← Chapters

ခိုးထွက်လာတဲ့ သတို့သမီး

Vol. 110 Ch. 4.1163

ခိုးထွက်လာတဲ့ သတို့သမီး

Vol. 110 Ch. 4.1163

လုရွှမ် ခေတ္တရပ်ပြီး မြေပြင်ပေါ်သို့ ဆင်းလိုက်သည်။

"မင်းတို့ မနောက်နေတာ သေချာလား"

"ဟမ့် မင်းကို ဘယ်သူက နောက်နေမှာလဲ?"

"ဟားဟားဟား"

ရယ်သံကြောင့် လုရွှမ် လှည့်၍ ကြည့်လိုက်သောအခါ နူးညံ့သိမ်မွေ့သော အသွင်အပြင်နှင့် သူ့ဝမ်းဗိုက်ကို ကိုင်ကာ အားပါးတရ ရယ်မောနေသော လူတစ်ယောက်ကို တွေ့လိုက်ရ​လေသည်။

"ရယ်စရာကောင်းလိုက်တာ အိုး... နှစ်တိုင်း ထူးဆန်းတာတွေ ရှိပေမယ့် ဒီနှစ်တော့ အများကြီးပဲနော်"

လူသုံးယောက် ဒေါသတကြီးဖြင့် မျက်နှာတွေက မည်းမှောင်နေတော့သည်။ ရယ်မောနေသူက သူတို့ သုံးယောက်ကို လှောင်ပြောင်နေတာ အထင်အရှားပင်။

မျှော်စင်နယ်ပယ်: "ကောင်လေး... ဒီကိုလာခဲ့ မင်းသေမင်းကိုရှာနေတာလား"

လုရွှမ်လည်း ထိုလူကို အမှတ်တမဲ့ မြင်ဖူးပြီး သူမသည် အသက်မပြည့်သေးသူလို ငယ်ရွယ်ကာ နတ်မီးနယ်ပယ်တွင် ရှိနေသည်။ ဒါပေမဲ့ သူမရဲ့ စွမ်းရည်က တော်တော်လေး ကောင်းမွန်ပြီး သူမရဲ့ လှုပ်ရှားမှုတွေကလည်း သွက်လက်လှ၏။

"ဟမ့် မင်း လူမိုက်သုံးယောက်... သူများက ဧကရာဇ်လက်နက်တွေကို စွန့်ပစ်လိုက်ရုံနဲ့ မကောင်းဘူးလို့ ထင်နေလား... သူက မင်းတို့ကို ကြောက်လိမ့်မယ်လို့ ထင်လား...ဧကရာဇ်လက်နက် ရထားတာတောင် မင်းတို့က တခြားသူတွေကို ခြိမ်းခြောက်နေတုန်းပဲ တကယ့် ငတုံးတွေ!"

"မင်းတို့နှစ်ကောင် သူ့ကို သတ်ပစ်လိုက်!"

ဝှစ်!

အနက်ရောင် အရိပ်နှစ်ခု ကွဲထွက်ကာ ပြေးဝင်သွား၏။ သို့သော် တစ်ခဏအတွင်းမှာပဲ လူနှစ်ယောက်ရဲ့ ဦးခေါင်းက လေးထောင့်ကျကျ ရိုက်မိပြီး နှစ်ယောက်စလုံး အော်ဟစ်ကာ ခေါင်းများ ပွန်းပဲ့ကာ သွေးထွက်သံယိုများ ဖြစ်သွားခဲ့သည်။

"အရူး... ဒီလို ကျွမ်းကျင်မှုမျိုးနဲ့များ အပြင်ထွက်ပြီး တခြားသူတွေကို လုယက်ဖို့ သတ္တိရှိနေတယ်ပေါ့လေ... တကယ်ကို စိတ်ပျက်စရာကောင်းတယ်"

"ဟေး ကျွန်မ သူတို့ကို တွန်းလှန်ဖို့ ကူညီပေးခဲ့တယ်နော်... ရှင်ကျွန်မကို အရက်တိုက်သင့်တယ်မလား?"

ကလေးမလေးက အရမ်းစိတ်လှုပ်ရှားနေပုံပေါ်၏။ လုရွှမ်လည်း အနည်းငယ် ပြုံးလိုက်ပြီး။

"အိုး မင်းက သောက်ချင်တာလား... ဟုတ်ပြီ ငါ မင်းကို အရက်တိုက်သင့်တဲ့ အကြောင်းပြချက် ပေးပါလား"

ကလေးမလေးက မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားပြီး ပြုံးလေသည်။

"တစ်ယောက်နဲ့တစ်ယောက် ဆုံရတာက ကျွန်မတို့ အတူတူနေဖို့ ရည်မှန်းထားတာပဲ... တစ်ကိုယ်တည်းနေရတာ အထီးကျန်တယ် အတူတူသောက်ပြီး သူငယ်ချင်းဖွဲ့ရအောင် ဘယ်လိုလဲ?"

လုရွှမ် ကျယ်လောင်စွာ ရယ်ချလိုက်မိသည်။ သူမသည် သူနှင့် ယွီချုံး ပြောခဲ့သော စကားများကို လုံးလုံး အတုခိုးကာ ပြောနေခြင်းပဲ ဖြစ်ပေသည်။ ဒါ​ပေမဲ့ ဒီအခိုက်​အတန့်မှာတော့ လုရွှမ်လည်း နားမလည်​နိုင်​တဲ့ ​ပျော်​ရွှင်​မှု​တွေကို ခံစားလိုက်​ရ၏။

"ကောင်းပြီလေ... သွားကြရအောင်"

မြေကြီးပေါ်ရှိ မျှော်စင်နယ်ပယ်က ဒေါသတကြီးဖြင့် အော်ဟစ်နေလေသည်။

"မင်းမှာ သတ္တိရှိရင် ထွက်မသွားနဲ့!"

ထို့နောက် ဧကရာဇ်လက်နက်ကို ကိုင်ပြီး အမြန်လှည့်ထွက်ပြေးတော့သည်။ ကြည့်နေတဲ့ လုရွှမ်တို့နှစ်ယောက်က ပိုလို့တောင် ရယ်မောသွားကြသည်။

မိန်းကလေး: "ဝိုင်ပိုမွှေးပေမယ့် ဈေးနည်းနည်း ပို​​ကြီးတဲ့ စားသောက်ဆိုင် တစ်ဆိုင်ရှိတယ်....တစ်အိုးဆိုရင် အနီရောင်သလင်းခဲ ငါးသိန်းဆိုရင် ဘယ်လိုလဲ"

လုရွှမ်ရ ပြုံးပြီး: "ငွေဆိုတာ ပြင်ပပိုင်ဆိုင်မှုတစ်ခုပဲ... ပစ္စုပ္ပန်ကို နှစ်သက်တာကသာ ပျော်ရွှင်မှုတစ်ခုလေ... လမ်းပြပါဦး"

"ကောင်းပြီ ရှင်က အရမ်းကြီး ချမ်းသာတာပဲ"

သူမ၏ ဦးဆောင်မှုအောက်တွင် နှစ်ယောက်သား စားသောက်ဆိုင် တစ်ခုသို့ ရောက်လာကြသည်။

စွေရှန်းမျှော်စင်။ (မွှေးကြိုင်သောနှုတ်ခမ်း)

ဒီနာမည်က တော်တော်လေး ဆွဲဆောင်မှုရှိလေသည်။ အထဲမှ စားပွဲထိုးက သူတို့နှစ်ယောက်ကို တလေးတစား နှုတ်ဆက်သည်။ စားသောက်ဆိုင်ထဲမှာ ကျင့်ကြံသူတွေလည်း ဝိုင်းဖွဲ့နေကာ သေသေချာချာ မြည်းစမ်းကြည့်​နေတာ ​တွေ့ရတော့ မျက်လုံးတွေက တောက်ပလာ၏။ တကယ်ကို ကောင်းတဲ့ သေရည်ပဲ ဖြစ်မည်။

"ဒီမှာ စည်းကမ်းချက်က သေရည်ကို အပြင် ယူဆောင်သွားခွင့် မရှိဘူး... သောက်ရင်တောင် ဒီမှာပဲ သောက်နိုင်တယ် တစ်ကြိမ်မှာ တစ်ခွက်ပဲ သောက်လို့ရတယ်"

လုရွှမ် ပို၍ပင် စူးစမ်းလိုစိတ်ရှိသော်လည်း သူတွေးလိုက်မိသော ထူးဆန်းသည့် အရာများနှင့် စည်းမျဥ်းများစွာသည် နက်နဲသောအရာကို နှစ်ဆတိုးစေသည်။ မဟုတ်ရင် သေရည်ကို ယူဆောင်သွားလို့ အပြင်မှာ တကယ်သေသွားရင် တခြားသူတွေကို အပြစ်တင်လို့ မရပါဘူး။

"မင်းကို ကြည့်​​ရတာ ဒီ​သေရည်ကို ​အရမ်းသောက်​​ချင်နေပုံပဲ"

ကောင်မလေး: “ဟုတ်တယ်... အဖေက ဒီကို လာခွင့်မပြုဘူး.... ဘယ်လိုမိန်းကလေးမျိုးက သေရည်ကို အစွဲအလမ်းကြီးသလို သောက်လို့လဲတဲ့..ဒါပေမယ့် ကျွန်မ ဒီကို ခိုးထွက်တိုင်း တစ်ကြိမ်တော့ လာသောက်တယ်"

လုရွှမ် အနည်းငယ် ရယ်စရာကောင်းသည်ဟုပင် ခံစားမိသည်။ ထင်ရှားသည်မှာ ဤမိန်းကလေးမှာ နောက်ခံကောင်းရှိရမည်။ ယခုမူ သူမသည် သူမ၏ အမှတ်အသားကို မဖော်ပြလိုသောကြောင့် သူမပါးပြင်များကို နက်မှောင်အောင် တမင် ခြယ်သထားခဲ့တာ ဖြစ်ပေမည်။

လုရွှမ်လည်း ဒီကလေးမလေး၏ အမည်ကို မမေးသင့်ကြောင်း နားလည်တာမို့ သေရည်သောက်ဖို့ပဲ အမူအရာပြလိုက်သည်။

"သုံးဆောင်ပါ!"

"ရှင်ရောပဲ!"

ကလေးမလေးက သေရည်ခွက်ကို ကောက်ယူပြီး တစ်ကျိုက်တည်း ​မော့သောက်ပစ်လိုက်ပုံမှာ ဘယ်လောက်တောင် အောင့်အီးထားရလဲမသိ။

“ဒီလိုသောက်တာက အကောင်းဆုံးနည်းလို့ အစ်မက ပြောဖူးတယ်”

သူမက ပြောပြီး ပါးစပ်ကို အမြန်ပိတ်ကာ ချစ်စဖွယ်လေး ပြုံးပြကာ ရယ်မောလိုက်သည်။

လုရွှမ်လည်း တစ်ကျိုက်တည်း သောက်လိုက်သည်။ သူ့လည်ချောင်းထဲသို့ အအေးဓာတ်က ပေါက်ကွဲသွားသလိုမျိုး ဝင်ရောက်လာပြီး တစ်ကိုယ်လုံးကို ချက်ချင်း ပျံ့နှံ့သွားသည်။ မွှေးရနံ့က ဆဲလ်တိုင်းကို စိမ့်ဝင်စေပြီး လူကိုလည်း စိတ်ချမ်းသာစေ၏။

လုရွှမ်: "ကောင်းလိုက်တဲ့ သေရည်ပဲ!... ဟုတ်တယ် အရမ်းပြင်းတယ်"

ယွမ်ယန်စွမ်းအင်သည် အလိုအလျောက် အသက်ဝင်လာပြီးနောက် အရက်နံ့ ပြေသွားသည်။ ပြင်းပြသော ရနံ့သည် သူ့နှလုံးသားကို လွှမ်းခြုံနေဆဲဖြစ်ပြီး ပျင်းရိချင်လာသလို သက်တောင့်သက်သာလည်း ရှိစေသည်။

ကောင်မလေးကို ကြည့်လိုက်တော့ သူမက သေရည်ကို အရမ်းကြောက်စရာ ကောင်းတယ်လို့ မထင်သည့်နှယ် ပါးပြင်တွေက နီမြန်းနေသော်လည်း လက်ရှိနေရာကိုတောင် ဂရုမစိုက်ဘဲ ခြေထောက်တွေကို ကွေးကာ ကျင့်ကြံဖို့ အလျင်စလို လုပ်တော့သည်။

လုရွှမ်လည်း သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး အခင်းအကျင်း ကန့်သတ်ချက် တစ်ခုဖြင့် သူမကို ကာကွယ်ပေးထားခဲ့သည်။

မျှော်စင်နယ်ပယ် အဆင့်သည် အလွန်မြင့်မားနေပြီ ဖြစ်ပြီးကျွမ်းကျင်မှုကို လေ့ကျင့်နေစဉ်တွင် အခြားသူများ၏ စိတ်အနှောင့်အယှက် ဝင်လာပါက ရူးသွပ်သွားသလို သေဆုံးနိုင်သည်။ သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရသွားမည် ဖြစ်သည်။

နာရီဝက်လောက်ကြာတော့ ကလေးမလေးက အရက်၏ မွှေးရနံ့များကို ဖယ်လိုက်သည်။ လုရွှမ် အခင်းအကျင်းကို ဖယ်ရှားလိုက်ကာ သူမသည်လည်း မတ်တပ်ထရပ်ရင်း အဖြူရောင်သွားများ ပေါ်လာတဲ့အထိ ရယ်ပြသလိုက်သည်။

"မင်းဒီလောက် လှနေတာကို ဘာလို့ အနက်ရောင်တွေ လိမ်း​ခြယ်ထား​တာလဲ..."

အရက်ရဲ့ ရေငွေ့တွေ တိမ်တွေက အနက်ရောင်တွေကို ဖယ်ရှားလိုက်ရာ သူမရဲ့ မျက်နှာပေါ်က ဖုံးကွယ်ထားတဲ့ မျက်နှာဟာ တိုင်းပြည်တစ်ခုလုံးက အလှပဂေးလို့ လှပနေခဲ့တသည်။ ဖြူစင်တဲ့ အထိအတွေ့နဲ့ သူ့မျက်လုံးတွေက ကြယ်လေးတွေလို တောက်ပကာ ချစ်စရာကောင်းလွန်း၏။

ထိုအခိုက် ကလေးမလေးက အော်ဟစ်ပြီး သူ့ပါးကို အမြန်ဖုံးလိုက်သည်။ သူမသည် သူခိုးတစ်ယောက် လူအိလို လှည့်ပတ်ကြည့်ရင်း သူ့အသံဖြင့် အရိပ်အမြွက်ပြကာ ပြောသည်။

"မြန်မြန် ထွက်သွားရအောင် မဟုတ်ရင် ကျွန်မ အဖေက မကြာခင် လာဖမ်းလိမ့်မယ်"

လုရွှမ်က ခေါင်းခါလိုက်ပြီး "ဒါဆို မင်းသွား... ငါ ဆက်သောက်မယ်"

"မဟုတ်ဘူး... ကျွန်မ လက်ထပ်ရတော့မှာ တစ်ယောက်ယောက်က တခြားယောက်ျားနဲ့ ကျွန်မကို တွေ့ရင် ကျွန်မအဖေက ရှင့်ကို သတ်ပစ်လိမ့်မယ်... ငါ့ညီမတွေနဲ့ ယောက္ခမ​လောင်းတွေကလည်း ရှင့်ကို ရိုက်လိမ့်မယ်... ရှငိ သူတို့နဲ့ လုံးဝကို မယှဉ်နိုင်ဘူး"

လုရွှမ်က နောက်တစ်ခွက် သောက်ပြီး သဘောကျစွာ သက်ပြင်းချလိုက်သည်။

"ဒါက ယုတ္တိမတန်ဘူး မဟုတ်လား? ဧကန္တ လူတိုင်းက စောင့်ကြည့်နေကြတာလား"

ကောင်မလေးက လုရွှမ်ကို ဒေါသတကြီး စိုက်ကြည့်ရင်း အော်လေ၏။

"ဘယ်လို သစ်သားခေါင်းကြီးလဲ? သူတို့ထဲက ဘယ်သူက စည်းကမ်းတွေ လိုက်နာမယ် ထင်သလဲ... အထူးသဖြင့် ကျွန်မနဲ့ စေ့စပ်ထားသူ တုံးထန်းဂိုဏ်းက ဂိုဏ်းချုပ်လေး...သူကရော ဒီက စည်းကမ်းတွေကို လိုက်နာမယ် ထင်လား"

လုရွှမ်က အရက်သောက်ရင်း ခေတ္တရပ်လိုက်ပြီး။

"တုံးထန်းလူငယ်ဂိုဏ်းခေါင်းဆောင်နဲ့လား... မင်းရဲ့မျိုးနာမည်က ရှဲ့ မဟုတ်လား"

"ကျွန်မနာမည်က ရှဲ့ဖေးဖေးပါ... မိသားစုထဲက လူတိုင်းက ကျွန်မကို ညီမ၇ လို့ခေါ်တယ်...ရှဲ့မိသားစုက လူတွေသာ ဒီအချိန်လက်ထပ်တော့မယ့် လူက ရှင်နဲ့ ရှိနေတာတွေ့ရင် ပြဿနာ တက်လိမ့်မယ်... မြန်မြန် ထွက်မသွားသေးဘူးလား?"

သူမက စိုးရိမ်တကြီး ကြည့်သော်လည်း လုရွှမ်က အချိန်ကို ယူနေဆဲ။

"မင်းသွားရင်တော့ ကောင်းပါတယ် ငါလည်း သွားရမယ်ဆိုရင်တော့ မတူတဲ့ လမ်းကြောင်းတစ်ခုနဲ့ သွားရင် ဘာဖြစ်သွားမယ် ထင်လဲ? ငါတို့ ခိုးရာလိုက်ပြေးနေတယ် ဆိုကြီး လူတွေက နားလည်မှု လွဲကြလိမ့်မယ်"

လုရွှမ် ပြုံးလိုက်သည်။ သို့သော် ရှဲ့ဖေးဖေးကတော့ အလွန်စိုးရိမ်သဖြင့် ​သေရည်ပုလင်းကို လုယူလိုက်ပြီး လုရွှမ်ကို ဆွဲကာ ပြတင်းပေါက်မှ ခုန်ချလိုက်​တော့သည်။

"ဖေးဖေး?"

"အာ... တတိယအစ်မ!"

လုရွှမ်လည်း ဝိုင်သောက်ပြီး အနည်းငယ် မူးနေသဖြင့် ရှဲ့ဖေးဖေးရဲ့ ကျောပြင်ပေါ် လဲလျောင်းလုနီးပါး ဖြစ်နေသည်။ သူ့ရှေ့တွင် အံ့မခန်း လှပသော အမျိုးသမီးတစ်ဦးက သူတို့နှစ်ယောက်ကို စိုက်ကြည့်နေသည်။

"ဟေး... ဖေးဖေး ဒီမိန်းကလေးက မင်းနဲ့တူတယ်နော်!"

ရှဲ့ဖေးဖေး ငိုမိတော့မည်။

All Chapters