ထီးနန်းကို စိတ်မဝင်စားဘူး
Vol. 49 Ch. 971
“အတူလုပ်ကြမယ် အနာဂတ်ကရှည်ဦးမှာ” ပေထင်းဟွမ်၏အသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားသည်။ ထိုအခိုက်အတန့်တွင် အားလုံး၏သွေးများ သည် ဆူပွက်နေကြသည်။
ထိုအချိန်တွင် ပိန်ပါးပြီး သွယ်လှသော ဆယ်လင်း၏ခန္ဓာကိုယ်တွင် ရင်ဘတ်သည် နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ ထင်ရှားစွာပင် သူမသည် ပေထင်းဟွမ်ကြောင့် စိတ်လှုပ်ရှားနေသည်။ သူမသည် ညာဘက်လက်ကို မြှောက်ကာ မိုးပေါ်သို့ပစ်မြှောက်ကာ ပေထင်းဟွမ်၏စကားများကို ပြန်ဖြေ လေသည် “အသက်ရှည်ပါစေ အတူလုပ်ကြမယ် အနာဂတ်ကရှည်လျားတယ်”
“အတူလုပ်ကြမယ် အနာဂတ်က ထာဝရတည်မြဲတယ်”
မှန်သည်။ ဆက်ပြီးသာကြိုးစားသွားလျှင် ပြန်လည်ဆုံစည်းမည့်ရက်ရှိ လာမည်ဖြစ်သည်။ တစ်ခါက သူတို့သည် သားရဲတောတွင် ရုန်းကန်ခဲ့ရသည့် လှည့်လည်သွားလာသူများဖြစ်ခဲ့ကြသည်။ တစ်ခါက သူတို့သည် ထောင်ထဲတွင် မချိမဆန့်ဘဝနှင့်နေခဲ့ရသည်။ ဤလူငယ်သည် သူတို့ကို သတ္တိပေးခဲ့ခြင်းပင်။ ယနေ့ သူတို့ပိုင်ဆိုင်သည့်အရာအားလုံးရရှိရေးအတွက် ကြိုးစားတိုက်ခိုက်ရန် ဦးဆောင်သူမှာ သူမဖြစ်သည်။
“ဝမ်းကွဲအစ်ကို အခု ငွေလရောင်အင်ပါယာက ငါတို့လက်ထဲရောက်ပြီ၊ မင်းအပိုင်ဖြစ်သွားပြီ ငါတို့တွေပြန်ယူနိုင်ခဲ့ပြီ၊ ဒါပေမဲ့ မင်း ဧကရာဇ်ဖြစ်တဲ့နေ့ အထိ ငါ ဒီမှာမစောင့်နိုင်မှာစိုးတယ်၊ ငါ မီးတောက်မြို့ကနေ ပြန်လာတဲ့နေ့ အထိ ရက်နည်းနည်းလောက် ဘာလို့မစောင့်မှာလဲ” ပေထင်းဟွမ်သည် ချူဖုန်း အား တောင်းပန်သည့်အပြုအမူနှင့်ပြောလေသည်။
ပေထင်းကျင်သည် ပေထင်းဟွမ်၏ အသက်အတွေ့အကြုံအပါအဝင် ထင်ကြေးများအားလုံးကို ချူဖုန်းအား ပြောပြီးဖြစ်သည်။ ပေထင်းဟွမ်သည် ယန်ချန်းကို အလျင်စလိုသွားရမည်ကို ချူဖုန်း ရှင်းလင်းစွာသိသည်။ ၎င်းသည် နေ့စဉ်နေ့တိုင်းလုပ်နိုင်မည့်အရာမဟုတ်ပေ။ သို့သော် သွေးစာချုပ်၏စွမ်းအား နှင့်လုပ်လျှင်အားအနည်းဆုံးဖြစ်သည်။ အကြောင်းအရင်းမှာ ၂ လသာ အချိန်ရ ခြင်းပင်။
“ရှောင်ကျို့ ဝမ်းကွဲအစ်ကိုက ထီးနန်းကို စိတ်မဝင်စားတော့ဘူး၊ ဝမ်းကွဲ အစ်ကိုမှာ အကြံရှိတယ် ဖြစ်နိုင်မလား မဖြစ်နိုင်မလားတော့မသိဘူး” ချူဖုန်း သည် လက်မြှောက်ကာ ပေထင်းဟွမ်၏ဆံပင်ကို ပွတ်ပ်လေသည်။ သူမသည် မိန်းကလေးဖြစ်ကြောင်း သူသိကတည်းကပင် ချူဖုန်းသည် ပေထင်းဟွမ် အပေါ်တွင် သနားကြင်နာမှု တစ်နေ့ထက်တစ်နေ့ပိုလာသည်။ အထူးသဖြင့် နတ်ဘုရားချည်နှောင်လိုက်သည့် သွေးစာချုပ်အကြောင်းသိပြီးနောက်တွင် သူမကို အထူးသနားမိသည်။
ပေထင်းဟွမ်သည် အံ့ဩသွားကာ အတန်ကြာသည်အထိ မှင်တက်နေမိ သည် “ဘယ်လိုဖြစ်ပြီးတော့လဲ ဝမ်းကွဲအစ်ကို ဒါက ထီးနန်းလေ၊ ဧကရာဇ်နော် ဝမ်းကွဲအစ်ကိုသာ ငွေလရောင်အင်ပါယာရဲ့ဧကရာဇ်ဖြစ်လာရင် ကျွန်တော့်ကို မင်းသမီးဖြစ်အောင် လုပ်ပေးလို့ရတယ်”
ပေထင်းဟွမ် စနောက်နေသည်ကို သိသည်။ ချူဖုန်းသည် လွန်ခဲ့သည့် ၁၄ နှစ်ကအဖြစ်ကို ငြိတွယ်နေဆဲဖြစ်မည်ကို သူမ ကြေက်သည်။ ထို့ကြောင့် သူမ သည် ချူဖုန်း ပျော်ရွှင်အောင်လုပ်ပေးချင်သည်။
“အရူးမလေး” ချူဖုန်းသည် လက်မြှောက်ကာ ပေထင်းဟွမ်၏ ပခုံးကို ကလေးတစ်ယောက်ကို ချော့သည့်အလား ဖွဖွလေးပုတ်လေသည်။ “ဝမ်းကွဲ အစ်ကိုက ကမ္ဘာကြီးစွပ်စွဲချက်တွေနဲ့ ကံတရားကို ဂရုစိုက်နေမယ်ထင်လား၊ အရင်တုန်းက ပြည်မကြီးမှာ နတ်ဘုရားအဆင့်ပဲရှိတယ်၊ နတ်ဘုရားအဆင့် ဆိုတာကို ဘယ်သူမှမမြင်ဖူးတဲ့အချိန်က ကျင့်ကြံသူတွေက နတ်ဘုရားအဆင့် သေရေးရှင်ရေးဘုံနောက်ကိုပဲ လိုက်ခဲ့ကြတယ်၊ ဘာဖြစ်လဲ အခု ဇာမဏီမြို့မှာ နတ်ဘုရားအဆင့် ၇ ယောက်ရှိနေပြီ”
ထိုစကားများသည် အကျိုးအကြောင်းသင့်လျော်သည်။ တိုက်ကြီးပေါ် တွင် မည်မျှထူးကဲသာလွန်သော တည်ရှိမှုနည်း။ ဧကရာဇ်နှင့်ယှဉ်လျှင် အဆ ပေါင်းမည်မျှ မြင့်မြတ်သည်ကိုမသိတော့ပေ။
ချူဖုန်းသည် ပေထင်းဟွမ်အား ကျေးဇူးတင်သည့်မျက်လုံးများနှင့်ကြည့် လေသည် “တမ်းကွဲအစ်ကိုက ဝိညာဉ်သခင်ကြီးအဆင့်ပဲရှိသေးတာလေ၊ ကောင်းကင်အဆင့်ကို ဝင်ဖို့ဘယ်နနှစ်ကြမလဲဆိုတာကို မသိသေးဘူး၊ ဒီ အသွေးနဲ့အသားကို တိုက်ခိုက်ရမှာလည်းဖြစ်နိုင်တယ်၊ အခု ဝမ်းကွဲအစ်ကိုက ဝိညာဉ်ဂိုဏ်းကို အဆင့်တက်သွားပြီ၊ အသက်ကလည်း အဆပေါင်းများစွာ ရှည်သွားပြီ၊ ဒီဘဝမှာ နတ်ဘုရားအဆင့်တက်ဖို့ မျှော်လင့်ချက်အကြီးကြီးရှိနေ တုန်းပဲ၊ ဒီကမ္ဘာမှာ ချမ်းသာမှုနဲ့ ဂုဏ်အတွက် ဘာလို့လောဘတက်နေတော့မှာ လဲ”
ချူဖုန်းသည် ဓားဝိညာဉ်ဂိုဏ်းသို့ရောက်နေပြီကို ပေထင်းဟွမ် မမြင်နိုင် ပေ။ ဆယ်လင်းနှင့် တခြားခေါင်းဆောင်များသည် ဝိညာဉ်ဂိုဏ်းသို့မရောက် သေးသော်လည်း သူတို့၏ခွန်အားသည် လွန်ခဲ့သည့်လများထက် များစွာ တိုးတက်ခဲ့သည်။ ယခုအချိန်တွင် လဲ့နီတို့အဖွဲ့အပါအဝင် သံမဏိသွေးတစ်ခု လုံးသည် ချူဖုန်းအား အားကျသည့်မျက်လုံးများနှင့်ကြည့်ကြလေသည်။