← Chapters

အနောက်တောရိုင်းက မင်းသမီးဟွမ်ကျို့လား

Vol. 49 Ch. 965

အနောက်တောရိုင်းက မင်းသမီးဟွမ်ကျို့လား

Vol. 49 Ch. 965

“ငါ ငါ ငါ မင်း မင်းမင်းက အနောက်တောရိုင်းက မင်းသမီးဟွမ်ကျို့လား မင်း မသေဘူးလား၊ မဟုတ်ဘူး နတ်မိစ္ဆာဧကရာဇ်က မင်းကို ကယ်လိုက်တာ ဖြစ်မယ်၊ မင်း မင်း ဒီကိုမလာနဲ့” သူသည် ပေထင်းဟွမ်အား သရဲတစ်ကောင်ကို မြင်လိုက်ရသလိုဖြစ်နေသည်။

“ဟွမ် သူ့ကို အရှင်ထားလို့မရဘူး သတ်” မင်၏အသံသည် အလွန် အေးစက်နေပြီး သူ့မျက်လုံးထဲမှအကြည့်သည် အထင်သေးမှုနှင့် ရွံရှာမှုများနှင့် ပြည့်နေသည်။

သူ၏ဆိုလိုရင်းကို ပေထင်းဟွမ်နားလည်လျှင်တောင် တမန်တော်သည် ရောက်လာသည်နှင့် သူမ၏သရုပ်မှန်ကိုသိပြီး အသက်ရှင်သွားရလိမ့်မည်ဟု ထင်မထားပေ။ သူမ၏တည်ငြိမ်သောမျက်လုံးများသည် တမန်တော်အား စိုက်ကြည့်နေပြီး သူမလက်ထဲမှဓားပျော့ပေါ်တွင် ကောင်းကင်ပြာစက်ဝိုင်းမှ ထိုးထွက်နေသည့် ငွေရောင်မြွေလေးရှိနေသည်။ “ဟုတ်တယ် ငါက ဟွမ်ကျို့ပဲ ဝိညာဉ်နတ်ဘုရားမျိုးနွယ်က ငါ့ကိုဘာလုပ်ခဲ့လဲ၊ ဒီနေ့ကစပြီး မင်းတို့ ပြန်ပေးဆပ်ရမယ်”

ပေထင်းဟွမ်၏ဓားပျော့ပေါ်မှ စွမ်းအင်ကိုမြင်ပြီးနောက် တမန်တော် သည် စိတ်ပိုင်းဖြတ်ထားသည်။ ပြီးနောက် ပေထင်းဟွမ်၏ခြိမ်းခြောက်ခြင်းကို ခံရပြီးနောက် အလွန်ဒေါသထွက်သွားသည်။ ရုတ်တရက်ဆိုသလိုပင် သူသည် ဒေါသထွက်ကာ အရိုင်းဆန်စွာရယ်မောလေသည် “မင်းက မင်းသမီးဟွမ်ကျို့ ဆိုရင်တောင် ငါပြောရမှန်းမသိတော့ဘူး၊ မင်းက ကောင်းကင်အဆင့်လောက် ပဲကို၊ မင်းက နတ်ဘုရားအဆင့်ကိုတိုက်ခိုကချင်သေးတယ်၊ ဒါပေမဲ့ မင်း ဒီနေ့ ငါ့လက်ထဲရောက်လာရင် ပြန်ပြီးအသက်သွင်းလို့မရတော့ဘူးဆိုတာပြနေတာ ပဲ”

တမန်တော်၏ခန္ဓာကိုယ်မှ ကြမ်းတမ်းသောအင်အားတစ်ခု ထွက်လာ၏။ ထိုအချိန်တွင် မိုးပေါ်ရှိလူများနှင့်မြေကြီးပေါ်မှလူများသည် နေရာလွတ်ဖြစ်ရန် နောက်ဆုတ်ပေးကြသည်။ တမန်တော်၏ခြေရင်းတွင် သန့်စင်သော ကြက်ခြေ ခတ်ဓား ၇ ချောင်းသည် ယပ်တောင်ပုံသဏ္ဍာန်စီစဉ်ထားလေသည်။ မင်ပြော သလိုပင် ထိုတမန်တော်၏ခွန်အားတွင် အဆင့်မြင့်ဓားနတ်ဘုရားအဆင့်ရှိ၏။

ထိုဖိနှိပ်မှုသည် ပေထင်းဟွမ်နှင့် မင်တို့ကို မသက်မသာခံစားရစေသည်။ သူတို့သည် သူတို့၏ရင်ဘတ်ကို လေးလံသောတောင်တစ်လုံးဖိလိုက်သလို ခံစားရလေသည်။ နှစ်ယောက်လုံးသည် မသိစိတ်မှ နောက်ဆုတ်မိကြသည်။ သူတို့အတွက် နတ်ဘုရားခွန်အားသည် အလွန်သန်မာလွန်းသည်။

ပထမဆုံးအကြိမ်အနေနှင့် သူတို့၏မျက်လုံးထဲတွင် အလွန်လေးနက် သော အကြည့်ရှိနေသည်။ မြေပေါ်မှ ချူဖုန်းနှင့်တခြားသူများသည်လည်း မိုးပေါ်မှ သူတို့နှစ်ဘောက်ကို စိုးရိမ်သောမျက်လုံးများဖြင့် ကြည့်နေကြသည်။ တမန်တော်၏အသွင်အပြင်နှင့် သူ့အသံထဲမှဖိနှိပ်မှုတို့သည် လူကို မသက်မသာ ခံစားရစေသည်။ ထိုအချိန်တွင် ထိုလူ၏ခြေထောက်အောက်တွင် ကြယ်ပုံစံ အစီအရင်ပေါ်လာရာ ချူဖုန်းနှင့်တခြားသူများသည် ရင်ခုန်လာကြသည်။

သတ္တဂံကြယ်အစီအရင်သည် ပြောရလျှင် နတ်ဘုရားအဆင့်နှင့် အဆင့် မြင့်ဓားနတ်ဘုရားအဆင့်ဖြစ်သည်။ ရှောင်ကျို့၏ လက်ရှိခွန်အားသည် မည်မျှ ရှိသနည်း။ ဇာမဏီမြို့တွင် နတ်ဘုရား အဆင့်အားလုံးပေါင်း ၇ ယောက်ရှိ၏။ သို့သော် ရှောင်ကျို့သည် သူတို့ထဲတွင် မပါဝင်သေးပေ။

“မိုးနတ်မင်းရေ ဒီလူရဲ့အဆင့်က ဘယ်လောက်လဲ၊ ဒီကြယ်ပုံစံက ဘယ်လိုမျိုးလဲ၊ ပြည်မကြီးမှာ ဒီလိုမျိုးကြယ်ပုံစံကိုမမြင်ဖူးဘူး”

“နတ်ဘုရားအဆင့်ပဲ ဒီလူကနတ်ဘုရားအဆင့်ပဲ”

“သခင်ပေထင်းဟွမ် မင်းက နတ်ဘုရားအဆင့်ကို ရင်ဆိုင်နေရတာပဲ၊ ဆိုလိုတာက ဒီနေ့က သူ့ရဲ့ကျဆုံးတဲ့နေ့ပဲ”

မိုးပေါ်မှလူများသည် မြေပေါ်သို့ရောက်သွားပြီဖြစ်သည်။ နတ်ဘုရား အဆင့်ကို ပေထင်းဟွမ်ကဲ့သို့ကောင်လေးက ရင်ဆိုင်နေရသည်။ မည်သူက သေရမည်ကိုမကြောက်ဘဲ မိုးပေါ်တွင်နေရဲတော့မည်နည်း။ တစ်ယောက် ယောက်တော့ မတော်တဆသက်ရောက်ပြီးသေနိုင်သည်။ မည်သူ့ထံ တရားမျှတမှုကို သွားတောင်းရမည်ကို သိတော့မည်မဟုတ်ပေ။ အားလုံးသည် အသက်ပြင်းကောင်ကောင်းမရှူရဲဘဲ မိုးပေါ်ကိုစိုက်ကြည့်ပြီး သူတို့တိုက်ပွဲ ထက်ပင် ပို၍စိတ်လှုပ်ရှားနေကြသည်။

လဲ့နီသည် မုချင်းလင်ကို မြေပေါ်သို့ခေါ်သွားပြီဖြစ်ရာ ချူဖုန်း တပ်ကြီးကို ဦးဆောင်လာသည်ကိုမြင်ရချိန်တွင် သူမ အလွန်ပျော်မိသည်။ သို့သော် တမန် တော်ရောက်ရှိမှုသည် သူတို့ ငွေလရောင်ကို တိုက်ခိုက်မည့်အရေးကို အနှောင့်အယှဥက်ဖြစ်စေသည်။ ပင်မတိုက်ကြီးပေါ်ရှိ အားအကောင်းဆုံး ကျွမ်းကျင်သူ၏ခွန်အားသည် ပို၍မြင့်သည်ကို ထည့်စဉ်းစားပြီးနောက် အလွန် စိုးရိမ်လာသည်။

သူမသည် သားရဲပခုံးပေါ်တွင်ထိုင်ပြီး ချူဖုန်းဘေးသို့ လျှောက်သွားလိုက် သည်။ ချူဖုန်းကို နှုတ်ဆက်ပြီးနောက် စိုးရိမ်တကြီးမေးလေသည် “သခင်ချူဖုန်း သခင်လေး ၉ အဆင်ပြေပါ့မလား”

တခြားကိစ္စသာဆိုလျှင် ချူဖုန်းသည် “ရှောင်ကျို့ အဆင်ပြေမှာပါ” ဟု ယုံကြည်ချက်ရှိရှိပြန်ဖြေမည်ဖြစ်သည်။ သို့သော် သည်တစ်ကြိမ်တွင် သူသည် ရွေးချယ်စရာမရှိတော့ဘဲ နှုတ်ဆိတ်နေရတော့သည်။

All Chapters