ဓားပြတိုက်တယ်
Vol. 110 Ch. 4.1162
လုရွှမ် မရယ်ဘဲကို မနေနိုင်တော့ပေ။ ဒီကောင်လေးက တကယ်ပဲ တွေးခေါ်တတ်ပေသည်။ သူက အနီရောင် သလင်းကျောက် ၁၀,၀၀၀ လောက်တောင် တတ်နိုင်တဲ့ လူနဲ့ မတူဘူး ဆိုတော့ သူက ဒေသခံသာ ဖြစ်လိမ့်မည်။ ယခုအခါ သဘာဝအားဖြင့် သူသည် ဒေသန္တရ ဒေသခံများနှင့် အလွန်အကျွမ်းတဝင် ရှိသင့်ပြီး သူလိုချင်သောအရာမှာ ထိုသို့သော လူဖြစ်သည်။
လုရွှမ် လူငယ်လေးအတွက် ဝိုင်တစ်ခွက်ကို လောင်းချပေးလိုက်ပြီး ခွက်ကို မြှောက်ပြလိုက်သည်။
"ဘာမှ မပြောနဲ့ဦး အရင်သောက်လိုက်ပါ... ငါ ဒီဝိုင်ရဲ့ အမွှေးအကြိုင်ကို အနံ့ခံမိနေတာ ကြာပြီ.... ဒါကို လေးစားမှု သင်္ကေတတစ်ခုအနေနဲ့ အရင်လုပ်မယ်"
လုရွှမ်သည် သေရည်ကို တစ်ကျိုက်တည်းသောက်ပြီး “သေရည်ကောင်းပဲ” ဟု ချီးကျူးလိုက်သည်။ ချဲ့ကားပြောဆိုခြင်းတော့ မဟုတ်ပေ။ မြေကမ္ဘာထဲရှိ ဝိညာဉ်ရေးစွမ်းအင်သည် များစွာသော ဝိညာဉ်အသီးအနှံများကို သဘာဝအတိုင်း နှစ်ပေါင်းများစွာ ကြီးထွားလာစေနိုင်သည်။
ပြီးတော့ ဒီအသီးအနှံတွေကို သေရည်လုပ်ရာမှာ သုံးလိုက်ရင် ဒီသေရည်က ဘယ်လောက်အရသာ ရှိလိုက်မလဲဆိုတာ စိတ်ကူး ကြည့်နိုင်ပါ၏။
သေသေချာချာ မြည်းစမ်းကြည့်တော့ လူငယ်လေးက သေရည်ကို မျက်တောင်မခတ် စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ ဒါပေမဲ့ သူ့မှာ ထပ်တောင်းရမှာကို စိုးရိမ်နေပြီး မရတော့မှာကိုလည်း ကြောက်နေမှန်း သိသာပေသည်။
လုရွှမ်လည်း ဤလူငယ်ကို ငယ်ရွယ်ပြီး အတွေ့အကြုံများစွာ မရှိသော်လည်း ယုတ်စွအဆုံး သူ့တွင် အကျင့်စာရိတ္တ ကောင်းသူဖြစ်သည်။ လုရွှမ် ပြုံးပြီး ပြောလိုက်သည်။
"တကယ်တော့ ဒီလိုပါ... ငါက မြို့ပြင်ကလာတာကို ငါလာတဲ့နေရာက အရမ်းဝေးတယ်။ ဒါပထမဆုံးအကြိမ် အပြင်ထွက်တာ ဆိုတော့ ဒီနေရာက အကြောင်းတွေကို ငါမသိသေးဘူး ဒီကိုရောက်တဲ့အခါ သဘာဝအတိုင်း ဒေသခံကိုရှာပြီး ဒီမှာရှိတဲ့ ဓလေ့ထုံးစံတွေ အကြောင်း လေ့လာချင်တာပါ”
"ညီအစ်ကို... မင်း ဒေသခံဖြစ်မယ်ထင်တယ်... ငါ့မှာ တောင်းဆိုချင်တဲ့ လိုအပ်ချက်တွေ မရှိဘူး မင်းကို အရက်တိုက်ပြီး မင်းကငါ့ကို ဒေသဓလေ့တချို့နဲ့ မိတ်ဆက်ပေး.... တားမြစ်ချက်တွေက ဘာတွေလဲ ဘာကို သတိထားရမှာလဲ?"
လူငယ်က တုန်လှုပ်သွားပြီး "ဒါပဲလား?"
လုရွှမ် ပြုံးပြီး အသံလျှော့လိုက်သည်။
"ဟုတ်တယ်... ဒီစားသောက်ဆိုင်ထဲက လူတွေကို ကြည့်လိုက်... သူတို့ထဲက တချို့ကပဲ နတ်မီး နယ်ပယ်ကို ရောက်နေပြတာ... ဒီကအခြေအနေနဲ့ ပတ်သက်ပြီး မျှော်စင်နယ်ပယ်က သခင်ကို ငါသွားမေးရင် သူတို့က ငါ့ကိုပြောပြမှာလား?... မင်းသာဆိုရင် မင်းမေးရဲမှာလား"
လူငယ်က ပြုံးပြီး: "စိတ်ချပါ... ငါက ဒေသခံတစ်ယောက်ဖြစ်ပြီး ဒီမှာနေလာတာ အနှစ်ရှစ်ဆယ်ကျော်ပြီ အသိဥာဏ်ကောင်းတယ် ငါ့နာမည်က ယွီချုံး"
ယွီချုံးက ပြောနေရင်းနဲ့ သူ့ရှေ့က သေရည်ခွက်ကို ကောက်ကိုင်လိုက်သည်။ နှာခေါင်းအောက်မှာ ထားပြီး ညင်သာစွာ အနံ့ခံနေစဥ် သူ့မျက်နှာမှာ မူးဝေနေတဲ့ အကြည့်တွေလည်း ပြသလာသည်။
"ဒီသေရည်ကို ယီးဖျင်ရှန်း ခေါ်တယ် နာမည်ကြီးနေတာ ကြာပြီ ဒါပေမဲ့ အမြဲလိုလို ပိုက်ဆံက မရှိတော့ မသောက်နိုင်ဘူး ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုလု..."
သူက သေရည်ခွက်ထဲမှာ သေရည်အားလုံးကို သောက်ပြီး ကျယ်လောင်စွာ ချီးမွမ်းလိုက်သည်။
"ကောင်းပြီ လုရွှမ်... ဘာသိချင်တာလဲ"
"မြို့တံခါးကို ဝင်လိုက်တာနဲ့ "ရှဲ့" ဆိုတဲ့ စကားလုံးကို တွေ့လိုက်တယ်... ရှဲ့မိသားစုရဲ့ သမီး ဆိုတဲ့ စကားလုံးကိုလည်း ကြားလိုက်သေးတယ်.. အဲဒါ ဘာကို ဆိုလိုတာလဲ သခင်လေးရှောင်းရောင်ကရော ဘယ်သူလဲ"
ယွီချုံး မျက်လုံးများ ပြူးကျယ်သွားသည်နှင့် သူ့အသံကလည်း မထိန်းနိုင်ဘဲ ကျယ်သွားသည်။
"သူတို့က ဘယ်သူမှန်းတောင် မသိဘူးလား"
သူ့ပတ်ဝန်းကျင်က မျက်လုံးတွေက အပြစ်တင်တဲ့ အရိပ်အယောင်တွေနဲ့ စိုက်ကြည့်လာ၏။ ထိုအခါ နတ်မီးနယ်ပယ်က လူငယ်နှစ်ယောက် စကားပြောနေတာကို မြင်တော့ မျက်စိမှိတ်လျက် ပြန်လှည့်သွားကုန်သည်။ ယွီချုံးမျက်နှာသည် တင်းမာပြီး အသံကို လျှော့လိုက်သည်။
"ရှောင်းရောင်က တုံးထန်းဂိုဏ်းရဲ့ ငယ်ရွယ်တဲ့ ဂိုဏ်းချုပ်လေး... သူ့မှာ ထူးကဲတဲ့ အရည်အချင်းတွေ ခွန်အားတွေ ရှိတယ်... ရှောင်းရောင်တုံးထန်း ဆိုပြီး အရမ်း ကျော်ကြားတဲ့ ဂုဏ်သတင်း ရှိတယ်"
လုရွှမ် ထပ်ခါတလဲလဲ ခေါင်းညိတ်ပြသည်။ သူက တုံးထန်းဂိုဏ်းရဲ့ ငယ်ရွယ်တဲ့ ဂိုဏ်းဆရာတစ်ယောက်ဖြစ်တာ မဆန်းပါဘူး။ သူက အတော်လေးကို ကျော်ကြားတာပဲ။
"ရှဲ့မိသားစုက လန်းဟွမ်ဖူနယ်မြေက နာမည်ကြီး မိသားစုတစ်ခု သူတို့ရဲ့သမီးတွေကြောင့် ပိုနာမည်ကြီးပါတယ်။ ရှဲ့မိသားစုရဲ့ အမျိုးသမီးတွေက ချောမောလှပပြီး နုပျိုတယ်... အရည်အချင်းတွေကြောင့်လည်း နေရာအနှံ့က လူသိများကြတယ်... ရှဲ့မိသားစုမှာ လက်ထပ်ခွင့်ရတာ ဂုဏ်ယူစရာပဲ...”
"ဟူး.... ငါလည်း ရှဲ့မိသားစုရဲ့သမီးနဲ့ လက်ထပ်နိုင်ရင် ကောင်းမှာပဲ"
ယွီချုံးက စိတ်လှုပ်ရှားစွာ ပြောကာ သူ့မျက်လုံးများကလည်း တောက်ပနေသည်။ လုရွှမ်လည်း ရယ်မောကာ။
"အဆင်းလှတဲ့ မိန်းကလေးကို လူကြီးလူကောင်းတွေ မနာလိုကြတာ သဘာဝပါပဲ"
ယွီချုံးမျက်နှာသည် အနည်းငယ် နီမြန်းသွားသော်လည်း လုရွှမ်အပြုံးကို မြင်တော့ သူက စိတ်လှုပ်ရှားစွာ ဆက်ပြောပြ၏။
"လုရွှမ် မင်းမသိဘူးနော်... ရှဲ့မိသားစုရဲ့ သမီးပျိုနဲ့ တွေ့ခဲ့ရင် မင်းလည်း စိတ်ကူးယဉ်နေမိမှာ သေချာတယ်"
"မှန်ပါတယ် မှန်ပါတယ်"
ယွီချုံးက တစ်ခွက်သောက်ပြီး " ရှဲ့မိသားစုကို လျှော့မတွက်ပါနဲ့.... အခု ရှဲ့မိသားစုမှာ သမီးပျို စုစုပေါင်း ၁၀ ယောက်ရှိတယ်.... အိမ်ထောင်ပြုဖို့ အသက်အရွယ်နဲ့ လိုက်ဖက်သူက ၃ ယောက်... အိမ်ထောင်ကျပြီးသူက ၅ ယောက် ကျန်တဲ့ နှစ်ယောက်က အရွယ်မရောက်သေးဘူး”
"ဒါပေမဲ့ လက်ထပ်ပြီးတဲ့ ငါးယောက်မှာ တစ်ယောက်စီက တုံးထန်းဂိုဏ်းရဲ့ တိုက်ရိုက်တပည့်တွေနဲ့... ရှဲ့မိသားစုရဲ့ အကြီးဆုံးသမီးက ဘယ်သူနဲ့ လက်ထပ်တယ်ဆိုတာ မင်းသိလား"
လုရွှမ် မသိမှန်း သဘောပေါက်တာကြောင့် သူကပဲ ဆက်ပြောလိုက်သည်။
"အဲဒါက ဂိုဏ်းကြီးတစ်ခုက အမာခံတပည့်တစ်ယောက်ပဲ... အဲဒါကို မဟာဂိုဏ်းတစ်ခုလို့ ခေါ်တယ်... အရမ်းကြီးမားတဲ့ တည်ရှိမှုမျိုးပဲ"
လုရွှမ် ခေါင်းညိတ်လိုက်သည်။ မဟာဂိုဏ်းက အမာခံတပည်နဲ့ လက်ထပ်နိုင်ခဲ့တာက တကယ့်ကို အထင်ကြီးစရာပါပဲ။
"သခင်လေးရှောင်းရောင်ကတော့ သူ့အစွမ်းက နားမလည်နိုင်အောင်ပဲ.. ဒဏ္ဍာရီအရဆို သူ မျှော်စင်နယ်ပယ်ထဲကို မဝင်ရတဲ့ အကြောင်းရင်းက နတ်မီးနယ်ပယ် အဆင့်၁၀ကို ဝင်တော့မှာမလို့တဲ့ သူက တန်ခိုးကြီးတယ်လို့ မင်းမထင်ဘူးလား"
"ကောင်းလိုက်တာ... သေရည်က ကောင်းတယ်"
ယွီချုံး နည်းနည်းမူးနေမှန်း သိသာလာသည်။ သေရည်က ချိုပေမယ့် ယွီချုံးရဲ့ စိတ်အခြေအနေက နည်းနည်း နိမ့်ကျနေသေးပြီး ခွက်အနည်းငယ် ဆက်တိုက် သောက်ပြီးတဲ့ နောက်မှာတော့ သူ မခံနိုင်တော့ပါဘူး။
"ဒီတစ်ခါ သခင်လေးရှောင်းရောင်က ရန်မြို့မှာ သုံးရက်နေမယ်... သတို့သမီးကို ကြိုဆိုတဲ့အပြင် သုံးရက်တိတိ ကျင့်ကြံခြင်း အကြောင်းတွေကိုလည်း ရှင်းပြမယ်တဲ့... တခြားသူတွေဆီက စိန်ခေါ်မှုတွေကို လက်ခံမယ်လို့ ကျွန်တော်ကြားတယ်.... သူ့ကို တိုက်နိုင်ရင် ငါလည်း တုံးထန်းဂိုဏ်းကို သွားရမယ်"
ယွီချုံး ပြောပြီးနောက် စားပွဲပေါ် လဲကျသွားပြီး အိပ်ပျော်သွားတော့သည်။ လုရွှမ် စားပွဲထိုးကို ရယ်မောရင်း လှမ်းခေါ်ပြီး ယွီချုံးကို ဂရုစိုက်ပေးဖို့ မှာခဲ့သည်။ သူ့အတွက် အနီရောင် သလင်းကျောက် ၁၀၀၀ ထားခဲ့ကာ နောက်တစ်ပုလင်း တောင်းကာ ထွက်လာခဲ့သည်။
စားသောက်ဆိုင်ထဲက ထွက်လာပြီး သိပ်မကြာခင်မှာပဲ လူသုံးယောက် လုရွှမ်လမ်းကို ပိတ်ဆို့ထားလိုက်သည်။ မျှော်စင်နယ်ပယ်က တစ်ဦးနှင့် နတ်မီးနယ်ပယ်က နှစ်ဦး။ ရှေ့တစ်ယောက် နောက်နှစ်ယောက်ဖြင့် လုရွှမ်လမ်းကို ပိတ်ဆို့ထားကြသည်။
"ကောင်လေး မင်းက ချောမောပြီး အရမ်းချမ်းသာတာကို ငါမြင်တယ်.... အနီရောင် သလင်းကျောက် တစ်သိန်းကို အချိန်မရွေး ပေးချေလို့ ရသလိုပဲ... အနီရောင်သလင်းခဲတွေ အားလုံးကို လွှဲပေးရင် မင်းကို ငါတို့ လွှတ်ပေးနိုင်တယ်... မဟုတ်ရင်တော့ မင်းဒီတိုင်းတစ်ပါးမှာပဲ သင်္ဂြိုဟ်ခံလိုက်ရမယ်"
မျှော်စင်နယ်ပယ်သည် ဓားတစ်ချောင်းကို ထုတ်လိုက်သည်။ လုရွှမ်ကို ၎င်းရဲ့လက်နက် ကြည့်ကာ ကျယ်လောင်စွာ ရယ်မောချလိုက်သည်။ ဤသည်မှာ မြေကမ္ဘာဖြစ်ပြီး လျှိုဝှက်ဆန်းကြယ်အဆင့် လက်နက် စျေးနှုန်းသည် ဂေါ်ဖီထုပ်စျေးနှုန်းမျှသာ ဖြစ်သည်။ နတ်မီးနယ်ပယ်က လူတချို့ပင်လျှင် တော်ရုံတန်ရုံ ဧကရာဇ်လက်နက်များကို သယ်ဆောင်ထားတတ်သည်။ ဈေးကြီးသော်လည်း မတတ်နိုင်သရွေ့ သုံးစွဲရန် ရှက်ဖွယ်ကောင်းလှသည်။
မျှော်စင်နယ်ပယ်က လျှို့ဝှက်ဆန်းကြယ်အဆင့် လက်နက်ကို ဘယ်လိုတောင် ကိုင်ထားရတာလဲ။
"ကောင်းပြီ... ငါ့မှာ မင်းနဲ့ ကစားဖို့ အချိန်မရှိဘူး မင်းကို အနိုင်ကျင့်ရတာ ရှက်စရာကောင်းတယ်... ငါ့မှာ ဧကရာဇ်လက်နက်တွေ ရှိတယ်... မလိုအပ်လို့ မင်းကို ငါပေးလိုက်မယ်"
လုရွှမ် ခေါင်းကို ခါယမ်းလိုက်သည်။ ဧကရာဇိလက်နက်သုံးမျိုး ကြုံသလို ထုတ်ယူကာ ပေးလိုက်ရင်း သူက ရယ်မောပြီး ထွက်ခွာဖို့ အသင့်ဖြစ်နေပါပြီ။
"ခဏစောင့် ဟမ့်... ဧကရာဇ်လက်နက်လေး ထုတ်လိုက်ရုံနဲ့ မင်း ငါတို့ကို ဖယ်ရှားနိုင်မယ်လို့ ထင်နေတာလား.... အနီရောင် သလင်းကျောက်ကို လွှဲပေးမှာလား မလွှဲပေးဘူးလား"
မျှော်စင်နယ်ပယ်က လူက အော်ဟစ်သော်လည်း လုရွှမ် ပေးလာသော ဧကရာဇ်လက်နက်ကိုလည်း တင်းကျပ်စွာ ဆုပ်ကိုင်ထားသေးသည်။