← Chapters

အတိဒုက္ခ ဖြတ်ကျော်တော့မည်

Vol. 110 Ch. 4.1168

အတိဒုက္ခ ဖြတ်ကျော်တော့မည်

Vol. 110 Ch. 4.1168

"အမှိုက်တွေ အမှိုက်တွေ အားလုံး အမှိုက်တွေပဲ! တစ်ယောက်ယောက်က ဒီလို ရိုးရှင်းတဲ့ အရှုပ်အထွေးလောက်နဲ့ မင်းတို့အားလုံးကို ရှုံးသွားအောင် လုပ်သွားတယ်ပေါ့လေ... မင်းတို့အားလုံး တုံးနေကြလား?"

ရှဲ့မိသားစုရဲ့ အိမ်တော်သခင်က ဒေါသတကြီးနဲ့ သူ့သမီးနဲ့ သားမက်အားလုံးကို ဒေါသတကြီး အော်ငေါက်နေလေသည်။ အရှေ့ကို ဟန်ဆောင်ပြီး အနောက်​​မြို့တံခါးကို တိုက်ခိုက်သွားခဲ့ကာ သတင်းပြန်ရသလောက်တော့ မထွက်သွားဘူးလား ဆိုတာလည်း မသိကြ​သေး​ြာဘူး။

"အိမ်တော်သခင်... ညီမ၇ရဲ့ အသက်တံဆိပ်ပြားကို ရလာပြီလား"

"ဒီအမှိုက်တွေ ဖြစ်လာဖို့အတွက် ငါးနာရီလောက် အချိန်ယူခဲ့ရတယ်... သူတို့အားလုံး အညစ်အကြေးတွေ စားနေ​ကြတာလား"

ရှဲ့ကျားစုန့်က ကျိန်ဆဲပြီး တစ်ချိန်တည်းမှာပင် သူက မြေပုံကိုထုတ်ကာ အကွဲအပြဲပုံစံဖြင့် ကောက်ချက်ချလိုက်သည်။ မြေပုံပေါ်၌ အနီရောင် အစက်လေး လင်းလာသည်။

"ဟမ်... မင်းပြောတဲ့လူကတော့ အညစ်အကြေး မဟုတ်ဘူး သူက ရန်မြို့ကနေ ထွက်သွားခဲ့တာ ကြာပြီ...ငါနဲ့လိုက်ခဲ့ လိုက်ဖမ်းကြမယ်...လုမျိုးရိုး ကောင်လေးကို အပိုင်းပိုင်း မဖြတ်ရရင် ငါ အသက်ရှူချောင်မှာ မဟုတ်ဘူး"

နာရီဝက်အကြာတွင် ရှဲ့မိသားစု၏ စစ်တပ်သည် ထကာ ပျံသန်းနေသော ငှက်များပေါ် တက်ကာ လုရွှမ်တို့နောက် လိုက်သွားခဲ့သည်။ သူတို့ရဲ့ လမ်းညွှန်မှုအရ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ထွက်ခွာခဲ့၏။

တစ်ဖက်က တိမ်ပြေးငှက်ပေါ်တွင်တော့ ရှဲ့ဖေးဖေး အနည်းငယ် စိတ်လှုပ်ရှားနေသေးသော်လည်း သူမတို့ အမှန်တကယ် အောင်မြင်မည်ဟု မမျှော်လင့်ထားပေ။ ထိုအချိန်မှစ၍ ပင်လယ်ပြင်သည် ငါးများခုန်နိုင်လောက်အောင် ကျယ်ဝန်းပြီး ကောင်းကင်သည် ငှက်များပျံသန်းနိုင်လောက်အောင် မြင့်မားကြောင်း တွေ့ခဲ့ရသည်။

စိတ်လှုပ်ရှားပြီးနောက် ရှဲ့ဖေးဖေး ရန်မြို့ကို ကြည့်ကာ အနည်းငယ် လွမ်းဆွတ်သွားသည်။ သူမသည် ယနေ့မှစပြီး ရန်မြို့နှင့် သူမမိဘများကို လုံးဝ စွန့်ခွာသွားတော့မယ် ဆိုတာကို နောက်ဆုံး သဘောပေါက်လာခဲ့ပြီး နှလုံးသားထဲတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လာခဲ့သည်။

"စိတ်မပူပါနဲ့ မင်းမှာ ဒီသူငယ်ချင်းရှိနေတုန်းပဲ... ငါပြောခဲ့သလိုပဲ မင်းရဲ့ အရည်အချင်းတွေက တော်တော်ကောင်းတယ် အနာဂတ်မှာ ဂိုဏ်းကြီးတစ်ခု ဒါမှမဟုတ် သန့်ရှင်းသောမြေက မိသားစုမှာတောင် ပါဝင်ဖို့က ပြဿနာရှိမှာ မဟုတ်ဘူး... အခု ပြန်သွားရင် မင်းအတွက် မကောင်းဘူးလို့ ငါအာမခံနိုင်တယ်"

ရှဲ့ဖေးဖေး ဟစ်အော်ပြီး မျက်ရည်တွေ စီးကျလာပြန်သည်။

"အား!" ရှဲ့ဖေးဖေး ရုတ်တရက် အော်လိုက်သည်။

"ကျွန်မ ငယ်ငယ် ကလေးဘဝတုန်းက အဖေက ကျွန်မတို့ကို မွေးထုတ်ပေးတဲ့ တံဆိပ်ပြားတွေ ထားခဲ့မိတယ်.... အဲဒါက မိုင်ပေါင်း 10 သန်းအတွင်းမှာ ရှာတွေ့နိုင်တယ်"

လုရွှမ်လည်း ဒီအချက်ကို ဟိုးအရင်ကတည်းက တွေးခဲ့ဖူးပေမယ့် အကွာအဝေးဟာ မိုင်ပေါင်း ဆယ်သန်းကျော်လောက် ရောက်နိုင်မယ်လို့ သူ မမျှော်လင့်ထားပေ။ ကြည့်ရတာ နောက်ခရီးဟာ အရမ်းအသက်ဝင်မယ့်ပုံပါပဲ။

"ကိစ္စမရှိပါဘူး... မိုင်ပေါင်း ဆယ်သန်းပဲမလား... ငါတို့နောက်ကို ဘာမှ မလုပ်ဘဲ လိုက်​နေကြလိမ့်မယ်လို့ ငါတော့ မယုံဘူး"

"သူတို့ကတည်နေရာကို သိတဲ့အတွက် တချို့မြို့တွေကို မသွား​လောက်ဘူး... တစ်ယောက်ယောက်က အဲဒီနေရာမှာ စောင့်နေပြီးသား ဖြစ်ရမယ်"

အချိန်တွေကုန်သွားသလို လုရွှမ်နဲ့ ရှဲ့ဖေးဖေးတို့ဟာ တိမ်ပြေးငှက်ပေါ်မှာ သဲလွန်စမရှိဘဲ ပျံသန်းလာတာ တစ်နှစ်ကျော်ရှိနေပြီ ဖြစ်လေသည်။ ၎င်းတို့နှစ်ဦးသည် ပျံသန်းရင်း လေ့ကျင့်ခဲ့၏။ တိမ်ပြေးငှက်က ၎င်း၏ အံ့သြဖွယ် ခံနိုင်ရည်ကြောင့် နာမည်ကြီးပြီး နှစ်ပေါင်းများစွာ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းနိုင်သည်။

ထို့အပြင် လုရွှမ်က အဂ္ဂိရတ်ဆေးတွေ ထုတ်ပေးထားသောကြောင့် တိမ်ပြေးငှက်အရှိန်က ဆက်လက် တိုးလာ​နေသည်။

တစ်ဖက်မှာတော့ ရှဲ့ကျားစုန့်ရဲ့ မျက်နှာသည် မည်းမှောင်လာလေပြီ။ သူတို့နောက်ကို တစ်နှစ်ကြာအောင် လိုက်လာခဲ့ပြီး ကောင်လေးက မကြာခဏ လမ်းကြောင်း ပြောင်းနေခဲ့သည်။ သူ့ကို လိုက်ဖမ်းနေတာ သိသာထင်ရှားပြီး သူပေးခဲ့တဲ့ ကျေးဇူးတွေကြောင့် မြို့အသီးသီးမှ လူတွေက သူ့ကို လိုက်ဖမ်းနေကြပေမယ့် နောက်ဆုံးမှာတော့ သူတို့အားလုံး ရေထဲပြန်ဝင်သွားကြရသည်။

အချိန်ကြာလာသည်နှင့်အမျှ သူတို့နောက်ကို လိုက်သူက နည်းပါးလာသည်။

ပထမ သားမက်ခြောက်ယောက် ထွက်သွားပြီးနောက် သမီးများစွာလည်း လိုက်ပါသွားသည်။ ထို့နောက် မိသားစုခေါင်းဆောင် အများအပြားသည် မိသားစုကိစ္စများကို ကိုင်တွယ် ဖြေရှင်းဖို့ ပြန်သွားကြသည်။ ဒါက ရှဲ့မိသားစုအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်။ သတ္တမမြောက်သမီးကဲ့သို့ အရာများအပြင် တစ်စုံတစ်ယောက်က ရှောင်းရောင်ကိုပါ တုန်လှုပ်သွားစေခဲ့သည်။

လုရွှမ်က ဤမျှအကြာကြီး ဆက်လက်ရပ်တည်နိုင်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ အနီးကပ်ဆုံးကတော့ သူတို့အရင်စပြီး ခရီးစထွက်တုန်းကတင် မိုင်ပေါင်း ရှစ်သန်းလောက် ဝေးကွာနေချေပြီ။

သူတို့သာ လုရွှမ်ကို ဆက်လိုက်နေမယ်ဆိုရင် အနောက်က အရာတွေကို လုံးဝ ဆုံးရှုံးသွားရလိမ့်မယ်။

"ဖေဖေ ပြန်သွားပါတော့... ဒါက ညီမ၇ရဲ့ ကံကြမ္မာပဲ ဒါပေမယ့် အနည်းဆုံးတော့ သူမ မသေသေးဘူး ဟုတ်တယ်မလား... အဲဒီလူက ညီမ၇ကို အနည်းဆုံးတော့ သဘောကျသွားပြီး သူ့ကို မသေစေရဘူးဆိုပြီး ကာကွယ်ထားလောက်တယ်"

အခုလည်း တစ်ဦးတည်းသော သမီးအကြီးဆုံးက လိုက်နေတုန်းပါပဲ။ ရှဲ့ကျားစုန့် ထိုစကားကြောင့် သူမမျက်နှာကို အလိုလို ပါးရိုက်လိုက်သည်။ အကြီးဆုံး သမီးရဲ့ ပါးစပ်ထောင့်က အက်ကွဲသွားပြီး ခေါင်းငုံ့သွား၏။

"ဖေဖေ... ကျွန်မခင်ပွန်းက ကျွန်မကို အကြိမ်ကြိမ် တိုက်တွန်းခဲ့ပြီး သမီးလည်း ပြန်ရတော့မယ်"

ရှဲ့ကျားစုန့် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

"နင်တို့အားလုံးက အမှိုက်မလေးတွေပဲ... ထွက်သွား ထွက်သွား ဒီကနေ ထွက်သွား!"

ရှဲ့မိသားစု၏ အကြီးဆုံးသမီးဖြစ်သူက ငယ်စဉ်ကတည်းက သူ့အဖေ၏ စရိုက်ကို မသိခဲ့ပေ။ သူသည် ၎င်းတို့ကို လက်မထပ်​ပေးမီတွင် သူမကို ဘဏ္ဍာအဖြစ် သဘောထားပြီး ချစ်လှစွာသော ဖခင်တစ်ဦးကဲ့သို့ အမြဲလုပ်ပြသည်။ သူမတို့ကို အိမ်ထောင်ပြုရန် ကိရိယာများထက် သာလွန်သော အရာအဖြစ် သဘောထားခဲ့သည်။

အိမ်ထောင်သည် ညီအစ်မခြောက်ယောက်မှာ ခင်ပွန်းဖြစ်သူနဲ့ တွေ့ဆုံရတာ ကံကောင်းပြီး တစ်ယောက်နဲ့ တစ်ယောက် ချစ်ခဲ့ကြတာ သူမပဲ ရှိသည်။ ကျန်တဲ့ ညီအစ်မငါးယောက်ကတော့ သူတို့ရဲ့ လက်တွဲဖော်ကို အမှန်တကယ် ကြိုက်နှစ်သက်တာ မဟုတ်ဘဲ ရွေးချယ်စရာ မရှိခဲ့လို့ပင်။

ညီမ၇မှာ တစ်ခုခုဖြစ်ခဲ့ပေမဲ့ သူတို့ ထွက်သွားခဲ့လို့သာ မဟုတ်ရင် သူတို့ရဲ့ အိမ်ထောင်ရေးကို ထိန်းသိမ်းနိုင်မှာ မဟုတ်ပါဘူး။ အခုက ကံမကောင်းစွာပဲ သူတို့ရဲ့ ခင်ပွန်းတွေ မဟုတ်ဘဲ သူတို့ရဲ့ ဖခင်တွေကို ကြောက်နေရတာ ဖြစ်လေသည်။

"ညီမ၇ အဲဒီလူနောက်ကို လိုက်သွားတာက မကောင်းတာတော့ မဟုတ်ဘူး..."

လွန်ခဲ့သည့် တစ်နှစ်ကျော်က သခင်လေးရှောင်းရောင်၏ အပြောအဆို၊ အပြုအမူများနှင့် သူ၏ ထူးဆန်းသော ပုံစံကို မြင်လိုက်ရသဖြင့် သူမ ရင်တွေတအား တုန်လှုပ်သွားခဲ့သည်။ အဖေ့ကို နှုတ်ဆက်ပြန်တော့ ရှဲ့မိသားစုရဲ့ အကြီးဆုံး အစ်မလည်း ထွက်သွားလေ၏။

ဆက်လက် လိုက်ပါလာသူများထဲတွင် ရှဲ့ကျားစုန့်နဲ့ သခင်လေးရှောင်းရောင်တို့ နှစ်ယောက်သာ ကျန်ခဲ့သည်။

"သခင်လေးရှောင်းရောင် စိတ်မပူပါနဲ့... ၇လေးကို အသက်ရှင်နေရင် လူကိုယ်တိုင် တွေ့စေရမယ်... သေသွားရင်တောင် အလောင်းကို တွေ့စေရမယ်... ငါ၇လေးကို မင်းဆီ သေချာပြန်ပေးပါ့မယ်"

သခင်လေးရှောင်းရောင်က စကားမပြောဘဲ သူ့မျက်လုံးတွေကသာ ပိုပို၍ မှိုင်းအုံ့လာသည်။

တစ်ဖက်မှာတော့ လုရွှမ်သည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေက အားမာန်အ​ပြည့်နဲ့ လှည့်ပတ်နေကာ ပြီးပြည့်စုံနေပြီမလို့ အတိဒုက္ခကို ကျော်ဖြတ်တော့မယ်လို့ ခံစားရလေ၏။

အချိန်အတော်ကြာအောင် လေ့ကျင့်ရတာ ပထမဦးဆုံးအကြိမ် မဟုတ်ပေမယ့် တိမ်ပြေးငှက်ပေါ်မှာ ရှိပြီး ကောင်းကင်ယံမှာ ကျင့်ကြံနေရတာကို တွေးကြည့်တဲ့အခါ အနည်းငယ်ရယ်စရာ ကောင်းလာသည်။

သူတိုးတက်လာသလို ရှဲ့ဖေးဖေးရဲ့ ကျင့်ကြံမှုကလည်း လျင်မြန်စွာ တိုးတက်လာသည်။ လုရွှမ် ထုတ်လွှတ်လိုက်တဲ့ ယွမ်ယန်ကျင့်စဥ်ရဲ့ အရိပ်အာဝါသကို သူမ နည်းနည်းလေး စုပ်ယူလိုက်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူမရဲ့ ကိုယ်ပေါ်က ပြောင်းလဲမှုတွေဟာ တိုင်းတာလို့တော့ မရတော့သလို ခံစားလာရတော့သည်။

ရှဲ့ဖေးဖေး အရင်က မတွေးဖူးတဲ့ အရာတွေ အများကြီး ရှိသေး၏။ ဥပမာအားဖြင့် လုရွှမ်ရဲ့ ကျင့်ကြံမှု အဆင့်နှင့် ပတ်သက်၍ အခြေအနေ ဘယ်လိုရှိနေမလဲ သူမ မတွေးတတ်ပေ။ ယခုတော့ တစ်နှစ်ကြာ လေ့ကျင့်ပြီးနောက် သူမသည် အရာများကို စတင်တွေးတောပြီး ဇာတ်လမ်းတစ်ခုလုံးကို အဖြေရှာကာ သူမ ဘာကြောင့် ဒီအခြေအနေမှာ အဆုံးသတ်သွားရတာလဲ တွေးကြည့်လာမိသည်။

သူမ ကြီးပြင်းလာခဲ့ပြီး အများကြီး တွေးတောတတ်ပေမယ့် လုရွှမ်အပေါ်တော့ သူမ နှလုံးသားထဲမှာ လေးလေးနက်နက် လေးနက်မှုတစ်ခုသာ ရှိသည်။

လုရွှမ်ကြောင့်သာ မဟုတ်လျှင် သူမသည် တစ်နှစ်အတွင်း သူမ၏ ကျင့်ကြံမှုကို အဆင့်အနည်းငယ်အထိ မြှင့်တင်ပေးနိုင်မည် မဟုတ်ကြောင်း သိထားပါ၏။ ယခင်ကနှင့်မတူဘဲ သူမခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များသည် သန်စွမ်း၊ ပြည့်ဝပြီး ပြည့်စုံနေသည်ဟု ခံစားလာရသည်။

လုရွှမ် ကျင့်ကြံနေစဥ် အတွင်း လွတ်မြောက်လာသော ယွမ်ယန် စွမ်းအင်အနည်းငယ်ကို စုပ်ယူလိုက်တာကပင် တိုးတက်လာရာ လုရွှမ်ရဲ့ စွမ်းအားက ဘယ်လောက် အားကောင်းမလဲ တွေးကြည့်နိုင်သည်။

All Chapters