← Chapters

ရှဲ့မိသားစု

Vol. 110 Ch. 4.1161

ရှဲ့မိသားစု

Vol. 110 Ch. 4.1161

လီရှန့် အော်ဟစ်လိုက်ပေမယ့် ဆုံးဖြတ်ချက်ချပြီး လုရွှမ်ကို လက်နက်နဲ့ ပစ်​ပေါက်ပြီးနောက် လှည့်ထွက်ပြေးသွားခဲ့သည်။ နတ်ဓားဖြင့်ပင် သူသည် လုရွှမ်နှင့် မယှဉ်နိုင်လောက်အောင် ဖြစ်နေပြီမလို့ နတ်ဓားမရှိလျှင် သူသေချာပေါက် သေမည်ကို သိသည်။

သူ့နှလုံးသားသည် တုန်လှုပ်ချောက်ချားမှု များစွာနှင့် ပြည့်နှက်နေပြီး ဤလူယုတ်မာသည် နတ်မီးနယ်ပယ် ပထမအဆင့်တွင် ရှိသော်ငြား သူ့ထက်ပင် ပိုမိုသန့်စင်သော ယွမ်စွမ်းအင်များ ပါရှိနေမယ်လို့ ဘယ်သူက ထင်ပါ့မလဲ။

ပြီးတော့ သူ့မှာ ဒီလို ခံနိုင်ရည်ရှိတဲ့ ခွန်အားတွေလည်း ပိုင်ဆိုင်ထားသေးသည်။ ဒါက တကယ်ကို မယုံနိုင်စရာ ဖြစ်စေ၏။

ဒီကောင်လေးက ဘယ်ကလာတာလဲ။

ရုတ်​တရက်​ လီရှန့်စိတ်​ထဲ ​မေးစရာတွေ ​ပေါ်လာသည်​။ သူသည် လုရွှမ်အကြောင်းကို အနည်းငယ်သာ သိ​သေးကြောင်း သဘောပေါက်သွားပြန်၏။

နတ်ဓား၊ အံ့ဖွယ်အတတ်ပညာ၊ ကြာရှည်ခံနိုင်မှုနှင့် ထူးဆန်းသော ဥစ္စာပစ္စည်းများကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး သူသည် မြင့်မြတ်သောမိသားစုမှ ဆင်းသက်လာသူ သို့မဟုတ် သန့်ရှင်းသောနယ်မြေမှ ဆင်းသက်လာသူသာ ဖြစ်မည်ဟု ထင်လာရသည်။

ဒီလိုလူကို သူတကယ် စော်ကားမိခဲ့ပြီ။ အပြစ်က အပြစ်ပဲ ဖြစ်ပြီး သူကိုယ်တိုင် လုပ်ခဲ့တာဖြစ်လို့ အသက်လု ပြေးနေရလေပြီ။

သူ့စိတ်ထဲတွင် ဒေါသများ ပြေပျောက်ကာ လေးလေးနက်နက် နောင်တရမှုများနှင့် ပြည့်နှက်လာသည်။ လီရှန့်၏ အရှိန်သည် ရုတ်တရက် နှေးကွေးသွား၏။ လုရွှမ် သူ့ကို ဖမ်းမိသောအခါ နတ်ဓားသည် တစ်ချက်ပြီး တစ်ချက် ခုတ်ထစ်ပစ်ခဲ့သည်။

လီရှန့်တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းသွားသော်လည်း သူ နောက်ပြန်ဆုတ်ရန် သတ္တိမရှိတော့ပေ။

"မင်းက မြင့်မြတ်တဲ့မိသားစုက ကလေးတစ်ယောက်လား"

လီရှန့် စိတ်ပျက်လက်ပျက်နဲ့ ပြည့်နှက်နေတဲ့ သူ့အသံကို ထုတ်လွှတ်လိုက်သည်။ လုရွှမ် ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး သူ့စိတ်ထဲတွင်တော့ လီရှန့်အတွေးတွေက ရယ်စရာကောင်းနေသည်။ ဒါပေမယ့် တွေးကြည့်တော့ သူက လူတွေရဲ့ ခံစားချက်ကို ပေးစွမ်းတဲ့နေရာမှာ အံ့သြစရာ ကောင်းနေပုံရလေသည်။

"မင်းဘယ်လိုထင်လဲ?"

"ဟားဟားဟား!"

လီရှန့် အံ့အားသင့်ပြီး မကျေမနပ် ရယ်မောနေတဲ့ အချိန်မှာပဲ လုရွှမ် သူ့ခေါင်းကို ဓားဖြင့် လေထဲသို့ ပျံတက်သွား​အောင် လုပ်ပေးလိုက်သည်။ ဒါ့အပြင် ဦးခေါင်းနှင့် စိတ်ဝိညာဉ်ကိုလည်း အပိုင်းပိုင်း ပိုင်းဖြတ်ခဲ့သည်။ လီရှန့်၏ ခန္ဓာကိုယ်သည် ခြေလှမ်း အနည်းငယ် ဆက်လက် ပြေးသွားပြီးနောက် မြေပြင်ပေါ်သို့ ဘုန်းကနဲ လဲကျသွား​လေသည်။

လုရွှမ် သူ့လက်ချောင်းမှ လက်စွပ်ကို ချွတ်ယူထားလိုက်သည်။

အတွင်းပိုင်းမှာတော့ အနီရောင် သလင်းကျောက်ပေါင်း သန်း 100 နဲ့ ရှားပါးပစ္စည်းတွေ ပါပါသည်။ အထဲမှာ လျှို့ဝှက်ကုဒ်တစ်ခုကို ရှာတွေ့ခဲ့ပေမယ့် လုရွှမ် မကြည့်​နေဘဲ ကောင်းမွန်တဲ့ ပစ္စည်းတွေကို ယူပြီး လီရှန့်ရဲ့ ခန္ဓာကိုယ်နဲ့ လက်စွပ်ကို လတ်စဖျောက်လိုက်သည်။

လီရှန့်လက်စွပ်ထဲတွင် ကောင်းမွန်သော အရာများစွာ ရှိသော်လည်း လုရွှမ်မျက်လုံးများကို လင်းစေသော အရာမှာ မြေပုံတစ်ခုသာ ဖြစ်သည်။

မြေပုံသည် အလွန်မကြီးဘဲ အထူးပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ အားလုံးကို ဖြန့်ကျက်ချလိုက်သော အခါတွင် ၎င်းသည် တစ်ပေစတုရန်းမျှသာ ရှိသော်လည်း မှော်ဆန်သည့်အချက်မှာ သူ့အတွေးများအတိုင်း ပြောင်းလဲနိုင်သော မြေပုံဖြစ်သည်။

လုရွှမ်ရဲ့ အတွေးကြောင့် မြေပုံက ကြီးမားသော မြေကွက်များကို ပြသလာခဲ့သည်။ သူ ရောက်နေတဲ့နေရာက လီရှန့် လျှောက်ခဲ့ဖူးတဲ့ နေရာတွေဖြစ်နိုင်ပြီး ရင်းနှီးပြီးသား နေရာတွေ ရှိနေပြီဆိုတာကိုလည်း ပြသနေပါ၏။

အဝေးကို ဖြတ်သွားသော လမ်းသည် ယင်ယန်မဟာဂိုဏ်းကြီး၏ တည်နေရာကို ညွှန်ပြ​နေပါသည်။ အခုနေရာနဲ့ဆို ခရီးအကွာအဝေးဟာ တကယ်ကို ဝေးကွာလွန်းသည်။ ပျံသန်းခြင်းနဲ့ တွက်မယ်ဆိုရင် ပျံသန်းဖို့ အနည်းဆုံး အနှစ်သုံးဆယ်ကျော် ကြာလိမ့်မယ်။

ထင်ရှားသည်မှာ လီရှန့်သည် ပို့ဆောင်ခြင်းအစီအရင်ဖြင့် ဤနေရာကို ရောက်လာခဲ့ခြင်းပင်။ စိတ်ထဲမှ ပို့ဆောင်ခြင်းအစီအရင်ကို တွေးလိုက်သောအခါ မြေပုံပေါ်တွင် သူ့အနီးနား၌ ပို့ဆောင်ခြင်းအစီအရင် များစွာ ပေါ်လာသည်ကို မြင်လိုက်ရသည်။

ဒီပို့ဆောင်ခြင်း အစီအရင်တွေက လီရှန့် လျှောက်ခဲ့တဲ့နေရာ ဒါမှမဟုတ် ရင်းနှီးပြီးသား နေရာအချို့ကို အမှတ်အသား ပြုထားတာ ဖြစ်ပေလိမ့်မည်။ ဒါက အတော်လေး အဆင်ပြေတယ်လို့ ပြောရပါမည်။

လုရွှမ်လည် တိမ်ပြေးငှက်ကို မြေပုံပေါ်ရှိ လမ်းညွှန်ချက်အတိုင်း ပျံသန်း​စေပြီး အနီးဆုံး ပို့ဆောင်ခြင်းအစီအရင်ဆီသို့ ဦးတည်ပျံသန်းသွားခဲ့သည်။

တစ်လခွဲ ကြာပြီးနောက်

ရှေးဦးတောအုပ်ထဲမှ ပျံသန်းသွားရသကဲ့သို့ပင်။ နောက်ဆုံးတွင် ရင်းနှီးသူများ၏ အရိပ်များကို မြင်လိုက်ရပြီး ကျင့်ကြံသူ အရေအတွက်လည်း တဖြည်းဖြည်း တိုးလာသည်။ နောက်ဆုံးတော့ တိမ်ပြေးငှက်ကို ကောင်းကင်မှာ လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ပေးလိုက်ပြီး သူကတော့ မြို့ထဲမှာ ဆင်းသက်လိုက်၏။

ဤနေရာသည် စန်းချိုင်မြိုထက် အနည်းဆုံး ပို၍နာမည်ကြီးသည်။ စန်းချိုင်မြို့ကိုလည်း လီရှန့်ရဲ့ မြေပုံပေါ်တွင် မှတ်သားထား​သေးသည်။

ဝိညာဉ်ရေးကျင့်စဉ် လောကတွင် မှော်စွမ်းအားရှိသူ အားလုံးသည် ၎င်းတို့၏ စရိုက်လက္ခဏာတွင် မိမိကိုယ်ကို ဖြောင့်မတ်အောင် မလုပ်နိုင်ဘဲ တခြားသူများကို မသိလိုက်ဘဲ ရန်စမိတတ်သည်။

မြို့ရိုးရှိသောကြောင့် မြို့ရိုး အပြင်ဘက်မှ ဝင်ရခြင်းသည် ဒေသဓလေ့ထုံးစံများကို လိုက်နာခြင်းဟု မှတ်ယူနိုင်သည်။

သူတို့ရှေ့မှာ ရထားလုံးတွေ ရှိ​နေသည်။ ဦးဆောင်နေသော ရထားလုံးပေါ်တွင် "ရှဲ့" ဟူသော စာလုံးကြီးဖြင့် အလံတစ်ခုကို ဖြန့်ချထားသည်။ စာလုံးကြီးသည် နဂါးများနှင့် ဖီးနစ်များ ကခုန်ခြင်းကဲ့သို့ဖြစ်ပြီး အလွန်အထင်ကြီးစရာ ကောင်းသည်။

လုရွှမ်သည် ပထမတွင် ဂရုမစိုက်မိသော်လည်း ဒုတိယ အကြိမ် ထပ်မံမြင်ရသောအခါ သူ့မျက်လုံးများ တောက်ပလာသည်။ ဒီစကားလုံးက ကောင်းကောင်း ရေးထားတာပဲ။

၎င်းသည် ငြိမ်သက်အေးချမ်းသော လေထုကို ညင်ညင်သာသာ ထုတ်ပေးသည်။ တခြားသူများ ဘယ်လိုနေမလဲ မသိသော်လည်း အနည်းဆုံး ဤစကားလုံးကို မြင်သောအခါတွင် သူ့စိတ်ထဲတွင် အဆိုးမြင်စိတ်များ ပျောက်ကွယ်သွားကာ ရှဲ့မိသားစုက အထင်ကြီးစရာ ကောင်းနေမှန်း မသိလိုက်ပါဘဲ လက်ခံမိ၏။

ဒီရှဲ့မိသားစုက အတော်လေး အစွမ်းထက်တဲ့ မိသားစုပဲ ဖြစ်လိမ့်မည်။ လုရွှမ် အေးအေးဆေးဆေး လိုက်၍ ရှဲ့မိသားစုနောက်သို့ လိုက်ကာ မြို့ထဲသို့ ဝင်လိုက်သည်။ မြို့ဝင်ပြေးက အနီရောင် သလင်းကျောက် ၁သောင်းမလို့ ဈေးကြီးသည်ဟု ဆိုရမည်။

လုရွှမ်သည် မြို့တွင်းနှင့် အပြင်ဘက်က ကွာခြင်းသော ဝိညာဉ်စွမ်းအင်များ သိသိသာသာ အံ့သြသွားသည်။ မြို့ထဲတွင် ဝိညာဉ်စွမ်းအင် စုစည်းမှုကို ခင်းကျင်းရုံသာမက မြို့တွင်းရှိ ဝိညာဉ်စွမ်းအင်သည် မြို့ပြင်ထက် များစွာပို၍ ကြွယ်ဝပြီး အမျိုးမျိုးသော အငြင်းပွားမှုများ၏ လေထုသည် ရှင်းရှင်းလင်းလင်း ပျောက်ကွယ်သွားကာ ပိုမိုသန့်ရှင်းသည်ဟု ခံစားရပေသည်။

မြို့ပြင်တွင် လေ့ကျင့်ပြီး မြို့ထဲတွင် လေ့ကျင့်တာနဲ့ နှိုင်းယှဥ်ပါက ဝင်ခွင့်သည် အနည်းဆုံး 30% ပိုမိုမြန်ဆန်မည်ဖြစ်ပြီး အခြေခံအုတ်မြစ်သည် ပိုမိုခိုင်မာလာမည်ဟု ယူဆနိုင်သည်။

ရန်မြို့က မြေပုံပေါ်တွင် မှတ်တမ်းတင်ထားသော ဤစျေးအသက်သာဆုံး ထောင့်ရှိ တစ်ခုတည်းသော မြို့ဖြစ်သည်။ ၎င်းအတွက် အမှန်တကယ်ပင် အကြောင်းပြချက် ရှိပုံရ၏။

"ဟမ်... ဒီရန်မြို့ဝင်ကြေးက ဈေးတက်နေပြီ"

"မှန်တယ်... သခင်လေးရှောင်းရောင် နဲ့ ရဗဲ့မိသားစုရဲ့ အိမ်ထောင်သည်သမီးက ဒီမှာပဲနေခဲ့တာ... သူ ကျင့်​ကြံ​တော့မယ်ဆိုတဲ့ သတင်းထွက်လာတာနဲ့ပဲ ရန်မြို့က ချက်ချင်း ဈေးတက်လာတယ်လေ... အနီရောင်သလင်းကျောက် တစ်သောင်းတဲ့ ဓားပြတိုက်နေတာပဲ မဟုတ်ဘူးလား?"

စားသောက်ဆိုင် တစ်ခုထဲသို့ ဝင်သွားပြီးနောက်တွင် လုရွှမ်သည် သူ့ပတ်ဝန်းကျင်တွင် လူများဝိုင်းအုံနေသ ည့်အသံကို ကြားလိုက်ရသည်။ စန်းချိုင်မြို့တွင်လည်း မြေကမ္ဘာ၏ သေရည်ကောင်းများကို တွေ့ရသည်။ လုရွှမ်သည် ကမ္ဘာတစ်ဝှမ်းမှ သေရည် အရသာများကို ခံစားရင်း တစ်ဝက်ကိုလည်း ရွှေကျီးကန်းအား ပေးခဲ့သည်။

သခင်လေးရှောင်းရောင်, ရှဲ့မိသားစု?

လုရွှမ် ဟိုဟိုဒီဒီ ကြည့်လိုက်တော့ နတ်မီးနယ်ပယ်မှာ ရှိနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ နောက်တော့ ဈေးပေါတဲ့ ​သေရည်ကိုသောက်ရင်း သူ့ပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို စိတ်ဝင်တစား နားထောင်နေလိုက်၏။

သူက လမ်းလျှောက်သွားပြီး စားသောက်ဆိုင်ရဲ့ အမှတ်အသား ရှိသော သေရည်အိုးကို လွှဲပေးလိုက်သည်။ ဤ​သေရည် အမျိုးအစားသည် အနီရောင် သလင်းကျောက် ၁သိန်း တန်သည်။ သူသေရည်ကို ဝယ်တဲ့အခါတုန်းက လူငယ်ဟာ မနာလိုတဲ့မျက်လုံးတွေကို ချပြပြီး ထိုသူမှာ ဝယ်ဖို့ မတတ်နိုင်ဘူးဆိုတာ သိသာပါ၏။

"ဟာဟား... ဒီကသူငယ်ချင်း ငါက လုရွှမ်ပါ... တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံတယ်ဆိုတာ ငါတို့ရဲ့ ကံကြမ္မာပဲလေ... တစ်ယောက်တည်း နေရတာ အထီးကျန်တယ် အတူတူသောက်ပြီး သူငယ်ချင်းဖွဲ့ရအောင် ဘယ်လိုလဲ"

လူငယ်၏ မျက်လုံးထဲတွင် သံသယအရိပ်အယောင်များ ပေါ်လာသော်လည်း သေရည်အိုးကို စိုက်ကြည့်ရင်း လျှာကို သပ်လိုက်သည်။

"မင်းဘာလုပ်ချင်လဲ အတိအကျ ပြော!"

All Chapters