← Chapters

အဆင့်မြင့်ဓားနတ်ဘုရား၊ ၃၃ ကောင်းကင်ဘုံက လာခြင်း

Vol. 49 Ch. 964

အဆင့်မြင့်ဓားနတ်ဘုရား၊ ၃၃ ကောင်းကင်ဘုံက လာခြင်း

Vol. 49 Ch. 964

ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် ခေတ္တမျှတုန်ခါသွားသည်။ ရင်ထဲမှ မကောင်းသော စိတ်လေးမှုနှင့်အတူ သူမနှင့် မင်တို့သည် တစ်ယောက်နှင့် တစ်ယောက်ကြည့်မိကြသည်။ မင်၏မျက်လုံးထဲတွင် အရင်ကမမြင်ဖူးခဲ့သည့် လေးနက်မှုအရိပ်အယောင်တစ်ခုကို သူမ တွေ့လိုက်သည်။

ငွေလရောင်အင်ပါယာ၏ နန်းတော်ထဲတွင် ဤမျှအားကောင်းသော ပြိုင်ဘက်ရှိလိမ့်မည်ဟု မည်သူမှတွေးမထင်ထားပေ။ ထိုလူသည် စီရင်ချက် ဗိမာန်၏ နတ်ဘုရားအဆင့် ဂိုဏ်းထောက်ထက်ပင် အဆပေါင်းများစွာ သန်မာ သည်။

“ဒီလက အဆင့်မြင့်ဓားနတ်ဘုရားအဆင့်ပဲ၊ စိတ်အာရုံလေဟာနယ်ရဲ့ ကိုယ်ပွားတစ်ခုပဲ၊ ဟွမ် သူ့ကို အတူဖြေရှင်းရအောင်” မင်သည် ပေထင်းဟွမ် အားကြည့်ပြီး ခေါင်းညိတ်ပြလေသည်။ နတ်ဘုရားအဆင့်သည် ပေထင်းဟွမ် အတွက် သည်တစ်ခေါက်တွင် မရောက်နိုင်သည့်တည်ရှိမှုမျိုးဖြစ်၍ ကြောက်ရ မည်လား။

“ဒီအတိုင်း အဆင့်မြင့်ဓားနတ်ဘုရားခွန်အားပဲကို၊ စိတ်အာရုံလေဟာနယ် ကကိုယ်ပွားပဲလေ၊ ဟင်း ငါ့နယ်နိမိတ်ထဲလာမှတော့ မြစ်နဂါးဆိုရင်တောင် ငါ့ ဗိုက်ပေါ်မှာလှဲနေရမယ်” ပေထင်းဟွမ်၏လက်ထဲမှဓားပျော့နှင့် မြေကြီးကို ရိုက်ချကာ ဦးဆောင်သွားလေသည်။

သူမသည် ဝမ်းကွဲချူဖုန်းကို ထိုလူ၏လက်ထဲသို့ အကျမခံနိုင်ပေ။ ပြီးနောက် ဝမ်းကွဲချူဖုန်းကို နတ်ဘုရားဘုရင်မဆိုထားနှင့် မည်သူမှ ထိခိုက်ခွင့် မပြုနိုင်ပေ။

မိုးပေါ်တွင် မင်သည် ကိုးရောင်မီးတောက်ကို လွန်ကဲစွာထုတ်လိုက်၏။ သူ့လက်ကို မီးတောက်ထဲသို့ထည့်လိုက်ရာ လက်ထဲတွင် ကိုးရောင် ကျောက်စိမ်းနှင့်ပြုလုပ်ထားသော ဖန်ထျန်း၏ လှံတံပေါ်လာသည်။ ရုတ်တရက်ဆိုသလိုပင် လှံတံသည် တဖြည်းဖြည်းကြီးလာကာ မီးတောက်များ ဖြင့် ဝန်းရံလေသည်။ သူသည် ဖန်ထျန်း၏ လှံတံလက်ကိုင်ကိုကိုင်ပြီး မြင့်မြင့် မြှောက်လိုက်သည်။ မိုးကြိုးသွား၏အဟုန်နှင့် မြေပေါ်ရှိ နန်းတော်ရှိရာသို့ ရိုက်ချလိုက်သည်။

ဘုန်း...

မီးတောက်များပေါက်ကွဲရာ အသံသည် ကျယ်လောင်လွန်းသဖြင့် ကောင်းကင်ပါကွဲမတတ်ပင်။ ထိုအချိန်တွင် မင်၏တိုက်ခိုက်မှုအောက်တွင် မရေမတွက်နိုင်သောအပျက်အစီးများသည် အဘက်ဘက်သို့ လွင့်ပျံသွားလေ သည်။ ပုံရိပ်တစ်ခုသည် ပြိုပျက်သွားသောနန်းတော်မှထွက်လာသည်။ ကိုးရောင်မီးတောက်နှင့် လွှမ်းမိုးထားပြီး မီးတောက်ကို မည်မျှပင်နိုင်အောင် လုပ်စေကာမူ မီးတောက်သည် ထွက်မသွားပေ။ ထိုလူသည် စိတ်ဓာတ်ကျစွာ နှင့် ရွေးချယ်စရာမရှိတော့ဘဲ သူ့ခန္ဓာကိုယ်ပေါ်မှအင်္ကျီများကို ကိုင်ကာ လွင့်ပစ်လိုက်သည်။ မီးလောင်နေသောဆံပင်ကို ဓားနှင့်ဖြတ်လိုက်သည်။

ထိုလူသည်မည်သူနည်း။

ပေထင်းဟွမ်သည် လက်ထဲတွင် ဓားပျော့ကိုကိုင်ထားပြီး ချူဖုန်းအနား တွင် ရစ်သီရစ်သီလုပ်နေသည်။ သူမ၏ဝတ်ရုံကို လက်စွပ်ထဲထည့်ထားလိုက် ပြီး အနီရဲရဲတိုက်ခိုက်ရေးချပ်ဝတ်တန်ဆာကို သူမ၏ခန္ဓာကိုယ်တွင် ဆင်ပြီးသားဖြစ်လေသည်။ မျက်စိရှေ့မှမီးတောက်ကို ကောက်ယူပြီး ငွေလမြို့ ဘက်သို့ပစ်ကာ အေးစက်သောအသံနှင့်မေးလေသည် “မင်းက ဘယ်သူလဲ ဘယ်တစ်ယောက်က ၃၃ ကောင်းကင်ဘုံကလဲ”

ထိုလူသည် အပေါ်ဝတ်ရုံကို ဖြဲလိုက်ပြီးနောက် သူ၏ငွေရောင်ချပ်ဝတ် တန်ဆာပေါ်လာသည်။ နဂိုက အနောက်တွင် ဖားလျားကျနေသော ဆံပင်ရှည် ကို ဓားဖြင့်ဖြတ်လိုက်ရာ ပခုံးသာသာအရွယ်ရောက်သွားသည်။ သူ့မျက်လုံးများ သည် နဂိုကတည်းကပင် အထင်သေးသည့်ပုံရိပ်ပါသည်။ သို့သော် မင်၏ မေးခွန်းကိုကြားပြီးနောက် မျက်လုံးထဲမှအထင်သေးမှုများကို ဖယ်ကာ မင်အား လေးနက်စွာကြည့်လေသည် “မင်းကလည်း အဲဒီလေဟာနယ်ကလာတာလား၊ မဟုတ်ဘူး မင်းက စိတ်အာရုံကိုယ်ပွားတင်မဟုတ်ဘူး၊ မင်းက အဲဒီလေဟာနယ်ကိုသိမှတော့ ငါက ဝိညာဉ်နတ်ဘုရားမျိုးနွယ်၊ ဝိညာဉ်နတ် ဘုရားဧကရာ်က ပင်မတိုက်ကြီးကိုလွှတ်လိုက်တဲ့ သံတမန်ဆိုတာကိုလည်း သိရမှာပေါ့၊ မင်း ဒီနေ့ ငါ့ကိုတွေ့ရင် မင်းသေလိမ့်မယ်”

ဝိညာဉ်နတ်ဘုရားမျိုးနွယ်ဧကရာဇ်၏ အငယ်ဆုံးသားနောက်တွင်ရပ်နေ ရရင် ပေထင်းဟွမ်သည် ထိုလူကိုကောင်းစွာမမြင်ရပေ။ သို့သော် ထိုလူပြော သည့်စကားကိုကြားပြီးနောက် ရယ်မောလေသည် “အဆင့်မြင့်နတ်ဘုရား အဆင့်လောက်က ဘယ်လိုလုပ် ဒီလိုစကားတွေပြောရဲရတာလဲ”

သူ့အနောက်မှ တစ်စုံတစ်ယောက်သည် ထိုကဲ့သို့အသံနေအသံထားနှင့် ပြောသည်ကိုကြားသည်နှင့် မင်ဟွောင်သည် ချက်ချင်းပင် စိတ်ဆိုးမာန်ဆိုးနှင့် ခေါင်းလှည့်ကြည့်လေသည်။ သူသည် ပေထင်းဟွမ်ကို ရုတ်တရက်မြင်လိုက် ချိန်တွင် ဘာဖြစ်သွားသည်မှန်းတော့မသိ အလန့်တကြားနှင့်နောက်သို့ ခြေလှမ်းများစွာဆုတ်မိလေသည်။ အံ့အားသင့်သောအကြည့်များနှင့် ပေထင်းဟွမ်အား လက်ညှိုးထိုးကာ ဆွံ့အနေသည် “မင်း မင်း မင်း...”

All Chapters