Chapters

ပတ္တမြားပိုးသားကမ္ဘာ၊ လက်မတိုင်းကို သိမ်းပိုက်မယ်

Vol. 49 Ch. 976

ပတ္တမြားပိုးသားကမ္ဘာ၊ လက်မတိုင်းကို သိမ်းပိုက်မယ်

Vol. 49 Ch. 976

ပေထင်းဟွမ်ကို လေပေါ်ပင့်မြှောက်ကြရာ သူ့စိတ်ထဲမှ ပျော်ရွှင်မှုများ လှိမ့်တက်လာခဲ့သည်။ ၂၁ ရာစုမှ ပင်မတိုက်ကြီးထိ သူမသည် တစ်လျှောက်လုံး တွင် အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရသည်။ ကံကောင်းစွာပင် သူမ လက်မလျှော့ ခဲ့ပေ။ မဟာမိတ်အင်ပါယာသည် အစဖြစ်ကာ ခရီးစင်သည် အခုမှစတင်ခြင်း ပင်။

ကောင်လေးသည်လေထဲတွင်ဝဲနေသည်။ ထိုကောင်လေး၏ ပုံရိပ်သည် သူ၏ မျက်လုံးတွင်ရောင်ပြန်ဟပ်နေသည်။ သူ၏မျက်နှာကို ငွေရောင်မျက်နှာ ဖုံးဖြင့် အုပ်ထားပြီး မည်းနက်သောမျက်လုံးများသည် တောက်ပနေကာ ခန္ဓာ ကိုယ်မှာအနီရဲရဲချပ်ဝတ်တန်ဆာဝတ်ဆင်ထားပြီး အနက်ရောင်ဝတ်ရုံကို ခြုံထားသည်။ လေအလွင့်တွင် သူမအနောက်တွင် ကခုန်နေသည်။ လူငယ် လက်ကိုမြှောက်လိုက်သည်နှင့် အသံများတိတ်သွားပြီး သူ၏ကြည်လင်သော အသံတစ်ခုသာ ခန်းမထဲတွင် ပဲ့တင်ထပ်နေသည်။ “မဟာမိတ်အင်ပါယာ သက်တော်ရာကျော်ရှည်ပါစေ၊ မင်းတို့အားလုံး ငါ့နောက်လိုက်ကြမှာ၊ ငါ့ ခြေရာနောက်လိုက်ကြမယ်၊ ငါတို့တိုက်ခိုက်မှာက ဒီတိုက်ကြီးမဟုတ်ဘူး ပတ္တမြားကမ္ဘာတစ်ခုလုံးပဲ ကြောက်နေကြပြီလား”

ကြောက်နေကြပြီလား။

“မကြောက်ဘူး” အသံသည် ကျယ်လောင်ကာ မိုးခြိမ်းသံကဲ့သို့ နန်းတော် တစ်ခုလုံး၏ ခေါင်မိုးပင် ပြိုကျမတတ်ပင်။ မျက်နှာများမှာ စိတ်လှုပ်ရှားမှုများ ပြည့်နေပြီး မျက်လုံးများတွင် မီးပွားများထင်ဟပ်နေပြီး လက်သီးများကို အားပါ ပါမြှောက်လိုက်ကြသည်။ ကိစ္စကြီးသည် မည်သို့သောအရာနည်း။ သူတို့သည် ခေါင်းဆောင်ကြီး၏ ခြေရာများအတိုင်းလိုက်ကြသည်။ ပတ္တမြားကမ္ဘာကို တစ်လက်မချင်းစီ သိမ်းသွားမည်။

“ဟုတ်ပြီ” ပေထင်းဟွမ်သည် ကိုယ်တိုင်ဖန်တီးလိုက်သည့်အဖွဲ့ကို လွန်စွာကျေနပ်မိသည် “ဒီနေ့ကစပြီး သံမဏိသွေးက ကြေးစားအဖွဲ့မဟုတ် တော့ဘူး၊ တပ်ဖွဲ့ဖြစ်သါားပြီ၊ ဂုဏ်သရေက မင်းတို့နောက်လိုက်လာမှာ၊ မင်းတို့ ကို ချွန်ထက်တဲ့ဓားတွေဖြစ်စေချင်တယ် ဓားတွေတောက်ပရင် မကျော်လွှားနိုင် ဘူး”

ထိန်းချုပ်မရလောက်အောင် စိတ်လှုပ်ရှားနေသည့်မျက်နှာများကို ကြည့် ပြီးပေထင်းဟွမ်၏ မျက်ခုံးများသည် အေးစက်သွားသည်။ သူမသည် စူးရှစွာ မေးလိုက်သည် “လုပ်နိုင်မယ်မလား”

“လုပ်နိုင်တယ်”

ထိုစကားလုံးများသည် ဟိန်းနေသည်။ ခေါင်မိုးသည် အသံလှိုင်းအောက် တွင် တစီစီမြည်နေသည်။ တချို့လူများသည် အူလှိုက်အသည်းလှိုက်အော်ကြ ရာ အဝေးထိပျံ့လွင့်လေသည်။ အဝေးရှိ ငွေလရောင်၏အထက်တွင် ကောင်းကင်နှင့်မြေကြီးတို့ အတူယှဉ်တွဲနေထိုင်လျက်ရှိသည်။

လဲ့နီနှင့်တခြားသူများသည် ပေထင်းဟွမ်အား မမှိတ်မသုန်စိုက်ကြည့်နေ သည်။ သူမ၏စွမ်းအားသည် သူတို့ကိုအညံ့ခံစေသည်။ ၁၄ နှစ်အရွယ်လူငယ် လေးသည် ခေါင်းဆောင်အဖြစ်မွေးဖွားလာလိမ့်မည်ဟု မည်သူမှထင်မထားကြ ပေ။ သူတို့သည် နှစ်ပေါင်းမျးစွာနေလာခဲ့ပြီး အတက်အကျကြမ်းပြီး များစွာမြင် ဖူးခဲ့သည်။ သို့သော် သူမ၏နှိမ့်ချမှု၊ အဟုန်၊ ဆွဲဆောင်မှုနှင့် သံမဏိသွေးအဖွဲ့ကို အောင်နိုင်သည့်လူမျိုးကို မမြင်ဖူးပေ။ သူသည် သူ့ခေါင်းနှင့်ရင်းပြီး သူမနောက် လိုက်ရန်နှင့် အသက်ကိုပါပေးအပ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ။

ထိုအခိုက်တွင် လဲ့နီနှင့်တခြားသူများသည် သူမနောက်သို့ တစ်သက်လုံး လိုက်ချင်စိတ်ဖြစ်လာသည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့၏သခင်ချူဖုန်း သည် ဤတပ်ဖွဲ့၏ခေါင်းဆောင်ဖြစ်သည်။ သူတို့လည်း ဤတပ်ဖွဲ့၏အဖွဲ့ဝင် ဖြစ်ရန် ကံပါလာခဲ့သည်။

“ဟုတ်ပြီ အရမ်းကောင်းတယ်” ပေထင်းဟွမ်သည် လက်ကိုဝေ့ယမ်းလေ သည် “ဒီတပ်ဖွဲ့ကို ခေါင်းဆောင်ချူဖုန်းက ဦးဆောင်လိမ့်မယ်၊ ကန့်ကွက်ချင် တာရှိသေးလား”

သေချာပေါက်ပင် ငြင်းဆန်မှုမရှိပေ။ မူလသံမဏိသွေးအဖွဲ့သည် လက်ရှိ သံမဏိသွေးတပ်အဖြစ် တဖြည်းဖြည်းကြီးထွားလာခဲ့သည်။ ချူဖုန်းသည် များစွာအထောက်အကူပြုသည်။ ဆုပေးဒဏ်ပေးစနစ်၊ မျှတမှု တစ်ကိုယ် ကောင်းမဆန်မှုနှင့် သူ၏စရိုက်တို့တွဲဖက်လိုက်သောအခါ ချူဖုန်းထက် ကောင်းသည့်လူမရှိနိုင်တော့ပေ။

ထို့အပြင် အးလုံးသည် နောက်ပိုင်းကိစ္စများကို လူတိုင်းအလုပ်ခွဲရမည်။ မဟာမိတ်အင်ပါယသည် ဖြစ်တည်စအဆင့်သာဖြစ်သော်လည်း ပေထင်းဟွမ် သည် ကိစ္စများကို ကိုင်တွယ်ဖြေရှင်းမည်မဟုတ်ပေ။

“ကျွန်တော် ယန်ချန်းကိုသွားရမယ်၊ မဟာမိတ်အင်ပါယာကိစ္စကို အစ်ကို ကြီးတို့ကိုပဲ အပ်ထားလိုက်တော့မယ်” ပေထင်းဟွမ်သည် ပေထင်းကျင်နှင့် ချူဖုန်းတို့ကို အပြစ်မကင်းသည့်အကြည့်နှင့်ကြည့်လေသည်။ တကယ်တော့ သူမသည် ဘာမှလုပ်စရာမလိုပေ။ ထိုနေရာမှလူများသည် သူမအတွက် စီစဉ် ပေးမည်ဖြစ်ပြီး လေးစားမည်ပင်။