← Chapters

အငြိုးအတေး ဝိညာဥ်က နေရာယူခြင်း

Vol. 110 Ch. 4.1156

အငြိုးအတေး ဝိညာဥ်က နေရာယူခြင်း

Vol. 110 Ch. 4.1156

လုရွှမ်၏ နတ်ဘုရားနှင့်တူသော ဖျော်ဖြေမှုအားလုံးသည် ထျန်းယန်နဲ့ ထျန်းယင်တို့၏ အသိအမှတ်ပြုမှုကို လုံးလုံး ရရှိထားသော်လည်း ယွင်ရှီသည် ယိုးယန်ဂူတွင် လုရွှမ် စွမ်းဆောင်ခဲ့သမျှကို သိသောကြောင့် ဤအံ့ဖွယ် အမှုအရာများအတွက် များစွာ မအံ့သြပေ။

တစ်ဖန် အခင်းအကျင်း ဖွဲ့စည်းခြင်းကို စုစည်းပြီးနောက် လုရွှမ်ထံမှလာသော ယွမ်စွမ်းအားသည် နတ်မိုးခြိမ်းသံ တချို့ ရှိပုံရသည်ဟု သူတို့သုံးယောက် ခံစားလိုက်ရသည်။ ကျင့်ကြံခြင်းအမြုတေတွေက အနည်းငယ် ထုံကျင်သွားသလို ခံစားရသော်လည်း မိုးခြိမ်းသံကို ရင်ဆိုင်ရသည်မှာ ယခင်ကထက် အံ့သြထိတ်လန့်မှု နည်းပါးသွားပါ​ပြီ။

လုရွှမ်သည် လူတိုင်း၏ ကောင်းမွန်သွားသော ခံစားချက်များကို နားလည်တာမလို့ ပြုံးပြီး ပြောလိုက်သည်။

"ကောင်းပြီ ဆင်းကြရအောင်"

သူတို့လေးယောက်သည် မိုးခြိမ်းသံများ ကြားထဲသို့ ထပ်မံ ဝင်ရောက်လာပြီးနောက် လက်နက်သန့်စင်ရေး ကျောက်တုံးဆီသို့ ဖြည်းညှင်းစွာ ချဥ်းကပ်သွားကြသည်။

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လူလေးယောက်ရဲ့ ခေါင်းထက်မှာ ခရမ်းရောင် လျှပ်စီးကြောင်းတစ်ခုစီ ပေါ်လာသည်။ အနက်ရောင် နတ်မိုးခြိမ်းသံသည် ခရမ်းရောင် နတ်မိုးခြိမ်းသံကို တရစပ် တိုက်ခတ်ကာ ပျောက်ကွယ်သွားကာ ၎င်း၏စွမ်းအားသည်လည်း သိသိသာသာ သေးငယ်သွားခဲ့သည်။

လူလေးယောက်က ကောင်းကင်လေးကို ရွှေ့လိုက်ကြသော် လက်နက်သန့်စင်ရေး ကျောက်တုံးကနေ အလိုလို ထွက်လာတဲ့ စွမ်းအင်က ကောင်းကင်လက်နက်ကို ဆွဲဆောင်သွားပြီး ကျောက်တုံးအထက်က ကောင်းကင်မှာ ရပ်တန့်နေလေသည်။

လုရွှမ် ခရမ်းရောင် မိုးကြိုးကို ရုတ်သိမ်းလိုက်တဲ့အခါ အနက်ရောင် နတ်မိုးခြိမ်းသံက ကောင်းကင်လေးပေါ်သို့ ပစ်ခတ်လိုက်၏။ ကောင်းကင်လေးက ဆွဲဆောင်မှု အပြည့်ရှိသကဲ့သို့ အနက်ရောင် နတ်မိုးခြိမ်းသံက ကျယ်လောင်လာကာ ကောင်းကင်လေး၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် အစက်အပြောက်များသည်လည်း ယခုအချိန်တွင် ကျယ်လောင်စွာ အော်ဟစ်လာကြသည်။

ထို့နောက် သူတို့သည် အမှန်တကယ် အတူတကွစုရုံးကာ အနက်ရောင် အစက်အပြောက် အကြီးကြီးကို တည်ထောင်လာခဲ့ကြသည်။

လူလေးယောက်၏ လက်ဝါးများသည် ကောင်းကင်လေးကို ထိန်းချုပ်ထားသောကြောင့် ယခုအချိန်တွင် ကောင်းကင်လေး၏ အလိုဆန္ဒကို သဘာဝအတိုင်း ခံစားသိရှိနိုင်သည်။ ဒေါသကြီးသော ဝိညာဉ်များသည် ကောင်းကင်လက်နက်ကို လုံးလုံးလျားလျား ဖျက်ဆီးရန် ကြိုးစား​​နေပုံမှာ ငါးတစ်ကောင်ကို နှစ်ခြမ်းခွဲပစ်ချင်နေသည့် အတိုင်းပါပဲ။

လုရွှမ် သူတို့ သုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီး သူတို့လက်ဖဝါးမှ စွမ်းအင်များကို ကောင်းကင်​လေးသို့ စိမ့်ဝင်သွား​စေလိုက်သည်။ ၎င်းတို့လေးဦးစလုံးသည် လက်နက်သန့်စင်သူ ဆရာများဖြစ်ကြပြီး ၎င်းတို့၏ ယွမ်စွမ်းအင်သည် ဖွဲ့စည်းမှု နောက်သို့လိုက်ကာ အနက်ရောင်အစက်အပြောက်များ စုဝေးရာနေရာသို့ ချဉ်းကပ်သွားကြသည်။

ကောင်းကင်လေးသည် ကောင်းကင်နှင့်မြေကြီး၏ မှော်စွမ်းအားကို စုစည်းထားသောကြောင့် ပျက်စီးရန် အခက်ခဲဆုံး အရာမှာ မှော်စွမ်းအင် ပျက်စီးသွားပါက သေးငယ်သော ခန္ဓာကိုယ်သည် ပျက်စီးသွားခြင်းပဲ ဖြစ်သည်။ ယခု ကောင်းကင်လေးကို ပြုပြင်နိုင်သော်လည်း ကောင်းကင်နှင့် မြေကြီး၏ မှော်အစွမ်းများကို စုဆောင်းရန် မဖြစ်နိုင်တော့ပါ။

လုရွှမ်၏ ယွမ်စွမ်းအင်က လွှမ်းမိုးထားစဥ် လူသုံးယောက်၏ ယွမ်စွမ်းအင်သည် ဘေးနားသို့ ကူးခတ်ကာ အနက်ရောင် အစက်အပြောက်ဆီသို့ တရွေ့ရွေ့ လွင့်ပျံနေသည်။ ယုတ္တိဗေဒအရ ပြောရလျှင် ထိုယွမ်စွမ်းအင်တွေ အဘိုးကြီး နှစ်ယောက်ဆီကပဲ ဖြစ်လိမ့်မည်။

သို့သော် ယခင်က နတ်မိုးခြိမ်းသံနှင့် ပတ်သက်၍ လုရွှမ် တုံ့ပြန်မှုကို မြင်ပြီးနောက် ၎င်းတို့နှစ်ဦးသည် လုရွှမ်ကို ဦးဆောင်ခွင့်ပေးရန် စတင် လုပ်ဆောင်လာခဲ့ကြသည်။ လုရွှမ်စွမ်းအင်က ဦးဆောင်နေ၏။ သူက အခင်းအကျင်းအပေါ် နားလည်မှုကလည်း အားကောင်းလို့ အကောင်းဆုံး သက်ရောက်မှုလည်း ရှိသည်။

အမျိုးမျိုးသော ကောင်းကင်လက်နက်များ၏ အတွင်းပိုင်းရှိ ဖွဲ့စည်းပုံများက ကွဲပြားကြပါသည်။ ထိုသို့သော ဖွဲ့စည်းမှုများသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို ရရှိနိုင်သော်လည်း တူညီသော အခင်းအကျင်း ဖွဲ့စည်းပုံများကတော့ အခြားလက်နက်များအပေါ် သက်ရောက်မှု မရှိနိုင်ပါ။

ကောင်းကင်လက်နက်၏ အတွင်းပိုင်း ဖွဲ့စည်းပုံများကို ပိုမိုနားလည်လေ အကျိုးကျေးဇူးများ သဘာဝအတိုင်း ရရှိလေ ဖြစ်ကာ အနာဂတ်တွင်လည်း ထိုအခင်းအကျင်းကို တစ်နေရာ၌ အသုံးပြုနိုင်မှာ ဖြစ်သည်။

ဗဟုသုတများလေလေ နောင်တွင် ဤအရာအားလုံးကို ပေါင်းစပ် လိုက်သောအခါ သူသည် ပထမအဆင့် ကောင်းကင်လက်နက်ကို သန့်စင်ရန် ဝေးကွာ​တော့မည် မဟုတ်ပါ။

လုရွှမ်သည် အခင်းအကျင်း မှော်အစွမ်းကို စွဲလန်းခဲ့သော်လည်း သူ့စိတ်ထဲတွင် နားလည်နိုင်သော သဲလွန်စများစွာ မရှိသေးပေ။ သူ့ရဲ့ အခင်းအကျင်း နားလည်မှုက ထူးထူးခြားခြား အစွမ်းအစ ရှိသည်ကို သိသော်လည်း သူသည် တကယ့်ပါရမီရှင် တစ်ဦးနှင့် ဝေးနေသေးသည်။

ထို့ကြောင့် တစ်ကြိမ် တစ်ခါတည်းနဲ့ နားလည်နိုင်မည်ဟု မမျှော်လင့်ထားပေ။ ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်တွင် ဖြည်းဖြည်းချင်း လေ့လာရင်း နားလည်လာအောင် လုပ်နိုင်သေးတာမလို့ ဤပုံစံများ အားလုံးကို အလွတ်ကျက်ခဲ့သည်။ သူ့အတွက်တော့ များစွာအထောက်အကူ ဖြစ်ခဲ့သည်။

နောက်ဆုံးတွင် ယွမ်စွမ်းအင်သည် ဖွဲ့စည်းခြင်းကို ဖြတ်ကျော်ပြီး မျှော်လင့်ထားသည့်အတိုင်း အမဲစက်များရှိရာသို့ ရောက်ရှိလာ၏။ အဆိုပါ ဒေါသကြီးသော ဝိညာဉ်များသည် ကောင်းကင်လက်နက်၏ ပြု​​ပြင်မှုများကို ထိရောက်စွာ မစွမ်းဆောင်နိုင်စေရန် မျှော်လင့်ကာ ပြန်လည် တိုက်ခိုက်နေကြသည်။

အငြိုးအတေး ဝိညာဥ် ဆိုကတည်းက ဘယ်လိုလုပ် အလွယ်တကူ ကျေနပ်နိုင်ပါ့မလဲ။

လုရွှမ်၏ ခေါင်းဆောင်မှု အောက်တွင် ယွမ်ယန်စွမ်းအင်ကလည်း အငြိုးအတေး ဝိညာဥ်ကို တိုက်ခိုက်ရန် စွမ်းဆောင်နေသည်။ ယွမ်ယန်စွမ်းအင်၏ အရိပ်အာဝါသသည် ၎င်းတို့ကို လွှမ်းခြုံသွားပြီး ဒေါသစိတ် ရှိသော်လည်း အလိုလို ကြောက်လန့်ကာ အမြန် ရုန်းထွက်သွားခဲ့သည်။

လက်နက်သန့်စင်ရေး ကျောက်တုံးမှာလည်း ဝိညာဥ်ရှိသည်။ သူသည် အငြိုးအတေး ဝိညာဥ်၏ အပြောင်းအလဲတွေကို အစောကတည်းက ခံစားခဲ့ရတာကြောင့် အနက်ရောင် မိုးခြိမ်းသံများစွာကို ဆွဲဆောင်ပြီး ကောင်းကင်လက်နက်ကို ဗုံးကြဲပစ်လိုက်သည်။

ကောင်းကင်လေးက လူတိုင်း၏ လက်ဖဝါးနှင့် ဆက်စပ်နေပါ၏။ နတ်မိုးကြိုးက လုရွှမ်ကြောင့် သွယ်ဝိုက်သွား သော်လည်းကောင်း ခြိမ်းခြောက်မှုမှာ အလွန်ထင်ရှားလှသည်။ အထူးသဖြင့် အနက်ရောင် မိုးကြိုးတချို့က လူတိုင်းကို တိုက်ရိုက် မီးပွားတွေစင်ကာ တရစပ်လည်း တိုက်ခိုက်လေရာ အကြီးအကဲ နှစ်ယောက်ပင် အနည်းငယ် တုန်လှုပ်သွားသည်။

ဤနတ်မိုးကြိုးတွေက တကယ်ကို ကြောက်စရာကောင်းလှသည်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ ထူးခြားတဲ့ ကျင့်စဥ်တွေကို လေ့ကျင့်ထားတာကြောင့် ပြင်းပြင်းထန်ထန် ခုခံနိုင်ခဲ့ကြ၏။

လုရွှမ်သည် နတ်မိုးကြိုးကို သူ့ပတ်ဝန်းကျင်တွင် စုရုံးစေရန် သတိရှိရှိ ဆွဲဆောင်ခဲ့သည်။ သူ့ကြောင့် ယွင်ရှီလည်း နတ်မိုးကြိုးကို အလွယ်တကူ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည်။

နောက်ဆုံးတွင် သူမ ဝတ်ထားသည့် မိုးကြိုးအကာအကွယ် အင်္ကျီသည် အတော်အတန် ထိရောက်ပြီး လွင့်ထွက်လာသည့် နတ်လျှပ်စီးအများစုကို ပိတ်ဆို့ထားသည်။ တချို့ လျှပ်စီးကြောင်းတွေက လုရွှမ်တို့ သုံးယောက်ဆီကနေ ဖယ်ထုတ်ခံခဲ့ရသည်။

လျှပ်စီးကြောင်းတွေ ရိုက်ခတ်ပြီး နတ်မိုးခြိမ်းသံတွေရဲ့ ဗုံးကြဲမှုအောက်မှာ လက်နက်သန့်စင်ရေး ကျောက်တုံးပေါ်က ကောင်းကင်လေးဆီမှ အသံတချို့ တိုးညှင်းစွာ ထွက်ပေါ်လာ၏။ ၎င်းက ဘဝသစ်ကို ပြန်လည် တည်ဆောက်နိုင်ဖို့ အတွက် စိတ်လှုပ်ရှားနေမှာ အသေအချာပါပဲ။

သေချာသည်မှာ ကောင်းကင်က မိုးခြိမ်းသံကြောင့် အနက်ရောင် အစက်အပြောက်ကြီးများသည် လျင်မြန်စွာ ပျက်စီးသွားခဲ့သည်။ လုရွှမ် နဖူးမှာလည်း ချွေးများရွှဲနေပြီ။ ယွမ်ယန်စွမ်းအင်တွေ ဒီလောက် ကုန်သွားရလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။ အထူးသဖြင့် ဒေါသကြီးသော ဝိညာဉ်များသည် လုရွှမ်အပေါ် ဒေါသအားလုံးကို ဖြေဖျောက်ပြီး သူ့ကိုပဲ အကြိမ်ကြိမ် တိုက်ခိုက်​နေခဲ့သည်။

သူတို့သုံးယောက်လည်း တစ်ခုခုမှားနေပြီဟု ခံစားမိကြပါသည်။ ဖိအားအများစုက လုရွှမ်ဘက်တွင် ရှိနေကြောင်း ထင်ရှားလေ၏။

"စိတ်မပူပါနဲ့... ငါသည်းခံနိုင်တယ် မင်း ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ... ယွင်ရှီ ငါ အခု ကိုယ့်ကိုယ်ကိုတောင် ဂရုမစိုက်နိုင်ဘူး မင်းလည်း သတိထားပါ"

လုရွှမ် စကားဆုံးတဲ့အခါ သူ့ခန္ဓာကိုယ်ထဲကို ပြေးဝင်သွားတဲ့ ဝိညာဥ်တွေကြောင့် စိတ်ထဲမှာ နစ်မွန်းနေသည်။ ဤအငြိုးအတေး ဝိညာဉ်များသည် သူ့ကိုတိုက်ခိုက်ရန် အမှန်တကယ်ပင် သတ္တိရှိကြ၏။

လုရွှမ် အနက်ရောင် နတ်မိုးကြိုးကို သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် သွန်းလောင်း စေလိုက်သည်။ သူ၏အသားအရေနှင့် အသားများ စုတ်ပြဲသွားသလို ဒေါသထွက်နေသော ဝိညာဥ်များလည်း နတ်မိုးခြိမ်းသံများကြောင့် ချက်ချင်းဆိုသလို အပိုင်းပိုင်း ကွဲသွားလေသည်။

"အင်း.... ဘယ်လိုလုပ် ဒီလောက်ရိုးရှင်းနိုင်မှာလဲ"

လုရွှမ် တစ်ခုခုမှားနေပြီဟု ခံစားမိသည်။ အကြောင်းမှာ ဤအငြိုးအတေး ဝိညာဉ်များကို သတ်ရန် လွယ်ကူလွန်းလှသည်။

သည်းခံထား!

လုရွှမ် သူ့ခေါင်းကို မော့​ကြည့်လိုက်သော် ယွင်ရှီရဲ့ အမူအရာမှာ တစ်ခုခု လွဲမှားနေတာကို ချက်ချင်း ရိပ်မိလိုက်ပါ၏။ သူမမျက်လုံးတွေက အနက်ရောင် အရိပ်အယောင်တွေ တဖြည်းဖြည်း ပေါ်လာသည်။

အဘိုးကြီး နှစ်ယောက်ကလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သတိထားမိပါသည်။ အငြိုးအတေး ဝိညာဥ်များသည် မမျှော်လင့်ထားဘဲ ကောင်းကင်လက်နက်ကို စွန့်ပစ်ကာ ၎င်းတို့ထဲတွင် အပျော့ဆုံးဖြစ်သည့် ယွင်ရှီကို ပစ်မှတ်ထားခဲ့သည်။

ယခုမူကား သူတို့၏ ပေါ့ဆမှုကြောင့် ထိုနတ်ဆိုးများက ယွင်ရှီကိုယ်ထံသို့ လုံးလုံးလျားလျား ဝင်ရောက်သွားချေပြီ။

All Chapters