သူငယ်ချင်းထွက်လာခဲ့
Vol. 49 Ch. 966
နတ်သားရဲတပ်ဖွဲ့ထဲမှ ပေထင်းကျင်နှင့် စူးလော့အာတို့သည် မိုးပေါ်မှ မြင်ကွင်းကို အဝေးမှမြင်နေရကာ မှင်တက်မိလေသည်။
၃၃ ကောင်းကင်ဘုံတွင် လေဟာနယ်စီမံကိန်းရှိသည်ကို သိထားသည်မှာ ကြာပြိဖြစ်သော်လည်း ဤမျှခပ်မြန်မြန်ရောက်လာလိမ့်မည်ဟု ထင်မထားပေ။ ပြီးနောက် ဖန်ဆင်းရေးနတ်ဘုရားမိသားစု၏ တမန်တော်ဖြစ်နေသည်။ “ဒီမှာပဲ နေပြီးကြည့်နေ”
ပေထင်းကျင်သည် စူးလော့အာကိုမှာပြီးနောက် လေပေါ်သို့ပျံတက်ကာ ပေထင်းဟွမ်ရှိရာသို့ ပျံသွားလိုက်သည်။ အားကောင်းသောဖိနှိပ်မှုသည် ပေထင်းကျင်အား အားပါပါရိုက်ခတ်ရာ သူ့ရင်ဘတ်တစ်ခုလုံး အီဆောင့်သွား သည်။ သူ၏သွေးများစူပွက်လာကာ ခန္ဓာကိုယ်မှာ အထိန်းအကွပ်မ့ပြီး မြေပေါ် သို့ ကြိုးပြတ်သွားသည့်စွန်အားပြတ်ကျလေသည်။
“အစ်ကိုကြီး”
ပေထင်းဟွမ်သည် ချက်ချင်းပင် ခေါင်းလှည့်ကြည့်ရာ ပေထင်းကျင် ဒဏ်ရာရသွားသည်ကိုမြင်ပြီးနောက် ရင်ထဲတွင် ဒေါသများပေါက်ကွဲထွက်လေ သည်။ မြေပေါ်တွင် ချူဖုန်းသည် တုံ့ပြန်ပြီးသားဖြစ်သည်။ ပေထင်းဟွမ်၏ လက်ထဲမှဓားပျော့သည် အထက်အောက်လွှဲနေသည်။ သူမသည် ကျယ်လောင် စွာအော်ဟစ်လေသည် “ငါ့လက်တွဲဖော် ထွက်လာခဲ့”
တင်းမာပြီး မွန်းကြပ်ဖွယ်ကောင်းသောလေထုတွင် ပေထင်းဟွမ်၏ ခေါ်ဆိုမှုအပြီး အလွန်ပင်ခမ်းနားသော ငွေရောင်ကြယ်အစီအရင်သည် သူမ၏ ခြေထောက်အောက်တွင် ပေါ်လာသည်။ ဆဌဂံကြယ်အစီအရင်အောက်တွင် ငွေရောင်ကြယ်ဓားသည် ငွေရောင်တောက်ပစွာလင်းလက်လေသည်။ အဂူး၊ ကင်းကောင်၊ မိုးကြိုးသွား၊ လျှပ်စီးနှင့် ကျို့ယန်တို့အားလုံးပေါ်လာသည်။ ချောမောလှသော၊ အထူးသဖြင့် ဆံပင်နှင့်မျက်အိမ်ထူးခြားသော ယောက်ျား ငါးယောက်သည် ပေထင်းဟွမ်ကို ဝန်းရံကာ တညီတညွှတ်တည်း အော်ဟစ် ကြလေသည်.
“သခင်ပေထင်းဟွမ်ရဲ့ သားရဲ မိုးနတ်မင်းရေ နတ်သားရဲ ငါးကောင်ပဲ”
“၁၄ နှစ်အရွယ် ဓား ၃ လက်ဝိညာဉ်ဂိုဏ်းကတော့ ဒီနေ့ကျရှုံးတော့မှာပဲ”
“နှမြောစရာပဲ သူ့ကို ဘယ်သူက စီရင်ချက်ဗိမာန်ကို ဆန့်ကျင်ခိုင်းလို့လဲ၊ သူ့ကို ဘယ်သူက စီရင်ချက်နတ်ဘုရားကို ပြစ်မှားခိုင်းလို့လဲ”
ပို့ဆောင်သူသည် စီရင်ချက်ဗိမာန်အား ကိုယ်စားပြုသည်။ ပေထင်းဟွမ် သည် စီရင်ချက်ဗိမာန်ကို ကြီးမားသောအပျက်အစီးဖြစ်စေပြီး သန့်စင်သောမြို့ ကို ဖျက်ဆီးသည်မှာ သူမ၏ခွန်အားကို ထင်ရှားစေသည်။ သို့သော် တမန်တော် ၏ ခွန်အားသည် ပေထင်းဟွမ်ထက် တစ်ဆင့်လုံးမြင့်နေသည်မှာသိသာသည်။ ထို့ကြောင့် သူသည် လူများ၏ထောက်ခံမှုကို ထပ်မံပြန်ရရှိသွားသည်။
တမန်တော်၏မျက်လုံးများသည် လှောင်ပြောင်နေသလိုပင်။ ပေထင်းဟွမ် နတ်သားရဲများကိုဆင့်ခေါ်နေသည်ကို မြင်သောအခါ ပင်မတိုက် ကြီးတွင်၊ ၃၃ ကောင်းကင်ဘုံ၌ပင် သူသည် စိတ်စွမ်းအားတွင် ပုံမှန်မဟုတ် သည့် ပါရမီရှင်ဖြစ်သည်။ တခြားစကားနှင့်ပြောရလျှင် သူမကို မည်သူက စီရင် ချက်နတ်ဘုရားလုပ်ခိုင်းလို့လဲ။ ဧကရာဇ်၏ ပင်မတိုက်ကြီးရှိ ယုံကြည်မှုများကို စုစည်းသည့်နေရာကို ဖျက်ဆီးခဲ့သဖြင့် သူ သေသင့်သည်။
ထို့အပြင် ပေထင်းဟွမ်သည် နတ်မိစ္ဆာဧကရာဇ်မှ ပြန်လည်အသက်သွင်း ထားသည့် နတ်မိစ္ဆာဧကရီဟောင်းလည်းဖြစ်နေသည်။ သူ မလာခင်တွင် ဧကရာဇ်သည် သူ့ကို လျှို့ဝှက်တာဝန်ပေးလိုက်သည်။ ဧကရီသာ အမှန်ကတယ် အသက်ပြန်ရှင်လာလျှင် အညှာတာကင်းစွာသတ်လိုက်ရန်ဖြစ် သည်။
မိုးပေါ်မှ စကားများကိုမြေပေါ်မှလူများ မကြားရပေ။ သူတို့သည် ပေထင်းဟွမ်ဆင့်ခေါ်လိုက်သော သားရဲများကြောင့် ထွက်လာသည့် အလင်းစီး ကြောင်းများကိုသာ မြင်နေရသည်။ အဂူး၏တစ်ကိုယ်လုံးသည် ချပ်ဝတ်တန်ဆာဖြစ်သွားပြီး ခမ်းနားသောချပ်ဝတ်တန်ဆာပေါ်ရှိ ရိုးရှင်း သော်လည်း ရှုပ်ထွေးသည့်ပုံစံများသည် ထူးခြားလှသည်။ သွေးရောင်အလင်း တန်းများတဖြည်းဖြည်း စီးဆင်းသွားပြီး ပေထင်းဟွမ်၏ ဆံပင်ရှည်နှင့် မျက်လုံး နက်နက်များသည် သွေးရောင်အဖြစ်ပြောင်းသွားလေသည်။
ပေထင်းဟွမ်အနောက်တွင် မည်းနက်အေးစက်သည့် အရောင်ရှိသော ဓားနှင့်တူသည့် တောင်ပံ ၆ စုံတောက်ပနေလေသည်။ သူမ၏ ငွေရောင်ဖိနပ် များသည် ခြေထောက်အောက်တွင် တောက်ပနေသည်။ လက်မောင်းပေါ်ရှိ ကျို့ယန်အသွင်ပြောင်းထားသော ပခုံးချပ်ဝတ်တန်ဆာပေါ်တွင် လခြမ်းကွေး ဓားသွားနှစ်ခုရှိနေပြီး ထူးဆန်းသည့်အနီရောင် အလင်းလက်လေသည်။ လက်ကောက်ဝတ်ပေါ်မှ ရွှေရောင်လက်ကောက်ဝတ်အဆောင်တွင် ဦးချို ၁၈ ချောင်းထွက်နေပြီး နည်းနည်းလေးထိလိုက်သည်နှင့် လူ့အရေပြားကိုပင် ပြဲသွားစေနိုင်သည်။
ထိုအရာကိုကြည့်ပြီး တမန်တော်ပင်လျှင် သူမကို လေးစားလာသည်။ ကျဆုံးသွားသည့်နတ်မိစ္ဆာဧကရီ မင်းသမီးဟွမ်ကျို့ပီသသည်။ ဤတိုက်ပွဲတွင် သေဆုံးရမည်ကို မကြောက်ရွံ့ပေ။