ဝက်သက်ထွက်သက် ၁၀ ကြိမ်အတွင်း
Vol. 49 Ch. 962
ငွေလရောင်အင်ပါယာတွင် ၁၄ နှစ်ကြာ တိမ်မြုပ်နေခဲ့သည့် 'ချူဖုန်း' ဆိုသည့်နာမည်သည် ငွေလမြို့ကောင်းကင်တွင် ထပ်မံမြည်ဟီးလာသည်။ ငွေလမို့၏ ပင်မလမ်းပေါ်တွင် မရေမတွက်နိုင်သောလူများ ပြေးထွက်လာ၏။ တစ်ခါက ငွေလရောင်အင်ပါယာဧကရာဇ် လိုက်သတ်ခြင်းကိုခံဖူးပြီး ငွေလမြို့မှ ထွက်ပြေးခဲ့ရသည့် မင်းသားတစ်ပါးသည် ယခုအခါ သားရဲတပ်ကို ဦးဆောင်ပြီး ဤကဲ့သို့ သန်မာသောအနေအထားနှင့် ပြန်လာချေပြီ။ ၎င်း၏အဓိပ္ပာယ်ကို သူတို့အားလုံးသိကြသည်။
“ဒီထီးနန်းက အစကတည်းက မင်းသားချူဖုန်းရဲ့ဟာပဲ”
“လက်ရှိဧကရာဇ်ကိုကြည့်လိုက်လေ အရိုက်အရာအတွက် ငွေလရောင် အင်ပါယာလို တိုင်းပြည်ကောင်းတစ်ခုကို စီရင်ချက်ဗိမာန်ကိုရောင်းခဲ့တာ”
“မင်းသားချူဖုန်းသာပြန်လာရင် မတူရင်မတူမှာ”
ချူဖုန်းသည် ခြင်္သေ့ဘုရင်ပေါ်တွင်ထိုင်နေရာ ခြင်္သေ့ဘုရင်သည် ကျယ်လောင်စွာနှင့် ချူဖုန်းအားမေးလိုက်သည် “သခင် မင်းရဲ့လူတွေက မင်းကို အရမ်းလွမ်းနေကြတာပြ”
ချူဖုန်း၏ ဂရုမမူသောမျက်လုံးများသည် တဖြည်းဖြည်းနှင့် လမ်းပေါ်တွင် စုနေသောလူအုပ်ကို ဖြတ်ကြည့်လိုက်သည်။ သူ၏ပြန်လာမှုကိုကြိုဆိုသည့် အား လူအုပ်သည် စိတ်လှုပ်ရှားစွာနှင့်ကြည့်နေကြသည်။ သူ၏အသံသည် ရေခဲ ကဲ့သို့အေးစက်နေတုန်းပင် “လွန်ခဲ့တဲ့ ၁၄ နှစ်က ငါအလိုက်ခံခဲ့ရတယ်၊ အဲတုန်း က ငွေလမြို့တစ်ခုလုံးမှာ ငါ့ကိုလက်ကမ်းပေးတဲ့သူ တစ်ယောက်မှမရှိခဲ့ဘူး၊ အဲတုန်းက ယွင်ဟိုင်က စီရင်ချက်ဗိမာန်ကလူဆိုတာကို မသိခဲ့ကြဘူး၊ ငါ့လူတွေ ကို သူဖမ်းသွားတာ၊ ငါက ခွေးတစ်ကောင်လို ဒီကနေထွက်ပြေးခဲ့ရတယ်၊ ငါ့ရဲ့ သေရေးရှင်ရေးကို ဘယ်သူကမှ ဂရုမစိုက်ခဲ့ဘး၊ အဲဒီသာမန်လူတွေက ဘယ်သူ ဧကရာဇ်ဆိုတာကို ဂရုမစိုက်ကြဘူး သူတို့ရဲ့ဆန္ဒကိုယ်သူက ကျေနပ်စေမလဲဆို တာကိုပဲ ဂရုစိုက်ကြတာ”
ချူဖုန်းပြောသည့်စကားကိုကြားပြီးနောက် ခြင်္သေ့ပျံဘုရင်သည် တိတ် တိတ်လေးသက်ပြင်းချလိုက်သည်။ လွန်ခဲ့သည့် ၁၄ နှစ်က ဤလူငယ်လေး သည် အသက်မည်မျှရှိဦးမည်နည်း။ ဤကဲ့သို့ သေရေးရှင်ရေး ရုတ်တရက် ပြောင်းလဲမှုကို ကြုံတွေ့ရပြီးနောက် သူ့နှလုံးသားသည် အေးစက်သွားလိမ့် မည်မဟုတ်ပါလား။ သူ့ကို နွေးထွေးအောင်လုပ်နိုင်သည်မှာ ကောင်းကင်တွင် ဖြစ်မည့်တိုက်ပွဲပင်ဖြစ်လိမ့်မည်။
ချူဖုန်းသည် ခေါင်းမော့ပြီး ကောင်းကင်တွင်ရှိနေသည့် ကိုးရောင်အလင်း တန်းကို ကြည့်လိုက်သည်။ မီးတောက်များသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားကာ လူငယ်ပေထင်းဟွမ်၏အသံသည် မီးတောက်များကို ဖြတ်ပြေးလာသည် “ငွေလရောင်အင်ပါယာရဲ့ခွေးဧကရာဇ် ထွက်လာပြီး သေ လိုက်တော့၊ မင်းထွက်လာပြီး ငါ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံမယ် ဆိုရင် ငွေလမြို့ကို သက်ညှာပေးမယ်”
မဟုတ်လျှင် ငွေလမြို့သည် သန့်စင်သောမြို့ကဲ့သို့ အဆုံးသတ်ရလိမ့် မည်။
လမ်းပေါ်မှလူအုပ်သည် ကြက်သေသေသွားကြကာ ခေါင်းအထက်မှ မီးတောက်များကို စိုက်ကြည့်ကြလေသည်။ ယနေ့ညမြင်ကွင်းသည် ထိုနေ့က သန့်စင်သောမြို့ထက်ပင် ပို၍ရက်စက်သည်။ ခွန်အားမရှိသူများသည် မိုးပေါ် တွင်ရှိနေသော ချူဖုန်းနှင့် ပေထင်းဟွမ်ရှိရာသို့ ဒူးထောက်ကြသည် “သခင်ကြီး သခင်ကြီးချူဖုန်း ကျေးဇူးပြုပြီး ကျွန်တော်တို့ကို သက်ညှာပေးပါ၊ မြို့ကို မီးမရှို့ လိုက်ပါနဲ့ မလုပ်ပါနဲ့”
“ဟင်း တုံးလိုက်တာ” လမ်းဘေးနှစ်ဖက်မှ ဒူးထောက်နေသောလူများကို ကြည့်ပြီး ချူဖုန်းသည် ရင်ထဲတွင် ပူဆွေးမှုနှင့်ဒေါသတို့ကိုခံစားရလေသည်။ လွန်ခဲ့သည့် ၁၄ နှစ်က သူသည် မိခင်၊ ဖခင်နှင့် ထီးနန်းကိုဆုံးရှုံးခဲ့ကာ ငွေလ ရောင်အင်ပါယာမှ သားရဲတောသို့ထွက်ပြေးခဲ့ရသည်။ လွန်ခဲ့သည့် ၁၄ နှစ် အတွင်းတွင် သူသည် သားရဲတောမှ မထွက်ရဲပေ။ သူ့ကို တစ်ယောက်ယောက် သစ္စာဖောက်ပြီး သူ့ကိုဖမ်းကာ ငွေလရောင်အင်ပါယာနှင့် မွန်မြတ်သောသားရဲ အတွက် အလဲအလှယ်လုပ်မည်ကို စိုးရိမ်ခဲ့ရသည်။
“ငါ့ကို တောင်းပန်နေလည်းမရဘူး ရှောင်ကျို့ကို တောင်းဆိုနေလည်း အပိုပဲ၊ မင်းတို့ ဧကရာဇ်ကိုသာ တောင်းပန်လိုက်ကြ၊ သူ့အသက်နဲ့ မင်းတို့ အသက်ကိုလဲခိုင်းလိုက် သူသာ မင်းတို့ ၁၄ နှစ်လုံးလုံး ကိုးကွယ်ခဲ့တဲ့ စစ်မှန်တဲ့ ဧကရာဇ်သာဆိုရင် မင်းတို့အားလုံးကို ကာကွယ်ပြီး သူ့လူတွေကို သေခံမှာ မဟုတ်ဘူး” ချူဖုန်း၏ လှောင်ပြောင်သောအသံသည် ငွေလမြို့တစ်ခုလုံး၏ ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။
“ဝမ်းကွဲအစ်ကိုချူဖုန်း ပြောတာကောင်းတယ်” ပေထင်းဟွမ်၏အသံ သည် ကောင်းကင်မှထွက်ပေါ်လာသည် “ဝင်သက်ထွက်သက် ၁၀ ကြိမ်အတွင်း မှာ ခွေးဧကရာဇ် ပေါ်မလာရင် မင် ငါတို့တိုက်မယ်”