← Chapters

မောက်မာတာက မင်းကိုမြန်မြန်ပဲသေစေလိမ့်မယ်

Vol. 49 Ch. 963

မောက်မာတာက မင်းကိုမြန်မြန်ပဲသေစေလိမ့်မယ်

Vol. 49 Ch. 963

အချိန်သည် တိုးတိတ်စွာစီးဆင်းနေသလို လေထုသည် အသက်ရှူရန် ခက်အောင်ပင် ထုံထိုင်းနေသည်။

ကောင်းကင်အထက်တွင် ငွေလရောင်အင်ပါယာ၏ ဘုန်းတော်ကြီးနှင့် ဂိုဏ်းထောက်များသည်လည်း အင်ပါယာမြို့အောက်ကို မျှော်လင့်စောင့်စား သည့်မျက်လုံးများနှင့်ကြည့်လေသည်။ နိုင်ငံကိုကာကွယ်သည့်စစ်သူကြီး ယွင်ဟိုင်၏သေဆုံးမှုသည် သူတို့ကို တိုက်ခိုက်ရေးစိတ်ဓာတ်ကို ပျောက်ကွယ် သွားစေသည်။ အထွတ်အမြတ်နတ်သားရဲပိုင်ဆိုင်သည့် ထိပ်ဆုံးအဆင့် ဝိညာဉ် ဂိုဏ်းသည် ပေထင်းဟွမ်ဟုခေါ်သည့်လူငယ်၏လက်ထဲတွင် နာရီဝက်ပင် အသက်မရှင်လိုက်ပေ။

ထိုအချိန်တွင် ကိုးရောင်မီးကွင်းပြင်တွင် မကောင်းသောသက်ရောက်မှု အားလုံးသည် ချဲ့ကားပြောနေသကဲ့သို့ပင်။ ဝိညာဉ်အပါအဝင် ခန္ဓာကိုယ် အတွင်း၊ အပြင်အားလုံးကို မီးတောက်များဖြင့် လောင်မြိုက်နေရာ သူတို့သည် ချက်ချင်းပင် သေချင်စိတ်ဖြစ်လေသည်။ အားနည်းသောလူများအတွက် ကိုးရောင်မီးပန်းများသည် အသိစိတ်ပင်လယ်ထဲသို့ တသွင်သွင်စီးဝင်လေ၏။ ၎င်းသည် ဝိညာဉ်အသိစိတ်ပင်လယ်ထဲတွင် တဖြည်းဖြည်းလောင်ကျွမ်းလေ သည်။ အသိစိတ်ပင်လယ်ခြောက်ခမ်းသွားလျှင်မည်သို့မည်ဖြစ်ကို မည်သူ သိ မည်နည်း။

မြေကြီးပေါ်တွင် မရေမတွက်နိုင်သောအသံများသည် စကားတစ်ခွန်းကို သာ ပြောနိုင်တော့သည် “ဧကရာဇ်ကိုကယ်ပေးပါ”

ဧကရာဇ်၏အသက်ကို ငွေလမြို့၏ရှင်သန်ရေးနှင့် အလဲအလှယ်လုပ်ရ မည်။ ချူဖုန်းသည် ငွေလရောင်အင်ပါယ၏ အင်ပါယာမြို့တော်ရှိရာဘက်သို့ ကြည့်ကာ သူ၏နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သည့်အပြုံးတစ်ခု တဖြည်းဖြည်းပေါ်လာသည်။ သူ၏အဖေတူမအေကွဲအစ်ကိုသည် တခြားသူ လိုက်တာခံရလိမ့်မယ်ဟု လွန်ခဲ့သည့် ၁၄ နှစ်က တွေးမိရဲ့လားမသိပေ။ သို့သော် ဤအချိန်တွင် သူ့တွင် ထွက်ပြေးရန်အရည်အချင်းမရှိတော့ပေ။

“ချူဖုန်း မင်း တကယ်ကြီးလာရဲတာပဲ”

နောက်ဆုံးတွင် အင်ပါယာမြို့မှအားနည်းသော အသံတစ်သံထွက်လာ သည်။ ချက်ချင်းဆိုသလိုပင် အားလုံး၏မျက်လုံးများအောက်တွင် ဂိုဏ်းချုပ်နှင့် တူသည့် ငွေရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ရတနာကျောက်များစီခြယ်ထား သည့် သရဖူဆောင်းထားသည့်လူတစ်ယောက်သည် အားလုံး၏မြင်ကွင်းထဲသို့ တဖြည်းဖြည်းမြင့်တက်လာသည်။ သူသည် ခေါင်းလှည့်ပြီး အင်ပါယမြို့တစ်ခု လုံးမှ လူများကိုကြည့်လေသည်။ အခြေအနေကို ခေတ္တမျှကြည့်ပြီးနောက် ပေထင်းဟွမ်ဆီသို့အကြည့်ရောက်သည်။ ထို့နောက် ချူဖုန်း၏ခန္ဓာကိုယ်ကို စိုက်ကြည့်လေသည်။

အံ့ဩမှု၊ ထိတ်လန့်မှု၊ မလိုလားမှု အမျိုးမျိုးသောရှုပ်ထွေးသည့်ခံစားချက် များသည် သူ့မျက်လုံးထဲတွင် တလှည့်စီဖြစ်နေသည်။ နောက်ဆုံးတွင် သူ နှာမှုတ်လေသည် “ချူဖုန်း မင်း ငါ့အသက်ကိုလိုချင်ရင် မင်းအပေါ်မှာပဲမူတည် တယ်၊ မင်းမလုပ်နိုင်မှာကို ငါ ကြောက်တယ်၊ ဒီနေ့ငွေလရောင်က အရင်ကနဲ့ မတူတော့ဘူး”

“ဟားဟားဟား” ချူဖုန်းသည် နှစ်သစ်ကူးနေ့ ငွေလရောင်အင်ပါယာကို မြင်ခဲ့စဉ်က သူလည်း ခေတ္တမျှ မှင်တက်ခဲ့သည်။ နောက်ဆုံးတွင် သူသည် လှောင်ပြောင်မှုနှင့် ဝမ်းနည်းမှုတို့ ရောယှက်စွာ ရယ်သွမ်းရာ ၎င်းရယ်သံသည် ငွေလမြို့၏ ကောင်းကင်အထက်တွင် အတန်ကြာအောင် ပဲ့တင်ထပ်လေသည်။ နောက်ဆုံးတွင် သူသည် ရယ်သံကိုချုပ်တည်းကာ ရယ်လိုက်ခြင်းကြောင့် စီးကျ လာသည့်မျက်ရည်များကို လက်နှင့်သုတ်လိုက်သည်။ “ချူလင် မင်းက တော်ဝင်ဝတ်ရုံကိုတောင် လဲလိုက်ပြီပဲ၊ တော်ဝင်ဝတ်ရုံက တော်ဝင်ဝတ်ရုံ သက်သက်မဟုတ်ဘူး စတေးခံဝတ်ရုံပဲ၊ ဟုတ်တယ်မလား ချူလင် ဒီနဂါးပလ္လင် ကို ဘာလို့များ စီရင်ချက်ဗိမာန်ကို မပေးလိုက်တာလဲ”

“ချူဖုန်း ပါးစပ်ပိတ်ထား” ငွေလရောင်အင်ပါယာ၏ဧကရာဇ် ချူလင် သည် ချူဖုန်းအား ဖောင်းပြည့်နေသောမျက်လုံးတစ်စုံနှင့်စိုက်ကြည့်လေသည် “မင်းက ငွေလရဲ့ပုန်ကန်သူပဲ၊ မင်းကို လွန်ခဲ့တဲ့ ၁၄ နှစ်ကတည်းကကွပ်မျက်ခဲ့ ရမှာ၊ လူတွေက မင်းကိုဖမ်းဖို့သွားခဲ့တယ် အဲဒါကို မင်းတံခါးဆီကို ပို့ရဲတယ်”

“ဟားဟားဟား ချူလင်း မင်းနဲ့မတွေ့ရတဲ့ ၁၄ နှစ်အတွင်းမှာ မင်းရဲ့ စကားအကြီးကြီးပြောတတ်တဲ့ အစွမ်းအစက ပိုပိုကောင်းလာပါလား၊ ငါ့ကို ဖမ်းမယ်ဟုတ်လား၊ ၁၄ နှစ်… ငါ့ကိုသတ်ဖို့လွှတ်လိုက်တဲ့လူက နည်းတယ်လို့ ပြောလို့ရလို့လား၊ ငါ့ကိုဖမ်းဖို့အစွမ်းအစရောရှိလို့လား၊ ငါ့ကိုဖမ်းပေးတာနဲ့ သန့်စင်တဲ့သားရဲကို ဆုအဖြစ်ပေးတယ်လို့တော့ ငါ့ကိုလာမပြောနဲ့၊ ကြည့် ငါ့ နောက်ကိုကြည့်လိုက် ချူလင်း ငါချူဖုန်းကိုယ်ပိုင် အထွတ်အမြတ်သားရဲတပ် ကိုပဲမှီခိုတာ၊ မင်းငါ့ကို မဖမ်းနိုင်ပါဘူး၊ ဈေးနှုန်းက မင်းခေါင်းအစား ခွေးခေါင်း တပ်လိုက်ရင်ပဲလောက်ပြီ” ချူဖုန်းပြောပြီးနောက်တွင် သူ၏ မျက်လုံးနက်နက် များသည် ချူလင်အား စိုက်ကြည့်လေသည်။ သူ့မျက်လုံးထဲမှ လူသတ်မည့် အကြည့်သည် အပြင်းအထန်လှုပ်ရှားနေပြီဖြစ်သည်။

“မောက်မာတာက မင်းကို မြန်မြန်သေစေလိမ့်မယ်”

စူးရှသောအသံတစ်သံသည် အဘက်ဘက်မှထွက်လာရာ နယ်ပယ် ကာကွယ်မှုလုပ်ထားသော ပေထင်းဟွမ်နှင့်မင်တို့သည် သွေးများလှိမ့်တက်လာ ပြီး လည်ချောင်းမှ သွေးများအန်တော့သည်။

All Chapters