← Chapters

အခန်း (၁၀၆၃)

Vol. 76 Ch. 1063

အခန်း (၁၀၆၃)

Vol. 76 Ch. 1063

“ဂျွတ်”

အရိုးကျိုးသွားသောအသံကို ကြားနိုင်သည်။

အင်‌မော်တယ်သခင်ယွမ်ရှဲ၏ ခန္ဓာကိုယ်က ပြန့်ကျဲနေသော အရိုးများအဖြစ် ပြောင်းလဲသွားသည်။

ကောင်းကင်ချောက်နက်၏ အပြင်ဘက်တွင် ရှိနေလျှင် အင်မော်တယ်သခင်တစ်ပါးက အစွမ်းကုန်ထုတ်သုံးနိုင်လိမ့်မည်။

သို့သော် ဤနေရာသည် ကမ္ဘာများ ကျဆုံးသွားခဲ့သော ကောင်းကင်ချောက်နက် ဖြစ်သည်။ သေဆုံးခြင်းစွမ်းအား၏ တိုက်စားမှုကို ခံရလျှင် ဖြေရှင်းရန် နည်းလမ်းမရှိတော့ပေ။

ဟန်မူယဲ့က ရှေ့တွင်ရှိသော အရိုးစုကို ကြည့်လိုက်ပြီး အနည်းငယ် နားလည်လာသည်။

ကျင့်ကြံခြင်းတွင် ကံကောင်းခြင်းဟူ၍ မရှိပေ။

အကယ်၍ အင်‌မော်တယ်သခင်ယွမ်ရှဲက ချပ်ဝတ်၏စွမ်းအားကို အသုံးမပြုခဲ့လျှင် သေဆုံးသွားမည်မဟုတ်ပေ။

“ဂရုစိုက်ပါ။ ဒီချပ်ဝတ်က အရမ်းသန်မာတယ်”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က လေးနက်စွာ ပြောသည်။

သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ရွှေအလင်းကို ထုတ်ဖော်သည်။ ရွှေရောင်လှံတစ်စင်းက သူ့လက်ထဲသို့ ရောက်လာသည်။

ထိုလှံက သူ၏လက်နက် ဖြစ်သည်။ အင်မော်တယ်ရတနာနှင့် ယှဉ်နိုင်ပြီး အင်မော်တယ်သခင်ကို ဒဏ်ရာပေးနိုင်သည်။

“ဂါး ....”

အနက်ရောင်ချပ်ဝတ်က ရုပ်သေးရုပ်၏ တုံ့ပြန်မှုကြောင့် ဒေါသထွက်သွားပုံပေါ်သည်။ သို့မဟုတ် အင်‌မော်တယ်သခင်ယွမ်ရှဲ၏ နောက်ဆုံးလက်ကျန် စွဲလမ်းစိတ်ကြောင့် ဖြစ်နိုင်သည်။ ချပ်ဝတ်ပုံရိပ်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ရုပ်သေးရုပ်ဆီသို့ ခုန်ဝင်လာခဲ့သည်။

“ခလွမ် ....”

ရုပ်သေးရုပ်၏လှံက ချပ်ဝတ်ပုံရိပ်၏ အနက်ရောင်လှံနှင့် ထိတွေ့သွားသည်။

လက်နက်များ၏အသံသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားသည်။

ထိုအချိန်၌ မိုင်နှစ်ထောင်ပတ်ဝန်းကျင်တွင်ရှိသော သေဆုံးခြင်းစွမ်းအားသည် လှုံ့ဆော်ခံလိုက်ရပြီး ဝဲကတော့အဖြစ် အသွင်ပြောင်းသွားသည်။

ဟန်မူယဲ့က သိပ်မဝေးသောနေရာတွင် လေးနက်သောမျက်နှာထားဖြင့် ရှိနေသည်။

ချပ်ဝတ်က အလွန်အားကောင်းသည်။

ထို့အပြင် ကောင်းကင်တစ်သောင်း‌ချောက်နက်က သူ၏ပိုင်နက် ဖြစ်သည်။

“မြန်မြန်ထွက်သွားတော့”

ရုပ်သေးရုပ်က အော်ပြောသည်။

ရုပ်သေးရုပ်က အင်မော်တယ်ကျောက်တုံးနှင့် နတ်စွမ်းအားသလင်းကျောက်ကို အသုံးပြုရသည်။ သူက ထိုပစ္စည်းများကို အများအပြား သိုလှောင်ထားသည်။

သို့သော် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က သင်္ချိုင်းအင်မော်တယ်မြို့တွင် နှစ်ပေါင်းမ‌ရေမတွက်နိုင်အောင် နေထိုင်ခဲ့သော်လည်း ရေမှင်စာ၏ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။

ထို့ကြောင့် ချပ်ဝတ်နှင့် မယှဉ်နိုင်ပေ။

“ဘုန်း ....”

ချပ်ဝတ်ပုံရိပ်က ထပ်မံတိုက်ခိုက်သည်။ ရုပ်သေးရုပ်က နောက်ဆုတ်ပေးလိုက်ရသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး တီးတိုးပြောသည်။

“အဲဒီလောက်လည်း မသန်မာပါဘူး”

သူစိတ်ကူးထားသလောက် မသန်မာပေ။

ကမ္ဘာဦးချပ်ဝတ်သည် ရုပ်သေးရုပ်ကို တစ်ချက်တည်း ဖျက်ဆီးပစ်လိုက်သင့်သည်။

သို့သော် ရုပ်သေးရုပ်က ဖိနှိပ်ခံထားရသော်လည်း တစ်ခါတည်း ပျက်စီးမသွားခဲ့ပေ။

ဟန်မူယဲ့က အနက်ရောင်ချပ်ဝတ်ပုံရိပ်ကို ကြည့်သည်။

အနက်ရောင်ချပ်ဝတ်ပုံရိပ်က ပျက်စီးနေသည်။ ချပ်ဝတ်၏ ရင်ဘတ်တွင် အပေါက်ကြီးတစ်ပေါက် ရှိနေပြီး ပခုံးကာကလည်း ကျိုးပဲ့နေသည်။

ချပ်ဝတ်ပေါ်တွင် ဓားချက်ကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာအမျိုးမျိုးလည်း ရှိနေခဲ့သည်။

သို့သော် ချပ်ဝတ်၏ နောက်ကျောသည် အကောင်းအတိုင်း ရှိနေသည်။

“သတ် ....”

ဟန်မူယဲ့၏အကြည့်ကို ခံစားမိသောကြောင့် အနက်ရောင်ချပ်ဝတ်ပုံရိပ်က အော်ဟစ်လိုက်ပြီး ပြေးဝင်လာသည်။

ဟန်မူယဲ့က ဓားဖြင့် ခုတ်ချလိုက်သည်။ ဓားချက်က ချပ်ဝတ်ပေါ်သို့ ကျဆင်းသွားသော်လည်း ဒဏ်ရာမပေးနိုင်ခဲ့ပေ။

သူက လှုပ်ရှားလိုက်ပြီး အောက်တွင်ရှိသော အနက်ရောင်တောင်တန်းထဲသို့ ဝင်သွားသည်။

ပုံရိပ်ယောင်ကမ္ဘာတစ်ခုကို ထုတ်လွှတ်နေသောတောင်တန်း ဖြစ်သည်။

ကောင်းကင်ချောက်နက်၏ အောက်ခြေတွင် ထိုတောင်တန်းများ မရေမတွက်နိုင်အောင် ရှိသည်။

အပျက်အစီးနယ်မြေ ဖြစ်သည်။

ဟန်မူယဲ့က တောင်တန်းနှင့် ပေါင်းစပ်သွားသည်။

သူ့နောက်တွင်ပါလာသော ရုပ်သေးရုပ်က တုံ့ဆိုင်းသွားသည်။ သို့သော် ချက်ချင်းလိုက်လာခဲ့သည်။

“ဘန်း”

ချပ်ဝတ်ပုံရိပ်က တောင်တန်းကို လက်သီးဖြင့် ထိုးချသည်။

အပျက်အစီးနယ်မြေများသည် သေဆုံးခြင်းစွမ်းအားနှင့် ပျောက်ကွယ်မသွားသေးသော ကပ်ဘေးစွမ်းအားတို့၏ ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာသည်။ ထို့အပြင် ကျဆုံးသွားသော ကျွမ်းကျင်သူများ၏ စိတ်ဆန္ဒကို အမှီပြုထားသည်။

အပျက်အစီးနယ်မြေ၏ စွမ်းအားနှင့် သေဆုံးခြင်းစွမ်းအားသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေပုံပေါ်သော်လည်း အရင်းအမြစ်တစ်ခုတည်းမှ ရောက်လာခဲ့သည်။

အနက်ရောင်ချပ်ဝတ်ပုံရိပ်၏ တိုက်ခိုက်မှုက တောင်တန်းနှင့် ထိတွေ့သွားပြီး တိုက်ခိုက်မှုကို စုပ်ယူခဲ့သည်။

“သူက အပျက်အစီးနယ်မြေထဲကို အစစ်အမှန်ခန္ဓာကိုယ်နဲ့ ဝင်သွားတာလား”

အနက်ရောင်ချပ်ဝတ်ပုံရိပ်က ရေရွတ်သည်။

“ကောင်းပြီ။ အဲဒါဆိုရင်လည်း ငါက အပျက်အစီးနယ်မြေထဲကို ဝင်ရောက်ပြီး မင်းကို သတ်မယ်”

“မင်းရဲ့ အရာအားလုံးကို ငါပိုင်လိမ့်မယ်”

သူက အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်သွားသည်။ ပျက်စီးနေသော ချပ်ဝတ်က အပြင်ဘက်တွင် ကျန်နေခဲ့ပြီး တောင်တန်းနှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားသည်။

ဟန်မူယဲ့က အပျက်အစီးနယ်မြေထဲသို့ ရောက်လာပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သည်။

ဤနယ်မြေ၏ စွမ်းအားသည် ကုန်ဆုံးတော့မည်ဖြစ်သည်။ ကောင်းကင်ချောက်နက်ပုလဲများကို ထုတ်မပေးနိုင်တော့ပေ။ အရင်းအမြစ်များလည်း သိပ်မရှိတော့ပေ။

ဤနေရာသည် ကောင်းကင်တစ်‌သောင်းမြို့နှင့် သိပ်မဝေးတော့ပေ။ ဤနေရာတွင် အကျိုးအမြတ်ရှိလျှင် မရေမတွက်နိုင်သောလူများ ရောက်လာကြလိမ့်မည်။

ဤအပျက်အစီးနယ်မြေသည် အပြင်ကမ္ဘာထက် အချိန်စီးဆင်းမှု အဆသုံးရာမြန်ပြီး မိုင်တစ်သန်းခန့်သာ ကျယ်ဝန်းသည်။

နှစ်တစ်သောင်းကျော်တည်ရှိခဲ့သော ကျားဝိညာဉ်အပျက်အစီးနယ်မြေထက် အားနည်းသည်။

ဤနယ်မြေတွင် အသန်မာဆုံးလူက လူသားအင်မော်တယ် အထွတ်အထိပ်အဆင့် ဖြစ်သည်။

အစစ်အမှန်ခန္ဓာကိုယ်နှင့် အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်လာသော ဟန်မူယဲ့က ပြုံးသည်။

‘ဒါဆိုရင် ပိုလွယ်သွားတာပေါ့’

“ကွိကွိ ....”

မျောက်ရိုင်းများ၏အသံကို ကြားနိုင်သည်။ ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ရွှေရောင်မျောက်တစ်ကောင်ကို မြင်ရသည်။

သူက ဤနေရာသို့ ရောက်လာသောအချိန်တွင် ရုပ်သေးရုပ်၏ဝိညာဉ်နောက်သို့ တမင်သက်သက် လိုက်လာခဲ့သည်။

ရုပ်သေးရုပ်၏ ဝိညာဉ်က ‌ရေမှင်စာ၏အကြွင်းအကျန်ဝိညာဉ်ဖြစ်ပြီး ကိုယ်ပိုင်အသိစိတ်ကို ရလာခဲ့သည်။

ယခုအချိန်တွင် သူက မျောက်တစ်ကောင်ဖြစ်သွားသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။ သူက မျောက်လေးကို လက်ပေါ်သို့ ခေါ်လိုက်သည်။

“ဒီနေရာက လှပတယ်။ ပန်းပွင့်တောင်တန်းလို့ခေါ်ရင်ရော ဘယ်လိုလဲ”

သူက မျောက်လေးကိုကြည့်လိုက်ပြီး ပြောသည်။

“မင်းကိုရော ဘယ်လိုခေါ်ရမလဲ”

“စွန်းဝူကျူးဆိုရင်ရော ဘယ်လိုလဲ”

မည်သို့ပင်ဖြစ်စေ မျောက်လေးက စကားမပြောနိုင်ပေ။ သူပေးသော နာမည်ကိုသာ လက်ခံရလိမ့်မည်။

အပျက်အစီးနယ်မြေတွင် ဟန်မူယဲ့က မျောက်လေးကိုခေါ်ဆောင်ပြီး လျှောက်သွားနေခဲ့သည်။

ဤနေရာတွင် တိုင်းပြည်သုံးခုရှိပြီး ကျင့်ကြံသူများလည်း ရှိနေသည်။

သူက ကောင်းကင်ထန်တိုင်းပြည်သို့ ရောက်လာပြီး သိုင်းပညာလောကတွင် အရင်ဆုံး လေ့ကျင့်ခဲ့သည်။ သူက နောက်ပိုင်းတွင် ကောင်းကင်ဓားဘုရင်ဖြစ်လာပြီး တော်ဝင်ခုံရုံးသို့ ဝင်ရောက်ခဲ့သည်။ သူက ကောင်းကင်ထန်တိုင်းပြည်၏ အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာသည်။

နှစ်ပေါင်းခြောက်ဆယ်အတွင်း၌ ကောင်းကင်ဓားဘုရင်၏နာမည်က ကောင်းကင်ထန်တိုင်းပြည်တွင် ပျံ့နှံ့နေသည်။ သူက တိုင်းပြည်သုံးခုတွင် ပြိုင်ဘက်ကင်းသည်။

နှစ်တစ်ရာအကြာတွင် ကောင်းကင်ဓားဘုရင်က မလှုပ်ရှားတော့ပေ။ သူ့လက်အောက်တွင်ရှိသော ရွှေရောင်ကလေးငယ် စွန်းဝူကျူးက ဓားတစ်လက်နှင့်အတူ ထွက်လာခဲ့သည်။

ကောင်းကင်ထန်၊ အံ့ဖွယ်ချင်နှင့် မော့ချူ ....

တိုင်းပြည်သုံးခုတွင် စွန်းဝူကျူးက ဓားတစ်လက်နှင့် တိုက်ခိုက်ခဲ့သည်။

သူက ကြောက်ရွံ့စိတ်မရှိသော ဓားသူတော်စင်တစ်ဦး ဖြစ်သည်။

နှစ်တစ်ရာအကြာတွင် စွန်းဝူကျူးက ဓားတစ်လက်နှင့်အတူ ပြန်ရောက်လာခဲ့သည်။

ကောင်းကင်ထန်မြို့၏ ရွှမ်ယွမ်ဓားရေကန်ဘေးတွင် အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က ဓားတစ်လက်ကို လွယ်ထားပြီး မတ်တပ်ရပ်နေသည်။

သူ့ဘေးတွင် အနက်ရောင်ချပ်ဝတ်နှင့် လူသန်ကြီးတစ်ယောက် ရှိသည်။

“လော့ခွန်း၊ မစိုးရိမ်ပါနဲ့။ ငါ့ဆရာက သဘောကောင်းပါတယ်”

“ငါက သိုင်းလောကမှာ နှစ်ပေါင်းတစ်ရာကျော် ခရီးသွားခဲ့ပေမဲ့ မင်းတစ်ယောက်ကပဲ ငါနဲ့ စိတ်ဓာတ်တူတယ်”

“ငါက မင်းကို ဆရာနဲ့တွေ့ရအောင် ခေါ်လာခဲ့တယ်။ အနာဂတ်မှာ မင်းရဲ့ ကျင့်ကြံဆင့်နဲ့ ခွန်အားက ငါ့ထက် ကျော်လွန်သွားလိမ့်မယ်”

လူငယ်က ပေါ့ပါးနေပြီး ဓားရေကန်၏ အနောက်ဘက်တွင်ရှိသော သုံးထပ်စံအိမ်ကို ကြည့်သည်။

စံအိမ်ထဲတွင် တင်ပျဉ်ခွေထိုင်နေသော ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်သည်။

သူက အနက်ရောင်ချပ်ဝတ်နှင့်လူကို ကြည့်သည်။

ကမ္ဘာဦးချပ်ဝတ် ဖြစ်သည်။

‘စိတ်ဝင်စားစရာပဲ”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ရေမှင်စာ၏ဝိညာဉ်မှ ဖြစ်တည်လာသောကြောင့် အပျက်အစီးနယ်မြေထဲတွင် မှတ်ဉာဏ်များကို ထိန်းသိမ်းမထားနိုင်ခဲ့ပေ။

ထို့ကြောင့် ကမ္ဘာဦးချပ်ဝတ်၏ ဝိညာဉ်သည်လည်း ကျွမ်းကျင်သူတစ်ယောက်၏ အကြွင်းအကျန်ဝိညာဉ် ဖြစ်လိမ့်မည်။

“မင်းက ပြန်ရောက်လာပြီလား။ နှစ်တစ်ရာကြာအောင် ကျင့်ကြံပြီး ဘာကို နားလည်ခဲ့လဲ”

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး ဓားရေကန်၏အထက်တွင် လွင့်မျောနေသည်။

“ကျွန်တော်က ဉာဏ်အလင်းတချို့ ရခဲ့ပါတယ်”

စွန်းဝူကျူးက ခေါင်းညိတ်သည်။

“ဒါပေမဲ့ သူတို့အားလုံးက အားနည်းတယ်။ ပျင်းစရာကောင်းတယ်”

သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး လေးနက်စွာပြောသည်။

သူ့ဘေးတွင်ရှိနေသော အနက်ရောင်ချပ်ဝတ်နှင့် လူသန်ကြီးက ပြုံးလိုက်သည်။

“ကောင်းပြီ။ ဒီနေ့စကပြီး ငါက မင်းကို အစစ်အမှန်ကျင့်ကြံခြင်းပညာရပ် သင်ပေးမယ်”

ဟန်မူယဲ့၏စကားကြောင့် စွန်းဝူကျူးနှင့် လူသန်ကြီး၏ မျက်လုံးများက တောက်ပသွားသည်။

“မင်းကလည်း သင်ချင်တာလား”

ဟန်မူယဲ့က အနက်ရောင်ချပ်ဝတ်နှင့် လူသန်ကြီးကို ကြည့်လိုက်ပြီး မေးသည်။

လူသန်ကြီးက စိတ်အားထက်သန်စွာ ခေါင်းညိတ်သည်။

ဟန်မူယဲ့က သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“မင်းတို့က ဘာသင်ချင်တာလဲ ငါ့ကိုပြောပါ”

‘ဘာသင်ချင်တာလဲ’

စွန်းဝူကျူးက စိတ်ရှုပ်ထွေးနေသည်။

“အကြီးအကဲ၊ မဟုတ်ဘူး ဆရာ။ ကျွန်တော်က သန်မာလာချင်ပါတယ်”

လော့ခွန်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ကျွန်တော်က ....”

စွန်းဝူကျူးက ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။

“ကျွန်တော်က ထာဝရရှင်သန်ချင်တယ်”

ထာဝရရှင်သန်ခြင်း ....

လော့ခွန်းက စွန်းဝူကျူးကို လှည့်ကြည့်လိုက်ပြီး ကြောင်အသွားသည်။

‘ဒီကမ္ဘာမှာ ထာဝရရှင်သန်တာမျိုး ရှိလား’

“ပိုမိုသန်မာလာချင်တယ်။ ထာဝရရှင်သန်ချင်တယ်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“အဲဒီနှစ်ခုက ဆန့်ကျင်နေတာမျိုးမဟုတ်ဘူး”

“လုံလောက်အောင် မသန်မာရင် ရှင်သန်နိုင်မှာမဟုတ်ဘူး”

“ထာဝရရှင်သန်ခြင်းကို ရှာဖွေမယ်ဆိုရင် အမြဲတမ်း သန်မာနေရမယ်”

All Chapters