သခင်လေးရှောင်းရောင်
Vol. 110 Ch. 4.1165
ကျင့်ကြံသူက ပျံသန်းလာပြီး လက်ဖဝါးကို စုပ်ယူလိုက်သော်လည်း ဓားရှည်ကို ရှဲ့ဖေးဖေးက တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
"ဟမ့် ခွေးမ!"
ထိုလူက ကြမ်းကြမ်းတမ်းတမ်း ဟစ်အော်ရင်း သူ့ဓားကို ဆွဲထုတ်လိုက်ပြီး ရှဲ့ဖေးဖေးရဲ့ ဦးခေါင်းကို ဖြတ်ထုတ်ပစ်လိုက်ဖို့ တိုက်ရိုက် လွှဲချလိုက်လေသည်။ သို့သော်လည်း လုရွှမ်နဲ့ ရှဲ့ဖေးဖေးတို့သည် ရုတ်တရက် ဘေးသို့ ခုန်ထွက်သွားလေရာ ရောက်လာသူလည်း ထိတ်လန့်သွားရသည်။
သူ မျက်လုံးကို မော့ကြည့်လိုက်တော့ လုရွှမ်သည် သူ့မျက်နှာကို လှောင်ပြောင်နေတဲ့ အကြည့်နဲ့ ကြည့်နေကာ ရှဲ့ဖေးဖေးလက်ထဲက ဓားရှည်ကြီးဟာလည်း လုရွှမ်လက်ထဲကို ရောက်သွားလေပြီ။
"နောက်ဆုံးတော့ မင်းကိုယ်တိုင် ထွက်လာဖို့ ဆန္ဒရှိပြီပေါ့လေ"
"ငါဒီမှာရှိနေတာကို မင်းသိထားပြီးပြီကိုး? မင်းဒီနတ်ဓားကို တစ်ချိန်လုံး ထိန်းချုပ်နေခဲ့တာပေါ့လေ... ငါက သူမရဲ့ ကျွမ်းကျင်မှုနဲ့ ဒီလိုဓားစွမ်းအင်ကို ဘယ်လိုလုပ် ပစ်ထုတ်နိုင်မှာလဲလို့ တွေးနေတာ... နတ်ဓားက အစွမ်းထက်ပေမယ့် အဲဒီ့ကိုယ်ပိုင် အုပ်ချုပ်ခွင့် အဆင့်ကို မရောက်သေးဘူး... အဲဒါက မင်းထိန်းချုပ်နေလို့ပဲ..."
ထိုလူက ဓားရှည်တစ်ချောင်းကို ဝေ့ယမ်း၍ လုရွှမ်အား သတ်ပစ်ရန် ရည်ရွယ်ချက်ဖြင့် အော်ဟစ်လိုက်သည်။ လုရွှမ်သည် သူ့ခန္ဓာကိုယ်က ဖဲကြိုးကို ဖြည်ရင်း ရှဲ့ဖေးဖေးပခုံးကို လက်ဖဝါးဖြင့် ပုတ်လိုက်ရာ ရှဲ့ဖေးဖေးလည်း လန့်နိုးလာသည်။
လုရွှမ်ကို မြင်တော့ သူမက ချက်ချင်း မျက်ရည်ကျလာ၏။
"ငါတို့သေပြီလား"
လုရွှမ် ချောင်းဆိုးလိုက်ပြီး "သေတဲ့လူတွေက မျက်ရည်မကျဘူး!"
ရှဲ့ဖေးဖေး သူမမျက်လုံးတွေကို ပွတ်သပ်ရင်း ဝမ်းသာအားရ ခုန်ထလိုက်သည်။
"ငါမသေသေးဘူး ဟား ဟားဟား.... ဟေး ငါမမူးဘူးလား ဘာလို့ အခုမှ မမူးတော့တာလဲ "
"ဟမ့် ခွေးမလေး နင့်ရဲ့ ပျော်ရွှင်မှုက ပြီးပြီလား"
လူငယ်က ဒေါသတကြီး အော်လိုက်သည်။
ရှဲ့ဖေးဖေး လှည့်ကြည့်လိုက်ပြီး "နင်က ဘယ်သူလဲ"
လုရွှမ် တခစ်ခစ်ရယ်ပြီး။
"ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင် ဒီလူက မင်းရဲ့စေ့စပ်ထားသူ သခင်လေးရှောင်းရောင် ဖြစ်နိုင်တယ်"
"အား!" ရှဲ့ဖေးဖေး အော်ဟစ်ပြီး သူမ၏မျက်နှာသည် ရှက်ရွံ့စွာဖြင့် နီရဲလာသည်။
လုရွှမ်: "စိတ်မပူပါနဲ့ မင်းအပြစ်လို့လည်း မထင်လိုက်ပါနဲ့ ဒီလူက လူကောင်းမဟုတ်ဘူး မင်းအခုပဲ ရှင်းရှင်းလင်းလင်း မြင်နေရပြီမလား... နောင်အနာဂတ်မှာ ဝမ်းနည်းစရာတွေကို ရှောင်ရှားဖို့ ဒါက သင်ခန်းစာပဲ"
ရှဲ့ဖေးဖေး အံ့အားသင့်သွားပြီး လုရွှမ်ကို သံသယစိတ်ဖြင့် စိုက်ကြည့်နေလိုက်သည်။
"သူရောက်နေတာကြာပြီ ဒါပေမဲ့ သူဘေးမှာ ပုန်းနေခဲ့တယ်... သူငါ့လက်ထဲက နတ်ဓားကို စိတ်ကူးယဉ်ထားတာ သေချာတယ် ဒါကြောင့် ဟိုကောင်ကို သတ်ပစ်လိုက်တာ"
လုရွှမ် သူ့လက်ညှိုးကို ညွှန်ပြရာသို့ ကြည့်လိုက်သောအခါ ရှဲ့ဖေးဖေး ချက်ချင်းပင် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ ထိတ်လန့်သွား၏။ ထိုလူရဲ့ မျက်လုံးတွေက အဝေးကို စိုက်ကြည့်နေတုန်းပဲ။ အဲ့အဝေးက ထောင့်ကလည်း သခင်လေးရှောင်းရောင် ပုန်းနေတဲ့ နေရာဆိုတာ သိသာပေသည်။
"ဘာလို့လဲ?"
ရှဲ့ဖေးဖေး ဒေါသတကြီး အော်လိုက်သည်။
"ဘာလို့လဲ ဟုတ်လား... ခွေးမ မင်းက ဖောက်ပြန်ပြီး သူနဲ့ တိတ်တိတ်လေး တွေ့နေတာ ရွံရှာစရာကောင်းတယ်... မင်းကို အခုချက်ချင်း သတ်ပစ်ဖို့ မစောင့်နိုင်တော့ဘူး!"
"ရှင်.... သူကအဲ့လိုမဟုတ်ဘူး သူက ကျွန်မသူငယ်ချင်း ကျွန်မတို့က သေရည်အတူ သောက်လိုက်ရုံပဲ... ကျွန်မရဲ့ အပြစ်ကင်းစင်မှုကို မစော်ကားပါနဲ့!"
ရှဲ့ဖေးဖေးသည် မျက်လုံးနီရဲရဲနဲ့ ကျယ်လောင်စွာ ငြင်းခုံခဲ့နေသည်။ သခင်လေးရှောင်းရောင်က ရယ်မောလိုက်ပြီး။
"မင်းတို့ တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်နေကြတာ မင်းကို အိမ်ထောင်ရေး ဖောက်ပြန်သူလို့ မခေါ်ရဘူးလား..."
သူ့မျက်နှာက ချောမောသော်လည်း ရက်စက်ကြမ်းကြုတ်နေပုံရသည်။ ရှဲ့ဖေးဖေး ငိုချလိုက်ပေ၏။
"ရှင် ရှင် လျှောက်မပြောနဲ့!"
လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ဖေးဖေး... သူ့စကားနားမထောင်နဲ့ သူပြောတာက အဓိပ္ပာယ်မရှိတဲ့ စကားတွေ... ဒီလိုလူအတွက် ဝမ်းနည်းနေစရာ မလိုပါဘူး သူ့သဘောသဘာဝကို ရှင်းရှင်းလင်းလင်း မြင်ရပြီးပဲ နောက်အနာဂတ်မှာ မင်း လူကောင်းတစ်ယောက်ကို တွေ့ရမှာပါ...."
"ဟားဟား သူက အနာဂတ်ကို လိုချင်တုန်းပဲပေါ့လေ... မင်းက ငါ့နောက်က လူတွေကို ခိုးဖို့ သတ္တိရှိတယ်လေ မင်းတို့အားလုံး သေသင့်တယ်"
သခင်လေးရှောင်းရောင်က သူတို့ကြားက လေထုကို ဓားစွမ်းအင်ဖြင့် ဖြိုခွင်းပစ်လိုက်သည်။ လုရွှမ်နားထဲတွင် ရုတ်တရတ် လှုပ်ရှားမှုတစ်ခုကို ကြားလိုက်ရတာကြောင့် ရှဲ့ဖေးဖေးကို ဆွဲကာ ကောင်းကင်သို့ တက်လာခဲ့သည်။
"မင်းရဲ့ညီအစ်မနဲ့ တခြားသူတွေ ရောက်လာသင့်ပြီ"
လုရွှမ် ပြန်ကြည့်လိုက်တော့ လူတစ်စု စုရုံးလာကြသည်။ လှိုင်းလုံးကြီးကြီးတစ်ခု သူတို့ဆီသို့ ရောက်လာပြီး နှစ်ယောက်လုံးကို သတ်ပစ်တော့မလိုပင်။
"မဟုတ်လည်း ကျွန်မကို ထားခဲ့လိုက်ပါ... သူတို့က ရှင့်ကို မြေကြီးစွန်းအထိ လိုက်ဖမ်းလိမ့်မယ်"
သူမအသံမှာ အေးစက်နေပြီး သူမ၏ မျက်နှာသည် မျှော်လင့်ချက်ကင်းမဲ့သော ခံစားချက်များဖြင့် ပြည့်နေသည်။
"အရင်က အန္တရာယ်ကြုံတုန်းက မင်းငါ့ကို မစွန့်လွှတ်ခဲ့ဘူး... မင်းကိုလည်း ငါ မထားခဲ့ပါဘူး.. သောင်းနဲ့ချီတဲ့ စစ်သားတွေရှိရင်တောင် စိတ်မပူပါနဲ့ ငါတကယ်ကို အလေးအနက် မထားဘူး"
ရှဲ့ဖေးဖေးလက်ကို ကိုင်ထားပြီး လုရွှမ် ချီထျန်းပုကို သုံးလိုက်သည်။ တတိယအဆင့်ထိ ဆက်လက် လုပ်ဆောင်ရန် နည်းစနစ်များ မရှိသေးသော်လည်း နေ့စဉ်နှင့်အမျှ မတူညီသော ထိုးထွင်းသိမြင်မှုများ ရှိနေပြီး သဘာဝအတိုင်း ပြုလုပ်ထားသော ချီထျန်းပုက ပိုမိုကျွမ်းကျင်လာပြီး ပိုမိုမြန်ဆန်လာသည်။
နောက်တွင် ရှဲ့ဖေးဖေး၏ ညီအစ်မခြောက်ယောက်နှင့် ခဲအိုခြောက်ယောက် အပြင် အခြားယောက်ျားနှင့်မိန်းမ အုပ်စုတစ်စု ရှိကြပါ၏။ ၎င်းတို့အားလုံးသည် သူမ၏ မင်္ဂလာပွဲကို ကျင်းပရန် တုံးထန်းဂိုဏ်းက အမာခံတပည့်များလည်း ပါဝင်သည်။
"အဲဒီလူက တကယ့်ကို အတင့်ရဲနေတာပဲ.... သူက ငါတို့ရဲ့ သတ္တမမြောက် ညီမကို လုယူရဲတယ်.... ငါတို့ သူ့ကို ဖမ်းပြီး အပိုင်းပိုင်း ဖြတ်ပစ်ရမယ်"
သခင်လေးရှောင်းရောင်ကလည်း လူအုပ်ကြီး၏ နောက်သို့ လိုက်သွား၏။ သူ့မျက်နှာတွင် မှုန်ကုပ်ကုပ် ဖြစ်နေကာ လူတိုင်းက သူ့ကို အသံတိုးတိုးဖြင့် နှစ်သိမ့်ကြသည်။ သူသည်လည်း ငတုံး မဟုတ်သောကြောင့် သဘာဝအတိုင်း နှစ်ယောက်လုံးက ရည်းစားထားသည်ဟု မပြောဘဲ လုရွှမ်က စေ့စပ်ထားသူကို လုယူသွားကြောင်းသာ သဘာဝအတိုင်း ပြောပြလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ဂိုဏ်းမှ တပည့်များက ဦးဆောင်ကာ ကျန်သူများမှာ နောက်ကျကျန်နေပါသည်။ ဒါပေမဲ့ သူတို့ကို စိတ်ပျက်သွားစေပြီး ပိုလို့တောင် မယုံနိုင်စရာကောင်းတာက သူခိုးက သူ့ညီမနဲ့အတူ အမြန်ပြေးနိုင်ခဲ့ပြီး အဝေးကို ထွက်သွားခဲ့တာပါပဲ။
"ယောက်ျား... အဲဒီခြေလှမ်းကို ကြည့်လိုက် ဒါဟာ တကယ့်ကို ထူးဆန်းပြီး မှော်ဆန်တယ်.... မဟာဂိုဏ်းချုပ်ရဲ့ လှည့်စားတဲ့ခြေလှမ်းနဲ့ ခပ်ဆင်ဆင်တူတယ်လို့ ကျွန်မထင်တယ်... ခန္ဓာကိုယ်ပုံစံက ဖရိုဖရဲနဲ့ တစ်ခါတလေ ရှေ့၊ နောက်မှာ ရုပ်ပုံတွေကို ဆွဲဆန့်ထားသလိုပဲ ယောကျ်ားရော မထင်ဘူးလား”
ရှဲ့မိသားစု အစ်မအကြီးဆုံး၏ ခင်ပွန်း ရန်ဟုန်သည် ဟွမ့်သွမ့်မဟာဂိုဏ်း၏ အဓိကတပည့်တစ်ဦးဖြစ်ပြီး ဇနီးသည်၏ လေးနက်သောအသိပညာကို ကောင်းစွာ သိရှိထားတာကြောင့် သူက ခဏ စဥ်းစားလိုက်သည်။
တခြားလူများက ချီထျန်းပုက အလွန်အစွမ်းထက်သည်။
ဤညီငယ်များ၊ ညီမများနှင့် ယောက္ခမများသည် ကောင်းကင်ဘုံဂူမှ ကျင့်ကြံသူများသာဖြစ်ကြောင်း ရန်ဟုန် သိထားပြီး သူတို့နယ်မြေက အသိပညာဟာ မလုံလောက်သေးကြောင်း သူမက ရှင်းပြသည်။ နောက်ဆုံးတော့ ဒီအရှိန်နဲ့ အဘိုးကြီးချီထျန်း လမ်းလျှောက်နေရင်တော့ ဘယ်သူမှ သူ့ကို ဖမ်းလို့မရပါဘူး"
“မှတ်တမ်းတွေအရတော့ သူက အရင်ခေတ်က နှစ်တွေမှာ သန့်ရှင်းသောနယ်မြေက နတ်သမီးတစ်ယောက်ကို ချစ်မိခဲ့ပေမယ့် အဲ့နတ်သမီးရဲ့ ကြံစည်မှုနဲ့ သေဆုံးသွားခဲ့တယ်တဲ့... ချီထျန်းပု အဆင့်က အကြိမ်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့ပေမယ့် ဒီကောင်လေးဆီမှာ ပေါ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး"
"အစ်မ... အဘိုးကြီးချီထျန်း ဆိုတဲ့ ဒီနာမည်က အရမ်းလွှမ်းမိုးမှု ရှိတယ်နော်... ဒီခြေရာကို အဲဒီအဘိုးကြီးရဲ့ နာမည်ပေးခဲ့တာလား"
"မဟုတ်ဘူး အဘိုးအိုက ချီထျန်းပု အဆင့်ကို တစ်နေရာက ရတယ်လို့ တစ်ခါက ပြောဖူးတယ်.... ကျင့်ပြီးတော့မှ သူ့ကိုယ်သူ အဘိုးကြီးချီထျန်းလို့ ခေါ်တယ်... ချီထျန်းပုက လူသားကျင့်ကြံသူတွေထဲမှာ ထိပ်တန်းက အဆင့်၃အထိပဲ ရှိတယ်လို့ ကောလဟာလတွေ ရှိတယ်"
"လူသားမျိုးနွယ် တစ်ခုလုံးလား?"
ရှဲ့မိသားစု၏ အစ်မအကြီးဆုံးက လျစ်လျူရှုပြီး ခေါင်းယမ်းသည်။ နောက်ဆုံးတွင် လူအုပ်စုက ရပ်တန့်လိုက်ပြီး လုရွှမ်ရဲ့ ချီထျန်းပု စွမ်းရည်ကိုကြည့်ကာ သက်ပြင်းသာ ချနိုင်ကြတော့သည်။
"ပြန်သွားပြီး ဖေဖေ့ကို ပြောလိုက်ပါ!"
"ကျွန်တော် လိုက်သွားပါမယ်"
သခင်လေးရှောင်းရောင်က ရုတ်တရက် ဝင်ပြောလိုက်၏။ သူ့အသံက အေးစက်နေကာ လုရွှမ်တို့နောက်ကို တစ်ယောက်တည်း လိုက်သွားခဲ့လေသည်။