← Chapters

ချီကော်ကော်ရဲ့ အီစီကလီ

Vol. 49 Ch. 978

ချီကော်ကော်ရဲ့ အီစီကလီ

Vol. 49 Ch. 978

ပြောင်ပြောင်တင်းတင်းပင် အီစီကလီလုပ်နေခြင်းပင်။ အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ခေါင်းဆောင်ကြီးသည် အမှန်တကယ်ပင် ကြမ်းလွန်းသည်။ တကယ်ကို မိုက်လွန်းနေသည်။ ယောက်ျားမိန်းမ အားလုံးကို စားသောက်နိုင်သည်။ အသားနှင့်ဟင်းသီးဟင်းရွက်များသည် ရှောင်စရာ မဟုတ်ပေ။ သူသည် ညအရှင်သခင်နှင့် ပတ်သက်မှုရှိပြီး ယွိရုန်းကယ်၏ ဖွင့်ပြောခြင်းကိုခံရပြီးသော်လည်း ယခုအခါ မုချင်းလင်နှင့် အီစီကလီလုပ်နေ ပြန်သေးသည်။

သို့သော် သူတို့သည် စေ့စပ်ထားသောစုံတွဲဖြစ်သဖြင့် အီစီကလီလုပ်ပြီး မေတ္တာကို ပြသသည်မှ မျှတသည်။

သံမဏိသွေးအဖွဲ့မှမိန်းကလေးများ၏ မျက်လုံးများတွင် အချစ်များနှင့် ပြည့်နှက်သွားသည်။ သူတို့၏နှလုံးသားများတွင် ပီတိများပေါက်ဖွားလာသည်။ သူတို့၏ခေါင်းဆောင်သည် ယောက်ျားလေးတင်သာမက မိန်းကလေးများကိုပါ သဘောကျသည်။

“ခေါင်းဆောင် ကျွန်မလည်း ယန်ချန်းကိုလိုက်ခဲ့မယ်”

“ကျွန်မလည်း သွားဖို့လိုနေပြီ”

“အာ.. ကျွန်မကိုလည်းခေါ်သွားပေးပါ”

အားလုံးသည် အစွဲကင်းမှုများနှင့်ပြည့်နေသည်။ သို့သော် ဤအချိန်တွင် လေထုသည် အလွန်ပင် တက်ကြွနေသည်။

ချူဖုန်းသည် ထိုအရာကို ဟာသတစ်ခုလိုမြင်သည်။ သူသည် မတ်တတ် ရပ်ပြီး လက်ကိုဝေ့ယမ်းလေသည် “ယန်ချန်းကိုသွားတာ ပြဿနာမဟုတ်ဘူး၊ နှစ်လနေရင် မင်းတို့ကို အဲဒီကိုခေါ်သွားပေးမယ်”

“အာ.. ဘာလို့ အကြီးအကဲချုပ်က မခေါ်တာလဲ” ဆယ်လင်း လက်အောက်မှ အလှပဂေးလေးသည် မလိုလားစွာပြောလေသည်။

“ဘာ.. ခေါင်းဆောင်ချူဖုန်းက ချေတယ်မဟုတ်ဘူးလား၊ သူ့ကိုတောင် ထင်သေးတာလား” စူးလော့အာသည် ဒေါသအကြည့်ဖြင့်ကြည့်ရာ အားလုံး သည် ချက်ချင်းပင် ရယ်မောကြလေသည်။

ထွက်မသွားခင်တွင် ပေထင်းကျင်သည် ပေထင်းဟွမ် လမ်းပျောက်မည် ကို စိုးရိမ်သဖြင့် သူမအတွက် အထူးတလည်မြေပုံဆွဲပေးပြီး မြေပုံကိုထောက် ကာ ရှင်းပြလေသည် “ငွေလမြို့ကနေထွက်ပြီးတော့ အနောက်ဘက်ကိုသွား၊ တာ့ဝမြို့ကိုဖြတ်သွား၊ တာ့ဝမြို့မှာက နှင်းဝံပုလွေကြေးစားအဖွဲ့ရဲ့ ဌာနချုပ်ရှိ တယ်၊ အဲဒီမှာ အင်အားစု တော်တော်များများရဲ့ ဌာနရှိတယ်၊ အဲဒီကိုသွားပြီးရင် နှင်းဝံပုလွေဆီက စီးဖို့တစ်ခုခုတောင်းလိုက်၊ အနည်းဆုံးတော့ ရှင်းယွဲ့လေဟာ နယ်ဖြတ်ရမယ်၊ ပြီးရင် မြောက်ဘက်ကိုသွား မီးတောက်မြို့က ချော်ရည် မြောက်ပိုင်းကိုရောက်လိမ့်မယ်”

ချော်ရည်မြောက်ပိုင်းမြေဟုတ်လား။ ပေထင်းဟွမ်သည် ချက်ချင်းပင် ယန်ချန်းကို စိတ်ဝင်စားလာသည်။ ပေထင်းကျင်သည် ပေထင်းဟွမ်ကို သုံးကြိမ်သုံးခါအတန်တန်မှာပြီးမှ ထွက်သွားခွင့်ပြုလေသည်။

“အစ်ကိုကြီးက ပိုပိုပြီးတော့ စကားကြောရှည်လာတာပဲ” ပေထင်းဟွမ် သည် စိတ်ထဲမှသက်ပြင်းချမိသည်။ သို့သော် ဆွေမျိုးများကသာ ထပ်ခါထပ်ခါ စိုးရိမ်၍ မှတတ်သည်ကို သူမ နားလည်သည်။

ကမ္ဘာမြေကြီးပေါ်သို့ ပထမဆုံးအလင်းတန်းကျရောက်ချိန်တွင် မီးတော ထဲမှ လွတ်မြောက်လာသော ငွေလမြို့သည် ကံတရားအလှည့်အပြောင်းအပြီး တွင် အနည်းငယ်စိတ်ဓာတ်ကျနေကြသည်။ နဂိုက မနက်ခင်းတွင် လှုပ်လှုပ် ရှားရှားရှိလေ့ရှိသော ဈေးလမ်းသည် ယခုအခါ ဆိုင်တစ်ဆိုင်မှမဖွင့်ပေ။ ဖက်ထုပ်ရောင်းသော အဘိုးအိုတစ်ယောက်သာ အထုပ်အပိုးများကို သယ်ပြီး ဈေးလမ်းပေါ်တွင် တုန်ယင်စွာဖြင့် ဖြည်းဖြည်းချင်းလျှောက်နေသည်။

“အဘိုး ဖက်ထုပ်တစ်ပွဲပေးပါ”

အဘိုးကြီးလှည့်ကြည့်ရာ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် တို့ရှိနေကြသည်။ ၎င်းသည် မနက်အစောတွင် ပထမဆုံးအရောင်းအဝယ်ဖြစ် လိမ့်မည်။ အဘိုးကြီး၏ အရေတွန့်နေသောမျက်နှာသည် အပြုံးများဖြင့်ပြည့် လာပြီး ပျော်ရွှင်စွာ တုံ့ပြန်လေသည်။ စားပွဲနှင့်ခုံများကို လမ်းဘေးသို့ချလိုက် သည်။

“အဘိုး ဒီနေ့ လမ်းကဘာလို့ ဒီလောက်တိတ်ဆိတ်နေတာလဲ” အဘိုး သည် သာမန်အနက်ရောင်ဝတ်ထားပြီး ဘာမှထူးခြားခြင်းမရှိပေ။ သို့သော် သူ၏ မျက်လုံးများသည် ဆောင်းတွင်းည ကြယ်များထက်ပင် ပို၍တောက်ပ သည်။ ထိုလူသည် စားပွဲကို လက်နှင့်ခေါက်ပြီး သာမန်ကာလျှံကာပင်မေးလေ သည်။

အဘိုးကြီးသည် မီးဖိုပေါ်တွင် ဖက်ထုပ်များကို ချက်ပြုတ်ပြီး သက်ပြင်းချ လေသည် “အိုး မောင်ရင်တို့က မနေ့ညက တိုက်ပွဲကြီးကို လွတ်သွားတာဖြစ် မယ် ဟုတ်လား၊ သခင်ပေထင်းဟွမ်သာ မညှာတာလိုက်ရင် ငွေလမြို့က အခု လောက်ဆို ပျက်စီးနေလောက်ပြီ”

အမျိုးသား၏ဘေးတွင်ထိုင်နေသော အမျိုးသမီးလေးသည် အဘိုးကြီး အား တည်ငြိမ်စွာကြည့်နေသည်။

အမျိုးသားသည် အနည်းငယ်ပြုံးကာ ထပ်မေးလေသည် “သိပြီ ငွေလမြို့ က လူတွေကကြောက်နေတာပဲဖြစ်ရမယ် ဟုတ်လား၊ အဘိုးက ဘာလို့ မကြောက်တာလဲ မနက်အစောကြီး ဈေးရောင်းနေတာလေ”

“ကြောက်ရမယ်ဟုတ်လား၊ ဘာကြောက်စရာရှိလို့လဲ သခင်ပေထင်းဟွမ် က ကြောက်စရာကောင်းတဲ့လူမှမဟုတ်တာ မင်းတို့မသိလို့၊ ငွေလရောင် အင်ပါယာရဲ့ဧကရာဇ်က အတော်ဆိုးတဲ့လူ၊ လွန်ခဲ့တဲ့ ၁၄ နှစ်က ငွေလမြို့ကို ကပ်ဘေးတွေယူလာတာလေ၊ သခင်ပေထင်းဟွမ်နဲ့ မင်းသားချူဖုန်းတို့ မြို့ကို မီးရှို့ချင်ရင်တောင် ဂုဏ်ယူရဦးမယ်၊ သူတို့ကသာ ငွေလရောင်အင်ပါယာကို နည်းနည်းမှ ညှာတာမှုမရှိတာ”

All Chapters