← Chapters

စိတ်အေးနေရမယ့်အချိန်မဟုတ်ဘူး

Vol. 49 Ch. 970

စိတ်အေးနေရမယ့်အချိန်မဟုတ်ဘူး

Vol. 49 Ch. 970

ငွေလရောင်အင်ပါယာနှင့် သားရဲအဖွဲ့ကြားမှတိုက်ပွဲသည် ဆုံးဖြတ်ပြီး သား ဖြစ်လေ၏။

မင်သည် အလင်းတန်းအဖြစ်ပြောင်းသွားကာ ဓားကြီးသည် ပျောက်ကွယ် သွားပြီး ပေထင်းဟွမ်၏ သားရဲနေရာသို့ ပြန်သွားပြီဖြစ်သည်။ ပေထင်းကျင်၊ ချူဖုန်းနှင့်တခြားသူများသည် လေထဲသို့ပျံတက်ကာ ပေထင်းဟွမ်အား ဝန်းရံ ထားလိုက်ကြသည်။ ထွားကြိုင်းသောယောက်ျားနှစ်ယောက်သည် ထိုအချိန် တွင် သံသယကိုမရှောင်ရှားနိုင်ပေ။ တစ်ယောက်သည်ရှေ့တွင်နေပြီး နောက် တစ်ယောက်သည် အနောက်တွင်နေကာ ပေထင်းဟွမ်အား ပျောက်ရှသွား သည့် ရတနာကို ပြန်တွေ့လိုက်ရသည့်အလား ပွေ့ဖက်လေသည်။

“အစ်ကို ဝမ်းကွဲအစ်ကို ကျွန်တော့်မှာ လှုပ်မရတော့ဘူး” သူတို့ နှစ်ယောက်၏စိတ်ထဲမှ ကျန်နေသည့်အကြောက်တရားကို ခံစားမိသဖြင့် ပေထင်းဟွမ်လည်း စိတ်ထဲတွင် အပြစ်မကင်းမှုကိုခံစားရသဖြင့် သူတို့နှစ်ယောက်ကို တွန်းထုတ်ကာ ချွဲနွဲ့စွာနှင့် ခြေထောက်ဆောင့်လိုက်၏။

“ရှောင်ကျို့ မင်းသိရဲ့လား ခုနက အစ်ကိုကြီးက သေတော့မလိုပဲ” ပေထင်းကျင်သည် လက်ကို ဖြန့်ထားသည်။ သူ့မျက်လုံးများသည် ဝမ်းနည်းနေ ကာ အသံနေအသံထားမှာလည်း ပေထင်းဟွမ်အား တာဝန်ယူချင်နေသည့် အလား စိတ်ထိခိုက်နေသလိုပင်။

ပေထင်းဟွမ် သက်ပြင်းချလိုက်သည်။ သူမသည် ခေါင်းကုတ်ကာ နှာခေါင်းကိုထိမိလေသည်။ သူမသည် မည်သို့နှစ်သိမ့်ရတော့မည်ကို မသိတော့ ပေ။ တောင်းပန်လိုက်လျှင် သူမ၏အစ်ကိုကြီးနှင့် ဝမ်းကွဲအစ်ကိုကို ပို၍ဒေါသ ထွက်အောင်လုပ်မိသလိုဖြစ်မည်ကို သူမ သိသည်။ ထို့ကြောင့် ပြောလိုက်သည် “ကျွန်တော့်ဓားပျော့ထဲမှာ သူချိပ်ပိတ်ထားတဲ့ စွမ်းအားရှိတာကို အစ်ကိုတို့ လည်းကြားတာပဲ ဘယ်သူမှ ကျွန်တော့်ကို ထိခိုက်အောင်လုပ်လို့မရဘူး”

သူမကို ထိခိုက်အောင်လုပ်နိုင်သည့်သူသည် ဤလေဟာနယ်တွင်မရှိပေ။

ချူဖုန်းသည် ဘာပြောရမည်ကို မသိတော့ပေ။ သူသည် ခေါင်းငုံ့ပြီး ငွေလ ရောင်အင်ပါယာ၏ဧကရာဇ်ကိုကြည့်လေသည်။ သူ၏လက်အောက်ငယ်သား ကို သံမဏိသွေးမှ ထိန်းချုပ်ပြီးဖြစ်လေသည်။ သူသည် အနည်းငယ် နောင်တရ မိသည် “ဒီလိုဖြစ်မယ်ဆိုတာ သိနေတယ်၊ ငါ သတင်းမပို့သင့်ဘူး”

“ဝမ်းကွဲအစ်ကို ဒါက မင်းလက်စားချေတာမဟုတ်ဘူး၊ မင်း သတင်းမပို့ လည်း ငါသတင်းပို့မှာပဲ” ချူဖုန်းသည် သူ့ကို ဂရုစိုက်သည်ကို ပေထင်းဟွမ် သိသည်။ သူတို့၏မျက်လုံးထဲတွင် ပေထင်းဟွမ်ထက် သာသည့်အရာမရှိပေ။ ပေထင်းဟွမ်သာ အရေးအကြီးဆုံးဖြစ်သည်။

လက်စားချေခြင်းဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မည်သို့ပင်ဖြစ် စေကာမူ ငွေလရောင်အင်ပါယာကို သံမဏိသွေးမှ ထိန်းချုပ်ပြီးသားဖြစ်သည်။ ချူလင်းနှင့် သူ၏နောက်လိုက်နောက်ပါများကို အကျဉ်းထောင်ထဲသို့ ထည့်ပြီး နောက်တွင် ပေထင်းဟွမ်သည် သူတို့ကို အဆိပ်ဝိညာဉ်ဆေးတစ်လုံးစီ တိုက် ခိုင်းလိုက်သည်။ သူမကဲ့သို့လူမျိုး ထောင်ဆီသို့ရောက်လာပြီး ထောင်ထဲမှ တစ် ယောက်ချင်းစီကို လွှတ်ပေးလိုက်မည်ကို မလိုလားပေ။

အင်ပါယာနန်းတော်ထဲတွင် ချူဖုန်း အရင်နေထိုင်သည့်နန်းတော်ကို ရှင်းလင်းလိုက်ပြီဖြစ်သည်။ သံမဏိသွေးနှင့် လဲ့နီတို့ ပြန်ဆုံကြသည်။ သူတို့ သည် ပေထင်းဟွမ်ကို မတွေ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သံမဏိသွေးသည် ပေထင်းဟွမ်အား ဝန်းရံလိုက်ကြသည်။ ပေထင်းဟွမ်အား ဝိုင်းပြီး လက်ရှိအခြေအနေကို မေးမြန်းကာအတန်ကြာသည်အထိ စောဒက တက်နေကြသည်။

“ခေါင်းဆောင် ကျွန်မတို့ ရှင့်ကိုအရမ်းလွမ်းနေတာ” သံမဏိသွေးအဖွဲ့ဝင် မိန်းကလေးကိုယ်စားပြုသည် ပွင့်လင်းစွာဝန်ခံရာ လဲ့နီနှင့်တခြားသူများသည် မျက်လုံးများပြူးထွက်လာမတတ်ပင်။

“ခေါင်းဆောင် ဒီတစ်ခါ ကျွန်မတို့ကို ထားမသွားဘူးမလား”

“ခေါင်းဆောင် ယန်ချန်းကိုသွားတော့မှာလား၊ ကျွန်မတို့နဲ့ ရက်နည်းနည်း လောက်မနေတော့ဘူးလား”

အရင်ကလိုသာဆိုလျှင် ပေထင်းဟွမ်သည် ဤညီအစ်ကို၊ မောင်နှမများ နှင့် ရက်အနည်းငယ်ပိုနေမည်ဖြစ်သည်။ သို့သော် သည်တစ်ကြိမ်တွင် သူမ၏ ခွန်အားမှာ အားနည်းနေသေးသည်ကို ခံစားမိပြီးနောက် သူမသည် 'ပြိုင်ဘက် ကင်းပါရမီရှင်' ဆိုသည့် စကားတွင် ပိတ်မိနေခဲ့သည်ကို သိခဲ့ရသည်။ ပေထင်းဟွမ်သည် ထိုစကားလုံးကြောင့် သူမကိုယ်သူမ ပြိုင်ဘက်ကင်းပါရမီရှင် ဟုအထင်မှားပြီး ကျင့်ကြံရေးကို လျစ်လျူရှုမိခဲ့သည်။

“ဓား ၃ လက်ဝိညာဉ်ဂိုဏ်းဘုံမှာ ရှိနေတာ ဘယ်လောက်ကြာပြီလဲ” ပေထင်းဟွမ်သည် သူမကိုယ်သူမ မေးခွန်းထုတ်မိသည်။

မျှော်လင့်ချက်အပြည့်နှင့် မျက်လုံးများကိုကြည့်ပြီးနောက် ပေထင်းဟွမ် သည် ရင်ထဲထိသွားသည်။ သို့သော် စိတ်အေးနေရမည့်အချိန်မဟုတ်သလို ပြန်ဆုံစည်းပြီး ပျော်ရွှင်နေရမည့်အချိန်လည်းမဟုတ်ပေ။ သူမ၏ မျက်လုံးများ သည် လေးနက်ကာ ပေထင်းဟွမ်၏အသံထပ်မံထွက်ပေါ်လာသည် “ဒီနေ့ မင်းတို့မြင်တဲ့အတိုင်းပဲ တစ်ယောက်ယောက်သာ မလှုပ်ရှားရင် ငါမသေရင် တောင် အပြင်းအထန်ဒဏ်ရာရသွားနိုင်တယ်၊ ငါ့ခွန်အားက တိုးတက်ဖို့ လိုနေ တယ်၊ အခု ငွေလရောင်အင်ပါယာက မင်းတို့ကိုလိုနေပြီ၊ အတူလုပ်ကြတာပေါ့၊ အနာဂတ်မှာတော့ အမြဲအတူရှိသွားကြမယ်”

All Chapters