အောင်မြင်မှု
Vol. 110 Ch. 4.1158
ရွှေကျီးကန်းက ငြိမ်ငြိမ်လေး ထိုင်နေမှာ မဟုတ်ဘူးဆိုတာ သိလိုက်ရတော့ လုရွှမ် အရမ်းပျော်သွားသည်။ ရွှေကျီးကန်းသည် လုရွှမ်၏ စိတ်ခံစားချက်များကို လျစ်လျူရှု၍ ပြောလေသည်။
"ယွမ်စွမ်းအားက သူမတစ်ကိုယ်လုံးကို ဖုံးအုပ်ထား... ပြီးပြည့်စုံတဲ့အဆင့်ကို ဖြည်းဖြည်းချင်းရောက်အောင် လုပ်... နတ်မိုးခြိမ်းသံက မင်းတို့ရဲ့ကိုယ်ခန္ဓာ နှစ်ခုလုံးကို အလောင်းကောင်တွေ မလုပ်ပစ်အောင် ယွမ်စွမ်းအင်နဲ့ ထိန်းချုပ်နိုင်အောင် မြန်မြန်လုပ်ရမယ်!"
လုရွှမ် သတိမပေါ့ဝံ့ဘဲ ရွှေကျီးကန်း၏ ညွှန်ကြားချက်များကို မြန်မြန်ဆန်ဆန် လိုက်နာခဲ့ရာ ယွင်ရှီ ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ထိန်းချုပ်လာနိုင်သည်ဟု ခံစားလာရသည်။
"ကောင်းတယ်... သိပ်နောက်မကျသေးဘူး ဒီအဆင့်က ပိုခက်တယ် မိုးခြိမ်းသံကို ဆွဲချလိုက်ပြီး မင်းရဲ့ခန္ဓာကိုယ်ထဲကို ထိုးဖောက်ခိုင်း.... ယွမ်ယန်စွမ်းအင်ကို သုံးပြီး လည်ပတ်... သူမခန္ဓာကိုယ်ထဲက အငြိုးအတေး ဝိညာဥ်ကို ယွမ်စွမ်းအားနဲ့ လုံးလုံးချေဖျက်ပစ်နိုင်တယ်"
"ဒါဆို မင်းလည်း ဒဏ်ရာ တော်တော် ရသွားလိမ့်မယ်... ဒါပေမဲ့ ကံကောင်းစွာပဲ မင်းကို ထောက်ကူဖို့ လုံလောက်တဲ့ နဂါးအရိုးရှိတယ် မင်းမှာ ကောင်းကင်မီးလည်း ရှိတယ်... မင်းတကယ် ကံကောင်းလိုက်တာ ကောင်းကင်က မိုးခြိမ်းသံက မြေကြီးကို နှိုးဆော်လိမ့်မယ် ဒါပေမဲ့ မင်းမှာ ကောင်းကင်မီး ရှိတော့ မင်းခန္ဓာကိုယ်ကို ကာကွယ်ဖို့ ကောင်းကင်မီးကို သုံး..."
လုရွှမ်သည် ရွှေကျီးကန်း၏ ညွှန်ကြားချက်ကို အပြည့်အဝ နားထောင်ပြီး နတ်မိုးခြိမ်းသံကို ဖြည်းဖြည်းချင်း လွှတ်ထုတ်ကာ အပေါ်က နတ်မိုးကြိုးများကို ရိုက်ခတ်လာစေခဲ့သည်။ နတ်မိုးကြိုးက လုရွှမ်ရဲ့နောက်ကျောကို ရိုက်ခတ်သွားချိန် ချက်ချင်းမှာပဲ နောက်ကျောက ပုပ်ပွသွားသည်။
တခြားတစ်ဖက်တွင်တော့ အကြီးအကဲများသည် တိမ်တိုက်အရိပ်များကို မြင်ရုံဖြင့် အလွန်ကြောက်စရာ ကောင်းလှကြောင်း ခံစားလိုက်ရသည်။ ထိုနတ်မိုးခြိမ်းသံက သူတို့ကို ဗုံးကြဲလိုက်လျှင် သူတို့အခြေအနေသည် လုရွှမ်ထက် များစွာသာလွန်မည် မဟုတ်ဟု ခန့်မှန်းမိကြသည်။
ပျက်စီးမှု အတိုင်းအတာကို တွက်ချက်ကြည့်လျှင် ၎င်းတို့သည် ပိုမိုပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်။ သို့သော် သူတို့စိတ်ထဲတွင်တော့ လုရွှမ်ကို ပို၍ပို၍ သဘောကျလာခဲ့သည်။ နတ်မိုးကြိုး ပစ်လိုက်သော့လည်း သူ့ခါးက ဖြောင့်နေခဲ့သည်။
လုရွှမ် နောက်ကျောပေါ်ရှိ ရွှေရောင်ကျောရိုးသည် ထက်မြက်တောက်ပနေပြီး ပထမဆုံး ထွက်လာသော နဂါးလေးက ဟောက်ကာ ၎င်းရဲ့ ပါးစပ်ကိုဖွင့်ဟ၍ အနက်ရောင် နတ်မိုးကြိုးကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်။
"အဲဒါကဘာလဲ"
အဘိုးကြီးထျန်းယန် ထိတ်လန့်တကြားဖြင့် မေးလိုက်သည်။ ကောင်းကင်မိုးခြိမ်းသံက ဖုံးလွှမ်းသွားသဖြင့် လုံးဝ မမြင်နိုင်ခဲ့ကြပေ။
"ငါအဲဒါကနေ အရမ်းမြင့်မြတ်တဲ့ အရိပ်အယောင်ကို ခံစားရတယ် ဒါပေမဲ့ အဲဒါက ဘာလဲဆိုတာ ငါလည်းမသိဘူး"
နတ်မိုးခြိမ်းသံကို လုရွှမ်ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်ပြီး ယွင်ရှီခန္ဓာကိုယ်ထဲ လွှဲပြောင်းပေးလိုက်သည်။
အငြိုးအတေး ဝိညာဉ်များက အော်ဟစ်ကာ လှည့်ပတ်သွားချင်သော်လည်း လုရွှမ်သည် ယခုအခါ ယွင်ရှီ၏ ခန္ဓာကိုယ်နှင့် လုံးဝ ထပ်တူကျနေပြီ။ ယွင်ရှီ၏ခန္ဓာကိုယ်သည် သူ့ခန္ဓာကိုယ်နှင့်တူပြီး နတ်မိုးခြိမ်းသံက ဒေါသစိတ်ဝိညာဉ်များကို လွတ်လပ်စွာနှင့် တိကျစွာ ရိုက်ခတ်သွားခဲ့သည်။
ဒေါသကြီးသော ဝိညာဉ်များက မည်မျှ နက်ရှိုင်းစွာ ဖုံးကွယ်ထားသည်ဖြစ်စေ မည်မျှပင် ထူးဆန်းနေပါစေ သူတို့အားလုံးကို နတ်မိုးကြိုးက ဖောက်ခွဲပစ်လိုက်သည်။
"အခုက နောက်ဆုံးအဆင့်ပဲ... အန္တရာယ်အရှိဆုံး အဆင့်လည်း ဟုတ်တယ်.... နတ်မိုးခြိမ်းသံနဲ့ ကောင်းကင်မီးကို သုံးပြီး ဟန်ချက်ညီအောင် ပေါင်းစည်းဖို့ ယွမ်ယန်ကျင့်စဥ်ကို သုံးရမယ်... ပြီးတော့ ယွင်ရှီရဲ့ ဝိညာဉ်ထဲကို သန့်စင်အောင် ပေါင်းစည်းနိုင်မှာပဲ ရမယ်... ဒါမှ ဝိညာဉ်ပေါ်မှာ ကပ်နေတဲ့ အပေါ်ယံမျိုးစေ့တွေကို ဖယ်ရှားပစ်နိုင်မှာ”
"အဓိကကတော့ အလုပ်လုပ်နေရမှာက နတ်မိုးခြိမ်းသံနဲ့ ကောင်းကင်မီးပဲ... ဒါပေမဲ့ ယွမ်ယန်ကျင့်စဥ် မရှိရင် မင်းတို့နှစ်ယောက်ရဲ့ ပျက်စီးမှုတွေက ပိုများသွားပြီ.. ဒီကလေးမလေးလည်း မီးလောင်သေသွားလိမ့်မယ်"
လုရွှမ်လည်း ဤအရာသည် အမှန်တရား ဖြစ်သင့်သည်ဟု သိတာကြောင့် ခေါင်းသာ ညိတ်လိုက်သည်။ သူက နတ်မိုးခြိမ်းသံကို ဂရုတစိုက် အသက်သွင်းသည်။ ကောင်းကင်မီးကို စုရုံးကာ ဟန်ချက်ညီစေရန် ဂရုတစိုက်ဖြင့် ယွမ်ယန်စွမ်းအင်ကို သုံးလိုက်သည်။
ဤအဆင့်သည် အမှန်တကယ်ပင် ခက်ခဲခဲ့ပြီး လုရွှမ် အကြိမ်ကြိမ် လုပ်သော်လည်း မအောင်မြင်ခဲ့ပေ။
အထက်က လူသုံးယောက်၏ ရှုထောင့်မှကြည့်လျှင် လုရွှမ်နှင့် ယွင်ရှီတို့သည် မိုးခြိမ်းသံအရည်များထဲတွင် ထိုင်နေကြပြီး သူတို့၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် လူသေများအဖြစ်သို့ ပြောင်းလဲသွားသည့်အတိုင်းပင်။
ကောင်းကင်မှ မိုးခြိမ်းသံက သူတို့ နှစ်ယောက်၏ အလောင်းများကို ဆက်လက် ဗုံးကြဲနေလေသည်။ သူတို့၏ ခန္ဓာကိုယ်များသည် တဖြည်းဖြည်း ပျက်စီးလာကာ သွေးများ လွင့်ပျံလာကာ အသားများနှင့် သွေးများ ပေါက်ကွဲသွားကြသည်။
ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူတို့နှစ်ယောက် အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး။ လုရွှမ်လည်း ဒီအခြေအနေက အရေးတကြီး ဖြစ်ကြောင်း သိထားသော်ငြား စိတ်တည်ငြိမ်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလှသည်။
"ကောင်လေး... စိတ်အေးအေးထားပါ အနာဂတ်မှာ မင်းကြုံတွေ့ရမယ့် အန္တရာယ်တွေက ဒီထက်အများကြီး ပိုကြီးတယ်... ဒါက ဘာလဲ .... နောက်ကျရင် ဒီအန္တရာယ်က ဘာမှမဟုတ်တာကို မင်းတွေ့ရလိမ့်မယ်... ဒီအဆင့်ကိုတောင် မကျော်နိုင်ရင် အနာဂတ်မှာ ကြီးပွားချင်ရင် အိပ်မက်မက်နေရမှာပဲ... အခုပဲ နတ်မိုးခြိမ်းသံနဲ့ ရိုက်ခွဲခံလိုက်တော့"
ရွှေကျီးကန်းရဲ့ အားပေးမှုမှာ အနည်းငယ် ကွဲပြားပြီး ထူးခြားသော်လည်း လုရွှမ် ၎င်းကို ကြားလိုက်ရသောအခါတွင် သူ့နှလုံးသားသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ အမှန်တော့ ဒါဟာ အနာဂတ်မှာ နောက်ထပ် စိန်ခေါ်မှုတွေ ရှိလာမှာမို့ လေ့ကျင့်နေခြင်းပါပဲ။
ဒါကိုတွေးပြီး သူ့စိတ်တွေ တကယ်ကို ငြိမ်သက်သွားပြီး သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ အင်အားစုသုံးရပ်ဟာ ဟန်ချက်ညီသွားခဲ့သည်။ ၎င်းက ယွင်ရှီက၏ ဝိညာဉ်ထဲသို့ တဖြည်းဖြည်း စိမ့်ဝင်လာပြီး သူမသည်လည်း စွမ်းအားသုံးပါးကို သန့်စင်ပြီးနောက် သတိမထားမိခင်မှာပဲ နာကျည်းသော မျိုးစေ့များက ပျောက်ကွယ်သွားခဲ့၏။
လုရွှမ် ၎င်းကို ထပ်မံစစ်ဆေးပြီးနောက်တွင် ပြဿနာမရှိဘူး ဆိုတာ သေချာသွားခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေတယ်လို့ ရုတ်တရတ် ခံစားလိုက်ရချိန် ဒါက ယွင်ရှီရဲ့ဝိညာဉ်ပဲဆိုတာ တွေ့လိုက်ရသည်။ အရမ်းချစ်စရာကောင်းပြီး ရှက်ရွံ့သော မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။
လုရွှမ် သူ့စွမ်းအင်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ ယွင်ရှီကလည်း ရှက်နေတဲ့မျက်နှာနဲ့ သူ့ကိုကြည့်နေတာ တွေ့လိုက်ရ၏။
လုရွှမ် တစ်ခုခု ပြောခါနီးတွင် နတ်မိုးကြိုးတစ်ချက် ကျရောက်လာပြီး မိုးကြိုးအရည်ထဲသို့ တိုက်ရိုက် ကျရောက်သွားသည်။
"အရူး အခုထိ ထွက်မသွားသေးဘူးလား!"
ရွှေကျီးကန်း ဒေါသတကြီးနဲ့ ကျိန်ဆဲလိုက်သည်။ လုရွှမ် ယွင်ရှီလက်ဖဝါးကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်ပြီး နှစ်ယောက်သား မိုးခြိမ်းသံများကြားမှာ အပြေးအလွှား ထွက်လာကာ ကောင်းကင်သို့ ပျံသန်းသွားကြသည်။
လုရွှမ် သူမအား အဝတ်ဖြင့် လျင်မြန်စွာ ဖုံးအုပ်ထားခဲ့သော်လည်း လူအိုနှစ်ယောက်ဖြစ်သည့် ထျန်းယင်နဲ့ ထျန်းယန်တို့က ဘေးသို့ လှည့်ပြီူနေပြီဖြစ်သည်။ ထိုအချိန်မှသာ လုရွှမ်လည်း ယွင်ရှီ၌ အဝတ်လုံးဝ မရှိသည်ကို သတိပြုမိပြီး မျက်လုံးများကို အမြန် မှိတ်ထားလိုက်သည်။
"ဟမ့် ကြည့်ပြီးသွားပြီမလား..." ယွင်ရင် အော်လိုက်သည်။
"ဒေါ်လေး!"
"ဟမ့်!"
သူတို့နှစ်ဦးမှာ ဒဏ်ရာ အပြင်းအထန် ရထားသောကြောင့် အဂ္ဂိရတ်ဆေးကို အမြန်ထုတ်ကာ ဒဏ်ရာများကို ကုသပေးကြသည်။ လုရွှမ် ခန္ဓာကိုယ်ထဲက လျှို့ဝှက်ဆန်းကြယ်မှုကို လူတော်တော်များများက သိသွားပါပြီ။ ယွမ်ယန်ကျင့်စဥ်ဟာ အကန့်အသတ်နဲ့ လည်ပတ်နေပြီး သူ့ခန္ဓာကိုယ်က တောက်ပနေတယ် ဆိုတာကိုလည်း သိပါ၏။
ဒဏ်ရာများ အမြန်သက်သာလာပြီး အသက်ကယ်လှိုင်းများ ထွက်ပေါ်လာသဖြင့် ၎င်းတို့ သုံးဦး အလွန်ထိတ်လန့်သွားကြသည်။
"နတ်ခန္ဓာကိုယ်က တကယ် ကြောက်စရာကောင်းတာပဲ"
ဤသည်မှာ စိမ်းပြာနဂါး၏ စွမ်းအား လုံးလုံးဖြစ်သည်။ သို့သော် လုရွှမ် သဘာဝအတိုင်း ၎င်းတို့နှစ်ဦးကို ပြောပြမည် မဟုတ်ပေ။
ဤနေရာ၌ နေ သို့မဟုတ် လ မရှိပေ။ ကောင်းကင်တွင် မိုးခြိမ်းသံဖြင့် ဖုံးလွှမ်းထားသဖြင့် ရှင်းရှင်းလင်းလင်း မြင်ရန် ခက်ခဲစေသည်။ သို့သော် သုံးကြိမ် လည်ပတ်ပြီးနောက် လုရွှမ်ဒဏ်ရာများ လုံးဝ ပြန်လည်ကောင်းမွန်လာပြီး 10%လောက် အများဆုံး ပြန်လည် သက်သာလာသည်ဟု လူတိုင်း သဘောပေါက်လိုက်၏။
ယွင်ရှီကတော့ တစ်နှစ်ခွဲအတွင်း သေချာပေါက် ပြန်ကောင်းလာဦးမည် မဟုတ်ပေ။ သို့သော် လုရွှမ်သည် သူမဝိညာဉ်ကို သန့်စင်ရန် စွမ်းအားသုံးမျိုးကို အသုံးပြုထားတာမလို့ နတ်မိုးခြိမ်းသံကြောင့် သူမ၏ ခန္ဓာကိုယ်က သန်မာလာပါပြီ။
ယခု သူမသည် အပြစ်အနာအဆာ ရှိသော်လည်း အနာဂတ်တွင် ကြိုးစားမှု တစ်ဝက်ဖြင့် ရလဒ်နှစ်ဆ ရရှိလိမ့်မည်။ ယွင်ရင်နဲ့ အကြီးအကဲ နှစ်ယောက်ကလည်း သဘာဝကျကျ မြင်နိုင်တာကြောင့် ချီးကျုးလိုက်ကြသည်။ ယွင်ရှီလည်း လုရွှမ်ကို ရှက်ရွံ့စွာကြည့်ရင်း သူမ၏စိတ်ထဲတွင် ပို၍ပင် ခံစားလာရသည်။
ပို့ဆောင်ခြင်း အစီအရင်ကို အသုံးပြု၍ ယွင်မိသားစုဆီ တစ်ဖန်ပြန်သွားခဲ့သည်။ အပြင်မှာတော့ ဘာမှပြောင်းလဲမသွားပါဘူး။ အချိန်က သုံးရက်မျှသာ ရှိသေးပြီး ယွင်မိသားစုအတွင်း လူဘယ်နှယောက် ကျန်နေသေးလဲကိုပင် မသိရပေ။