← Chapters

သားအဖသံယောစဥ်

Vol. 110 Ch. 4.1170

သားအဖသံယောစဥ်

Vol. 110 Ch. 4.1170

"ဒါက ဘယ်လို အတိဒုက္ခမျိုးလဲ?"

ဤကဲ့သို့ ကပ်ဆိုးကြီးက အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ အလယ်ဗဟိုတွင် အတိဒုက္ခကို ခံနေကြရသူကို လုံးဝ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ယင်းသည် အလင်းတန်းတစ်ခုမျှသာ ဖြစ်သည်။ အတိဒုက္ခက လူဖြစ်စေ၊ သားရဲဖြစ်စေ၊ ကျင့်ကြံမှု အဆင့်၊ မည်သို့သော ဒုက္ခမျိုးပင် ဖြစ်စေ တွေ့ကြုံခံစားရသည်ဟု ယူဆကြသော်လည်း လုံး၀ မပြောနိုင်ပေ။

ဒီလိုကပ်ဆိုးကြီးအောက်မှာ တစ်ယောက်ယောက်က မီးကို အခွင့်ကောင်းယူချင်ရင် သေလမ်းတာကို တကယ် ရှာနေကြတာသာ ဖြစ်လိမ့်မည်။ ဒီလိုကပ်ဆိုးကြီး နီးလာတာနဲ့အမျှ လူတွေ တကယ်သေကြလိမ့်မယ်။

"အဲဒီဘေးဆိုးကြီးက အဝေးကို ပြေးနေတယ်!"

ရုတ်တရက် သခင်လေးရှောင်းရောင်က မယုံကြည်နိုင်စွာ အော်လိုက်သည်။ ရှဲ့ကျားစုန့်က ပိုလို့တောင် တုန်လှုပ်သွားပေမယ့် သူ့မှာ အတွေ့အကြုံ ကြွယ်ဝတာကြောင့် အော်ပြောလိုက်သည်။

"ကောင်းကင်က ပစ္စည်းနဲ့ မြေကြီးရတနာတချို့က အလိုအလျောက် မွေးဖွားလာတာ ဖြစ်မယ်... အဲဒါက နတ်ဖြစ်သွားလို့ အတိဒုက္ခ ကပ်ဘေးကြောင့် ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်...."

ဒါက တကယ်ကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်ပါ။ သူတို့မျက်လုံးတွေ တောက်ပလာပြီး နောက်ကနေ အမြန်လိုက်လာကြတော့သည်။

"အမ်... ၇လေးရဲ့ ရပ်တည်ချက်က ကောင်းကင်အတိဒုက္ခကြီးနဲ့ နီးနေပြီ... သူမ ကောင်းကင်အတိဒုက္ခ​နောက်ကို လိုက်နေတာ!"

"ဟားဟားဟား"

လုရွှမ် လျင်မြန်စွာ ပြေးသွားသည်။ ကောင်းကင်ထက်က ကန့်သတ်ထားသော ဆင်းသက်မှု၏ အမြန်နှုန်းမှာ အမှန်တကယ် နှေးကွေးသွားတာ တွေ့လိုက်ရသော်လည်း သူ့ပြေးလွှားမှု၏ အရှိန်မှာ လုံးဝ နှေးကွေးခြင်း မရှိပေ။

"ကျီးဖိုးဖိုး.... သေချာစဉ်းစားကြည့်ပါဦး... တခြားနည်းလမ်း ရှိ​သေးလား"

ရွှေကျီးကန်း လုပ်နိုင်တာက လုရွှမ်ထက်တောင် ပိုစိတ်ဓာတ်ကျနေသေး၏။

"ငါဘယ်လိုလုပ် သိမှာလဲ မင်းရဲ့ခန္ဓာကိုယ်မှာ အတိဒုက္ခရဲ့ ကန့်သတ်ချုပ်ချယ်မှုကို ဖြစ်လာ​စေတဲ့ အရိပ်အယောင် တချို့ရှိရမယ်"

သူပြောတာပြီးတာနဲ့ လုရွှမ် နှလုံးသားက တုန်လှုပ်သွားသည်။ ပြေးရင်းနဲ့ တွေးကြည့်သည်။ တိမ်ပင်လယ်နယ်မြေ နေရာတိုင်းရှိ အရာများသည် အနိမ့်ဆုံးအဆင့်နီးပါး ဖြစ်နေသော်လည်း ၎င်းတို့သည် နယ်ပယ်တိုးတက်ရေး လုပ်ငန်းစဉ်တွင် အစောပိုင်းကတည်းက အသုံးပြုခဲ့ကြပါသည်။

ပြဿနာက ရှေးဟောင်း လျှပ်စစ်ကမ္ဘာနဲ့ တစ်သောင်းကမ္ဘာတွေမှာ ဖြစ်လိမ့်မည်။ လှောင်အိမ် သို့မဟုတ် တားမြစ်နယ်မြေငါးခု၊ သို့မဟုတ် ထိုတားမြစ်နယ်မြေများမှ နားမလည်နိုင်သော အရာတစ်ခုကို သူရခဲ့တာလား။

"ရှိလား?" ရွှေကျီးကန်းက မေးသည်။

လုရွှမ် ဒေါသတကြီး ပြန်အော်လိုက်ပြီး "ဘာကောင်လဲဟ!! အထက်ကမ္ဘာကို ဂရုစိုက်ဖို့ ကျွန်​တော်က အောက်ကမ္ဘာကနေ တစ်ခုခုရနိုင်မယ်လို့ ထင်နေတာလား"

ရှေးဟောင်းလျှပ်စစ် ကမ္ဘာမှာတုန်းက မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ အရိပ်အယောင်လေးတွေ ရခဲ့သည်။ လှောင်အိမ်ထဲက လူတချို့ဆီကလည်စ တစ်ခုခု ရခဲ့ပေမယ့် သူတို့ရဲ့ သက်တမ်းက သိပ်မကြာပါဘူး။ ဒါတွေက မြေကမ္ဘာမှာ တားမြစ်ထားတာလား။

မိုးကြိုးဘေးဒုက္ခသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး လုရွှမ် ကိုယ်တိုင်လည်း မိုးကြိုးဘေးဒုက္ခကို မရည်ရွယ်ဘဲ ဖြတ်ကျော်ခဲ့ရမှန်းတောင် မသိလိုက်ပေ။ သို့သော် ကောင်းကင်တွင် ကန့်သတ်ချက်များ ကျဆင်းနေဆဲ ဖြစ်သည်။

ရှဲ့ကျားစုန့်နှင့် သခင်လေးရှောင်းရောင်တို့သည် နောက်ဆုံးတွင် လျင်မြန်စွာ ပြေးလာကြပြီး မိုးကြိုးဘေးဒုက္ခကို ဘယ်သူ ဖြတ်ကျော်သွားသလဲ နောက်ဆုံးတွင် တွေ့လိုက်ရသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အဲဒီလူယုတ်မာပဲ"

သခင်လေးရှောင်းရောင်က အော်လိုက်သည်။ ရှဲ့ကျားစုန့်လည်း လုရွှမ်ကို မြင်လိုက်ရကာ ၎င်းက သူ၏တတိယမြောက် သမီးဖြစ်သူက ပြောသော ပန်းကောက်သူခိုး ဖြစ်ကြောင်း ထင်ရှား​လေသည်။ သူ့မျက်လုံးများက ပတ်ပတ်လည်ကို လျှင်မြန်စွာ စိုက်ကြည့်ပြီးနောက် သူ့သမီးဖြစ်ရမည် ထင်ရသော လူတစ်ဦးနှင့် ငှက်ကြီးတစ်ကောင်ကို ယောင်ဝါးဝါး မြင်လိုက်ရသည်။

"အဲဒါက တိမ်ပြေးငှက်ပဲ... သူ့မှာ အရှိန်နဲ့ ခံနိုင်ရည်ရှိတယ်တာ အံ့သြစရာတော့ မဟုတ်ပါဘူး"

ရှဲ့ကျားစုန့် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

"ဦးလေး အဲဒါ ပွင့်လင်းမြင်သာလောက်တဲ့ အရာကိုကြည့် အဲဒါက ဘာလဲ?"

ရှဲ့ကျားစုန့်လည်း တစ်စုံတစ်ခု လုရွှမ်ကို လိုက်ဖမ်းနေတာကို တွေ့လိုက်ရပေမယ့် သူ ဘယ်လိုပဲ ကြည့်ကြည့် အဲဒါကို လုံးလုံး မမှတ်မိဘူး ဖြစ်နေသည်။ သခင်လေးရှောင်းရောင်လည်း ရုတ်တရက် ရယ်မောလိုက်ပြီး။

"ဘာပဲဖြစ်ဖြစ် အဲဒါက အရမ်းစွမ်းအား ကြီးရမယ်... ကပ်ဆိုးတစ်ခုက နောက်က လိုက်နေတယ်ဆိုတော့ အဲဒီကလေး သေရတော့မယ်"

ရှဲ့ကျားစုန့်၏ မျက်လုံးများသည်လည်း တောက်ပလာကာ သူ့ရင်ထဲတွင် နောင်တရမှုအချို့ကို တိတ်တဆိတ် ခံစားလိုက်ရသည်။ ဒီကောင်လေးက စက်ဆုပ်ရွံရှာဖွယ် ပန်းကောက်သူခိုးလို့ အမြဲတွေးခဲ့ဖူး၏။ ယခု သူ၏ အတိဒုက္ခကို မြင်လိုက်ရသောအခါ ဤလူငယ်သည် ထိပ်တန်းအဆင့် ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။

ယခုအချိန်တွင် အတိဒုက္ခကို ကျော်လွန်ပြီးနောက် ယင်းသည် နတ်မီးနယ်ပယ်၏ ဒုတိယအဆင့် ဖြစ်သည်။ သို့သော် အစောက အတိဒုက္ခများကို ကြည့်လိုက်လျှင်မင်တိုင်ဘုံသခင်သည် မျှော်စင်နယ်ပယ်ရဲ့ အဆင့်၇ သို့မဟုတ် အဆင့်၈ ခွန်အားလောက် ရှိပေသည်။

ဤသို့သော အရည်အချင်းရှိသော ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် ထိုအသက်အရွယ်၌ ဝိညာဥ်သားရဲ ထောင်ပေါင်းများစွာကို တိုက်ရိုက်ဝယ်၍ မောက်မာစွာ လွှတ်ပေးလိုက်သည်။ အရှေ့အရပ်၌ လှည့်စား၍ အနောက်ဘက်ကနေ ထွက်သွားခဲ့သည်။ ဒီလူငယ်ကိုယ်တိုင်က သူ့သားမက်ဖြစ်နိုင်ရင် မဆိုးပါဘူး။ အမြတ်တောင် ပါသေး။

သို့သော် ယခု ဒီလျှို့ဝှက်ဆန်းကြယ်မှုကို သူ ရှောင်နိုင်မလားတော့ မသိပါဘူး။

"ဦးလေး... မိန်းကလေး၇ဆီ အရင်သွားရအောင်"

ရှဲ့ကျားစုန့်လည်း အရင်းအနှီးရရှိရန် သူ့သမီးကို ဦးစွာဖမ်းဆီးရမည်ဟု ခံစားလာရသည်။

"ကျွန်တော် ပြောချင်တာ.. ဒီက​လေး​လေးကို ကျွန်တော် ​စောင့်​​ကြည့်​​​ပေးထားမယ် သူ့ကိုထွက်​မ​ပြေးစေရဘူး..."

သခင်လေးရှောင်းရောင်သည် လုရွှမ်၏ ခန္ဓာကိုယ်ရှိ မှော်အတတ်အမျိုးမျိုးကို ထပ်မံ မြင်တွေ့ပြီးနောက်တွင် သူ့ကို လက်လွှတ်မခံနိုင်တော့ပေ။ ရှဲ့ကျားစုန့်ရဲ့ သမီးအတွက်မူ လုံးဝ ဂရုမစိုက်။

သူ့ရဲ့အဆင့်အတန်းရှိတဲ့ အမျိုးသားတစ်ယောက်အတွက် အမျိုးသမီးတွေ ဆိုတာ သူလိုတဲ့အချိန်တိုင်း သူတို့နဲ့ ကစားနိုင်ပါ၏။ ဂိုဏ်းချုပ်ဂိုဏ်းကို ဆက်သွယ်ဖို့ ရှဲ့မိသားစုရဲ့ အဆက်အသွယ်တွေက အသုံးပြုနိုင်မှာတဲ့လား။

ရှဲ့မိသားစုရဲ့ သမီးကို ဘယ်သူက ဂရုစိုက်မှာလဲ။ ပြီးတော့ သူသာမက တုံးထန်းဂိုဏ်းရဲ့ အခြားတိုက်ရိုက် တပည့်ငါးယောက်လည်း အလားတူ စိတ်ကူးရှိတယ်ဆိုတာ ကောင်းကောင်းသိပါ၏။

ရှဲ့မိသားစု၏ အကြီးဆုံးအစ်မနှင့် သူမ၏ခင်ပွန်းသည် ရောက်လာသောအခါတွင် အားလုံးရှိကြပြီး သူတို့ထွက်သွားသည်နှင့် တပြိုင်နက် ရှဲ့မိသားစုမှ လူများမှလွဲ၍ ကျန်သူများလည်း ထွက်သွားကြပြီ။ သူတို့တွေ ရှဲ့မိသားစုရဲ့ မိန်းကလေး၇ကို ဂရုစိုက်နေလို့လား။

ရှဲ့ဖေးဖေးရဲ့ စိတ်က ရုတ်တရတ် လှုပ်ရှားသွားပြီး တစ်ချိန်က သူမနှင့် အလွန်ရင်းနှီးသော ဖခင်တစ်ဦးကို တွေ့ရန် သူမ ခေါင်းကို လှည့်ကြည့်လိုက်သော်လည်း ယခုအခါ အလွန်ထူးဆန်းသော ဖခင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

ရှဲ့ကျားစုန့်လည်း သူ့သမီး၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ကာ ပြီးသွားသည်ကို မြင်လိုက်ရသောအခါတွင် စိတ်ထဲမှာ ကြည်နူးသွားသည်။ သမီးအကြီးဆုံးက လုရွှမ်ဟာ ၇လေးကို တကယ်ကြိုက်ပုံရကြောင်း ပြောခဲ့ဖူး၏။ တစ်နှစ်ကြာသွားသော်လည်း ၇လေးကို မထိမိခဲပေ။

လက်ထပ်နိုင်ရင်။

သူ့အဖေရဲ့ ပါးပြင်ပေါ်က ထူးဆန်းတဲ့ အပြုံးကို မြင်လိုက်ရတော့ ရှဲ့ဖေးဖေး ရုတ်တရက် ကြောက်ရွံ့မှု လှိုင်းလုံးတွေကို ခံစားလိုက်ရသည်။

"သမီးလေး ထွက်မသွားပါနဲ့.... မင်းအဖေက မင်းကို ဘယ်လောက် ချစ်တယ်ဆိုတာ သမီးလည်း သိရဲ့သားနဲ့"

ရှဲ့ကျားစုန့်သည် သူဒီသမီးနဲ့ အရမ်းရင်းနှီးတာမို့ သမီးရဲ့ မျက်ခုံးလှုပ်တာကို ကြည့်ပြီး သူမဘာတွေ တွေးနေလဲဆိုတာကို ချက်ချင်း သိသည်။ စိတ်ထဲမှာ ဒေါသတွေ တဟုန်ထိုး တက်လာပြီး သူ့သမီးက သူ့ကို ကြောက်နေတာလားလို့ တွေးမိသွား၏။ သို့သော် သူသည် ဒေါသကို တခဏချင်း မျိုသိပ်ထားနိုင်သည်။

ရှဲ့ဖေးဖေးလည်း သူ့အဖေရဲ့ အသံကို နားထောင်ရင်း ရုတ်တရက် မျက်လုံးတွေ နီရဲလာပြီး တိမ်ပြေးငှက်ကို ထိန်းလိုက်တယ်။

"ဖေဖေ... သမီး အဲဒီစက်ဆုပ်ဖွယ်လူကို လက်ထပ်ဖို့ နေနေသာသာ ဘယ်တော့မှ ပြန်မလာတော့ဘူး!"

ရှဲ့ကျားစုန့် အံ့သြသွားသည်။

"သမီးလေး ဘာပြောနေတာလဲ... သခင်လေးရှောင်းရောင်က သိပ်တော်တဲ့လူ မဟုတ်ဘူးလား... သူကဘယ်လို စက်ဆုပ်ရွံရှာစရာ ကောင်းတဲ့လူ ဖြစ်နိုင်မှာလဲ"

All Chapters