← Chapters

မြို့တံခါးမှ အလျင်အမြန် ထွက်

Vol. 110 Ch. 4.1167

မြို့တံခါးမှ အလျင်အမြန် ထွက်

Vol. 110 Ch. 4.1167

"အင်း!"

ရှဲ့ဖေးဖေး သူမမျက်​ရည်​​တွေကို သုတ်​ပြီး ​ခေါင်းညိတ်​လိုက်​သည်​။

"မင်းရဲ့ အရည်အချင်းက အရမ်းကောင်းတယ်... မင်းမိသားစုရဲ့ စီစဉ်မှုကို မင်းဘာလို့ လက်ခံပြီး သဘောတူညီခဲ့တာလဲ... မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲချင်ရင် အိမ်ထောင်ပြုမယ့်အစား မင်းကိုယ်မင်း အားကိုးလို့ရတယ်"

ရှဲ့ဖေးဖေး ခေါင်းညိတ်ပြီး လက်သီးတွေကို ဆုပ်ထားလိုက်သည်။ မျက်လုံးထဲက ဝမ်းနည်းမှုတွေ ပျောက်ကွယ်သွားပြီး ဉာဏ်ပညာထက်မြတ်သော အရိပ်အမြွက် ထွက်ပေါ်လာ၏။

"ကောင်းပြီ.... သွားကြရအောင် မင်းမိသားစုက မကြာခင် လိုက်လာမှာ သေချာတယ်"

လုရွှမ် စကားပြီးသောအခါတွင် ရှဲ့ဖေးဖေး လက်ကို ဆွဲယူ ဆုပ်ကိုင်လိုက်သည်။ ရှဲ့ဖေးဖေး၏ အံ့အားသင့်နေသော မျက်လုံးများ​​အောက်တွင် အကာအကွယ် အခင်းအကျင်း ပုံစံထဲသို့ အနည်းငယ် ပေါင်းစပ်သွားလေသည်။

လူနှစ်ဦးသည် တခြားလူများကို အနှောက်အယှက်ဖြစ်စေခြင်း သို့မဟုတ် ရုန်းရင်းဆန်ခတ် ဖြစ်စေခြင်းမရှိဘဲ အခင်းအကျင်း တည်ဆောက်မှုမှ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။ သူသည် ဝါးဦးထုပ်ကို ထုတ်ယူကာ ရှဲ့ဖေးဖေး၏ ပါးပြင်များကို ဖုံးအုပ်ပေးကာ နှစ်ယောက်သား လူအုပ်ထဲသို့ ရောနှောသွားသည်။

လုရွှမ် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး။

"မင်းတို့ ရှဲ့မိသားစုက ရန်မြို့မှာ အခြေအနေ ကောင်းပုံရတယ်... ကောင်းကင်မှာတောင် အခင်းအကျင်း တစ်ခုကို ဖော်နိုင်တယ်ဆိုတော့လေ"

ရှဲ့ဖေးဖေးသည် ယခုအချိန်တွင်တောင် လုရွှမ်က နောက်ပြောင်နေသေးပြီး လုံးဝ မစိုးရိမ်ကြောင်း မြင်ရတာကြောင့် တိတ်တဆိတ် ချီးကျူးမိသည်။ ထို့အပြင် သူသည် ဟန်ဆောင်​နေခြင်း မဟုတ်ကြောင်း သိသာထင်ရှားသော်လည်း သူ့အပြုအမူတွင် သဘာဝအတိုင်း လျစ်လျူရှုမှုနှင့် ပေါ့ပေါ့ဆဆ ရှိနေသောကြောင့် သူမအား အထူးငြူစူစေသည်။

လုရွှမ် အရင်က ပြောခဲ့တာတွေကို ပြန်သတိရတော့ လုရွှမ်က နောက်ခံရှိတဲ့ လူဖြစ်ရမယ်ဆိုတာကို ခန့်မှန်းမိလိုက်သည်။ တောထဲမှာ သစ်ပင်တွေက လှတယ်ဆိုရင်တောင် လေက ဖျက်စီးပစ်တာပဲလို့ ပြောခဲ့တာ​က အဓိပ္ပာယ်တစ်မျိုး ရှိပုံရလေ၏။

"စိတ်မပူပါနဲ့... ကြောက်လည်း မကြောက်နဲ့... ကိုယ့်ကိုကိုယ် အေးအေးဆေးဆေးပဲ တစ်မြို့လုံး လှည့်ပတ်ပြီး ရှုခင်းတွေ သွားကြည့်တဲ့ လူတစ်ယောက်လို သဘောထားလိုက်ပါ..."

ရှဲ့ဖေးဖေး နားမလည်သော်လည်း လုရွှမ်အသံကို ကြားတော့ အကြောင်းပြချက် မရှိဘဲ သူမနှလုံးသားထဲတွင် ငြိမ်းချမ်းမှု တစ်ခုကို ခံစားလိုက်ရသည်။

လုရွှမ် လေထုထဲက အခင်းအကျင်း ဖွဲ့စည်းတည်ဆောက်မှုကို ပေါ့ပေါ့တန်တန် ကြည့်နေသည်။ ရန်မြို့တစ်ခုလုံးကို လွှမ်းမိုးလိုပါက ကြီးမားသော ပမာဏကို ပေးဆောင်ရမည်။ ဒါက သလင်းကျောက်များကို မြောက်များစွာ သုံးစွဲရပေလိမ့်မည်။

လေထုထဲတွင် စီစဉ်ဖွဲ့စည်းထားသော အသွင်သဏ္ဌာန်က သတိပေးချက် တစ်ခုလည်း ဖြစ်သည်။ ဆိုလိုသည်မှာ မည်သူမဆို ဖွဲ့စည်းမှုကို ချိုးဖျက်ပါက ချက်ချင်း သတိပြုမိနိုင်သည်။

ရှဲ့မိသားစု သို့မဟုတ် ဤမြို့မှ မိသားစုကြီးများသည် ၎င်းတို့၏ လူအင်အားကို တစ်ရှိန်ထိုး လွှတ်၍ လုရွှမ်တို့ကို ဖမ်းယူရန် စောင့်ဆိုင်းနေလောက်၏။

လုရွှမ်မှာ ဤမြို့၌ နတ်ခြေလှမ်းနယ်ပယ်ကို တက်လှမ်းနိုင်သော ကျွမ်းကျင်သူများ ရှိမရှိကို စိုးရိမ်နေရသည်။ ထိုသို့သော ကျွမ်းကျင်သူများ ရှိနေပါက လွတ်မြောက်ခြင်းဟု ခေါ်ခြင်းမှာ ဟာသတစ်ခုသာ ဖြစ်သွားလိမ့်မည်။

နည်းနည်းကြာအောင် ထပ်စောင့်ရမလား?

ဒါကလည်း ဖြေရှင်းချက် တစ်ခုမဟုတ်ပေ။ ရှဲ့မိသားစုဟာ ရှဲ့​ဖေး​ဖေးရဲ့ မူရင်းအမိန့်ကတ်ကို ရရှိခဲ့တာ ဖြစ်မယ်။ သူတို့ဒီမှာ ကြာကြာနေလေ တွေ့ရှိနိုင်ခြေက ပိုများလေပဲ။

အချိန်တွေ ကြာလာတာနဲ့အမျှ ရှဲ့မိသားစုဆီ ရောက်လာတဲ့ လူတွေက ပိုများလာမည်။ ရှဲ့မိသားစုသာမက ညီအစ်မခြောက်ယောက်၏ ခင်ပွန်းများသည်လည်း ဤနေရာတွင် လူများကိုခေါ်ဆောင်လာမည်။ ရန်မြို့ တစ်ခုလုံးသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသွားလျှင် ပျံသန်းရန်မှာ အလွန်ခက်ခဲသွားနိုင်သည်။

"မိန်းကလေးရှဲ့ ဒီမြို့မှာ နတ်ခြေလှမ်း နယ်ပယ်ကို တက်လာတဲ့ ပညာရှင်တွေ ရှိလား"

"မပြောတတ်ဘူး!"

မျှော်လင့်ထားသလိုပဲ ဒီကလေးမလေးက ပြတင်းပေါက် အပြင်ဘက်မှာ ဘာတွေဖြစ်နေလဲ ဆိုတာကို မသိနေချေ။

"ဒါပေမဲ့ မရှိဘူးထင်တယ်... အဖေရဲ့ ဖိတ်ကြားလွှာ​တွေကို ဖတ်ပြီးပြီ နတ်ခြေလှမ်း နယ်ပယ်ကို တက်ဖူးတဲ့ ကျွမ်းကျင်သူတွေရှိရင် သူတို့ကို ဖိတ်ခေါ်မှာ သေချာတယ်... နတ်ခြေလှမ်းနယ်ပယ်ကို တက်ထားတဲ့ ပညာရှင်တွေကို ဘယ်သူကမှ သွားမခေါ်ဘဲ မနေရဲဘူး!"

"မင်းပြောတာ မှန်တယ်!"

လုရွှမ်ရဲ့ မျက်လုံးတွေ တောက်ပလာသည်။ နတ်ခြေလှမ်းနယ်ပယ်က သခင်မရှိဘူး ဆိုရင်တော့ လုပ်စရာတွေ အများကြီး ရှိသေးသည်။

"နတ်သားရဲရောင်းတဲ့ အနီးဆုံးနေရာကို မင်းသိလား ငါ့ကို အဲဒီနေရာကို ခေါ်သွားပေး..."

သူတို့နှစ်ဦးသည် ဝိညာဉ်သားရဲများ ရောင်းချရန်စီစဉ်ထားသည့် နေရာသို့ ရောက်လာကြသည်။ လုရွှမ်က ဝိညာဉ်သားရဲ ထောင်ပေါင်းများစွာကို ဝယ်ယူရန် ငွေများစွာသုံးစွဲပြီးနောက် ၎င်းတို့နှစ်ဦးသည် မြို့တံခါးအနီးသို့ ရောက်ရှိလာခဲ့သည်။

"အား.... အစ်ကိုလုရွှမ် ရှင်က မြို့တံခါးကို ဖြတ်သွားချင်သေးတာလား... မြို့တံခါးမှာ လက်နက်ကိုင်ထားတဲ့လူတွေ အများကြီး ရှိတယ် မဟုတ်ဘူးလား?"

တကယ်တော့ မြို့ထဲက ထွက်သွားချင်တဲ့ သူတွေလည်း မြို့တံခါးရှေ့မှာ စောင့်နေကြပြီ။ သို့သော် ၎င်းတို့ကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးခဲ့ရာ နောက်ကွယ်မှလူများက မကျေနပ်ကြသဖြင့် စောင့်ဆိုင်းရသည့် လိုင်းသည် ပို၍ရှည်လျားလာခဲ့သည်။

"တကယ်တော့ မြို့တံခါးက ငါတို့အတွက် အန္တရာယ်အရှိဆုံးဘဲ ဒါပေမဲ့ အန္တရာယ်အရှိဆုံးနေရာက မကြာခဏဆိုသလို ဘေးအကင်းဆုံးနေရာပဲ... တခြားသူတွေက ငါတို့ကို အထင်လွဲပြီး ဒီကနေ ထွက်သွားမှာ မဟုတ်ဘူးလို့ တွေးထားလိမ့်မယ်... ဒါကြောင့် ဒီကနေ ထွက်ခွာဖို့ ရွေးချယ်လိုက်တာ စိတ်မပူပါနဲ့ ငါအကုန်စီစဉ်ထားပြီ..."

"မြို့ထဲမှာ ဝိညာဉ်​​သားရဲတစ်​​ကောင်​​ ရောက်​​နေတယ်​!"

ရုတ်တရက် လူအုပ်ကြီးထံမှ ကျယ်လောင်သော အော်သံတစ်သံ ထွက်ပေါ်လာရာ လူတိုင်းလှည့်ကြည့်လိုက်ရာ ဝိညာဥ်သားရဲများက လေထဲမှ ခုန်ဆင်းလာကာ မြို့တံခါးဆီသို့ အပြေးအလွှား သွားနေသည်ကို တွေ့လိုက်ရသည်။ သားရဲများ အသီးသီးက မူးယစ်ဆေးစွဲနေပုံဖြင့် မျက်လုံးများ နီရဲကာ ဟောက်ကာ မြို့တံခါးရှေ့သို့ ပြေးဝင်​နေကြသည်။

"သားရဲတွေပေါ်က ကန့်သတ်ချုပ်ချယ်မှုကို ဘယ်သူ ​ဖြေပေးလိုက်တာလဲ!! သတ်ပစ်ကြ!"

မကြာမီ ဤဝိညာဥ် သားရဲများအပေါ် ကန့်သတ်ချက်များကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း အချို့သောလူများက သတိပြုမိသွားသည်။ ကန့်သတ်ချက် မရှိသော သားရဲများသည် တောင်များနှင့် သစ်တောများရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများနီးပါး ဖြစ်သွားလိမ့်မည်။

သူတို့၏ ကျင့်ကြံမှု အခြေခံကတင် မပျော့ညံ့ပေ။ အများစုမှာ နတ်မီးနယ်ပယ်၏ အစွမ်းသတ္တိ သို့မဟုတ် မျှော်စင် နယ်ပယ်ပင် ဖြစ်သည်။ လူသားတွေအပေါ် မုန်းတီးမှုတွေ ပြည့်နှက်နေကြ၏။ ကန့်သတ်ချုပ်ချယ်မှုတွေကြောင့် သူတို့စိတ်ဝိဥာဉ်ကို အကျဉ်းချခံခဲ့ရပြီး စိတ်တွေ ကမောက်ကမ ဖြစ်ခဲ့ရတာက လူသားတွေကြောင့်ပဲ ဖြစ်သည်။

အခုတော့ ကန့်သတ်ချုပ်ချယ်မှုက ပျက်သွားတေ သူတို့ရဲ့မူလစိတ်တွေ ပြန်လည် ကောင်းမွန်လာခဲ့ပြီမလို့ အတိတ်ကို ပြန်ကြည့်ရင်း လူသားတွေကို အလွန်မုန်းတီးလာခဲ့သည်။ အခုတော့ နောက်ဆုံးတော့ လွတ်လွတ်လပ်လပ်နဲ့ မြို့ထဲက အပြေးအလွှား ထွက်ကာ တောတောင်တွေဆီ ပြန်သွားဖို့ စိတ်ကူးသာ ရှိတော့သည်။

ဒီအချိန်မှာ သူတို့ရှေ့မှာတော့ ရပ်နေတဲ့သူဟာ ရန်သူပဲ။

အဝေးတွင်တော့ မြို့အကြောင်းကို တွေးတောနေသော မိသားစုဝင်များသည် တစ်စုံတစ်ဦးသည် မြို့ကို တိုက်ခိုက်ရန် ဝိညာဉ်သားရဲများကို အသုံးပြုနေကြောင်း ရိပ်မိသွား၏။

"အဲ့လူယုတ်မာ လုရွှမ်ပဲ ဖြစ်ရမယ်... သူက ဒုက္ခရောက်နေတဲ့ ရေပြင်မှာ ငါးမျှားချင်နေတာ... သူ အပြေးအလွှားထွက်ဖို့ သားရဲတွေနဲ့ အခွင့်အရေးကို ယူလိုက်တာပဲ"

"လာ မြို့တံခါးကို မြန်မြန်သွားရအောင်"

"အစ်မ ကျေးဇူးပြုပြီး စိတ်ရှည်ရှည်နဲ့ ကိုယ့်ကိုယ်ကို စဥ်းစားပါဦးလား"

ထက်မြက်သူများသည် ရိုးရှင်းသော ရလဒ်များကို အလွန်အကျွံတွေးကာ တွန့်ဆုတ်နေတတ်သည်။

"ကောင်းပြီ အဲဒါက အဓိပ္ပာယ်ရှိတယ်.... ဒုတိယညီမ မင်း လူတစ်စုကို မြို့တံခါးဆီ ခေါ်သွားလိုက်... အရမ်းအရေးကြီးတယ် တတိယညီမက တစ်ယောက်တည်း ထိန်းနိုင်မှာ မဟုတ်ဘူး"

သို့သော် ဤအခိုက်အတန့်တွင် လူတိုင်းသည် အလျင်အမြန် မျှော်ကြည့်လိုက်ရာ ကောင်းကင်ယံ၌ ဧရာမငှက်ကြီးတစ်ကောင် ပျံသန်းလာပြီး လေထဲတွင် ကန့်သတ်ချက်များကို ဖြတ်ကျော်ကာ အတောင်ပံများ တဖျပ်ဖျပ်ခတ်လျက် ပျံထွက်သွားသည်ကို တွေ့လိုက်ရသည်။

"ကောင်းသားပဲ... သူက အရှေ့မှာ တကယ်တိုက်ခိုက်နေတာကိုး...သူ့​နောက်ကို လိုက်!!"

အော်သံနှင့်အတူ အခြားငှက်တစ်ကောင်သည် ၎င်း၏အတောင်ပံများကို လွှင့်ပစ်ခဲ့သည်။

"အစ်မ ဘာလုပ်ရမှာလဲ"

ရှဲ့​မိသားစုထဲက လူတိုင်းကလည်း ဒေါသတကြီး သွားတွေကို ကြိတ်ထားကြသည်။

"လူတိုင်း လူခွဲထားလိုက်... ငါးယောက်အဖွဲ့ ဖွဲ့လိုက် အားလုံးလိုက်ကြ!!"

"ဒါပေမဲ့ ငါတို့မှာ လူအင်အား မလုံလောက်ဘူး!"

"အစ်မ... မြို့အနောက်က မြို့တံခါးမှာလည်း ဝိညာဉ်ရေး သားရဲတွေ ရှိတယ်!"

ရှဲ့မိသားစု၏ အကြီးဆုံးအစ်မလည်း စိတ်ရှုပ်သွားသည်။ သားရဲတွေက ပိုများလာသော်လည်း အနီးအနားတွင် လူများများစားစား မရှိပေ။ မြို့တံခါးတွင်တော့ လုရွှမ်သည် ရှဲ့ဖေးဖေးကို ဆွဲထုတ်ပြီး နတ်သားရဲများနှင့် ရောနှောကာ ဝိညာဥ်သားရဲ၏ ဝမ်းဗိုက်တွင် တွယ်ကပ်၍ မြို့တံခါးတစ်လျှောက် ပြေးထွက်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူများသည် ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက် နေကြသော်လည်း ရက်စက် ကြမ်းကြုတ်သော သားရဲများ အသီးသီးက ထိန်းချုပ် မခံရတော့ပြီမို့ လူသားအပေါ် ၎င်းတို့၏ မုန်းတီးမှုကို ဖွင့်ချနေကြသည်။

သူတို့ဘက်က ပြန်လည် တိုက်ခိုက်လိုက်တဲ့အခါ ကျင့်ကြံသူတေံဟာ ဝမ်းနည်းဖွယ် ကောင်းလောက်အောင် တစ်ဦးပြီးတစ်ဦး သေဆုံးပြီး နောက်တကြိမ် ပရမ်းပတာ ဖြစ်သွားခဲ့သည်။

All Chapters