိုမီးတောက်သည် ဟန်မူယဲ့ပေးခဲ့သော အံ့ဖွယ်ကောင်းကင်နတ်ဘုရားမီးတောက် ဖြစ်သည်။ ထိုမီးတောက်က အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သည်။
ကူယန်ဂိုဏ်း၏လူများသာမက အင်မော်တယ်သခင်ကပင် ဂရုစိုက်ရလိမ့်မည်။
“ရပ်ကြစမ်း”
အော်ဟစ်သံနှင့်အတူ ပုံရိပ်တစ်ခု ရောက်လာပြီး ဟွမ်ကျစ်ဟူနှင့် သိပ်မဝေးသောနေရာတွင် ဆင်းသက်လိုက်သည်။
“ခေါင်းဆောင်ကျစ်ဟူ၊ တစ်ခုခုရှိရင် သွားလုပ်လိုက်ပါ။ ကူယန်ဂိုဏ်းက မဟာမိတ်တွေကို တားမြစ်မထားပါဘူး”
လှံတိုတစ်ချောင်းကိုင်ထားသော ချီယွမ်ဝူက ကူယန်ဂိုဏ်း၏ ကျွမ်းကျင်သူများကို ကြည့်သည်။
“အားလုံးပဲ တစ်ခုခုဖြစ်လာရင် ငါက တာဝန်ယူပါ့မယ်”
‘တာဝန်ယူမှာတဲ့လား’
“ချီယွမ်ဝူ၊ မင်းက ဂိုဏ်းတူအစ်ကိုစုကျီရဲ့ ဒဏ်ရာတွေကို ကုသပေးမှာလား”
ချန်ကျင်းယွီက အော်ဟစ်လိုက်ပြီး လက်ထဲတွင်ရှိသော ကြာပွတ်ကို မြောက်ပြသည်။
“ငါ့ရဲ့ ဝိညာဉ်ရတနာက ပျက်စီးသွားပြီ ....”
“ဒါက မင်းလုပ်ရပ်ကြောင့် ဖြစ်တာပဲ”
ချီယွမ်ဝူက အေးစက်စွာပြောသည်။
“မင်း ....”
ချန်ကျင်းယွီ၏မျက်နှာက နီရဲသွားသည်။ သူက တစ်ခုခု ပြောတော့မည့်အချိန်တွင် ကောင်းကင်ထက်မှ ဆူညံသံကို ကြားလိုက်ရသည်။
“ဝှစ် ....”
တောက်ပသော ဓားအလင်းသည် လေပြင်းကို သယ်ဆောင်ထားပြီး လောကကို ဖြတ်တောက်မည့်ပုံပေါ်သည်။
ဓားအလင်း ဖြတ်သန်းသွားပြီး နောက်ထပ်အသံ ပေါ်ထွက်လာသည်။
ကျွမ်းကျင်သူများ၏တိုက်ပွဲ ဖြစ်သည်။
သူတို့၏ မျက်နှာက ဖြူဖျော့သွားသည်။
ကောင်းကင်တစ်သောင်းချောက်နက်တွင် ကြောက်စရာအကောင်းဆုံးအရာသည် ပတ်ဝန်းကျင်ကို သက်ရောက်နိုင်သော ကျွမ်းကျင်သူများ၏တိုက်ပွဲ ဖြစ်သည်။
ကျွမ်းကျင်သူများ၏တိုက်ပွဲမှ ထွက်ပေါ်လာသော စွမ်းအားလှိုင်းသည် မရေမတွက်နိုင်သော လူများ၏ အကာအကွယ်ရတနာကို ပျက်စီးသွားစေနိုင်သည်။
ချက်ချင်းဆိုသလိုပင် လူတိုင်းက ထိတ်လန့်သွားကြသည်။
ဟွမ်ကျစ်ဟူက မျက်လုံးများကို မှေးကျဉ်းသည်။
‘မွေးစားအဖေက လိုက်ဖမ်းခံနေရတာလား’
သူမက သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်သည်။
သတ်ဖြတ်လိုစိတ်က ကောင်းကင်အထိ ထိုးတက်သွားပြီး အဆုံးမရှိသော ဓားအလင်းကို ထုတ်ဖော်သည်။
ထိုအချိန်တွင် သူမ၏ ဓားအလင်းက ပတ်ဝန်းကျင်တွင်ရှိသော သေဆုံးခြင်းစွမ်းအားကို ဖယ်ရှားပစ်လိုက်သည်။
ဟန်မူယဲ့၏နောက်သို့လိုက်နေသော အနက်ရောင်ချပ်ဝတ်နှင့်ပုံရိပ်က ရပ်တန့်သွားသည်။ သူ၏ တိုက်ခိုက်လိုစိတ်ကို ဓားဆန္ဒက လှုံ့ဆော်နေသည်။
“သွားပြီ”
ကူယန်ဂိုဏ်းသားများက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် တစ်ကိုယ်လုံး တုန်ခါသွားကြသည်။
ထိုကျွမ်းကျင်သူက အကြည့်တစ်ချက်ဖြင့် သူတို့အားလုံးကို သတ်ပစ်နိုင်သည်။
“သွားပြီ။ ငါတို့အားလုံး သေတော့မယ် ....”
ချန်ကျင်းယွီက တုန်ခါနေပြီး အော်ဟစ်လိုက်သည်။
ချီယွမ်ဝူ၏မျက်နှာကလည်း ဖြူဖျော့သွားသည်။
ဟွမ်ကျစ်ဟူက ထိုတိုက်ပွဲကို အဘယ်ကြောင့် နှောင့်ယှက်ခဲ့ကြောင်း သူနားမလည်ပေ။
“ငါလုပ်လိုက်မယ်”
ဟွမ်ကျစ်ဟူ၏နောက်တွင် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ပြောလိုက်သည်။
“ဘုန်း”
ရုပ်သေးရုပ်က ခမ်းနားသော လေပြင်းများနှင့်အတူ ကောင်းကင်ပေါ်သို့ တက်သွားသည်။ သူ့ပုံရိပ်က ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ အနက်ရောင်ချပ်ဝတ်ဆီ ပြေးဝင်သွားသည်။
“ဘန်း”
သူက တုံ့ဆိုင်းမနေပဲ လက်သီးဖြင့် ထိုးချသည်။
အနက်ရောင်ချပ်ဝတ်ပုံရိပ်က လက်မြှောက်ပြီး တားဆီးသည်။
ထို့နောက် လွင့်ထွက်သွားသည်။
နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က နောက်မှ နီးကပ်စွာလိုက်လာသည်။
“ဘန်း”
လက်သီးချက်ကို ထပ်မံထုတ်ဖော်ခဲ့သည်။
ပတ်ဝန်းကျင်တွင် ကျယ်လောင်သော လက်သီးထိုးသံများကို ကြားနိုင်သည်။
အောက်တွင်ရှိနေသော ကူယန်ဂိုဏ်းသားနှင့် ဖီးနစ်တောအုပ်ခံတပ်၏ ကျင့်ကြံသူများက ကြောင်အသွားကြသည်။
‘ဒါက ဘယ်လောက်တောင် သန်မာနေတာလဲ’
ထိုပုံရိပ်က ကျွမ်းကျင်သူများ၏တိုက်ပွဲဝင် တိုက်ရိုက်ဝင်ပါပြီး ပြိုင်ဘက်ကို ဖိနှိပ်ထားနိုင်သည်။
‘ငါတို့ခံတပ်မှာ ဒီလိုကျွမ်းကျင်သူမျိုး ရှိနေတာလား’
ချီယွမ်ဝူက ဟွမ်ကျစ်ဟူကို တိတ်ဆိတ်စွာ ကြည့်သည်။
‘သူ့ဘေးမှာ ဒီလိုလူမျိုး ရှိနေတယ်ပေါ့’
‘ငါလောင်းကြေးထပ်လိုက်တာ မှန်သွားတဲ့ပုံပဲ’
ချန်ကျင်းယွီက အလောင်းတစ်ခုကဲ့သို့ ဖြူဖျော့နေသည်။
ချီယွမ်ဝူက ခပ်ဟဟရယ်လိုက်ပြီး ဟွမ်ကျစ်ဟူဆီသို့ လျှောက်သွားသည်။
“ခေါင်းဆောင်ကျစ်ဟူ၊ တစ်ခုခုကူညီပေးရမလား”
ဟွမ်ကျစ်ဟူက ဓားရိုးကို ဆုပ်ကိုင်ထားပြီး ခေါင်းခါသည်။
သူမက ထိုတိုက်ပွဲတွင် ဝင်မပါနိုင်ပေ။
“မစိုးရိမ်ပါနဲ့။ အစ်ကိုကြီးက သန်မာပါတယ်။ နတ်ဘုရားသတ်ဖြတ်သူကလည်း ကူညီပေးနေတာပဲ။ အဆင်ပြေသွားလိမ့်မယ်”
ကျောက်ချန်က ညင်သာစွာပြောသည်။
ချီယွမ်ဝူက ကျောက်ချန်ပြောလိုက်သော အစ်ကိုကြီးကို မသိပေ။ သို့သော် ယခုလေးတင် ထွက်သွားပြီး တိုက်ခိုက်နေသော ကျွမ်းကျင်သူက နတ်ဘုရားသတ်ဖြတ်သူဖြစ်ကြောင်း သိလိုက်ရသည်။
ဟွမ်ကျစ်ဟူ၏နောက်ကွယ်တွင် ပိုမိုသန်မာသောလူများ ရှိနေပုံပေါ်သည်။
‘သူတို့ရဲ့နောက်ခံက ဘာများလဲ’
“ဝီ”
ကောင်းကင်ထက်တွင် ဓားမြည်သံကို ကြားလိုက်ရသည်။
ထို့နောက် ဟိန်းဟောက်သံကို ကြားရသည်။
ဓားအလင်းနှင့် ဟိန်းဟောက်သံသည် အဝေးတစ်နေရာတွင် ပျောက်ကွယ်သွားသည်။
ကူယန်ဂိုဏ်းသားများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ကြောက်ရွံ့စိတ်များနှင့်အတူ လူစုခွဲသွားကြသည်။
သူတို့က ဟွမ်ကျစ်ဟူကို ကြည့်လိုက်သောအခါတွင် ပိုမိုသတိထားနေပုံပေါ်သည်။
ဖီးနစ်တောအုပ်ခံတပ်၏ လူများက ပျော်ရွှင်နေကြသည်။
သူတို့၏နောက်တွင် ကျွမ်းကျင်သူတစ်ယောက် ရှိနေသည်။
ထိုအချိန်တွင် မိုင်ထောင်ချီအကွာ၌ ဟန်မူယဲ့က ဓားရှည်ကို လွှဲခုတ်ပြီး နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်နှင့် ပူးပေါင်း၍ ချပ်ဝတ်ပုံရိပ်ကို တိုက်ခိုက်နေသည်။
ချပ်ဝတ်ပုံရိပ်က သေဆုံးခြင်းစွမ်းအားကို စုစည်းပြီး ခန္ဓာကိုယ်ကို ဖွဲ့စည်းနေသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ လက်သီးချက်တိုင်းသည် လောကကို ဖျက်ဆီးနိုင်သည်။
သေဆုံးခြင်းစွမ်းအားဖြင့် ပြည့်နှက်နေသော ကောင်းကင်တစ်သောင်းချောက်နက်တွင် ရုပ်သေးရုပ်က ဖိနှိပ်မခံရပေ။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ယခင်အတိုင်းပင် ဖြစ်သည်။
အနက်ရောင်ချပ်ဝတ်က မည်မျှပင် သိပ်သည်းနေပါစေ ရုပ်သေးရုပ်၏ လက်သီးချက်ကို မတားဆီးနိုင်ပေ။
လက်သီးချက်များကြောင့် ဆက်တိုက် နောက်ဆုတ်ပေးနေရသည်။
ဟန်မူယဲ့၏ ဓားအလင်းနှင့် ရုပ်သေးရုပ်၏ လက်သီးချက်က ပြီးပြည့်စုံစွာ ပူးပေါင်းထားသည်။ သူတို့က ချပ်ဝတ်ကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးမပေးခဲ့ပေ။
“ဘန်း”
လက်သီးချက်က အနက်ရောင်ချပ်ဝတ်ပုံရိပ်၏ ရင်ဘတ်ကို ထိုးချလိုက်သည်။ ချပ်ဝတ်ပုံရိပ်က ပျက်စီးသွားတော့မည့်အလား တုန်ခါလာသည်။
“ဂါး ....”
အနက်ရောင်ချပ်ဝတ်ပုံရိပ်က ဟိန်းဟောက်လိုက်ပြီး အဆုံးမရှိသော သေဆုံးခြင်းစွမ်းအားကို စုပ်ယူသည်။
ထိုစွမ်းအားက ပင်လယ်တစ်စင်းကဲ့သို့ အလွန်များပြားသောကြောင့် ဟန်မူယဲ့နှင့် ရုပ်သေးရုပ်က နောက်ဆုတ်ပေးလိုက်ရသည်။
အနက်ရောင်ချပ်ဝတ်ပုံရိပ်၏ အငွေ့အသက်က ပိုမိုအားကောင်းစွာ ပေါက်ကွဲထွက်လာသည်။
အင်မော်တယ်သခင်ယွမ်ရှဲ၏ ဖြူဖျော့နေသောမျက်နှာက ခြောက်သွေ့သွားသည်။
သို့သော် သူမျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။
သေဆုံးခြင်းစွမ်းအားက သူ့ကို ထိန်းချုပ်သွားသည်။
ဤနေရာသည် ကောင်းကင်တစ်သောင်းချောက်နက် ဖြစ်သည်။ အင်မော်တယ်သခင်များကပင် သေဆုံးရလိမ့်မည်။
ယခုအချိန်တွင် အင်မော်တယ်သခင်ယွမ်ရှဲက ကောင်းကင်တစ်သောင်းမြို့သို့ ပြန်သွားနိုင်လျှင်ပင် လမ်းလျှောက်နေသောအလောင်းကောင် ဖြစ်သွားလိမ့်မည်။
“သတ်”
အင်မော်တယ်သခင်ယွမ်ရှဲက မျှော်လင့်ချက်ကင်းမဲ့စွာ အော်ဟစ်သည်။
“ငါက ရင်းနှီးနေတဲ့စွမ်းအားကို ခံစားရတယ်”
ရုပ်သေးရုပ်က လက်သီးထိုးလိုက်ပြီး အော်ပြောသည်။
“ရင်းနှီးနေတဲ့စွမ်းအားလား”
ဟန်မူယဲ့က ပျက်စီးနေသောချပ်ဝတ်ကို ကြည့်လိုက်ပြီး တွေးသည်။
မဟူရာချပ်ဝတ်ဂိုဏ်းသည် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ဖန်တီးရာတွင် အကောင်းဆုံးဖြစ်သည်။
မဟူရာချပ်ဝတ်ဂိုဏ်းက ကောင်းကင်ပြောင်းလဲခြင်းစံအိမ်၏ အမွေအနှစ်ကို ဆက်ခံထားသည်။ သူတို့၏ ထိပ်တန်းအဆင့် ရုပ်သေးရုပ်များသည် ကပ်ဘေးနှင့် ရင်ဆိုင်နိုင်သော ကမ္ဘာဦးရုပ်သေးရုပ်များ ဖြစ်ကြသည်။
သူတို့၏ ချပ်ဝတ်အမွေအနှစ်ကလည်း ထူးခြားလိမ့်မည်။
ထို့ကြောင့် ရှေ့တွင်ရှိနေသော ချပ်ဝတ်သည် မဟူရာချပ်ဝတ်ဂိုဏ်းမှ ဆင်းသက်လာခြင်း ဖြစ်လိမ့်မည်။
“ထာဝရရုပ်သေးရုပ်လား”
“ဟားဟား၊ မတွေ့ရတာကြပြီ”
ချပ်ဝတ်ထဲတွင်ရှိနေသော အင်မော်တယ်သခင်ယွမ်ရှဲက ပြောသည်။ သူ့အသံက အက်ကွဲနေပြီး ချောက်နက်ထဲမှ ထွက်လာပုံပေါ်သည်။
“ကမ္ဘာဦးချပ်ဝတ်လား”
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ချပ်ဝတ်ကို မှတ်မိသွားပြီး အော်ပြောလိုက်သည်။
“ဟန်လေး၊ ဒါက ကပ်ဘေးကို လွှမ်းမိုးခဲ့တဲ့ ကမ္ဘာဦးရုပ်သေးရုပ်တွေနဲ့ အဆင့်တူတဲ့ ကမ္ဘာဦးချပ်ဝတ်ပဲ”
‘ကမ္ဘာဦးရုပ်သေးရုပ်တွေနဲ့ အဆင့်တူတာလား’
ဟန်မူယဲ့က အံ့အားသင့်သွားသည်။
‘ဒါက ဘယ်လိုစွမ်းအားမျိုးလဲ’
အင်မော်တယ်ဘုရင်တစ်ပါးကပင် ကမ္ဘာဦးရုပ်သေးရုပ်များ၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။
‘အဲဒါဆိုရင် ဒီချပ်ဝတ်နဲ့ အင်မော်တယ်သခင်ကိုသတ်ဖြတ်ဖို့ မခက်လောက်ဘူး’
“ဟားဟား။ ကပ်ဘေးမတိုင်ခင်က မှတ်ဉာဏ်တွေကို သယ်ဆောင်ထားသေးတာပဲ။ ရှားပါးလိုက်တာ”
ချပ်ဝတ်က ပြောလိုက်သည်။
“ဒီကလေးရဲ့ ခန္ဓာကိုယ်က ကောင်းတယ်။ မင်းရဲ့ ဝိညာဉ်က အရသာရှိလိမ့်မယ်”
“အညံ့ခံလိုက်ပါ”
အနက်ရောင်ချပ်ဝတ်က စိတ်အားထက်သန်နေသည်။ ချပ်ဝတ်၏ပုံရိပ်က အင်မော်တယ်သခင်ယွမ်ရှဲကို လွှမ်းခြုံလိုက်ပြီး အရိုးစုဖြစ်သွားစေသည်။