← Chapters

ပိုင်ကွမ်းရှီကို ကွပ်မျတ်ပြီ

Vol. 110 Ch. 4.1160

ပိုင်ကွမ်းရှီကို ကွပ်မျတ်ပြီ

Vol. 110 Ch. 4.1160

"မင်းက မင်းရဲ့နတ်ဓားကို အဲဒီသားရဲဆီ လွှဲခိုင်းပြီး ငါ့ရဲ့သားရဲကို ဆန့်ကျင်ဖို့ ကြံစည်နေတာပေါ့လေ..."

လီရှန့်မှာ လုရွှမ်ရဲ့ ဉာဏ်ကောင်းမှုကြောင့် အရမ်းကို ဒေါသထွက်နေပြီလေ။ သို့သော် ပိုင်ကွမ်းရှီက လေထုထဲသို့ ခုန်တက်လာပြီး ချင်ထျန်းဓားကို ဖမ်းဆုပ်ထားပြီး​ပြီ ဖြစ်သည်။ သူ့မျက်လုံးထဲက ရွှေရောင် အလင်းတန်းတွေ တောက်ပလာပြီး အရူးတစ်ယောက်လို ရယ်မောလိုက်လေသည်။

"လုရွှမ် .... မင်းက ငတုံးပါကဲ... မင်းရဲ့နတ်ဓားက ငါ့အပိုင် ဖြစ်တော့မှာလေ"

လုရွှမ်က ခေါင်းခါပြီး ပြုံးလေသည်။

"မင်းက တကယ့် အရူးပဲ မင်း အဲဒီဓားကို ဖမ်းနိုင်မယ် ထင်လား...သူ့​ခေါင်းကို ဖြတ်လိုက်!"

လုရ ပေါ့ပေါ့တန်တန် ပြောလိုက်တာနဲ့ ချင်ထျန်းဓား အလိုလို လွတ်ထွက်ပြီး ပိုင်ကွမ်းရှီကို တိုက်ခိုက်လိုက်သည်။ ပိုင်ကွမ်းရှီလည်း ဒီနတ်ဓားဟာ အစွမ်းထက်ပေမယ့် ဓားစွမ်းအင်ကို အလိုအလျောက် လွှဲပြီး သူ့ဓားကို တွန်းထုတ်နိုင်လောက်အောင် ကြောက်စရာ ကောင်းလွန်းမယ်လို့ မမျှော်လင့်ထားခဲ့ပေ။

ပြီးတော့ ဒီဓားက သူမျှော်လင့်ထားတာထက် ပိုအန္တရာယ်များနေသည်။

အလင်းတန်းကြီး တစ်ခုသည် ကောင်းကင်နှင့် နေကို ဖုံးလွှမ်းလုနီးပါး တောက်ပစွာ လင်းလက် တောက်ပနေသဖြင့် ဘယ်သူမှ ခဏအတွင်း မော့မကြည့်ဝံ့ကြပေ။ ပိုကြောက်စရာကောင်းတာက ချင်ထျန်းဓားဆီက နတ်ရောင်ဝါ နည်းနည်း ပေါ်လာတာပဲ ဖြစ်သည်။

လီရှန့် တုန်လှုပ်သွားပြီး "မင်းဓားက နတ်လက်နက်တဲ့ မဟုတ်တဲ့ ကောင်းကင်လက်နက်ပဲမလား...မဟုတ်​သေးဘူး ဒါက နည်းနည်းထူးခြားတဲ့ လက္ခဏာတစ်ခုပဲ"

သူစိတ်သက်သာရာ ရသွားသော်လည်း ပိုင်ကွမ်းရှီကတော့ သေမတတ် ထိတ်လန့်သွားသည်။ လီရှန့်က နတ်ရောင်ဝါကို အနည်းငယ်မျှသာ ခံစားခဲ့ရသော်လည်း သူသည် နတ်ဓားကို ရင်ဆိုင်သောအခါတွင် နတ်ရောင်ဝါက သူ့ကို အမှန်တကယ် ကိုင်စွဲထားသကဲ့သို့ ခံစားရသည်။

သူ အစွမ်းကုန် ခုခံဖို့ ကြိုးစားပြီးနောက် သူ့ခန္ဓာကိုယ်က မီးတောက်တွေ ထွက်လာပြီး အဝေးကို ပို့ဖို့ ကြိုးစားရတော့သည်။

ဖြောင်းကနဲ အသံနှင့်အတူ သူ၏မူလ လက်နက်သည် အပိုင်းပိုင်း ကွဲကြေသွားကာ နတ်ဓားသည် သူ့မူလ ရှိနေသည့် နေရာကို ထိမှန်သွား၏။ ကပ်သီးလေး လွတ်သွားတဲ့ သူ့နောက်ကျောမှာ ဓားအမှတ်အသား တစ်ခုရှိနေလို့ မြေပြင်ပေါ် လဲကျသွား၏။ ကံကောင်းထောက်မစွာနဲ့ သူ အမြန်ရှောင်ထွက် သွားခဲ့သည်။ မဟုတ်ရင် ဒီအမာရွတ် မဟုတ်ဘဲ တစ်ပိုင်း သေသွားလောက်ပြီ။

လုရွှမ် သူ့လက်ကို လှုပ်ရှားလိုက်တဲ့အခါ ချင်ထျန်းဓားက သူ့လက်ထဲသို့ အလိုအလျောက် ခုန်ဝင်လာသည်။

တစ်ခဏအတွင်း ပြင်းထန်သော မိုးခြိမ်းသံတစ်ခုသည် အလိုအလျောက် ဖြစ်ပေါ်လာပြီး နတ်ဓားကိုယ်ပေါ်တွင် တဖျတ်ဖျတ် တောက်လာသည်။ နတ်မိုးခြိမ်းသံက လုရွှမ်၏ကိုယ်ပေါ်တွင် တဆက်တည်းရှိနေသဖြင့် သူ့ကို ရွှေသံချပ်ကာ ဖုံးအုပ်ထားသလို ပြောင်းလဲသွားသည်။

"ဟူး... မင်းတို့နှစ်ယောက်လုပ်ခဲ့တဲ့ အစီအစဉ်လေးကို ငါစောင့်နေခဲ့တာလည်း ကြာပြီ... စကားမစပ် လီရှန့်... ယိုးယန်ကို မင်းရဲ့ အထူးမြေမှုန်တွေပ အတင်းအကျပ် မောင်းထုတ်ခဲ့တာမဟုတ်တဲ့ အတွက် အရမ်းကြီး စိတ်မဝင်စားပါနဲ့.... မင်းလုပ်နိုင်ဖို့ အဝေးကြီး လိုသေးတယ်!"

လွန်ခဲ့သည့် ရက်အနည်းငယ်တွင် လုရွှန် အပြင်မှ သတင်းများကို ကြားခဲ့ရသည်။ ၎င်းတို့အားလုံးသည် ယင်ယန်မဟာဂိုဏ်းအတွက် ချီးကျူးစကားများ ဖြစ်ကြပြီး လီရှန့်က စန်းချိုင်မြို့တစ်ခုလုံးကို ကယ်တင်ခဲ့သူ ဖြစ်သည်။

"ဒါ့အပြင် မင်းရဲ့ တောင်တွေနဲ့ မြစ်တွေရဲ့ မြေဆီလွှာအမှုန်တွေက ငါ့ရဲ့ မှော်လက်နက် ဖြစ်သွားပြီ"

လုရွှမ် သူ့လက်ဖဝါးကို ပွတ်ဆွဲလိုက်တော့ အထူးမြေမှုန်တွေက သူ့လက်ဖဝါးတစ်လျှောက် လွင့်ပါလာခဲ့လေသည်။

"မင်း! မင်း သေမင်းကို ရှာနေတာပဲ"

လီရှန့်မှာ ဒေါသတကြီးနဲ့ အော်ဟစ်ရင်း သူ့မျက်နှာ အတော်လေး ကြည့်ရဆိုးလာလေသည်။

"လီရှန့် မင်းကို ငါပြောရတဲ့ အကြောင်းရင်းက မင်းကိုငါ မသေစေချင်​သေးလို့ပဲ... ဓားချက်ကို ကြည့်ထား!"

လုရွှမ် ဓားကို ဝေ့ယမ်းလိုက်ပေမယ့် ဓားစွမ်းအင်က ပိုင်ကွမ်းရှီဆီကို ဦးတည်သွားနေခဲ့သည်။ ပိုင်ကွမ်းရှီ၏ အာရုံအများစုသည် လီရှန့်ကို ကြည့်နေဆဲဖြစ်လေရာ ဓားစွမ်းအင်ကို တွေ့လိုက်ရတဲ့အခါ ကျိန်ဆဲပြီး အဝေးသို့ လျစ်ကနဲ ရှောင်ထွက်သွားသည်။

ဓားတစ်ချောင်းဖြင့် ပိုင်ကွမ်းရှီ ပျောက်ကွယ်သွားပြီး နောက်အခိုက်အတန့်တွင် လူက အခြားတစ်နေရာ၌ ပေါ်လာ၏။ သို့သော် သွေးများက အဆက်မပြတ် စီးကျလာကာ ခန္ဓာကိုယ်ကို လည်ပင်းမှ နှစ်ပိုင်းခွဲကာ လှီးဖြတ်ခံလိုက်ရမလို ဖြစ်သွားသည်။

"ပိုင်ကွမ်းရှီ... မင်းမှာ တယ်လီပို့နိုင်တဲ့ အရည်အချင်းရှိမှန်း ငါမသိဘူးလို့ ထင်နေတာလား အဲဒါက အသုံးမဝင်တော့ဘူး... တခြားသူတွေကိုရော ကိုယ့်ကိုကိုယ်ပါ ထိခိုက်စေပေမယ့် မင်းရဲ့ခွန်အားကို ငါတွက်ချက်ပြီးပြီမို့ မင်းထောင်ချောက်ထဲ ကျသွားပြီ"

“အခုနက ဓားနဲ့ထိုးတာ ဘယ်လိုခံစားရလဲ... မင်းဘယ်သွားမလို့လဲ မင်းခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား တစ်ခုကျန်ခဲ့တယ်နော် အဲဒီဓားရာ ရှိနေသရွေ့ မင်း ငါ့မျက်လုံးထဲကနေ ဖုံးကွယ်ထားလို့ မရဘူး... အိုး ထွက်ပြေးဖို့ စဥ်းစားနေတာလား?"

ပိုင်ကွမ်းရှီ ဒေါသ အရမ်းထွက်ပြီး သွေးအန်လိုက်သည်။ ထဖို့ကြိုးစားပေမယ့် ဒဏ်ရာက အရမ်းပြင်းထန်တာကြောင့် ထပြီးတောင် မပြေးနိုင်တော့ပေ။

"ဟေ့ မင်းသူငယ်ချင်းကတော့ ထွက်ပြေးသွားပြီ...မှတ်ထား တစ်ယောက်ယောက်က မင်းနောက်ကို လိုက်ချင်နေတယ်ဆိုရင် မင်းကို အထင်ကြီးလို့ မဟုတ်ဘူး... မင်းအများကြီး ပေးချေထားပြီမလား အခု အဲဒါက ထိုက်တန်ရဲ့လား မင်းပိုင်ဆိုင်မှု တစ်ဝက်လောက် ပေးထားရင်တောင် လီရှန့်က မင်းကို ကယ်ထုတ်မသွားမှာ ကြောက်ရတယ်...လီရှန့် မင်းအရင်ဆုံး သွားလိုက်ပါ.... မင်းကိုနောက်မှ လိုက်ပို့ပေးမယ်"

လီရှန့် သူ့ဓားနဲ့ ထပ်ခုတ်လိုက်တဲ့အခါ ပိုင်ကွမ်းရှီရဲ့ ဦးခေါင်းကလည်း တခြားနေရာကို ရောက်ရှိသွားတော့သည်။ ဝုန်းကနဲ ကျဆင်းလာသော လျှပ်စီးကြောင်းက ပိုင်ကွမ်းရှီရဲ့ ဝိညာဥ်ကို လုံးဝ ဖျက်စီးပစ်ခဲ့သည်။

"ကောင်လေး.... ဒီနေ့လို ချင်ထျန်းဓားနဲ့ နတ်မိုးကြိုးကို သိမ်းကျုံးမသုံးနဲ့... အနာဂတ်မှာ မင်း ချင်ထျန်းဓားကို အဆင့်တိုးအခါ အကျိုးရှိလိမ့်မယ်.... ဒီအမှိုက်တွေကို သတ်ပစ်ဖို့ အခုလို သုံးလိုက်တာက ဖြုန်းတီးရာ ကျလွန်းတယ်"

ရွှေကျီးကန်းက သတိပေးစကား ဆိုလာတဲ့အခါ လုရွှမ်လည်း သူ့နားလည်မှုကို ဖော်ပြရန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် လီရှန့်ရဲ့ ငှက်အလောင်းကောင်ကြီးကို သိုလှောင်လက်စွပ်ထဲ ထည့်ထားလိုက်သည်။ ဤငှက်သည် တိမ်ပြေးငှက်ထက် ပိုမြန်၏။ အမျိုးအစားအလိုက် အကဲဖြတ်ပါက ၎င်းသည် စျေးကြီးသော အမျိုးအစား ဖြစ်ပြီး အရသာလည်း ကောင်းသင့်သည်။

တိမ်ပြေးငှက်က လီရှန့်ဆီကို အလျင်အမြန် ချဉ်းကပ်လာခဲ့သည်။ လီရှန့် အလွန်လျင်မြန်သော်လည်း ငှက်များနှင့် နှိုင်းစာလျှင် သူသည် သဘာဝအတိုင်း နောက်ကျကျန်နေပါသည်။

"လုရွှမ် ငါက ယင်ယန်မဟာဂိုဏ်းရဲ့ တိုက်ရိုက်တပည့်ပဲ... မင်းငါ့ကိုသတ်ရင် ဂိုဏ်းတစ်ခုလုံး မင်းကို လွှတ်​ပေးမှာမဟုတ်ဘူး!"

"အို မင်းငါ့ကို ခြိမ်းခြောက်​နေတာပဲ...ဒါဆိုလည်း ငါတို့ တိုက်ကြရအောင်"

ချွင်းကနဲ တီးတိုးသံနှင့်အတူ လီရှန့်သည် လုရွှမ်ဆီက ဓားစွမ်းအင်ကို သူ့လက်နက်ဖြင့် ပိတ်ဆို့လိုက်ပြီး လူက အနည်းငယ် လွင့်သွားသည်။ လုရွှမ်လည်း လွင့်လာတဲ့ဓားကို နောက်တစ်ကြိမ် ဖမ်းပြီး ထပ်မံ ဝေ့ယမ်း၏။

တစ်ယောက်က ပြေးပြီး တစ်ယောက်က လိုက်သည်။ တစ်အောင့်ကြာတော့ အရှေ့ကပြေးနေတဲ့ လီရှန့်က ရုတ်တရက် ရပ်သွားသည်။

"ဘာလို့ထွက်မပြေးတာလဲ"

"ဟမ့် မင်းရဲ့နတ်ဓားက ထင်သလောက် အစွမ်းထက်မှာ မဟုတ်ဘူး... ငါက ဘာလို့ပြေးရမှာလဲ... မင်းငါ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင််မယ်လို့ ထင်နေတာလား"

လုရွှမ်: "မင်းနောက်ဆုံးတော့ တုံ့ပြန်လိုက်ပြီပေါ့... ငါက မင်း ပင်ပန်းသွားပြီလို့ ထင်နေတာ... တိုက်လိုက်ရအောင်... မင်းဘယ်လောက်ညံ့လဲ ငါမင်းကို ပြောပြမယ်"

အကယ်၍သာ ယခင်ကဆိုလျှင် သူ့မှာ ထိုယုံကြည်မှုမျိုး မရှိနိုင်ပေ။ သို့သော် လက်နက်သန့်စင်ရေး ကျောက်တုံးအနားက တိုက်ပွဲအပြီးတွင် သူ့​ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က ပိုမို သန်စွမ်းလာလေပြီ။ အထူးသဖြင့် ယွမ်ယန်ကျင့်စဥ်နဲ့ ပတ်သက်၍ သူ့ခံစားချက်က ပို၍ပင် ကျေနပ်စရာ ကောင်းလာသည်။

လုရွှမ် အံ့အားသင့်ဆုံး အရာမှာ သူ့ခန္ဓာကိုယ်ထဲက ဝိညာဥ်စွမ်းအင်တွေ တဖြည်းဖြည်း ပြည့်လာနေပြီဟု နောက်ဆုံးတွင် ခံစားလိုက်ရပြီး သူ့နယ်ပယ်က ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

သူ့​အမြင်အရ ပိုင်ကွမ်းရှီနှင့် နှိုင်းယှဉ်ပါက လီရှန့်နယ်ပယ်က မပိုပေ။ အတွေ့အကြုံလည်း မြင့်မားသော်လည်း ပိုင်ကွမ်းရှီ၏ ပို့ဆောင်ခြင်း အစီအရင်က အလွန်အစွမ်းထက်လှသည်။

သူတို့နှစ်ယောက်၏ ခွန်အားကို နှိုင်းယှဉ်ကြည့်ပါက လီရှန့်သည် ပိုင်ကွမ်းရှီထက် ပိုသန်မာသည်။ သန့်စင်သော ယွမ်စွမ်းအင်နဲ့ တိုက်ပွဲအတွေ့အကြုံ၊ ပိုင်ကွမ်းရှီထက် အားကောင်းသည့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များသည် လုရွှမ်ဆီမှာ ရှိနေသော အပြင်းထန်ဆုံး အရာများသာ ဖြစ်သည်မှာ အတိအကျပင်။

သို့သော် သူ လီရှန့်ကို အနိုင်ယူမည်ဟု ယုံကြည်ချက် ရှိပေသည်။

"ရှောင်ပိုင် မင်းအရင်တက်ပြီး ကစားလိုက်.."

တိမ်ပြေးငှက်က တုံ့ပြန်သည့်အနေဖြင့် အသံထုတ်လွှတ်ကာ ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ ထို့နောက် လုရွှမ် လီရှန့်ကို လက်ညိုးထိုးလိုက်သည်။

"လာပါ!"

"ကောင်လေး ငရဲကိုသွားပေတော့!"

လီရှန့်လည်း နတ်​လက်နက်တစ်ခု ဖြစ်သွားသည့် သူ့ဓားကို ဆွဲထုတ်လိုက်သည်။ ၎င်းက တတိယအဆင့်တွင် အများဆုံးဖြစ်ကြောင်း တစ်ချက် ကြည့်ရုံဖြင့် ပြောပြနိုင်ပြီး မကြာသေးမီကမှ ၎င်းကို သန့်စင်ထားပုံပါပဲ။

လီရှန့်: "သတ်!"

လုရွှမ်လည်း သူ့လက်ထဲက ချင်ထျန်းဓားကို ယမ်းခါလိုက်ပြီး ယွမ်ယန်ဓားကိုးစင်းကို ပစ်လွှတ်လိုက်သည်။ နှစ်ယောက်စလုံးက ဘာမှမထိန်းချုပ်ဘဲ အစွမ်းကုန် တိုက်ခိုက်​နေကြ၏။ ဓားစွမ်းအင်တွေ အကြိမ်ပေါင်းများစွာ ဖြာထွက်သွားကာ ဘယ်သူမှ ဘယ်သူ့ကို အနိုင်မယူနိုင်ကြချေ။

သို့သော် ဖြောင်းကနဲ အသံနဲ့အတူ လီရှန့်ရဲ့လက်နက်က ကျိုးသွား၏။

All Chapters