← Chapters

သူ့ကိုတိုက်ခိုက်ရဲရင် မင်းရဲ့ဝိညာဉ်ကိုဖျက်ဆီးပစ်မယ်

Vol. 49 Ch. 968

သူ့ကိုတိုက်ခိုက်ရဲရင် မင်းရဲ့ဝိညာဉ်ကိုဖျက်ဆီးပစ်မယ်

Vol. 49 Ch. 968

ညကောင်းကင်ကို ကိုးရောင်မီးတောက်များဖြင့် လွှမ်းနေသည်။ ထိုအချိန် တွင် တိုးညင်းသောအသံတစ်သံသည် ငရဲမှတက်လာသည့်အတိုင်း အေးစက်ပြီး လေးလံသောဖိအားနှင့်အတူ ထွက်ပေါ်လာသည်။

“သူ့ကိုတိုက်ခိုက်ရဲရင် မင်းရဲ့ဝိညာဉ်ကို ဖျက်ဆီးပစ်မယ်”

ထိုအသံသည် ငှက်မွေးကဲ့သို့ နူးညံ့လွန်းသည်။ သို့သော် လူအများ၏ နား ထဲသို့ဝင်သွားသောအခါ နားအနီးတွင်ပေါက်ကွဲသွားသည့် ဗုံးအလား မူးဝေသွား စေသည်။ ဝိညာဉ်ကို ကြိုးတစ်ချောင်းနှင့် ချည်နှောင်လိုက်သကဲ့သို့ တစ်ကိုယ် လုံးကို နတ်အသိစိတ်နှင့် ထိန်းချုပ်၍မရတော့ပေ။ ရုပ်သေးရုပ်တစ်ခုလိုပင် ၎င်း၏လှုပ်ရှားမှုကို မည်သူမှထိန်းချုပ်၍မရဘဲ တောင့်တင်းပြီး ခံစားချက်မဲ့ သွားလေသည်။

ပေထင်းဟွမ်ပင်တစ်ယောက်သာ ထိုအသံကို ခံနိုင်ရည်ရှိသည့်ပုံပင်။ သူမသည် ထိုအသံကို အလွန်ရင်းနှီးနေသည်။ သူသည် အချိန်ကိုက်ရောက်လာ ခြင်းပင်။ သူမ ဘေးကြပ်နံကြပ်ထဲရောက်နေချိန်၊ သူမနှင့် မင်တို့ ပူးပေါင်းလိုက် လျှင်တောင် ဖြေရှင်း၍မရနိုင်သည်ကို သူ သိနေသလိုပင်။ သူမ လှုပ်ရှားမှုမလုပ် ခင်တွင် စိတ်ထဲမှမေးလိုက်သေးသည် “ယဲ့ ကျွန်မ ထပ်သေသွားရင် ဘယ်လို လုပ်မလဲ ရှင်ကျွန်မကို စောင့်ဦးမှာလား”

အကြောင်းအရင်းကို မသိသော်လည်း ထိုအခိုက်အတန့်တွင် အရင်နှင့် လက်ရှိတွင် မကြောက်ခဲ့သည့် သေခြင်းတရားကို ထပ်မံရင်ဆိုင်ရချိန်တွင် မဝံ့မရဲဖြစ်ပြီး အနည်းငယ်ပင် နောင်တရမိသည်။ သူမသည် သူမ၏အစ်ကိုကြီး နှင့် ရင်းနှီးသောသူငယ်ချင်းများကို မြင်နေရသည်။ တကယ်တော့ သေဆုံးခြင်း သည် ကြောက်စရာမဟုတ်ပေ။ ဝိညာဉ်သာ ထာဝရတည်မြဲပါက ပြန်လည် ဝင်စားနိုင်မည်ဖြစ်သည်။ သို့သော် သူမ ကြောက်မိတုန်းပင်။ သေသွား ပြီးနောက် နှစ်ပေါင်းသောင်းချီစောင့်နေသူရှိပါက သေချင်စိတ်ရှိပါဦးမည်လား။

သူမကိုယ်သူမ ပြန်မေးမိသည်။ သူမ အဖြေမရခင်တွင် နတ်ဘုရားသည် သူမကို ရွေးချယ်ပေးခဲ့သည်။

ယန်ယဲ့၏အသံထွက်ပေါ်လာပြီး နတ်အလင်းသည် မိုးပေါ်မှဆင်းသက် လာပြီး ပေထင်းဟွမ်အား လွှမ်းခြုံလေသည်။ သူမသည် ကောင်းကင်အား ငေးငိုင်စွာစိုက်ကြည့်ရာ အဝေးညကောင်းကင်တွင် ရှုပ်ထွေးသောအစီအရင်ပုံစံ များနှင့် ထွင်းထုထားသည့် ခရမ်းရွှေရောင်ဓားတစ်ချောင်းကို မြင်လိုက်ရသည်။ ကောင်းကင်တွင်သွေးလပေါ်ထွက်လာကာ ငွေလမြို့တစ်ခုလုံးကို ထပ်ဟပ် လေသည်။

ကိုးရောင်မီးတောက်သည် မိုးပေါ်မှ လုံးဝပျောက်ကွယ်သွားလေသည်။ ထိုအခိုက်အတန့်တွင် မင်ပင်လျှင် ခရမ်းရွှေရောင်ဓားကို အလွန်ကြောက်လန့် သောမျက်လုံးများနှင့် ကြည့်ကာ မယုံကြည်စွာရေရွတ်မိလေသည် “ကမ္ဘာဖျက် နတ်မိစ္ဆာဓား”

ဓားသည်တဖြည်းဖြည်းကျလာကာ ထစ်ချုန်းလာသလိုပင်။ သို့သော် ပေထင်းဟွမ်သည် ဓားကြီး၏အလေးချိန်ကို မခံစားမိပေ။ ဓားကြီးသည် သူမ၏ ခန္ဓာကိုယ်ကို ပိတ်ထားသော်လည်း ဓားသွားသည် တမန်တော်ရှိရာဘက်သို့ ချိန်ရွယ်လေသည်။ အားနည်းသောအသံထပ်မံထွက်ပေါ်လာပြန်သည် “တုံးအ ပြီးဉာဏ်မရှိတာ မင်းပဲ၊ လွန်ခဲ့တဲ့ နှစ်တစ်သောင်းပဲဖြစ်ဖြစ် နောက် နှစ်တစ် ဟောင်းပဲဖြစ်ဖြစ်၊ သူ့ရဲ့ဓားပျော့မှာ ငါ့ရဲ့ ညကွပ်မျက်နဲ့ အစဉ်အလာ အရည်အချင်း ချိပ်စည်းစွမ်းအားရှိနေမှာ”

တမန်တော်၏အနောက်မှ ပုံရိပ်သည် ပျောက်ကွယ်သွားပြီဖြစ်ကာ သားရဲသည် သူ့ခန္ဓာကိုယ်မှ ကွာကျလေသည်။ ထိုအချိန်တွင် သားရဲသည် မြေပေါ်တွင်ဒူးထောက်ကာ ခန္ဓာကိုယ်မှာလည်း တုန်ယင်နေသည်။ တမန် တော်သည် ကောင်းကင်ရှိရာဘက်သို့ မျက်နှာမူကာ ကြီးမားသောဓားကိုမြင် သည်နှင့် ဝပ်ကာ မယုံနိုင်စွာဖြင့်ပြောလေသည် “နတ်မိစ္ဆာ နတ်မိစ္ဆာဧကရာဇ် လား”

အားကောင်းလိုက်တဲ့ အင်အားပဲ။ သူ့အသံထွက်လာချိန်တွင် တမန်တော် သည် သူ၏တစ်ကိုယ်လုံးမှ အကြောများအပိတ်ခံလိုက်ရသည်ကို သိလိုက်၏။ သူ၏အကြောသည် အေးခဲသွားပုံပေါ်ပြီး နတ်စွမ်းအားကို ရွှေ့ပြောင်းမရတော့ ပေ။ ဤလေဟာနယ်တွင်ပင် နတ်မိစ္ဆာဧကရာဇ်၏ အရိပ်ကိုပင်မမြင်ခဲ့ရပေ။ တစ်ဖက်လူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အသက်ရှင်ရန်ကြိုးစားနေ သည်ဟု သူ ထင်ခဲ့သည်။

မင်းသမီးဟွမ်ကျို့သည် ဓားပျော့ကိုအသုံးပြုရာ၌ တော်သည်။ လွန်ခဲ့ သည့်နှစ်တစ်ဟောင်းဖြစ်စေ နောက်နှစ်တစ်သောင်းဖြစ်စေ သူမ၏ဓားပျော့ တွင် နတ်မိစ္ဆာဧကရာဇ်၏ ချိပ်စည်းရှိလိမ့်မည်။ နတ်မိစ္ဆာဧကရာဇ်၏စွမ်းအား နှင့်ဆိုလျှင် သူ အလျင်စလိုလှုပ်ရှားလိုက်ပါက ထိုချိပ်စည်းစွမ်းအင်သည် အသက်ဝင်လာနိုင်သည်။ သူ နတ်မိစ္ဆာစွမ်းအား၏ စွမ်းအားတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ပါ့မလား။

မိုးပေါ်မှဓားကြိးသည် ကောင်းကင်နှင့်မြေကြီးမှလူများကို အသက်ရှူမရ အောင်ဖိနှိပ်ထားသည်။ မိုးပေါ်မှတိုးညင်းသောအသံ လွင့်ပျံလာပြန်သည်။ ထိုအချိန်တွင် ပဲ့တင်သံများသည် မြေကြီးကိုဖြတ်သွားသည်။ ထိုအသံသည် တိုက်ကြီးတစ်ခုလုံးကို ဖြတ်ပြီးပျံ့နှံ့သွားသလိုပင်။

All Chapters