ဘာလို့ကြိုက်ခွင့်မရှိတာလဲ
Vol. 49 Ch. 974
တခြားတစ်ယောက်သာဆိုလျှင် ထိုအချိန်တွင် ကြောက်၍သေသွားနိုင် သည်။ သို့သော် ယွိရုန်းကယ်သည် သာမန်လူများနှင့် ကွဲပြားသည်။ ထိုအစား သူသည် တည်ငြိမ်စွာနှင့် ပေထင်းဟွမ်အား မျှော်လင့်စောင့်စားသောမျက်လုံး များနှင့်ကြည့်ကာ စိတ်ထဲတွင် တိုးတိတ်စွာတွေးတောလေသည်။ ငါ မင်းကို လေးစားနေတာကြာပြီ။ မင်းကရော။
“ဟူး အဟွတ် အဟွတ်” ပေထင်းဟွမ်သည် ထျန်းယိနှင့် ယန်းအာတို့၏ ဆွံ့အမှုကို မကြောက်မိသော်လည်း ယွိရုန်းကယ်၏ ပွင့်လင်းသောမျက်လုံးများ ကြောင့်မှင်တက်သွားလေသည်။
ပေထင်းကျင်နှင့် ချူဖုန်းတို့နှစ်ယောက်လုံးသည် တစ်လှမ်းစီရှေ့တိုးလာ သည်။ သူတို့နှစ်ယောက်လုံးသည် ပေထင်းဟွမ်အား ပခုံးပေါ်လက်တင်ပြီး ပွေ့ဖက်လိုက်သည်။ မြင့်မားသောပုံရိပ်နှစ်ခုသည် ပေထင်းဟွမ်ရှေ့တွင် တံတိုင်းတစ်ခုလို မားမားမတ်မတ်ပင်။ ယွိရုန်းကယ်အား အပေါက်ပေါက် မတတ်ကြည့်လေသည်။
“ဘာလုပ်ကြတာလဲ၊ ရှောင်ကျို့က ယောက်ျားလေးလေ မသိဘူးလား” ပေထင်းကျင်သည် သနားကြင်နာစိတ်မရှိစွာနှင့်ပြောလေသည်။
ယွိရုန်းကယ်သည် သူတို့နှစ်ယောက်ကြားမှ ပေထင်းဟွမ်ကို ချောင်းကြည့်ရန်ကြိုးစားနေသည်ကို မြင်ပြီး ချူဖုန်းသည် ဒေါသထွက်ထွက်နှင့် လက်သီးကိုမြှောက်ကာ ယွိရုန်းကယ်အား ထိုးလေသည် “ဒါတောင် ကြည့်ချင် သေးရင် မင်းကို ကန်းသွားအောင်လုပ်ပေးလိုက်မယ်”
ဘုန်း
ချူဖုန်းသည် ယွိရုန်းကယ်၏ ဘယ်ဘက်မျက်လုံးကို ထိုးချလိုက်သည်။ သူသည် ချီဝိညာဉ်မထုတ်သော်လည်း သူ၏မူလခန္ဓာကိုယ်သည် အလွန်သန်မာ သည်။ ထိုထိုးချက်နှင့်အတူ နဂိုကလှပသော ယွိရုန်းကယ်၏မျက်လုံးများသည် ပန်ဒါမျက်လုံးဖြစ်သွားလေသည်။
ထျန်းယိနှင့် ယန်းအာတို့သည် ယွိရုန်းကယ်၏ ကိုယ်ရံတော်များဖြစ်ကြ သည်။ ထိုအခိုက်အတန့်တွင် သူတို့သည် မြေပေါ်တွင် ဒူးထောက်ကာ မလှုပ်မယှက်ရှိနေကြသည်။
ပင်မခန်းမထဲမှလူများသည် အသက်အောင့်ထားကာ မြေပေါ်မှ ချူဖုန်း နှင့် ပေထင်းကျင်ကိုကြည့်ပြီး ယွိရုန်းကယ်အား နားမလည်သောမျက်လုံးများ နှင့်ကြည့်ကြလေသည်။ ဘယ်လိုစည်းချက်လဲ။ သခင်လေးယွိရုန်းကယ်က မြို့စားကို ဖွင့်ပြောလိုက်တာလား။ ပြီးတော့ သူတို့ဘယ်လိုပဲကြည့်ကြည့် ထျန်းယိနဲ့ ယန်းအာတို့က တမင်လုပ်တယ်လို့ မခံစားရဘူးလား။
မိုးနတ်မင်းရေ သခင့်ကို နေရောင်အောက်မှာ လှမ်းတဲ့ လက်အောက်ငယ် သားတွေရှိသေးတာပဲ။ ကြောက်ဖို့ကောင်းလိုက်တာ။
သူတို့သည် သခင့်ကိုသစ္စာဖောက်ခြင်းမဟုတ်ဘဲ စည်းဖောက်လိုက်ခြင်း ပင်။
“ယောက်ျားလေးဆိုတော့ရော ဘာဖြစ်လဲ ဘာလို့ကြိုက်လို့မရရမှာလဲ၊ ပြီးတော့ မြို့စားက ညအရှင်သခင်နဲ့ ဆက်ဆံရေးကောင်းတာမလား၊ ငါ့ကိုယူ လိုက်တော့ ဘာဖြစ်လဲ” ယွိရုန်းကယ် အထိုးခံရသည်မှာ ကျိုးပဲ့သွားသော ကရားတစ်လုံးလိုပင်။ သူသည် လည်ပင်းကိုမတ်ကာ ခြေဖျားထိပ်နှင့်ထောက် ပြီး ပေထင်းကျင်နှင့် ချူဖုန်းတို့နှစ်ယောက်ကို ဖြတ်ကျော်ရန်ကြိုးစားလေ၏။ ပေထင်းဟွမ်ကိုကြည့်ပြီး သူသည် စိတ်ရင်းနှင့်ပြောလေသည် “မြို့စား ယုံသည် ဖြစ်စေ မယုံသည်ဖြစ်စေ စစ်ပွဲဘုံတောမှာ မင်းကိုမြင်ကတည်းက ငါ မင်းကို ချစ်နေခဲ့တာ”
မြင်မြင်ချင်းချစ်နေခဲ့တာဟုတ်လား။ ဒါက ခွေးသွေးမဟုတ်တော့ဘူး၊ ကြက်သွေးပဲ။
သံမဏိသွေးအဖွဲ့တစ်ဖွဲ့လုံးနှင့် လဲ့နီတို့အဖွဲ့ပင် ထိုလူများကို စူးစိုက်သည့် မျက်လုံးများနှင့်ကြည့်ကာ သူတို့ဆီမှ ပိုပြီးစိတ်လှုပ်ရှားစရာစကားများကို ကြားရန်စောင့်မျှော်နေကြသည်။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ အတင်းပြော လိုသည့်စိတ်ကို တားမရပေ။
ချူဖုန်းထပ်မံလှုပ်ရှားတော့မည်ကိုကြည့်ပြီး စူးလော့အာသည် ခေါင်းခါမိ သည်။ သူမသည် ရှေ့တိုးကာ ချူဖုန်း၏လက်ကို ကိုင်လိုက်သည် “သခင်ချူဖုန်း တော်လိုက်ပါ သခင်လေးယွိရုန်းကယ်က ယောက်ျားပီသတဲ့စိတ်ရှိနေလိမ့်မယ် လို့ထင်မထားဘူး၊ ညအရှင်သခင်သာ သိသွားရင် ဘယ်လိုဖြစ်မလဲမသိဘူး”
မှန်သည်.. ညအရှင်သခင်သာ အချစ်လုဖက်ရှိသည်ကိုသိလျှင် ယွိရုန်းကယ်ကို ဆန့်ကျင်နိုင်သည်မဟုတ်ပါလား။ ယနေ့ညအရှင်သခင်၏ လွှမ်းမိုးနိုင်သောအသွင်အပြင်ကိုကြည့်လျှင်သိနိုင်သည်။ သူသည် လူယောင် မပြဘဲနှင့် ဓား ၇ လက်ဓားသမားများကို သတ်နိုင်သည်။
သခင်လေးယွိရုန်းကယ်... ညအရှင်သခင်၏ရှေ့တွင် မည်မျှ တောင့်ခံပြီး အသက်ရှင်နိုင်မည်နည်း။
ထျန်းယိနှင့် ယန်းအာတို့သည် နည်းနည်းမှပင် မမတ်နိုင်တော့ဘဲ မြေကြီး ပေါ်တွင် ပျော့ခွေသွားသည်။ တွေးလိုက်သည်နှင့်ပင် သူတို့နှစ်ယောက်သည် ချွေးအေးများပြန်လာပြီး ကြောက်လာသည်။ သေစမ်း အစက သခင် ပေထင်းကျင်နဲ့ ခေါင်းဆောင်ချူဖုန်းကို အသုံးချပြီး သူတို့သခင်လေးကို သတိ ပြန်ဝင်အောင်လုပ်ချင်တာလေ။ ညအရှင်သခင်နဲ့ပါ လာပြီးငြိမမယ်လို့ ဘယ်သူ သိမှာလဲ။