← Chapters

မင်းသားချူဖုန်း.. သူပြန်လာပြီ

Vol. 49 Ch. 961

မင်းသားချူဖုန်း.. သူပြန်လာပြီ

Vol. 49 Ch. 961

“သူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်အလင်းတန်းရှိမှတော့ ဒီကမ္ဘာမှာ မနေသင့်ဘူး” ပေထင်းဟွမ်သည် ဓားနှင့်ခုတ်ချကာ စိတ်ထဲတွင်ကြာရှည်စွာ ကိန်းအောင်းလာသည့် ဒေါသများသည် ထိုအခိုက်အတန့်တွင် ထွက်လာသည်။ အရိုင်းမြေ၏မင်းသမီး၊ ကလေးဘဝကတည်းက ယန်ယဲ့သိလာသည့်သူမသည် နတ်သွေးကိုခိုးယူပြီး အစ်မကြီးကိုသစ္စာဖောက်ကာ ဝိညာဉ်နတ်ဘုရားမျိုးနွယ် ၏ မင်းသားနှင့် သွေးစာချုပ်တည်ထောင်ခဲ့သည်။

လွန်ခဲ့သည့်နှစ်တစ်သောင်းက အသက်သည် သူမအတွက်တော့ သမိုင်း ထဲရှိ ဖုန်မှုန့်ကိုအမြစ်ဖြတ်လိုက်သလို ပျောက်ကွယ်သွားချေပြီ။ နတ်မိစ္ဆာ ဝိညာဉ်ဂူသင်္ချိုင်းတွင် ယန်ယဲ့၏အတိတ်ကို သူမ မြင်လျှင်တောင် ထိုခံစားချက် သည် မှေးမှိန်သွားပြီဖြစ်သည်။ သို့သော် သူမသည် စိတ်ထဲတွင် ဝမ်းနည်းပြီး ဒေါသထွက်နေတုန်းပင်။ နတ်ဘုရားပေးသနားသည့် သွေးစာချုပ်ကြောင့် သူမ ယန်ယဲ့နှင့်ရှိလျှင် သူမရင်ခုန်လျှင်တောင် ဒွါရခုနစ်ပေါက်မှ သွေးထွက်လာ၏။

၎င်းသည် သူမနှင့် သူ့အကြားမှ ဆက်ဆံရေးကြောင်းဖြစ်သည်ဟု ယန်ယဲ့ ပြောခဲ့သည်။ သို့သော် နတ်ဘုရားမှသွေးစာချုပ်ကိုသိပြီးနောက် သူမ ကံကြမ္မာ ကိုသိလာသည်။ သူမသည် အရင်ဘဝက အသက်ရင်းရသည့် ကြေးစားဖြစ်ခဲ့ သည်။ သူမ မချစ်ခဲ့ဖူးပေ။ ချစ်မိသူသည် ဒွါရခုနစ်ပေါက်မှသွေးထွက်ပြီး သေရ မည်ဖြစ်သည်။

သူမသည် နတ်ဘုရားမဆိုထားနှင့် သူမ၏ကံတရားကိုမည်သူ့ကိုမှ လွှမ်းမိုးခွင့်မပြုနိုင်ပေ။

အကြောမှထွက်လာသည့်စွမ်းအင်လှိုင်းနှင့်အတူ ပေထင်းဟွမ်၏အသံ သည် ငွေလတစ်မြို့လုံးကိုလွှမ်းသွားသည် “ငွေလမြို့တစ်ခုလုံး သေချာ နားထောင်ကြ၊ ကျုပ် ပေထင်းဟွမ်က ငွေလမြို့ကိုပြာကျအောင်လုပ်ချင်တယ်၊ မင်းတို့ရဲ့ မိန်းမတွေကလေးတွေကိုခေါ်ပြီး ဒီနေက ချက်ချင်းထွက်သွားပါ၊ မင်း တို့သာ စီရင်ချက်ဗိမာန်ကို ယုံကြည်တဲ့သူမဟုတ်ရင် ဇာမဏီမြို့က မင်းတို့ရဲ့ နေရပ်ဖြစ်လာလိမ့်မယ်”

ပေထင်းဟွမ်၏စကားဆုံးသည်နှင့် ငွေလတစ်မြို့လုံးသည် အထိန်းအကွပ်မဲ့စွာနှင့် ပုန်ကန်သောလူများကြောင့် မြို့တံခါးပေါက်ကို ဖွင့်လိုက်ရတော့သည်။ ဤတိုက်ကြီးတွင် သာမန်ကျင့်ကြံသူဆိုသည်မှာမရှိပေ။ ရှိလျှင်လည်း သာမန်ကျင့်ကြံသူများသည် အမှန်အကန်အစွမ်းအစရှိသူပင်ဖြစ် သည်။ ငွေလမြို့တံခါးကို စောင့်ကြပ်နေသည့်လူများသည် သန့်စင်သောသားရဲ တပ်အဖွဲ့ဝင်များဖြစ်လျှင်တောင် ငွေလတစ်မြို့လုံးသည် သန့်စင်သောသားရဲ တပ်ဖွဲ့တစ်ရာလောက်ပင်မရှိပေ။

ထိုအချိန်တွင် ငွေလရောင်အင်ပါယာ၏ဧကရာဇ်သည် အင်ပါယာမြို့မှ စွမ်းအားများကို သူ ဘေးကင်းအောင် စုစည်းလေသည်။ ငွေလမြို့တံခါးဝတွင် တပ်ဖြန့်ထားသည့် အားကောင်းသောတပ်သည် မလုံလောက်ပေ။

မကြာမီတွင် မြို့တံခါးပွင့်လာသည်။ နတ်မိစ္ဆာတောကို မျက်နှာမူထား သည့် မြို့တံခါးပွင့်လာသည်နှင့် အားကောင်းသောခွန်အားဝင်လာသည်။ အရှေ့ မှ ပြေးလာသူမှာ ခြင်္သေ့ပျံဘုရင်စီးလာသည့် ချူဖုန်းဖြစ်သည်။ ပြောင်မြောက် သည့် ချပ်ဝတ်တန်ဆာကိုဝင်ဆင်ထားကာ အပြာရောင်ဝတ်ရုံသည် အနောက် တွင်လွင့်ပျံနေကာ သူ၏ အေးစက်သောမျက်လုံးများသည် ထိုအချိန်တွင် မီးတောက်ကဲ့သို့ တောက်လောင်နေပြီး တက်ကြွသောစိတ်ဓာတ်ကို သယ်ဆောင်လာသည်။

သူ့အနောက်မှ သံမဏိသွေးကြေးစားအဖွဲ့သည် လူနှစ်ရာကျော်ရှိသည်။ တစ်ယောက်ချင်းစီသည် သားရဲများကို စီးလာကြသည်။ နတ်သားရဲ၏ ကြီးမား သောကိုယ်ထည်သည် မြို့တံခါးတစ်ခုလုံးနှင့် ရထားလုံးဆယ်စင်းဘေးချင်းကပ် သွားနိုင်သောလမ်းတစ်ခုလုံးကို ပိတ်ထားသည်။

ထိုမြင်ကွင်းသည် ထွက်ပြေးနေသော ကျွမ်းကျင်သူများနှင့်သာမန်လူများ ကို ခြေလှမ်းများရပ်တန့်ပြီး ထိုအဖွဲ့ကို ကြောက်လန့်သောမျက်လုံးများနှင့် ကြည့်စေသည်။ ငွေလရောင်အင်ပါယာ၏ သန့်စင်သောသားရဲတပ်နှင့်ယှဉ်လျှင် မည်မျှသန်မာသည်ကို မည်သူမှမသိကြပေ။ နတ်သားရဲတပ်မှလူများပင် ရင်များ တဒိန်းဒိန်းခုန်လာသည်။ သူတို့သိချင်သည်မှာ ဤအဖွဲ့သည် မည်သူ့ အဖွဲ့နည်း။

“မြန်မြန်ကြည့်လိုက် မင်းသားချူဖုန်းပဲ တကယ်ပဲ မင်းသားချူဖုန်းပဲ”

ငွေလမြို့တွင် နှစ်ပေါင်းများစွာနေလာသော မြို့သားတစ်ယောက်သည် ချူဖုန်းအား မယုံနိုင်စွာဖြင့်ကြည့်လေသည်။ သူသည် ထိုမျက်နှာကို အမြင်မှား ခြင်းမဖြစ်နိုင်ပေ။ သူသည် လွန်ခဲ့သည့် ၁၄ နှစ်က ခွေးတစ်ကောင်ကဲ့သို့ ငွေလ မြို့မှထွက်ပြေးခဲ့သည့် ချူဖုန်းနှင့်မတူပေ။

ထိုလူပြောသည်နှင့် အားလုံးမှင်တက်ကုန်ကြသည်။ မင်းသားချူဖုန်း သည် မည်သူနည်း။ မင်းသားမှလွဲပြီး မည်သူဖြစ်နိုင်သနည်း။ ခေတ္တမျှမှင်တက် ပြီးနောက် ငွေလမြို့တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ထင်ရှားစွာပင် သူတို့ မှတ်မိကြသည်။ မင်းသားချူဖုန်းသည် မည်သူနည်း။

All Chapters