သေချာပေါက် ငါ့အဖေက မင်းကိုခေါ်မှာပါ
Vol. 49 Ch. 977
ပေထင်းဟွမ်၏မျက်လုံးထဲမှ အပြစ်တင်သည့်အကြည့်သည် ပေထင်းကျင်နှင့် ချူဖုန်းတို့ကို ဖုံးကွယ်၍မရပေ။ သူတို့နှစ်ယောက်လုံးသည် အလွန်ဝမ်းနည်းမိလေသည်။ ပေထင်းမိသားစု၏ တတိယမျိုးဆက်အနေနှင့် သူမသည် အမှန်တကယ်ပင် တခြားမိန်းကလေးများကဲ့သို့ ကျင့်ကြံခြင်းကိုသာ နေ့စဉ်နေ့တိုင်းပူပန်ပြီး ပွဲလမ်းအခမ်းအနားများတွင် မည်သို့ဝတ်ဆင်မည်ဆို သည့်အတွေးများကိုသာ ပူပန်စေလိုသည်။ သူမသည် ၁၄ နှစ်သာရှိသေးသည့် မိန်းကလေးသာဖြစ်သည်။ သို့သော် ယောက်ျားလေးကဲ့သို့ ဝတ်ဆင်ပြီး ကြိုးစား ပမ်းစားတိုက်ခိုက်နေရသည်။
အရေးအကြီးဆုံးမှာ လမ်းတစ်လျှောက်လုံးတွင် အနှောင့်အယှက်များစွာ ကြုံနေရသည်။
တခြားစကားနှင့်ပြောရလျှင် ပေထင်းကျင်နှင့် ချူဖုန်းတို့ရင်ထဲတွင် သူမ ကိုထိုသို့တွေးနေကြသည်ကို ပေထင်းဟွမ်သိလျှင် ငိုရမည်လား ရယ်ရမည်လား ကိုပင်မသိတော့ပေ။ သူမသည် နေရာတိုင်းတွင် အနှောင့်အယှက်များတွေ့နေရ သည်။ ယွိရုန်းကယ်၏ မိသားစုသည် သူမ သူ့ကိုထိခိုက်အောင်လုပ်သည်ဟု ယခုအချိန်ထိ မပြောသေးပေ။
“ရှောင်ကျို့ မဟာမိတ်အင်ပါယာကိစ္စကို ငါ အစ်ကိုကြီးကိုပဲ အပ်ထား လိုက်ပါ ငါတို့ကမိသားစုတွေပဲ၊ ငါတို့မိဘတွေကို ကယ်ရဦဂမယ်လေ၊ အစ်ကို ကြီးက မင်းကိုအားနာတာ၊ ငါ့ရဲ့ ရှောင်ကျို့လေး ကလေးသေးသေးလေး၊ ဒီလို ဝန်ထုပ်ဝန်ပိုးအလေးကြီးတွေကို သယ်နေရတယ်” ပေထင်းကျင်သည် ထိုစကားများပြောနေရချိန်တွင် ရင်ထဲမှနာကျင်မှုကို ဖိနှိပ်ရန်က်ခဲသဖြင့် ပေထင်းဟွမ်ကို ရင်ခွင်ထဲထည့်ဖက်လိုက်သည်။
ချူဖုန်း၏မျက်လုံးများတွင်လည်း မျက်ရည်များနှင့်ပြည့်လာသည်။ သူသည် လက်မြှောက်ကာ ပေထင်းကျင်ကို ပုတ်လိုက်သော်လည်း မည်သို့ နှစ်သိမ့်ရမည်ကိုမသိတော့ပေ။
ထိုအခါမှပင် သူတို့၏အကြီးအကဲချုပ်၊ စံထားပုဂ္ဂိုလ်၊ စိတ်ဓာတ်မဏ္ဍိုင် သည် ၁၄ နှစ်သားကောင်လေးဖြစ်သည်ကို သတိရကြတော့သည်။ ဤလူငယ် လေး၏အနာဂတ်ပေါက်မြောက်မှုကို မည်သူမှ မခန့်မှန်းနိုင်ကြပေ။ ထိုအခိုက် အတန့်တွင် အားလုံး၏ရင်ထဲမှအတွေးများသည် ပိုပို၍ပြတ်သားလာကြသည်။ သူတို့သည် သူမနောက်လိုက်ကာ ပတ္တမြားကမ္ဘာတစ်ခုလုံးကို သူမအတွက် တိုက်ခိုက်ပေးမည်။
ပေထင်းဟွမ်သည် ပေထင်းကျင်၏ အတွေးကိုနားလည်သည်။ သူမသည် အစ်ကိုကြီး၏ ကျောပြင်ကို အသာအယာပုတ်ပေးနေသည်။ မောင်နှမ နှစ်ယောက်ကြားမှ အချစ်သည် သွေးထက်ပျစ်ကာ ပင်လယ်ထက်နက်ရှိုင်း၏။ တကယ်တော့ သူမသည် အစ်ကိုကြီးအတွက် စိတ်မကောင်းမဖြစ်သင့်ပေ။ အစ်ကိုကြီး၏ရင်ထဲမှ စိတ်မအေးမှုများကို တွေးမိလျှင် နောင်တသာရမိသည်။
“အစ်ကိုကြီး ဒီနေ့ကျွန်တော်ရထားတာတွေအကုန်လုံးက ဝမ်းကွဲအစ်ကို ချူဖုန်း၊ ကျယ်ရွှယ်၊ ကျွန်တော့်ကို ငယ်ငယ်ကတည်းက ကာကွယ်ပေးတဲ့ မျိုးနွယ်လေးခုမြို့တို့ကို မှီခိုပြီးမှရလာတာပါ၊ အခုကျွန်တော်ကြီးလာပြီ ဘယ်လိုလုပ် အစ်ကိုကြီးကိုပဲမှီခိုရမလဲ၊ ကျွန်တော်တို့ညီအစ်ကို၊ လက်တွဲဖော်၊ အဖွဲ့တွေရဲ့ ထူးခြားချက် ကို ပတ္တမြားမြေတစ်ခုလုံးမြင်ပါစေ” ပေထင်းဟွမ် သည် အားလုံး၏ စိတ်ကိုအလွယ်တကူအနိုင်ရနိုင်ကာ မနှုတ်ပြသည့်ခံစားချက် များကို ဖြေရှင်းရာတွင် တော်သည်။
သူမ၏စကားများကိုကြားပြီးနောက် အစကလေထုသည် ထိုင်းမှိုင်းနေ သေးသည်။ သို့သော် သည်တစ်ကြိမ်တွင် ထပ်မံအထွတ်အထိပ်ရောက်ကာ တစ် ယောက်ပြီးတစ်ယောက်အော်ဟစ်ကြလေသည်။ အားလုံးသည် ချက်ချင်းပင် သားရဲများဆင့်ခေါ်ကာ လက်ထဲမှလက်နက်များကိုရွေးထုတ်ကာ တက်ကြွနေ သော စိတ်ဓာတ်ကိုဖိနှိပ်ထားရသည်။
“ဟား ဟား ကောင်းတယ် ငါတို့ရှောင်ကျို့က မတူဘူး၊ လူတွေက ဘဝမှာ တော့ အားသွန်ခွန်စိုက်နေရမယ်၊ ရှောင်ကျို့ ဘာပဲလုပ်ချင်လုပ်ချင် အစ်ကိုကြီးက ငါတို့ရှောင်ကျို့နဲ့အတူအဖော်ပြုပေးမယ်” ပေထင်းဟွမ်ကို တင်းကြပ်စွာပွေ့ဖက်ရင်း အနည်းငယ်အက်ကွဲသောအသံဖြင့်ပြောလေသည်။
ချူဖုန်းသည် ပေထင်းဟွမ်နောက်လိုက်ရန် သစ္စာဆိုပြီးသားဖြစ်သည်။ ရှောင်ကျို့မရှိလျှင် ယနေ့သူဆိုသည်မှာ မရှိနိုင်ပေ။ ထီးနန်းကို သူ ဂရုမစိုက် ပေ။ သို့သော် ထိုအချိန်က ချူလင်ကြောင့် အရှက်ကွဲခံရသည်ကို မေ့မရပေ။ ရှောင်ကျို့ကြောင့်သာမဟုတ်လျှင် သူသည် ဤကြိုးထုံးကိုဖြည်မရဘဲ ဤမျှ မြန်မြန် အဆင့်တက်မည်မဟုတ်ပေ။
နောက်မှလမ်းသည် ဦးတည်ချက်ရှိရာ အားလုံးသည် စိတ်ဓာတ်တက်ကြွ လျက်ရှိသည်။ ၎င်းသည် အလွန်ကောင်းသည်။ ပေထင်းဟွမ် စိတ်ချသွား၏။
မုချင်းလင်သည် ရောက်လာပြီး ပေထင်းဟွမ်ရှေ့တွင် ဦးညွှတ်လေသည် “ရှောင်ကျို့ မင်း ယန်ချန်းကိုသွားမှာ ငါ့ကိုခေါ်သွားချင်လား”
သူမသည် ဘာမှအကူအညီမဖြစ်ပုံရသည်။ အရေးကြီးသည့် အခိုက်အတန့်တွင် သူမသည် အချိတ်အဆက်လွတ်ကာ ရှောင်ကျို့က သူမကို ကာကွယ်ရသည်။ သူမ၏ ချွေးမပုံစံလေးသည် ပေထင်းဟွမ်ကို ရယ်မိစေသည်။ သူမသည် လက်မြှောက်ကာ မုချင်းလင်၏မျက်နှာကို ပွတ်သပ်လိုက်သည် “လင်အာက သခင်နဲ့အတူသွားမှာလား၊ သခင်က သေချာပေါက် ခေါ်သွားပေး မှာပေါ့”