ရုတ်တရက်သန္ဓေပြောင်းခြင်း
Vol. 49 Ch. 967
နတ်မိစ္ဆာဧကရီဟောင်း၊ ၃၃ ကောင်းကင်ဘုံတွင် အရည်အချင်းရှိသည့် မိန်းကလေးများထဲမှ အရည်အချင်းရှိသည့်မိန်းကလေး၊ အနောက်တောရိုင်းမှ ဧကရာဇ်နှင့်ဧကရီတို့၏ အချစ်ဆုံးသမီးတော်၊ ၃၃ ကောင်းကင်ဘုံလူငယ် မျိုးဆက်ထဲတွင် အလှပဆုံးမိန်းကလေးဖြစ်သည်။ အမြင့်ဆုံးအဆင့်ကို ဖြတ်ကျော်နိုင်မည့် အမျှော်လင့်ရဆုံး အသန်မာဆုံးဖြစ်သည်။ ထိုအချိန်က သူသည် မြေပေါ်က ပုရွက်ဆိတ်လောက်ပင် အရေးမပါသည့် အညတရဖြစ် သည်။
“အသေရုန်းကန်လိုက်လေ” တမန်တော်သည် အထင်သေးစွာနှင့် ကျိန်ဆဲ လေသည်။ သူသည် မင်နှင့်ပေထင်းဟွမ်တို့ကို ရက်စက်စွာ စောင်းငဲ့ကြည့်ပြီး ပြောလိုက်သည် “ကိုးရောင်အဆင့်မြင့်ဆုံး၊ မင်းက ကောင်းကင်နဲ့မြေကြီးမှာ အသန့်စင်ဆုံးသွေးသားဖြစ်ပြီး အဆင့်မြင့်မှော်သားရဲဖြစ်တယ်၊ အကူအညီမရ တဲ့ သခင်ကိုရွေးချယ်လိုက်တာက ကျိန်စာပဲ၊ မင်းသမီးဟွမ်ကျို့ မင်း ဘယ်လောက်ပဲ ပြန်ဝင်စားပါစေ မင်းကနတ်ဘုရားတွေရဲ့ကျိန်စာမိနေတာပဲ၊ မင်းအတွက် ပြန်မွေးဖွားခြင်းက ကောင်းကင်ကပေးတဲ့ ကောင်းချီးမဟုတ်ဘူး၊ အပြစ်ပဲ”
သူမ၏ကံကြမ္မာသည် ကျိန်စာဖြစ်နေသည်ကို ပေထင်းဟွမ်လုံးဝမသိခဲ့ ပေ။ သူမ၏ ကံတရားကို မည်သူကမှ စီမံခွင့်မရှိပေ။ သူမ နှာမှုတ်လိုက်သည် “ငါ့ကံတရားက ကျိန်စာဟုတ်လား၊ ကံကြမ္မာ... သူကနတ်ဘုရားဖြစ်ရင်တောင် သူ့ကိုသတ်မယ်”
“ဟင်း ဉာဏ်မရှိလိုက်တာ၊ မင်းက အနောက်တောရိုင်းရဲ့ အချစ်ခံရဆုံး မင်းသမီးဖြစ်လည်းဘာလုပ်ရမှာလဲ၊ မင်းက နတ်ဘုရားတွေရဲ့ ကျိန်စာမိနေလို့ အနောက်တောရိုင်းက မင်းကို မျက်နှာသာပေးတာပဲရှိတယ်၊ ဒါပေမဲ့ မင်းက ဒီလောက်တုံးလိမ့်မယ်လို့ ငါထင်မထားဘူး၊ လက်ရှိကိစ္စမှာ ပင်မတိုက်ကြီးမှာ ယုံကြည်ချက်တွေ စုဆောင်းနေတဲ့ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ အမာခံ နယ်မြေကို ဖျက်ဆီးရဲမှတော့ မင်းရဲ့ဝိညာဉ်လွင့်ပျံသွားတာကို စောင့်နေလိုက် တော့” တမန်တော်၏မျက်လုံးထဲတွင် အလင်းတစ်ခုလက်သွားပြီး သူ့အနောက် တွင် သေမင်းပင်လယ်မှ ကြီးမားသောငါးမန်းတစ်ကောင်၏ပုံရိပ်ပေါ်လာသည်။
ပေထင်းဟွမ်သည် လက်ထဲတွင်ဓားကိုင်ထားပြီး အပြာနုရောင်စွမ်းအင် သည် ငွေရောင်အလင်းနှင့်ရောယှက်လျက်ရှိသည်။ သူမ၏အနောက်တွင် အကျဉ်းထောင်ထဲရှိ ခေါင်းသုံးလုံးစပါးအုံးမြွေသည် ပုံရိပ်ထဲတွင် ပေါလောပေါ် နေသည်။ ခေါင်းသုံးလုံးမြွေသည် ဒေါသကြီးကာ ၎င်း၏သွေးနီရောင်အလင်း တန်းလက်နေပြီး အချိန်မရွေး ပေါက်ကွဲမည့်အနေအထားရှိနေသည်။
ထိုအချိန်တွင် မင်သည် အေးစက်သောအလင်းထွက်နေသည့် ဖန်းထျန်း လှံတံကို တင်းတင်းဆုပ်ကိုင်ထားကာ သူ့မျက်လုံးများသည် ခန့်ညားနေသည်။ သူ့ခန္ဓာကိုယ်ပေါ်မှလှိမ့်ထွက်နေသည့် ကိုးရောင်မီးတောက်များသည် ကောင်းကင်နှင့်မြေကြီးပေါ်မှ ရေငွေ့များကို အငွေ့ပျံအောင်လုပ်တော့မည့် အတိုင်းပင်။ မိုးပေါ်တွင် လေဟာနယ်အက်ကွဲမှုသည် တစ်ခုပြီးတစ်ခုပေါ်လာ သည်မှာ သည်တစ်ခေါက်တွင် သူ ကြီးမားစွာလှုပ်ရှားလိုက်ကြောင်းကို ပြသနေ သည်။
ထိုအချိန် မြေပေါ်တွင် ငွေလရောင်အင်ပါယာ၏တော်ဝင်မိသားစု၊ သံမဏိသွေးကြေးစားအဖွဲ့ သို့မဟုတ် စိတ်လှုပ်ရှားစွာစောင့်ကြည့်နေကြသော လူများသည် ခေါင်းမော့ကာ မိုးပေါ်သို့စိုက်ကြည့်ကြလေသည်။ တိုက်ပွဲဖြစ်အံ့ ဆဲဆဲဖြစ်ကာ လေထုသည် ထိုင်းမှိုင်းနေသည်။ မွန်းကြပ်စရာကောင်းလွန်းလှ သည်။
ထိုအချိန်တွင် အလင်းများစူးရှစွာထွက်ပေါ်လာသည်။ ထိုအခိုက်အတန့် တွင် သူတို့သုံးယောက်သည် အားအကောင်းဆုံးတိုက်ကွက်ထုတ်တော့မလို ပင်။ တမန်တော်ဆီမှထွက်လာသော နတ်ဘုရား၏ ထူထဲသောစွမ်းအားနှင့် ကိုးရောင်မီးတောက်တို့သည် မိုးပေါ်သို့လိမ့်တက်ကာ ပေထင်းဟွမ် မီးတောက် လုံးကိုကိုင်ဆောင်ချိန်တွင် တောင်လေသည် ဆူနာမီအလားသယ်ဆောင်လာ သည်။
ထိုတိုက်ကွက်ကိုထုတ်ပြီးနောက် အိပ်ပျော်သွားနိုင်သည်ကိုသိလျက်နှင့် ပင် ပေထင်းဟွမ်သည် လက်တစ်ဖက်တည်းနှင့် ကိုးရောင်နိဗ္ဗာန်မီးကိုကိုင် ထားပြီး နောက်တစ်ဖက်နှင့် အနီရောင်ကြာပန်းနတ်မိစ္ဆာမီးလုံးကိုကိုင်ကာ တဖြည်းဖြည်း ချည်းကပ်လေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး မင်၏မျက်လုံးများသည် တုန်ယင်လာသည်။ ပြီးခဲ့သည့်တစ်ခေါက် ပေထင်းဟွမ် ဤနည်းလမ်းကိုသုံးခဲ့စဉ်က တစ်ရက်နှင့် တစ်ညသတိမေ့နေခဲ့သည်။ သူသည် လေဟာနယ်ထဲတွင်ရှိခဲ့သော်လည်း ထို အကြောင်းကို သတိထားမိသည်။ ပြီးနောက် ဤတိုက်ကွက်သည် ပေထင်းဟွမ် အတွက် မည်သို့သောနောက်ဆက်တွဲမျိုးကို ယူဆောင်လာနိုင်သည်ကို သူ ကောင်းကောင်းသိသည်။
မီးတောက်နှစ်ခု ချည်းကပ်လာချိန်တွင် ထိုမီးတောက်နှစ်ခုဆုံရာကို ကာထားသည့် မမြင်နိုင်သောကစဥ့်ကလျားနတ်အရင်းအမြစ်အလွှာရှိသည်။ တောက်ပသောအလင်းများ လက်လာသည်။ သန့်စင်သောမြို့ ပျက်စီးခဲ့ပုံကို မြင်ခဲ့သည့်သခင်များသည် ထိုအခိုက်အတန့်ကိုမြင်လိုက်ရသလိုပင်။ တစ္ဆေတစ် ကောင်လိုပင် ၎င်းသည်မြို့ထဲမှပျံထွက်လေသည်။ ချူဖုန်းနှင့် ပေထင်းဟွမ်ပင် လျှင် ထိုအခိုက်အတန့်ကို ဂရုမစိုက်နိုင်တော့ဘဲ သံမဏိသွေးမှလူများကို ဘေးကင်းရာသို့ရွှေ့ရန် လှုံ့ဆော်ကြလေသည်။
တိုက်ပွဲစတင်နေပြီဖြစ်သည်။ သို့သော် ရုတ်တရက်ပြောင်းလဲမှုဖြစ်ပေါ် လာသည်။