မင်း... ထပ်မသေနဲ့
Vol. 49 Ch. 969
“၃၃ ကောင်းကင်ဘုံက ဘယ်သူ့ကိုပဲလွှတ်လွှတ် ဒီနေရာကိုတိုက်ခိုက်ရဲ ရင် ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ တမန်တော်က မင်းရဲ့ကံကြမ္မာဖြစ်မှာပဲ”
အဝေးကောင်းကင်တစ်နေရာမှ တိုးညင်းသောအသံတစ်သံသည် သွေးဆာမှု၊ ရက်စက်မှုအပြည့်နှင့်ထွက်လာသည်။ အသံဆုံးသည်နှင့် ကောင်းကင်နှင့်မြေကြီးအကြားတွင်ရပ်နေသည့် ကမ္ဘာဖျက်နတ်မိစ္ဆာဓားပေါ် တွင် အလင်းတန်းတစ်ခုပေါ်လာသည်။ ထိုအလင်းတန်းသည် ပင့်ကူမျှင်ကဲ့သို့ ပါးလွှာသည်။ တောက်ပသောအလင်းနှင့်အတူ ၎င်းသည် ဓားကြီးအစွန်တွင် အရောင်လက်သွားပြီး မြက်ခြောက်ကဲ့သို့ တစ်ကိုယ်လုံးတုန်ယင်နေသည့် တမန်တော်ဆီသို့ ပစ်လွှတ်လေသည်။
အား...
အလင်းတန်းမျှင်ကဲ့သို့ တမန်တော်၏အကြောထဲသို့ မြားတစ်စင်းအလား ဖြတ်သွားလေသည်။ ထိုအလင်းတန်းမျှင်ရှေ့တွင် ဓား ၇ လက်နတ်ဘုရား၏ အထွတ်အထိပ်စွမ်းအားကပင် ခုခံရန်ခွန်အားမရှိပေ။ အလင်းတန်းမျှင် သူ၏ အကြောထဲသို့ဖြတ်သွားချိန်တွင် အလင်းတန်းသည် ထိုလူအား မီးပန်းများကဲ့သို့ လွှမ်းမိုးလိုက်ပြီး နတ်ဘုရားအဆင့်စွမ်းအားရှင်သည် ဘာမှမကျန်တော့သည် အထိပျောက်ကွယ်သွားလေသည်။
ပေထင်းဟွမ်ပင်လျှင် မယုံကြည်နိုင်လောက်အောင် ခံစားမိသည်။ ဤကမ္ဘာအကြောင်းဘာမှမသိသည့် ကလေးတစ်ယောက်အလား သူမ၏ မျက်လုံးများပြူးကျယ်လာကာ မျက်စိရှေ့မှအရာများကို မယုံနိုင်စွာကြည့်လေ သည်။ ၎င်းသည် စစ်မှန်သော စွမ်းအားပင်ဖြစ်သည်မဟုတ်ပါလား။
ဓားကြီးသည် ပေထင်းဟွမ်ရှေ့တွင် စက်ဝိုင်းတစ်ခုအသွင်ပြောင်းသွား သည်။ သို့သော် ပေထင်းဟွမ်အား ချိန်ရွယ်ခြင်းမရှိပေ။ ၎င်းသည် နတ်ဘုရား၏ စွမ်းအားနှင့်အသွင်ပြောင်းထားသော ဓားကြီးဖြစ်သည်။ သို့သော် ဓားပေါ်တွင် ပေထင်းဟွမ်၏ပုံရိပ် ရောင်ထင်ဟပ်နေသည်။ သွေးရောင်တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာ၊ ဓားသွားတောင်ပံ ၆ စုံတို့သည် အနောက်တွင် ဖြန့်ကျက်နေ ပြီး ငွေရောင်တိုက်ခိုက်ရေးဖိနပ်၊ ကြာပန်းနီပခုံးချပ်ဝတ်တန်ဆာ၊ လက်ကောက်ဝတ်မှ အတက်၊ မျက်နှာပေါ်မှ ငွေရောင်မျက်နှာဖုံးနှင့် ကြယ်များ ကဲ့သို့ လက်နေသော မျက်လုံးနက်နက်များသည် တခမ်းတနားပင်။
ရုတ်တရက်ပင် ဓားကိုယ်ထည်ပေါ်တွင် ရေလှိုင်းကဲ့သို့ ဂယက်လှိုင်းထ လာသည်။ မထင်မှတ်စွာပင် ယန်ယဲ့၏မျက်နှာသည် သူမရှေ့တွင်ပေါ်လာ၏။ ၎င်းသည် သူမ၏ကိုယ်ပိုင် ပုံရိပ်ဖြစ်သော်လည်း ရုတ်တရက် တစ်ဖက်လူ၏ အစားထိုးခြင်းကိုခံလိုက်ရသည်။ ပေထင်းဟွမ်သည် ထိတ်လန့်လုနီးပါးဖြစ်ပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလေသည်။
“ဟွမ်အာ မီးတောက်မြို့မှာတစ်ခုခုဖြစ်နေပြီ မီးတောက်မြို့ကို မြန်မြန် လာပါ၊ ငါ မင်းကိုစောင့်နေမယ်”
တစ်ဖက်လူသည် လက်ဆန့်ထုတ်လိုက်သည့်အလားပင်။ ထို့ကြောင့် ပေထင်းဟွမ်သည် ရှေ့သို့ခြေနှစ်လှမ်းတိုးလိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် ယန်ယဲ့သည် နတ်အတွေးနှင့် အသွင်ပြောင်းထားသည့် ပုံရိပ်တစ်ခုသာဖြစ်သည်။ သူ့စိတ်မှတွေးလိုက်လျှင်တောင် သူမကို ထိမရနိုင် ပေ။ ထိုလူ၏မျက်လုံးများသည် ပင်လယ်ကဲ့သို့ နက်ရှိုင်းပြီး သမုဒ္ဒရာကဲ့သို့ နူးညံ့ စွာဖြင့် သူမအား လွှမ်းမိုးလေသည် “နှစ်တွေဘယ်လောက်ကြာသွားပါစေ ငါ မင်းကိုစောင့်နေမယ်၊ ဒါပေမဲ့ မင်း မသေနဲ့”
သူမ၏နှာခေါင်းထိပ်မှာ ပူလာပြီး ပေထင်းဟွမ်၏မျက်လုံးများသည် စပ် လာသည်။ သူမ ခပ်မြန်မြန်ပင် လက်မြှောက်လိုက်သည်။ သူမ မျက်လုံးထဲမှ အရည်များကို အပြင်ထွက်ခွင့်မပေးပေ။ သူမ အသက်ပြင်းပြင်းရှူလိုက်သည်။ နှာခေါင်းမှ အသံတစ်သံထွက်လာ၏ “ဟင်း”
သူမစိတ်ထဲမှ အတွေးကို အဝေးရှိ မီးတောက်မြို့တွင်ရှိနေသည့် ယန်ယဲ့ သိနေလိမ့်မည်ဟု သူမ ထင်မထားပေ။ သူမ၏ စိတ်ကို သူသိရန် မည်သည့် နည်းလမ်းသုံးလိုက်သည်ကို သူမ မသိပေ။ ပထမဆုံးအကြိမ်အနေနှင့် သူမ၏ စိတ်ကို လူမိသွားသည်။ သို့သော် သူမ စက်ဆုပ်မှုမဖြစ်မိဘဲ စိတ်သက်သာရာရ လေသည်။
သူမကိုကယ်ရန်အတွက် ဤကဲ့သို့လေးလံသောအင်အားသုံးရသည့် အကြောင်းအရင်းကိုလည်း သူမ သိသည်။ ၃၃ ကောင်းကင်ဘုံ၊ အုပ်ချုပ်သူကြီး ၁၀ ယောက်ရှိသည်။ အနည်းဆုံး အားကောင်းသူ ၁၀ ယောက်ဆင်းလာကာ တစ်ယောက်ချင်းစီသည် လက်ရှိသူမထက် သန်မာကြသည်။ သူသည် ဤနည်းလမ်းကိုသုံးပြီး သူမကို ထိခွင့်မရှိကြောင်း အားလုံးကို ကြေညာခဲ့သည်။
ငွေလရောင်အင်ပါယာမှလူများသည် ထိုအချိန်တွင် ကြောက်လန့်နေပြီ ဖြစ်သည်။ ဤကဲ့သို့အားကောင်းသောလူသည် ရုတ်တရက်ပေါ်လာပြီး အနိုင်ရ ရန်သေချာနေသည့် တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်လိမ့်မည်ဟု မည်သူမှထင်မထားကြပေ။ အသံထွက်ငိုယိုပြီး ထိုလူ၏ဘိုးဘေး ၁၈ ဆက်ကို နှုတ်ဆက်ချင်သော်လည်း မည်သူမှ စကားမပြောရဲကြပေ။ ထို့အပြင် ထိုလူ၏ ခွန်အားသည် သူတို့ထင်ထားသည်ထက် များစွာကျော်လွန်နေသည်။
ဓားကြီးသည် ကောင်းကင်ပေါ်မှ ပျောက်ကွယ်သွားသည်။ ထိုအခိုက်အတန့်တွင် ငွေလမြို့ထောင့်တွင် အနက်ရောင်ဝတ်ရုံ ခြုံထားသည့် ပုံရိပ်တစ်ခုကို မည်သူမှမမြင်လိုက်ရပေ။ သူသည် ပေထင်းဟွမ်အား ချိန်ရွယ် ထားသည့် စီရင်ချက်လှံတံကို တဖြည်းဖြည်းဖယ်ရှားလိုက်သည်။ မုန်းတီးမှု အပြည့်နှင့်မျက်လုံးများသည် ပေထင်းဟွမ်အား ခက်ထန်စွကြည့်နေပြီး မတတ် သာစွာရှောင်ရှားကာ နေရာ၌ပင် ပျောက်ကွယ်သွားလေသည်။