မဟာမိတ်အင်ပါယာ
Vol. 49 Ch. 972
လအနည်းငယ်အတွင်းမှာပင် ဝိညာဉ်သခင်ကြီးမှ ဝိညာဉ်ဂိုဏ်းသို့ အဆင့် တက်ခဲ့သည်။ ချူဖုန်းသည် မှော်သလင်းကျောက်ချောက်မှ မှော်သလင်း ကျောက်၏အရှိန်နှင့် အဆင့်တက်ခဲ့သည်။
“ရှောင်ကျို့ ဒါအကုန်လုံးက မင်းကျေးဇူးကြောင့်ပါ” ချူဖုန်းသည် ပေထင်းဟွမ်အား ရေခဲကဲ့သို့အေးစက်ပြီး ရေကဲ့သို့နူးညံ့သည့်မျက်လုံးများနှင့် စိတ်ရင်းဖြင့်ကြည့်ကာ ပြောလေသည်။
“ဝမ်းကွဲအစ်ကို ညီအစ်ကိုအချင်းချင်းကို ဘာတွေပြောနေတာလဲ” ဤကမ္ဘာ၏ဧကရာဇ်မဖြစ်ချင်တော့ဟု ပြောလာာသဖြင့် ပေထင်းဟွမ်သည် ချူဖုန်းအတွက် စိတ်မကောင်းဖြစ်မိသည်။ “ဝမ်းကွဲအစ်ကိုက မနေချင်တော့ ဘူးဆိုမှတော့ ငွေလရောင်က ဇာမဏီမြို့နဲ့ နတ်မိစ္ဆာသားရဲတောအကြားမှ နေရာရှာပြီး ဇာမဏီမြို့အသစ်တည်ထောင်မယ်၊ ကျွန်တော်တို့နာမည်က သံမဏိသွေးမဟုတ်တော့ဘူး မဟာမိတ်အင်ပါယာဖြစ်မယ်”
မဟာမိတ်အင်ပါယာ
တစ်ခဏအတွင်းမှာပင် အားလုံး၏ မျက်လုံးများအရောင်လက်လာသည်။ မဟာမိတ်အင်ပါယာသည် မည်သို့ပုံစံဖြစ်မည်လဲဟု မည်သူမှ စကားဖြတ် မပြောရြပေ။ သို့သော် အားလုံးသည် ထူးခြားပြီး ကျယ်ပြန့်သည့်ပုံရိပ်ကို မြင်ယောင်လိုက်ရသလိုပင်။ ထိုပုံရိပ်ပေါ်တွင် ကျယ်ပြန့်သောလေဟာပြင်များ၊ ကြီးမားထူထဲသည့်တော၊ မြစ်များရှိနေသည်။ ကျောက်စိမ်းခါးပတ်လိုပင် တောင်နှင့်မြစ်များသည် ညင်သာစွာလှိုင်းထနေ၏။ သူတို့၏ဦးခေါင်းထက်မှ ကောင်းကင် ပြာနှင့် ခြေထောက်အောက်မှ မြေအပါအဝင် ထိုအရာများအားလုံး သည် မဟာမိတ်အင်ပါယာ၏ပိုင်နက်ဖြစ်သည်။
အရာအားလုံးသည် ဂုဏ်ဝင့်လှသည်မှာ သူတို့၏ သွေးများကိုမွှေနှောက် ပြီး ရင်ဘတ်တစ်ခုလုံးကို မီးရှို့လိုက်သလိုပင်။
“သွားမယ် သွားမယ်”
ခန်းမဝင်ပေါက်တွင် နဂိုကတည်ငြိမ်စွာနှင့် ပေထင်းဟွမ်အားကြည့်နေ သောလူတစ်ယောက်သည် လူအုပ်ထဲကထွက်ကာ တိုးတင်လာသည်။ သူသည် အနီရဲရဲအဝတ်အစားများဝတ်ဆင်ထားပြီး သူ၏လှပသောမက်မွန်ရောင် မျက်လုံးများသည် နေနှစ်လုံးပွင့်နေသလိုပင်။ သူ၏မေးစေ့သည် ကောက်နေ ပြီး ကျောက်စိမ်းနှင့်တသည်။ သို့သော် သူသည် မသက်မသာနှင့် ခေါင်းကုတ်နေ သည် “အင်း မြို့စား ကျွန်တော် ယွိရုန်းကယ်ပါ တောင်းဆိုစရာရှိပါတယ်”
သူတို့ တောင်းဆိုမှုကြားချိန်တွင် ခန်းမတံခါးတွင်ရှိနေသည့် ထျန်းယိနှင့် ယန်းအာတို့သည် တိုင်နှင့်ခေါင်းနှင့် ပြေးစောင့်ချင်လာသည်။ သခင်လေးသည် တခြားသောအကြံဆိုးနှင့် ရောက်လာပြန်သည်။
ထိုက်ယိသခင်လေးကို ထိုက်ယိနန်းတော်မှ ပြန်ပေးဆွဲကတည်းကပင် ထျန်းယိ သည် သခင်လေးနောက်မှလိုက်လာခဲ့သည်။ ထိုက်ယိနန်းတော်မှ ကယ်တင်ရန် အခွင့်အရေးကို စောင့်ဆိုင်းခဲ့ပြီး ယန်းအာသည် စစ်သည်များကို ကယ်ရန် ပြန်သွားခဲ့သည်။ မည်သူသိမည်နည်း။ ထျန်းယိသည် သတိလက်လွတ်ဖြစ်ပြီး ထိုက်ယိနန်းတော်မှ သခင်လေး ပျောက်သွားခဲ့သည်။ နောက်ဆုံး သူ ထိုအမျိုးသမီးကိုရှာတွေ့ချိန်တွင် ချူဖုန်းသည် ယွိရုန်းကယ်ကို ကယ်တင်ပြီး ဖြစ်လေသည်။
ထိုအဖြစ်သည် ထျန်းယိနှင့် ယန်းအာတို့အတွက် သံမဏိသွေးအပေါ်ကို အမြင်ပြောင်းသွားစေသည်။ သူ၏သခင်လေးသာ အရိုက်ခံရပြီးသေသွားလျှင် သံမဏိသွေးနောက်သို့ ငြင်းဆန်ခြင်းမရှိလိုက်မည်ဖြစ်သည်။
သို့သော် ယွိရုန်းကယ်နောက်သို့ တစ်နှစ်ပတ်လုံး လိုက်လာခဲ့ချိန်တွင် ထျန်းယိနှင့်ယန်းအာတို့သည် ယွိရုန်းကယ်၏အကျင့်ကို ကောင်းစွာသိလာခဲ့ သည်။ ယွိရုန်းကယ် အကျဉ်းကျကတည်းကပင် သူမျက်နှာပျက်ခဲ့သည်ကို ခံစားမိခဲ့သည်။ သူသည် အားလုံးရှေ့တွင် မျက်နှာထွက်ပြရန်ငြင်းဆန်ခဲ့သည်။ သို့သော် သည်တစ်ကြိမ်တွင် အမြန်ပြေးလာခဲ့သည်။
ထင်ထားသည့်အတိုင်းပင် ယွိရုန်းကယ်သည် ပေထင်းဟွမ်နှင့် အကြည့် ချင်းဆုံပြီးနောက်တွင် ရှက်ရွံ့စွာနှင့် ခေါင်းငုံ့ကာ တံတွေးမျိုချပြီးပြောလေသည် “မြို့စား၊ မဟာမိတ်အင်ပါယဆိုမှတော့ သံမဏိသွေး၊ ငွေလရောင်အင်ပါယာနဲ့ နဂိုမျိုးနွယ်လေးခုမြို့တင်ရှိရုံတင်မပြီးဘူးထင်တယ်၊ ငါတို့ ကောင်းကင်တိမ် တိုက်ဂိုဏ်းကိုလည်း မဟာမိတ်အင်ပါယာကို ဝင်လို့ရမလား”
ယွိရုန်းကယ် ထိုသို့ပြောချိန်တွင် ပေထင်းဟွမ်ပင် အနည်းငယ် ကြက်သေ သေမိသည်။ ကောင်းကင်တိမ်တိုက်ဂိုဏ်းသည် ပြည်မကြီးတွင် ဒုတိယ တန်းစားအင်စားစုဖြစ်သည်။ ယန်ချန်းနှင့်နီးစပ်သည်မှလွဲ၍ တခြားအင်အားစု များနှင့် သိကျွမ်းခြင်းမရှိပေ။ ယခုအခါ မဟာမိတ်အင်ပါယာကို ဝင်ပါမည်ဆို သည်မှာ မည်သို့သောအဓိပ္ပာယ်နည်း။
ပေထင်းဟွမ် နှုတ်ဆိတ်သွားသည်ကိုကြည့်ပြီး သဘောမတူမည်ကို စိုး သဖြင့် ယွိရုန်းကယ်သည် အလျင်အမြန်ပင် သူ၏သစ္စာရှိမှုကို ပြသလေသည် “မြို့စား၊ သံမဏိသွေးက ငါ့အသက်ကိုကယ်ခဲ့ပါတယ် ငါ အဲဒါကိုပြန်မဆပ်နိုင် ဘူး၊ ပြီးတော့ ငါက နဂိုကတည်းက သံမဏိသွေးအဖွဲ့ဝင်လေ၊ ကောင်းကင် တိမ်တိုက်ဂိုဏ်းက နောက်ဆိုရင် ငါ့အပိုင်ဖြစ်လာမှာ၊ မဟာမိတ်အင်ပါယာကို ဝင်ဖို့ ပြောပိုင်ခွင့်ငါ့မှာရှိတယ်”
ယွိရုန်းကယ်သည် ကောင်းကင်တိမ်တိုက်ဂိုဏ်း၏ သခင်လေးဖြစ်သည်။ ထိုအချက်ကို သံမဏိသွေးမှလူများ ကောင်းစွာသိရှိထားကြသည်။ မဟာမိတ် အင်ပါယာသည် အခုလေးတင် တည်ထောင်လိုက်ခြင်းးပင်။ မဟာမိတ်အင်ပါ ယာကို မသန်မာစေချင်သူ မည်သူရှိမည်နည်း။ သူတို့သည် ပေထင်းဟွမ်အား မျှော်လင့်စောင့်စားသောအကြည့်များဖြင့် ကြည့်ကြလေသည်။