← Chapters

ထူးခြားသော

Vol. 17 Ch. 236

ထူးခြားသော

Vol. 17 Ch. 236

စမ်းချောင်း နံဘေးတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်အကြောင်းများက လေနှင့်အတူ နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး အပြင်ဘက်တောင်မှ တပည့်များကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

လူတိုင်းက ဇူယွမ် ထုတ်ဖော် ပြသခဲ့သော ခွန်အားကို အံ့အားသင့် နေကြသည်။ တစ်ယောက်တည်းဖြင့် ကျူးယွင်နှင့် အခြားပထမတန်း တပည့်များကို ရိုက်နှက်ခဲ့သည် တဲ့လား။ ထိုသို့ လုပ်ဆောင်နိုင်ရန် မည်မျှသန်မာ လိုက်မည်နည်း။

လူတိုင်းက မူလစဦးပထမ အဆင့်တွင်သာ ဇူယွမ် ရှိသေးကြောင်း သိကြပေသည်။

ကြီးမြတ်သော အပြင်ဘက်တောင် တပည့် ဆယ်ယောက်တွင် ဇူယွမ် မပါဝင်သေးပေမဲ့ လူတိုင်းက ဇူယွမ်ကို ပထမတန်း တပည့်ဖြစ်ရန် အဆင့်မီကြောင်း လက်ခံလာကြပြီ ဖြစ်သည်။

တခြား တစ်ဖက်တွင်လည်း သည်ကြီးမြတ်သော အပြင်ဘက်တောင် တပည့် ဆယ်ယောက်မှာ ပထမတန်း တပည့်များကြားထဲမှ အသင့်လျော်ဆုံး ဆယ်ယောက်ကို ရွေးချယ်ထားခြင်း ဖြစ်သည်။ ဒါကြောင့် ဇူယွမ်အနေဖြင့် ထိုအဆင့်သို့ဝင်ရန် အရည်အချင်း မပြည့်မီသေးပေ။

သို့သော်လည်း မည်သူမှ သူ့ကို သည်လောက်အထိ ကြမ်းတမ်းသော သူတစ်ဦး ဖြစ်မည်မှန်း မမျှော်လင့်ခဲ့ကြပေ။

ပထမအဆင့် တပည့် သုံးယောက် ပါဝင်သော အုပ်စုကို အနိုင်ယူခြင်း ထိုသို့သော ကိစ္စမျိုးကို ကြီးမြတ်သော အပြင်ဘက်တောင် တပည့် ဆယ်ယောက်တွင် ပါဝင်သော သူအနည်းငယ်သာ လုပ်ဆောင်နိုင် ပေလိမ့်မည်။

ထိုကြောင့် ဇူယွမ် ထုတ်ပြခဲ့သော သန်မာမှုကို အပြင်ဘက်တောင်ရှိ တပည့်များ အားလုံးမှာ အံ့အားတကြီး လေးစားရပေသည်။

သို့သော်လည်း သည်ခံစားချက်များမှာ နောက်ထပ် သတင်းတစ်ခုကြောင့် အခိုက်အတန့် ခဏလေးသာ ကြာရှည်လိုက်သည်။

ထိုသတင်းမှာ ဇူယွမ်က သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို သင်ကြားပေးမည်ဟု ကြေညာလိုက်ခြင်း ဖြစ်သည်။

သည်သတင်းက အပြင်ဘက် တောင်များကို ကြီးစွာလှုပ်ခတ် သွားစေသည်။ သည်သတင်းကို ကြားရသူတိုင်း တုန်လှုပ်ရပေသည်။ အဘယ်ကြောင့် ဆိုသော် သည်လိုကိစ္စရပ်မျိုးကို မည်သူကမှာ မပြုလုပ်ခဲ့ဖူး သောကြောင့် ဖြစ်သည်။ အပြင်ဘက်တောင် တပည့် တစ်ယောက်က အခြား အပြင်ဘက်တောင် တပည့်များကို သင်ကြားပို့ချပေးရန် မည်သို့ အဆင့်မီပါမည်နည်း။

“ဘယ်လို ဟာသမျိုးလဲ ငါတို့လိုပဲ အပြင်ဘက်တောင် တပည့်ဖြစ်တဲ့သူက သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို သင်ကြားပေးမယ်လို့ ပြောရဲတယ်တဲ့လား။ တအား ရယ်ရတာပဲ”

“ဒါပေမဲ့ ဇူယွမ်က သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်မှာ ပထမအဆင့်ကို ရောက်ရှိနေပြီတဲ့။ အဲဒါကြောင့်မလို့ ကျူးဖန်တို့ အုပ်စုက သူ့ရဲ့ အင်္ကျီစကိုတောင် မထိနိုင်ခဲ့ဘူးလို့ ငါကြားခဲ့တယ်။

“အဲဒါက မဖြစ်နိုင်ပါဘူး။ ဟုတ်တယ်မလား။ သူ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ကျင့်တာ ဘယ်လောက် ကြာသေးလို့လဲ။ သူမကြာသေးခင်ကမှ အဲဒီကျင့်စဉ်ကို ငှားသွားတာ ငါကိုယ်တိုင် တွေ့ခဲ့တယ်”

“ဂူဟွမ်ဂျီတောင်မှ သူ့နားက သင်နေတာတဲ့လေ။ သူမလဲ လွန်ခဲ့တဲ့ ရက်ကပဲ သွေးကြောအခု(၂၀)ကို ဖွင့်ခဲ့ပြီးပြီလို့ ငါကြားတယ် ... ”

“သူတကယ် အစွမ်းအစ ရှိတာကော မဖြစ်နိုင်ဘူးလား”

“ဒါက ဂူဟွမ်ဂျီက အစကတည်းက သာလွန်တဲ့ ပါရမီရှိတယ် သူအဲဒီကျင့်စဉ်ကို မြန်မြန် တက်မြောက်တာ အံ့ဩစရာမှ မဟုတ်တာ။ ဇူယွမ်က သူမရဲ့ အောင်မြင်မှုကို နာမည်ဝင်ယူတာပဲ နေမှာပါ”

“ငါကတော့ သည်ကိစ္စမှာ သေချာ စဉ်းစားသင့်တယ် ထင်တာပဲ။ ဇူယွမ်က မူလကျောက်စိမ်းပြား တွေကို လိမ်လည်ဖို့ ကြိုးစားတာလဲ ဖြစ်နိုင်တယ် ... ”

“....”

တူညီသော သဘောထား အယူအဆများကို အပြင်ဘက်တောင်များ၏ နေရာတိုင်းတွင် ကြားနေရပေသည်။ လူတိုင်းက ဇူယွမ်အနေဖြင့် တခြားတပည့်များကို သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို သင်ကြားပေးရန် အရည်အချင်း ပြည့်မီမလားကို သိချင်နေကြပေသည်။

သို့သော်လည်း မယုံကြည် ကြသူများက ပိုမိုများပြားပေသည်။ အခြားသော တပည့်များက သူတို့ထက် အခြားသူများ ပို၍သာလွန်သည်ကို လက်မခံလိုကြပေ။

အဘယ်ကြောင့် ဆိုသော် လူတိုင်းက သူတို့ကိုယ်သူတို့ နိမ့့်ကျသည်ဟု ဝန်ခံရန် ရှက်ရွံ့ပေသည်။

***

လျှို့ဝှက်သော ကျမ်းစာဆောင်၏ တောင်အနောက်ဘက်

ကျူးယွဲ့၏ သင်ခန်းစာ ပို့ချသော ခန်းမ၏ လေထုမှာ အနည်းငယ် ဖိစီးနေပေသည်။ များစွာသော တပည့်များက ကြားနေရသော သတင်းများ အကြောင်းကို တီးတိုးပြောဆို နေကြသည်။ ဇူယွမ်၏ စကားများက တကယ့်ကို လှုပ်ခတ်သွား စေပေသည်။

သင်ခန်းစာ ပို့ချသော ခန်းမ၏ တံခါးမှာ ပွင့်လာပြီး ကျူးယွဲ့ ဝင်ရောက်လာသည်နှင့် တီးတိုးပြောဆို နေမှုများသည် ချက်ချင်း ရပ်တန့်သွားတော့သည်။

ကျူးယွဲ့က အမူမထားဟန်ဖြင့် ပြောသည။

“အားလုံးလဲ သတင်းတွေ ကြားပြီးပြီဆိုတာ ငါသိတယ်။ မင်းတို့ထဲက ထွက်သွားချင်တဲ့ ဘယ်သူမဆို ထွက်သွားလို့ရတယ်”

မည်သည့် တပည့်ထံမှ အသံထွက်လာခြင်း မရှိပေ။ ကျူးယွဲ့မှာ အတွင်းတောင် တပည့်ဖြစ်သည်။ မည်သူက သူ့ကို အပြစ်ပြုရဲမည်နည်း။

ထိုမြင်ကွင်းကို မြင်မှ ကျူးယွဲ့၏ အမူအရာက နောက်ဆုံးတွင် ပျော့ပျောင်းသွားပြီး

“ဇူယွမ်က သူမှာနည်းလမ်း ရှိတယ်လို့ ပြောပေမဲ့ သူက သူစားနိုင်တာထက် ပိုစားမယ်ဆိုရင် ဂရုစိုက်သင့်တယ်။ သူ့အနေနဲ့ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ရဲ့ ပထမအဆင့်ကို တစ်လတည်းနဲ့ ရောက်တယ် ဆိုရင်တောင်မှ သူက အခြားသူကို ကူညီပေးနိုင်မယ်လို့ မဆိုလိုဘူး”

“ဒါပေမဲ့ အမတော်ဟွမ်ဂျီက သွေးကြောအခု နှစ်ဆယ်နဲ့အထက် ဖွင့်ပြီးသွားပြီဆို”

တစ်ယောက်က အသံတိုးတိုးလေးနှင့် ပြောသည်။

ကျူးယွဲ့က လှောင်ပြုံးပြုံးလိုက်ပြီး

“ဂူဟွမ်ဂျီက အစောကတည်းက ပါရမီရှိပြီးသား ပြီးတော့ သူ့ရဲ့ အကြီးကဲ အိုကြီးကလည်း ဟုန်ယာတောင်ထွတ်က ဆရာသခင်ပဲ။ သူက ပုံမှန်အားဖြင့် သူမကို အံ့အားသင့်ဖွယ် ကောင်းတဲ့ ရတနာတွေကို သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်အတွက် ထောက်ပံ့ပေးမှာပဲ”

“တကယ်တော့ ငါ့ရဲ့အမြင်မှာ ဇူယွမ်က ဂူဟွမ်ဂျီရဲ့ အလင်းကို ခိုလှုံပြီးတော့ သည်လောက်မြန်မြန် တိုးတက်လာတာပဲ”

“သူက တကယ်ကို မရိုးသားတဲ့ကောင်ပဲ။ ကလိန်ကကျစ် ကျပြီးတော့ အရှက်လည်း မရှိဘူး သူကို ဂူဟွမ်ဂျီ ကြိုက်နှစ်သက်အောင် ဘာတွေနဲ့ ဆွဲဆောင်ထားခဲ့လဲ မသိဘူး။ ဒါပေမဲ့ အဲဒီကောင်က ဝံ့ကြွားလွန်းတယ်။ သူ့အနေနဲ့ သည်ကိစ္စမှာ ဘယ်လို ရုပ်ပျက်ဆင်းပျက်နဲ့ သွေးမြေခမလဲ ဆိုတာ ငါ စောင့်ကြည့်နေမယ်”

ကျူးယွင်၏ လေသံတွင် စက်ဆုပ်ရွံရှာဟန် အတိုင်းသား ပေါ်လွင်နေသည်။

သင်ခန်းစာ ပို့ချသော အခန်းမှ တပည့်များက ခေါင်းညိတ်ထောက်ခံ လိုက်ကြသည်။ တကယ်တော့ သူတို့လည်း ဇူယွမ်က ဂူဟွမ်ဂျီထံမှ အတော်လေး အကျိုးအမြတ်များ ရရှိခဲ့ကာ အောင်မြင်လာသည်ဟု ယုံကြည်ကြပေသည်။

ကျူးယွဲ့၏ ဖြေရှင်းချက်များက တပည့်တိုင်းကို ဇူယွမ်အား လှောင်ပြောင်စရာ ကောင်အဖြစ် ရှုမြင်လာစေသည်။

သည်မြင်ကွင်းကို မြင်ရချိန်တွင် ကျူးယွဲ့က အသာအယာ ရယ်မောလိုက်ပြီး ထပ်ပြောသည်။

“ဇူယွမ်က တကယ်ကို ဦးနှောက်မရှိဘူး။ သူကိုယ့်သူ စိတ်ကြီးဝင်ပြီး  မောက်မာနေတယ်။ သူ့ကိုယ်သူ ကတိတွေ ထပ်ပေးထား လိုက်သေးတယ် ဒါပေမဲ့ သူသာ အဲဒီလိုဖြစ်အောင် မလုပ်နိုင်ခဲ့ရင် ငါက ရွေးချယ်စရာမရှိပဲ စည်းကမ်း ထိန်းသိမ်းရေး ခန်းမကို သတင်းပို့ရလိမ့်မယ်။ အဲသည့်အချိန်ကျရင် ဇူယွင်က အပြင်ဘက်တောင်ကနေ ကန်ထုတ်ခံရမှာပဲ”

လူတိုင်း၏ စိတ်နှလုံးမှာ တုန်လှုပ်သွားပြီး ဇူယွမ်ကို ကျိတ်သနား မိကြသည်။ သည်အတိုင်းဆိုလျှင် ဇူယွမ်က သူ့ကိုယ်သူ အောက်သို့ ဆွဲချနေခြင်း ဖြစ်သည်။

ကျူးယွဲ့၏ လေသံအရဆိုလျှင် သူတွင် ဇူယွမ်နှင့် ရင်ဆိုင်ရန် အငြိုး ကြီးကြီးမားမား ရှိပုံရသည်။

***

တောင်ပေါ်ရှိ စမ်းချောင်းနံဘေး၌

သို့သော်လည်း ပုံမှန်အားဖြင့် အေးချမ်း ငြိမ်သက်သော စမ်းချောင်းလေးမှာ ယခုအချိန်တွင် အပြင်ဘက်တောင်၏ နာမည်ကြီး နေရာတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ လူအုပ်စုကြီးသည် စမ်းချောင်း၏ တစ်ဘက် တစ်ချက်စီတွင် ရှိနေပြီး စမ်းချောင်း၏ နံဘေး ကျောက်တုံးပေါ်တွင် တည်ငြိမ် အေးဆေးစွာ ရပ်နေသော ဇူယွမ်ကို စိတ်ဝင်တစား စိုက်ကြည့်နေကြသည်။

ဇူယွမ်၏ နံဘေးနားမှ ရှန့်ဝမ်ကျင်က ပြောသည်။

“အစ်ကိုလေးယွမ် ကျွန်တော်တို့ သတင်းဖြန့်ခဲ့ပေမဲ့ လူအနည်းငယ်လောက်ပဲ ကျွန်တော်တို့ကို ယုံကြတယ်။ ရှန်ဇူတိုက်ကြီးက တပည့်တွေဆိုရင် လှောင်ပြောင် လိုက်ကြသေးတယ်”

ဇူယွမ်က သည်သတင်းစကားကို မအံ့ဩသည့်အလား ခေါင်းညိတ်ပြ လိုက်သည်။ ရှန်ဇူတိုက်ကြီးမှ တပည့်များက အမှန်ပင် ဝံ့ကြွားလှပြီး အခြားသော တိုက်ကြီးမှ တပည့်များကို အပေါ်စီးမှ ကြည့်ရှုလိုသူများ ဖြစ်သည်။ သူတို့အားလုံး ပုံမှန်အားဖြင့် ကန်မင်တိုက်ကြီးမှ တပည့်များကို ယုံကြည်လိမ့်မည် မဟုတ်ပေ။

ပြောကြသည်မှာ အစပိုင်းတွင် အရာရာတိုင်းက ခက်ခဲစမြဲ ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်က သည်အခြေအနေကို မျှော်လင့်ပြီးသား ဖြစ်သည်။ သူက ခေါင်းမော့လိုက်ပြီး စမ်းချောင်း၏ ကမ်းနှစ်ဖက်စီမှ လူအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။ သည်လူများမှာ သည်နေရာသို့ ဖျော်ဖြေပွဲ ကြည့်ရန် လာရောက်ခြင်း ဖြစ်သည်။ ကျင့်စဉ်ကို သင်ယူရန် မဟုတ်ပေ။

“အစ်ကိုလေး ဇူယွမ်၊ အစ်ကိုလေးသာ ကတိအတိုင်း မလုပ်နိုင်ရင် ကျူးယွဲ့က စည်းကမ်း ထိန်းသိမ်းရေး ခန်းမကို သတင်းသွားပို့ပြီး အစ်ကိုလေးကို ပြစ်ဒဏ် ပေးခိုင်းမယ် ပြောတယ်”

“သူ ဘာလုပ်နိုင်မှာလဲ လုပ်ပါစေ”

သည်ကိစ္စနှင့် ပူပန်ခြင်းမရှိကြောင်း ခေါင်းညိတ် ပြလိုက်သည်။

“ဟားဟား ... ညီတော် ဇူယွမ် ငါတို့က ဂုဏ်ပြုရအောင် လာခဲ့တာ”

ရယ်မောသံနှင့်အတူ ချောင်းရှိုးက ဒါဇင်ချီသည့် လူအချို့ကို ဦးဆောင်ပြီး စမ်းချောင်းဆီသို့ ဦးတည်လာခဲ့သည်။ သူ့အနောက်ရှိ လူစုထဲတွင် ရှောင်ထျန်းရွှမ်နှင့် ကန်မင်တိုက်ကြီးမှ တပည့်အချို့ ပါဝင်ပေသည်။

သူတို့အားလုံးက ဇူယွမ် ကသိကအောက် အခြေအနေကို သိသည်နှင့် ပြေးလာကြခြင်း ဖြစ်သည်။ ထို့နောက် သူတို့ ရောက်လာခြင်းက အရေအတွက် ထပ်တိုးစေသည်။

သို့သော်လည်း ချောင်းရှိုးမှလွဲ၍ ထိုအုပ်စုရှိ လူတော်တော် များများမှာ သံသယ ဝင်နေကြပေသည်။ သို့ပေမဲ့ မည်သူမှ ထိုအရာကို ထုတ်မပြောကြပေ။

သူတို့အားလုံးမှာ ချောင်းရှိုး၏ မျက်နှာနှင့် လိုက်လာကြသူများ ဖြစ်သည်။

ရယ်မောသံများက စမ်းချောင်း နှစ်ဖက်လုံး လွင့်ပျံ့သွားသည်။ ဇူယွမ်အတွက် ရှက်စရာ ကောင်းသော်လည်း မတတ်သာသည့်အဆုံး သည်လို ဆောင်ရွက်ရခြင်း ဖြစ်သည်။

“အစ်ကိုတော် ချောင်းရှိုး ဒါက တကယ်ကော အလုပ်ဖြစ်ပါ့မလား။ ကျွန်မတို့ကို ကျွန်မ လူပြက်တွေလို့ ခံစားမိနေပြီ”

ချောင်းရှိုး၏ နံဘေးက အပြာရောင် ဂါဝန်ရှည်နှင့် မိန်းမလှလေး တစ်ယောက်က ပြောသည်။ သူမကို ကျိုးယုလို့ခေါ်ပြီး ပထမတန်းတွင် နာမည်ကြီး တပည့်တစ်ယောက် ဖြစ်သည်။

လက်ရှိအချိန်တွင် လူအများအပြားက သူတို့ကို လှောင်ပြောင် သရော်သော အကြည့်များဖြင့် ကြည့်နေကြခြင်းက မသက်မသာ ခံစားရပေသည်။ ထို့ကြောင့် သူမ ညည်းညူနေခြင်း ဖြစ်သည်။

ထပ်ပြီးတော့ သူမက သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်အား ဇူယွမ် သင်ကြားပေးနိုင်သည် ဆိုသည်ကို အတော်လေး အယုံအကြည် မရှိပေ။

ထိုစကားကို ကြားတော့ ချောင်းရှိုးက ကသိကအောက် ပြုံးလိုက်ပြီး သံသယ အနည်းငယ်ဖြင့် အဖြေပေးလိုက်သည်။

“ရလဒ်ကို အရင်ကြည့်ရအောင်”

ကျိုးယုက မပျော်ရွှင်စွာဖြင့် သူမ၏ မျက်လုံးများကို ဝေ့ကြည့်လိုက်ပြီး

“အစ်ကိုတော် ချောင်းရှိုးက အရမ်းကို စိတ်နှလုံးကောင်း ရှိလွန်းတယ်”

“အစ်မတော် ကျိုးယု အစ်ကိုတော် ဇူယွမ် လုပ်နိုင်ပါလိမ့်မယ် ဘာဖြစ်လို့လဲ ဆိုတော့ သူက စိတ်ချယုံကြည် ရတယ်”

ဆွေရှီး ဟုခေါ်သော ကောင်မလေးက တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။ သူမက ကန်မင်တိုက်ကြီးမှ လာသူဖြစ်သဖြင့်  ပုံမှန်အတိုင်း ဇူယွမ်၏ဘက်တွင် ရှိပေသည်။

“ငါလည်းပဲ မျှော်လင့်ပါတယ် မဟုတ်ရင် သူ့အနေနဲ့ အကျိုးဆက်ကို ခံနိုင်ရည်မရှိမှာ ဆိုးတယ်”

ကျိုးယုက လက်ပိုက်လိုက်ပြီး ထင်မြင် ယူဆချက်များကို ငြင်းဆိုလိုက်သည်။

သူတို့ စကားပြောနေသည်ကို ဇူယွမ်က ကြည့်နေခဲ့သည်။ သူက လူတိုင်း သံသယ များနေသည်ကို သိပေသည် သို့သော်လည်း သူက စကားလုံးများဖြင့် လက်ခံလာအောင် မစည်းရုံးချင်ပေ။ အရာရာတိုင်းတွင် အမှန်တရားက ပေါ်ပေါက်လာမည် ဖြစ်သည်။

လူတွေအများကြီး စောင့်ကြည့် နေစဉ်တွင် သည်အခွင့်အရေးကို အသုံးချပြီး အမှန်တရားကို သူတို့အား ပြသရမည်။

“စလိုက်ကြရအောင်”

သူစကား ပြောလိုက်သော အချိန်တွင် စမ်းချောင်းနံဘေးရှိ သူများအားလုံးက သူ့ကို လှမ်းကြည့် လိုက်ကြသည်။

သူတို့၏ အကြည့်များတွင် သံသယနှင့် လှောင်ပြောင် သရော်လိုမှုများ ပြည့်နှက်နေသည်။

All Chapters