← Chapters

လူကို ကယ်တင်

Vol. 110 Ch. 4.1157

လူကို ကယ်တင်

Vol. 110 Ch. 4.1157

ကောင်းကင်ကြီးသည် လျှပ်စီးတွေကြောင့် တဖျပ်ဖျပ် တောက်ပနေပြီး လေးပေါ်က အနက်ရောင် အစက်အပြောက်များ လွင့်စင်သွားလေသည်။ ဒီလက်နက် သန့်စင်မှုဟာ အရင်ကလို ချောမွေ့ခဲ့ပေမယ့် ယွင်ရှီ နဲ့ သူတို့သုံးယောက်ရဲ့ အသက်ကို ကယ်တင်မယ် ဆိုရင်တော့ အခုအချိန်မှာ အလွန်ခက်ခဲပါ၏။

"ကျွန်​တော်တို့ ကောင်းကင်​လေးကို အရင်လွှတ်လိုက်ရအောင်... ပြီးရင် ယွင်ရှီရဲ့ ပြဿနာကို ဖြေရှင်းဖို့ အတူလက်တွဲလုပ်မယ်"

လုရွှမ် လှမ်းအော်လိုက်သည်။ အကြီးအကဲ နှစ်ယောက်က အကြိမ်ကြိမ် ခေါင်းညိတ်ပြ၏။ ယခု ကောင်းကင်လက်နက်က လုံးဝ ပြန်လည် ကောင်းမွန်လာသဖြင့် ဤနေရာတွင် ဆက်နေရန် မလိုအပ်တော့ပါ။

"သွားတော့!"

လုရွှမ် တိုးတိုးလေး အော်လိုက်တော့ ကောင်းကင်လေးက ပြေးထွက်သွားသည်။

ရုတ်တရက် ကောင်းကင်လေးမှ စွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာ၏။ ယွင်ရင်သည် လုံးဝ နဂိုအတိုင်း ပြန်ဖြစ်သွားသော လေးကို ကြည့်ကာ ဆွံ့အနေခဲ့သည်။ ကောင်းကင်လေး၏ တစ်ဖက်တစ်ချက်စီတွင် ကြည်လင် ပြတ်သားသော လေးကြိုးတစ်ချောင်း ထွက်ပေါ်လာပြီး တောက်ပသော စွမ်းအင်များ ဖြာထွက်လာသည်။

ဒီကောင်းကင်လေးကို ပြန်လည် ရရှိလာတယ်ဆိုတာ သံသယ ဖြစ်စရာ မရှိ​တော့ပါဘူး။

ယွင်ရင် အလွန်ပျော်သွားသည်။ ဒါက မယုံနိုင်လောက်အောင်ပင် လွယ်ကူစွာ လုပ်ဆောင်နိုင်ခဲ့သည်။ ထျန်းယင်နဲ့ ထျန်းယန်တို့ဟာ ယွင်ရင်ရဲ့ မယုံကြည်နိုင်မှုကို သိခဲ့ကြပေမယ့် တကယ်တော့ သူတို့လည်း လုံးဝ နားမလည်ကြပေ။ ရိုးရှင်းစွာ အောင်မြင်သွားရခြင်းရဲ့ အကြောင်းရင်းကတော့ လုရွှမ်ရဲ့ ဂုဏ်ဒြပ်ကြောင့်ပဲ ဖြစ်လိမ့်မည်။

သူ့ရဲ့ ယွမ်စွမ်းအင်က သူတို့ကို အားကောင်းပြီး ယောက်ျားပီသတဲ့ ခံစားချက်ကို ပေးခဲ့သည်။ အငြိုးအတေး ဝိညာဥ်ကို လုရွှမ်ကသာ လုံးလုံးလျားလျား လှုံ့ဆော်ပေးခဲ့ပြီး ဒီတစ်ကြိမ် အကြွေးရဲ့ 80%က အနည်းဆုံး လုရွှမ်၌ရှိပြီး သူတို့ဟာ လက်အောက်ခံတွေပဲ ဖြစ်ပါ၏။

လူလေးယောက်ဟာ အခင်းအကျင်း ဖွဲ့စည်းခြင်းနဲ့ ဆက်စပ်နေသည်။ အကြပ်ကိုင် ချိုးဖျက်ချင်ရင်တော့ တစ်စုံတစ်ယောက်ရဲ့ တုံ့ပြန်မှုကို မလွဲမသွေ ခံစားရမှာပါ။ လက်ရှိအမြင်အရ ဖွဲ့စည်းခြင်းအား အတင်းအကြပ် ဖြတ်တောက်လိုက်သည်နှင့် ယွင်ရှီသည် ကျိန်းသေပေါက် သေဆုံးသွားမည် ဖြစ်သည်။

နတ်မိုးခြိမ်းသံက ဆက်လက် ရိုက်ခတ်နေဆဲပင်။ လက်နက်သန့်စင်ရေး ကျောက်တုံးက မတောက်ပတော့ဘဲ အနက်ရောင် နတ်မိုးကြိုး အများစုကတော့ ဒီနေရာမှာပဲ တရစပ် စုစည်းနေသည်။

တုန်လှုပ်နေသည့် အသံတစ်ခု ရှိသော်လည်း ယွင်ရှီသည် ဤနတ်မိုးခြိမ်းသံများကို ယခုအချိန်တွင် တက်ကြွစွာ ကာကွယ်ခြင်း မရှိတော့ပါ။ သူမ၏စိတ် တစ်ခုလုံးသည် ထိုအငြိုးအတေး ဝိညာဉ်များကို တိုက်ခိုက်ရန် အာရုံစိုက်ထားရသောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင် သူမကိုယ်ပေါ်ရှိ မိုးကြိုးကာကွယ်ရေး အင်္ကျီတစ်ထည် ကွဲအက်သွားခဲ့သည်။ ကံကောင်းထောက်မစွာပဲ သူတို့ သုံးယောက်က သူမကို ကာကွယ်ပေးနေခဲ့၏။ မဟုတ်ရင် ယွင်ရှီရဲ့ ခန္ဓာကိုယ်ဟာ ရုတ်တရတ် လှုပ်ရှားသွားပြီး အက်ကြောင်းများစွာ ကွဲသွားကာ သတိလစ်နေသေးရင်တောင် သူမ ခဏအတွင်း သေဆုံးသွားပါလိမ့်မယ်။

"ငါတို့ ထွက်သွားရမယ်... ဒီနေရာက အနက်ရောင် မိုးခြိမ်းသံက ကြောက်စရာကောင်းလွန်းတယ်...ယွင်ရှီ မခံနိုင်လောက်ဘူး"

အဘိုးကြီးထျန်းယန်က အော်လိုက်သည်။

"သူမ မပြောနဲ့ ငါတို့လည်း အကြာကြီး မထိန်းနိုင်လောက်ဘူး... ဆက်သည်းခံ​နေရင် ငါပါ မိုးကြိုးအတိဒုက္ခကို ကျော်လွှားဖို့ တွန်းအားပေး ခံရလိမ့်မယ်"

အတိဒုက္ခကို ကျော်လွှားမှာလား?

လုရွှမ်၏ အမူအရာသည် သိသိသာသာပြောင်းလဲသွားခဲ့ပြီး ဤနေရာတွင်သာ အတိဒုက္ခကို လွတ်မြောက်နိုင်ခဲ့ပါက သူသည် ဤနတ်မိုးခြိမ်းသံများနှင့်အတူ ကျိန်းသေပေါက် မိုးကြိုးနိယာမကို စုစည်းသွားမည် ဖြစ်သည်။ သူက အတိဒုက္ခမှ လွတ်မြောက်နိုင်သော်လည်း လူအိုးနှစ်ဦးသည် အသက်ရှင်ရန် အခွင့်အလမ်း မရှိသလောက်ပင် ဖြစ်သွားမည်။

အကယ်၍ ဤအနက်ရောင် မိုးခြိမ်းသံများကို အစပျိုးလိုက်လျှင် ကမ္ဘာကြီး တစ်ခုလုံးသည် နတ်မိုးကြိုးကမ္ဘာ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ယွင်ရှီကို စိုက်ကြည့်လိုက်တော့ သူမရဲ့ ရုန်းကန်မှုဟာ အဖျားတက်နေသလို ချွေးတွေက ရေတွေလို စီးကျနေ၏။

"မဟုတ်ဘူး... ကျွန်​တော်တို့ ထွက်သွားလို့မရဘူး ဒီလိုမှမဟုတ်ရင် အဲဒီ ဒေါသကြီးတဲ့ အငြိုးအတေး ဝိညာဥ်တွေက အမြစ်တွယ်ပြီး ယွင်ရှီက လုံးလုံးကြီး ပျက်စီးသွားလိမ့်မယ်... ဒါ့ထက် သက်တမ်းရင့် အငြိုးအတေး ဝိညာဥ်တွေရဲ့ ဒေါသစွမ်းအားကို သူမကိုယ်တိုင် တွေ့ကြုံခံစားနေရပြီ...နာကြည်းမှုတွေ နှစ်ထောင်ပေါင်းများစွာ ကြာအောင် စုစည်းလာမှုက ကြောက်စရာ ကောင်းလွန်းတယ်"

အစကတည်းက တစ်ရှိန်ထိုး ဖျက်လို့မရနိုင်သလို နောက်မှ ဖျက်စီးလို့မရနိုင်ခဲ့ရင် ဒေါသကြီးတဲ့ အငြိုးအတေး ဝိညာဥ်က မျိုးစေ့ကို ချန်ထားသလိုမျိုး သူမဝိညာဉ်အပေါ် အမှတ်အသားတစ်ခု ချန်ထားခဲ့လိမ့်မည်။

ဒါက သူမရဲ့ ကျင့်ကြံမှုကို အချိန်မရွေး ပြန်ကွဲသွား​စေနိုင်သည်။

"ခင်ဗျားတို့ မစောင့်နိုင်တော့ဘူး ဆိုတာ ကျွန်​တော်သိပါတယ်...ခင်ဗျားတို့ ထွက်သွားပြီး ယွင်ရှီကို ကျွန်​တော့်ဆီ လွှဲပေးခဲ့"

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ "မင်းဘာလုပ်ချင်လို့လဲ"

"ယွင်ရှီရဲ့စိတ်တွေကို ခဏ ပြန်ကောင်းလာ​​အောင် ခွင့်​ပြုပေးလိုက်ဖို့ အခင်းအကျင်း ဖွဲ့စည်းမှုကို ဖျက်လိုက်မယ်... ခင်ဗျားတို့က ထွက်သွား... ကျွန်တော်သူ့ကို ကူညီမယ် "

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ယွင်ရင် သူ့အား အော်ပြောလိုက်သည်။

ယွင်ရင်နှင့် သူတို့၏ဆက်ဆံရေးမှာ အနည်းငယ် ရှုပ်ထွေးနေသော်လည်း ထျန်းယန်က ခေါင်းကို အထပ်ထပ်အခါခါ ယမ်းသည်။ ယွင်ရှီကို သူတို့ရဲ့ တူမလေးအဖြစ် သတ်မှတ်ပြီး လွှတ်ထားပေးမယ် ဆိုရင်တောင် ယွင်ရင်က ခွင့်မပြုလောက်ချေ။

ဝုန်း!

သူတို့ သုံးယောက် ကောင်းကင်ကို မော့ကြည့်လိုက်တော့ အတိဒုက္ခရဲ့ တိမ်တိုက်တွေ တဖြည်းဖြည်း ပုံသဏ္ဌာန် ပေါ်လာတာကို တွေ့လိုက်ရကာ အတိဒုက္ခ ဘေးဆိုးကြီးကို ကျော်လွှားဖို့ နီးနေပြီဟု သတိပေးလာသည်။

"ကျွန်​တော်တို့ မစောင့်နိုင်တော့ဘူး... ဒါဆို အားလုံး သေကုန်တော့မှာမို့ ပြင်ဆင်ထားလိုက်!"

လုရွှမ် အော်လိုက်သည်။ ယခု အကောင်းဆုံး နည်းလမ်းက ယွင်ရှီက သေခြင်းတရားကို စောင့်ဆိုင်းနေရတယ် ဆိုတာကို သူလည်း စိတ်ထဲက သိနေခဲ့သည်။ သူမအတွက် အကောင်းဆုံးနှင့် အကျိုးအရှိဆုံး ဖြစ်သည့် ကောင်းကင်လေးကို ပြုပြင်ပေးသည့် နတ်မိုးကြိုးကိုပင် အသုံးပြုနိုင်သည်။

လုရွှမ်အတွက် ဒီလိုမျိုး မလုပ်နိုင်တာက သူ့ပုံစံမဟုတ်ချေ။

"သွားကြတော့... မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်"

လုရွှမ် အော်လိုက်ပြီး သူ့လက်ဖဝါးထဲက ယွမ်ယန်စွမ်းအင်ကို ယွင်ရှီခန္ဓာကိုယ်ထဲ တွန်းပို့လိုက်သည်။ ယွမ်ယန်စွမ်းအင်က သူမတစ်ကိုယ်လုံး ပြန့်ကျဲသွားပြီး ယွင်ရှီပါးစပ်ထဲက သွေးတွေ ထွက်ကျလာသည်။ နောက်အခိုက်အတန့်တွင် သူတို့ သုံးဦးလုံး တစ်ချိန်တည်းတွင် ပါးစပ်မှ သွေးများ ထွက်ကျလာ၏။

"မြန်မြန် ထွက်သွားတော့!"

ယွမ်ယန်စွမ်းအားကို အားကိုးလိုက်လျှင် ထိုအငြိုးအတေး ဝိညာဥ်များကို ချက်ချင်း တုန်လှုပ်စေရုံမျှသာ ယွင်ရှီကို သူမရဲ့ အသိစိတ်အာရုံများဆီသို့ ပြန်လည် ရောက်ရှိသွား​စေနိုင်သည်။ သို့သော် ယွင်ရှီသည် ၎င်းအား သဘာဝအတိုင်း မခုခံနိုင်ဘဲ ဒဏ်ရာရကာ သွေးများ စီးကျလာသည်။

အကြီးအကဲ နှစ်ယောက်က အခင်းအကျင်း ပုံစံကို စွန့်လွှတ်လိုက်ပြီး ပြေးထွက်သွားသည်။ လုရွှမ်သည် ယွင်ရှီ၏ လက်​​မောင်း​​နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး။

"မင်းရဲ့ အသိစိတ်တွေကို သေချာ အာရုံစူးစိုက်ထားပြီး ငါ့စကားကို နားထောင်!"

ခဏအတွင်း စိတ်တည်ငြိမ်မှု ရရှိလာတဲ့ ယွင်ရှီက လုရွှမ်အမိန့်ကို အပြည့်အဝနာခံခဲ့ပြီး ယွမ်ယန်စွမ်းအားကို သူမခန္ဓာကိုယ်ထဲ ထိန်းချုပ်နိုင်အောင် ဖြေလျှော့လိုက်သည်။ သူတို့နှစ်ဦးသည် မိုးကြိုးအတိဒုက္ခ အရည်များထဲတွင် တင်ပျဉ်ခွေထိုင်ကာ ၎င်းတို့နှစ်ဦး၏ အထက်တွင် နတ်မိုးခြိမ်းသံများက အနက်ရောင် အစင်းကြောင်းများအဖြစ် ရှိ​နေသည်။

ထျန်းယင်နဲ့ ထျန်းယန် ပျံသန်းလာတာကြောင့် ယွင်ရင်လည်း ချက်ချင်း ပြေးလာပြီး ဘာဖြစ်တာလဲလို့ မေးသည်။ နှစ်ယောက်သား အရင်က ဖြစ်ပျက်ခဲ့တာတွေကို ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြောပြရင်း အလွန် အပြစ်ရှိသလိုပါ ခံစားလိုက်ရသည်။

ယွင်ရင်လည်း သက်ပြင်းချလိုက်၏။ သူမသည် ယခင်က အတိဒုက္ခ၏ အရိပ်အယောင်ကို မြင်လိုက်ရကာ သူမဟာ ဆင်ခြင်တုံတရားမဲ့သူတော့ မဟုတ်ပါ၊

"ဒါဟာ ရှီအာရဲ့ ကံကြမ္မာ ဖြစ်နိုင်တယ်... အရာအားလုံးက ​ကောင်းကင်ရဲ့ အလိုတော်ပေါ်မှာ မူတည်သွားပြီ!"

လုရွှမ်သည် ယွမ်စွမ်းအင်ကို လူနှစ်ယောက်၏ လက်နှစ်ဖက်ကြားတွင် စုစည်းကာ ပြီးပြည့်စုံသော လည်ပတ်မှုကို ပြုလုပ်ခဲ့သည်။ ယွင်ရှီ ခန္ဓာကိုယ်ပေါ်ရှိ မိုးကြိုးကာကွယ်ရေး အင်္ကျီက လုံးဝ ပြိုကွဲသွားပြီး သူမ၏ အဝတ်အစားများပင် လုံးလုံး မရှိတော့တာကြောင့် ကိုယ်လုံးတီး ဖြစ်နေပါပြီ။

လုရွှမ်သည် ယခုအချိန်တွင် လှပသောရှုခင်းကို ခံစားရန် စိတ်မ၀င်စားဘဲ သူ့မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားကာ ယွင်ရှီ၏ ခန္ဓာကိုယ်အတွင်းက အငြိုးအတေး ဝိညာဥ်ကို ရှာဖွေနေသည်။

"ကောင်လေး... မင်းက စိတ်မပြောင်းနိုင်တဲ့ ခွေးတစ်ကောင်ပဲ သူရဲကောင်းတစ်ယောက်က အလှကို ကယ်တင်ချင်နေတယ်.... သောက်ကျိုးနည်း မင်းကိုယ်မင်း သတ်သေနေတာလားကွ!"

ရွှေကျီးကန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ လုရွှမ်သည် ရွှေကျီးကန်း၏ ဆူပူကြိမ်းမောင်းမှုကြောင့် သူ့အာရုံမပြောင်းဝံ့ဘဲ သူ့အာရုံ အားလုံးသည် ယွင်ရှီအပေါ် အာရုံစိုက်နေခဲ့သည်။

ရွှေကျီးကန်းက သက်ပြင်းချရင်း "ဟူး... သူရဲကောင်း တစ်ယောက် ဖြစ်ရတာလည်း ကောင်းပါတယ် ဒါပေမယ့် ငါမင်းဖင်ကို ပိတ်ကန်ချင်လာပြီ!"

"ငါ့အမိန့်ကို နားထောင်ထား!"

All Chapters