မဟာမိတ်အင်ပါယာက ကောင်းကင်တိမ်တိုက်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ချင်တယ်
Vol. 49 Ch. 973
ပေထင်းဟွမ်၏ နှုတ်ခမ်းထောင့်သည် တဖြည်းဖြည်း ကွေးတက်သွား၏။ ယွိရုန်းကယ်သည် အနည်းငယ်ပြောင်းလဲသွားပုံရသည်ဟု သူမ အမြဲခံစားရ သည်။ ထိုက်ယိနန်းတော် ဖမ်းခြင်းခံရပုံကိုတွေးပြီး ပေထင်းဟွမ် ပြုံးပြီးမေး လိုက်သည် “သခင်လေးယွိ ကောင်းကင်တိမ်တိုက်နန်းတော်ရဲ့သခင်က တစ်ခုခု လုပ်ခဲ့တာလား”
ကောင်းကင်တိမ်တိုက်နန်းတော်သခင်သည် အမျိုးသမီးဖြစ်သည်။
ချက်ချင်းဆိုသလိုပင် အားလုံး၏မျက်လုံးများသည် ယွိရုန်းကယ်ဆီသို့ ရောက်သွားကသည်။ သူတို့၏မျက်လုံးများသည် ရှုပ်ထွေးပြီး သိချင်စိတ်၊ သနား စိတ်၊ နှမြောစိတ်၊ ရဲရဲတောက်စိတ်မျိုးစုံရှိနေသည်... ထိုမျက်လုံးပိုင်ရှင်များ အားလုံး၏မေးခွန်းသည် အမျိုးသမီးတစ်ယောက်သည် မည်မျှသန်မာနိုင်မည် နည်းဟုပင်။ ယောက်ျားတစ်ယောက်ကို အဓမ္မပြုကျင့်သည်လား။
ယွိရုန်းကယ်၏ ကျောက်စိမ်းနှင့်တူသောမျက်နှာသည် တို့ဟူးကဲ့သို့ ဖြူစွတ်လာသည်။ ထိုအချိန်တွင် သူ၏မျက်နှာသည် နီရဲလာသည်။ အထူးသဖြင့် ထျန်းယိနှင့် ယန်းအာတို့သည် သူ့အား ကြောက်ရွံ့သောမျက်လုံး များနှင့် ကြည့်လေသည်။ နောင်တရစွာပင် သူတို့သည် ထိုအကြောင်းကို မေ့ တော့မလိုပင်။ သခင်ပေထင်းဟွမ်သာ သူတို့ကို သတိမပေးလျှင် ကောင်းကင် တိမ်တိုက်နန်းတော်သခင်မသည် သူတို့၏သခင်လေးကို ဘာမှမလုပ်နိုင်ဟု မေ့တော့မလိုပင်။
“မင်း မင်း မင်းတို့အားလုံး ဘာတွေတွေးနေတာလဲ” ယွိရုန်းကယ်၏ မျက်နှာမှာ ရှက်သွားဖြာကာ ပေထင်းဟွမ် ပေထင်းဟွမ်နှင့် ခန်းမထဲမှတခြားသူ များကို သောကအပြည့်နှင့် လက်ညှိုးထိုးကာ ခြေထောက်ဆောင့်လေသည် “ငါ မင်းတို့နဲ့ ထပ်မပြောချင်တော့ဘူး”
ဟူး
အားလုံးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ တစ်ခါ မှမဖြစ်ဖူးလျှင် အကောင်းဆုံးဖြစ်မည်။ အမှန်တကယ်ပင် ဘာမှမဖြစ်ခဲ့ပုံရ၏။ မဟုတ်လျှင် သခင်လေးယွိရုန်းကယ်သည် ထိုကဲ့သို့မျက်နှာထားမျိုးဖြစ်မည် မဟုတ်ပေ။ သူ့မျက်နှာမှာ ပျက်ယွင်သွားခြင်းမရှိဘဲ ဒေါသသာရှိနေသည်။
ထို့အပြင် ယောက်ျားတစ်ယောက်သည် မိန်းမတစ်ယောက်၏ အဓမ္မပြု ကျင့်ခြင်းကိုခံရလျှင် ရှက်စရာအလွန်ကောင်းသည်။
“မဟာမိတ်အင်ပါယာက ရှေးပြေးပုံစံဆိုပေမဲ့ အရမ်းအားကောင်းလာ လိမ့်မယ်၊ အနာဂတ်မှာ မဟာမိတ်အင်ပါယာက ဘယ်လေက်ပဲအားကောင်းပါ စေ ဘယ်အင်အားစုကိုမှ တိုက်ခိုက်သိမ်းပိုက်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ကောင်းကင်တိမ်တိုက်ဂိုဏ်းက ဆန္ဒရှိရင် မဟာမိတ်အင်ပါယာက ကောင်းကင် တိမ်တိုက်ဂိုဏ်းနဲ့မဟာမိတ်ဖွဲ့ချင်တယ်”
ယွိရုန်းကယ်သည် ဒေါသထွက်ထွက်နှင့် ထွက်သွားသော်လည်း ပေထင်းဟွမ်၏စကားများကိုကြားပြီးနောက် ခြေလှမ်းများကိုရပ်လိုက်သည်။ သူသည် ခေါင်းကိုဖြည်းဖြည်းချင်းလှည့်လာသည်။ မဟာမိတ်အင်ပါယာသည် မည်သည့်အင်အားစုကိုမှ တိုက်ခိုက်သိမ်းပိုက်မည်မဟုတ်ဟု သူမ ပြောလိုက် သည်။ မဟာမိတ်အင်ပါယာသည် ကောင်းကင်တိမ်တိုက်ဂိုဏ်းနှင့် မဟာမိတ် ဖွဲ့ချင်သည်ဟု ပြောလိုက်သည်။
အမှန်ပင် လက်ရှိမဟာမိတ်အင်ပါယာသည် တခြားအင်အားစုကို ဘာကြောင့်များ တိုက်ခိုက်သိမ်းပိုက်ရမည်နည်း။ ဤတိုက်ကြီးပေါ်တွင် မဟာမိတ်အင်ပါယာသည် ယန်ချန်းကဲ့သို့ တူညိသောအမြင့်ကိုရောက်ခါနီးပင်။ ပေထင်းဟွမ်သာရှိလျှင် အနာဂတ် မဟာမိတ်အင်ပါယာသည် အကန့်အသတ် မရှိပေ။
ပေထင်းဟွမ်၏အကြည့်သည် ယွိရုန်းကယ်ဆီသို့ရောက်နေသည်။ သူမ သည် ယွိရုန်းကယ်ဆီသို့ တစ်လှမ်းချင်းလျှောက်သွားလေသည် “သခင်လေးယွိ ကျွန်တော် ပေထင်းဟွမ်က ကျွန်တော့်ခြေလှမ်းတွေနောက်လိုက်တဲ့ ဘယ်သူ့ ကိုမဆို ပစ်မထားဘူး၊ သူငယ်ချင်းကိုလည်း ဘယ်တော့မှ အခွင့်အရေးမယူဘူး၊ ကောင်းကင်တိမ်တိုက်ဂိုဏ်းက ဒီတိုက်ကြီးမှာ ဒုတိယတန်းစားအင်အားစုဖြစ် နေပြီ၊ ဘယ်အင်အားစုကိုမှ တွယ်ကပ်နေဖို့မလိုဘူး၊ မင်းသာ ယောက်ျားဆိုရင် မင်းရဲ့ဘိုးဘေးတွေရဲ့ အုတ်မြစ်ကို မဖျက်ဆီးသင့်ဘူး၊ မဟာမိတ်အင်ပါယာက ကောင်းကင်တိမ်တိုက်ဂိုဏ်းရဲ့ အကောင်းဆုံးလက်တွဲဖော်ြဖစ်လာမှာပါ”
ထိုအချိန်တွင် ထျန်းယိနှင့် ယန်းအာတို့သည် မျက်ရည်ကျလုနီးပါးပင်။ သခင်ပေထင်းဟွမ်သည် အဆင့်အတန်းမြင့်သောလူဖြစ်သည်။ ၁၅ နှစ်ပင် မပြည့်သေးသည့် လူငယ်သည် ဒုတိယတန်းစားအင်အားစုအား ဖြောင်းဖျနေ သည်။ သူသည် ဖြောင့်မတ်မှုကို နားလည်သည်။ ထို့ကြောင့်ပင် လက်ရှိနေရာ တွင် ရောက်နေခြင်းပင်။
ဒေါက်
သူတို့နှစ်ယောက်သည် ပေထင်းဟွမ်အား ဒူးထောက်လိုက်ကာ ညာဘက် လက်ကို မြှောက်ကာ လက်သီးဆုပ်ပြီး ဘယ်ဘက်ရင်အုံပေါ်တင်က ဤတိုက် ကြီးတွင် အကြီးလေးဆုံးအရိုအသေပြုသည့်အနေအထားနှင့် ပေထင်းဟွမ်အား ပြောလေသည် “ကျေးဇူးတင်ပါတယ် သခင်ပေထင်းဟွမ် ဒီလိုမဖြောင့်မတ်ရင် တောင် ကောင်းကင်တိမ်တိုက်ဂိုဏ်းက မဟာမိတ်အင်ပါယာရဲ့ အိတ်ကပ်ထဲ ရောက်မှာပါပဲ”
ဒါကို လိုချင်နေတာကြာပြီလေ။
ပင်မခန်းမထဲတွင် ချောင်းဟန့်သံများ တစ်သံပြီးတစ်သံထွက်လာသည်။ အားလုံးသည် တံတွေးသီးသွားခြင်းပင်။ ချူဖုန်းနှင့် ပေထင်းကျင်တို့သာ တစ် ယောက်နှင့် တစ်ယောက် တုန်လှုပ်ချောက်ချားစွာကြည့်နေကြသည်။ သူတို့ သည် တစ်ယောက်နှင့်တစ်ယောက်၏မျက်လုံးထဲတွင် ဒေါသအရိပ်အယောင် များတွေ့ရပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ရှေ့သို့သွားပြီး ရိုက်ချင် စိတ်ပင်ဖြစ်မိလေသည်။
သူတို့ ရှောင်ကျို့ကို ချစ်မိနေတာကြာနေပြီဟုတ်လား။ ဒီလူက ထူးထူးဆန်းဆန်း ပြုမူနေတာကိုကြည့်ဦး။ မဟုတ်တဲ့အတွေးတွေတွေးနေတာ ကိုး။ ပေထင်းဟွမ်က ယောက်ျားလေးဟန်ဆောင်ရင်တောင် ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်နိုင်တာကို သူတို့နှစ်ယောက်မေ့နေခဲ့တာပဲ။