← Chapters

မဟာမိတ်အင်ပါယာ၊ ခေါင်းဆောင်ကြီး သက်တော် ရာကျော်ရှည်ပါစေ

Vol. 49 Ch. 975

မဟာမိတ်အင်ပါယာ၊ ခေါင်းဆောင်ကြီး သက်တော် ရာကျော်ရှည်ပါစေ

Vol. 49 Ch. 975

အားလုံးနီးပါးသည် ယွိရုန်းကယ်အား သနားပြီးရင်း သနားသည့်အကြည့် နှင့်ကြည့်ကြလေသည်။ တားမြစ်ထားသောအချစ်သည် မစခင်ပင် ပြီးဆုံးသွား ချေပြီလား။

ယွိရုန်းကယ်၏ အသားအရေသည် ထပ်ထပ်ပြီးပြောင်းလဲသွားသည်။ နောက်ဆုံးတွင် ဖြူဖျော့သွားကာ မယိမ်းယိုင်သောအကြည့်ကို ထိန်းထားလေ သည်။ သူသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ခေါင်းမာသော အကြည့်နှင့် စူးလော့အာ၏မျက်လုံးများကို စိုက်ကြည့်ကာ နှာမှုတ်ရင်းပြော လေသည် “ဟင်း ညအရှင်သခင်နဲ့ ငါ့ကိုခြိမ်းခြောက်လို့ရမယ်လို့မထင်လိုက်နဲ့၊ ညအရှင်သခင်သာ မြို့စားကို တကယ်ချစ်ရင် တစ်ယောက်တည်းအပိုင်မသိမ်း သင့်ဘူး၊ မြို့စားရဲ့ရွေးချယ်မှုကိုလည်း လေးစားရမယ်လေ”

ပေထင်းကျင်သည် အမြဲတမ်းတည်ငြိမ်သောလူဖြစ်ခဲ့သည်။ သို့သော် ဤ အခိုက်အတန့်တွင် သူရင်ဘတ်ကြီးတစ်ခုလုံး လှိုင်းတံပိုးထလာကာ အသက်ရှူ သံကိုပင် မရပ်နိုင်တော့ဘဲ သတိမထားမိလျှင် သေတော့မည့်ပုံစံဖြစ်နေသည်။ သူသည် ဒေါသထွက်လွန်းသဖြင့် မည်သို့ပြောရမည်ကိုမသိတော့ပေ။

ချူဖုန်းသည်လည်း ထိုနည်းလည်းကောင်းပင်။ သူတို့နှစ်ယောက်သာ ပေထင်းဟွမ်၏သရုပ်မှန် မိန်းကလေးဖြစ်သည်ကိုသိထားကြပြီး ပြည်မကြီးမှ လူများသည် ယောက်ျားလေးအဖြစ်မြင်ကြသည်။ မိန်းကလေးတစ်ဦးတွင် ဧကရာဇ်ကဲ့သို့ ဧကရီတစ်ပါး၊ ကြင်ယာတော် သုံးပါးနှင့် ကိုယ်လုပ်တော် ၃၆ ပါး တို့ထားရှိနိုင်သည်လား။

ယွိရုန်းကယ်သည် သေလမ်းရှာခြင်းပင်။

စူးလော့အာသည် ဒေါသကြောင့် ရယ်မောမိသည်။ သူမသည် မျက်လုံး များကို မှိတ်ချည်ပိတ်ချည်လုပ်ကာ နောက်ဆုံးတွင် ဖြည်းဖြည်းချင်းပြုံးသွား လေသည် “ညအရှင်သခင်နဲ့ စကားပြောဖို့ အခွင့်အရေးရှာသင့်တယ်”

ပေထင်းဟွမ်သည်လည်း ဆွံ့အမိသဖြင့် နှာခေါင်းကိုထိမိသည်။ ထို့အပြင် ထိုမျက်နှာသည် သူမကြောင့် ဖြစ်သွားခဲ့သည်။ သူမသည် ဒေါသထွက်နေသော ချူဖုန်းနှင့် ပေထင်းကျင်တို့ကို သူမအနောက်သို့ဆွဲပြီး ယွိရုန်းကယ်အား ပြော လေသည် “သခင်လေးယွိ ဒီကိစ္စတွေကို နောက်မှပြောကြတာပေါ့၊ မဟာမိတ် အင်ပါယာက အခုမှစတာ၊ ကောင်းကင်တိမ်တိုက်ဂိုဏ်းမှာ ဘာမှလုပ်စရာမရှိ ရင် ဝမ်းကွဲအစ်ကိုနဲ့ မဟာမိတ်အင်ပါယာကို ကူထောင်ပေးပါ”

ယွိရုန်းကယ်သည် အသည်းကွဲတော့မည့်ခံစားချက်မျိုးဖြစ်နေသည်။ ထို စကားများကိုကြားသောအခါ ပေထင်းဟွမ်သည် သူ့ကိုအထင်သေးမည်ဟု ထင်ထားသော်လည်း ပေထင်းဟွမ်သည် စကားကမ်းလှမ်းလာပြီး စိတ်ထဲ မထားလိမ့်မည်ဟုထင်မထားပေ။ ထိုအခိုက်အတန့်တွင် ပေထင်းဟွမ် သူ့အတွက် တာဝန်တစ်ခုထားပေးသည်ဟုကြားသည်နှင့် တောင်ကြားအောက် ခြေသို့ နစ်သွားပြီး ပျော်ရွှင်စွာထခုန်မိပြန်သည် “ဟုတ်ပြီ ရတာပေါ့”

ချူဖုန်းသည် ယွိရုန်းကယ်နှင့် မရင်းနှီးခဲ့ပေ။ သို့သော် သူနှင့် လအနည်း ငယ် အတူရှိပြီးနောက်တွင် ထိုကလေးသည် တော်ပြီး ကိစ္စများကို ဖြေရှင်းနိုင် စွမ်းရှိသည်။ ယခုကူညီမည့်သူ ပေါ်လာရာ ဘာာကြောင့် မလုပ်ဘဲနေတော့မည် နည်း။ သူ ငြင်းဆန်စရာအကြောင်းမရှိပေ။

ပေထင်းကျင်သည် ယွိရုန်းကယ်အား ခက်ထန်စွာ စိုက်ကြည့်လေသည်။ သူ၏ သတိပေးသောမျက်လုံးများသည် ထင်ရှားလွန်းသည်။ ရှောင်ကျို့နှင့် ပတ်သက်၍ အကျိုးအကြောင်းမသင့်သောအရာများ ကြံစည်ရဲလျှင် သခင်လေး ဆိုသည့်ရာထူးကို ဂရုစိုက်တော့မည်မဟုတ်ပေ။

စူးလော့အာ၏မျက်လုံးများသည် ပေထင်းဟွမ်အပေါ်ရေက်သွားသည်။ သူမသည်လည်း လှပသောမိန်းကလေးဖြစ်သည်။ သို့သော် မြို့စားသည် ပို၍ လှပသည်ဟု ပြောရမည်။ သခင်လေးယွိ စွဲလမ်းသည်ကိုလည်း အပြစ်မတင်နိုင် တော့ပေ။ သူမသည် ပြုံးပြီးခေါင်းခါကာ ပြောလေသည် “မြို့စား ကျွန်မတို့က မဟာမိတ်အင်ပါယာတည်ထောင်မယ်ဆိုတော့ နောက်ဆိုရင် ရှင့်ကိုမြို့စားလို့ မခေါ်တော့ဘူး၊ ပိုကောင်းပြီးလွှမ်းမိုးနိုင်မယ့်နာမည်မျိုးစဉ်းစားသင့်တယ်၊ အကြီးအကဲချုပ်လို့ ဘာလို့မခေါ်ရမှာလဲ”

အကြီးအကဲချုပ်လား။

အားလုံးသည် ထိုစကားလုံးသုံးလုံးကို စိတ်ထဲမှရေရွတ်လိုက်ကြသည်။ ပြောဖို့မလိုအောင်ပင် လွှမ်းမိုးနိုင်သည်။ ထိုစကားလုံးသုံးလုံးသည် သူတို့၏ တပ်ရင်းခေါင်းဆောင်နှင့်လိုက်ဖက်သည်။ မြို့စားဖြစ်ခဲ့ပြီး ယနေ့တွင် အကြီးအကဲချုပ်ဖြစ်သွားချေပြီ။

မည်သူစလိုက်သည်တော့မသိ လက်ထဲမှလက်နက်မြှောက်ကာ အော်ဟစ်ကြလေသည် “မဟာမိတ်အင်ပါယာ အကြီးအကဲချုပ် သက်တော် ရာကျော်ရှည်ပါစေ”

ခန်းမတစ်ခုလုံးတွင် လဲ့နီ၏လူများအပါအဝင် အားလုံးသည် အတူတကွ အော်ဟစ်ကြသည် “မဟာမိတ်အင်ပါယာ အကြီးအကဲချုပ် သက်တော် ရာကျော်ရှည်ပါစေ”

ချူဖုန်းနှင့် ပေထင်းကျင်တို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့် လိုက်ကြသည်။ သူတို့နှစ်ယောက်၏မျက်လုံးထဲမှ ပျော်ရွှင်မှုကို ဖိနှိပ်၍မရပေ။ သူတို့၏ရှောင်ကျို့သည် ယနေ့လိုနေ့မျိုး ရောက်လာလိမ့်မည်ဟု မည်သူမှ မတွေးမိကြပေ။

လူနှစ်ယောက်သည် ပေထင်းဟွမ်အား လေပေါ်ပင့်မြှောက်ပြီး အောင်ပွဲ ခံကြသည် “အကြီးအကဲချုပ် ငါတို့အကြီးအကဲချုပ်”

သံမဏိသွေးမှလူများသည် သူတို့ကိုဝန်းရံကြသည်။ လဲ့နီသည်လည်း သံမဏိသွေး၊ ဇာမဏီမြို့၊ ပေထင်းဟွမ်တို့ ပိုင်ဆိုင်သော ထိုဂုဏ်ယူစရာ အခိုက်အတန့်ကို ဂုဏ်ပြုရန် သူ့လူများနှင့်ပြေးသွားလေသည်။

All Chapters