← Chapters

စစ်မှန်တဲ့နတ်ဘုရားထက်ပိုတော်တဲ့လူ

Vol. 49 Ch. 979

စစ်မှန်တဲ့နတ်ဘုရားထက်ပိုတော်တဲ့လူ

Vol. 49 Ch. 979

အဘိုးကြီးသည် သူတို့နှစ်ယောက်ရှေ့သို့ ဖက်ထုပ်နှစ်ပန်းကန်ချပေးရင်း နှင့် သူတို့နားမလည်မည်ကိုစိုးသဖြင့် ထပ်ရှင်းပြလေသည် “မင်းသားချူဖုန်းက ငွေလရောင်အင်ပါယာရဲ့ ဆက်ခံသူပဲ၊ ချူလင်က သူခိုးကောင်၊ စီရင်ချက်ဗိမာန် ရဲ့နောက်လိုက်ခွေး၊ မင်းသားချူဖုန်းရဲ့ထီးနန်းကိုလုပြီး ၁၄ နှစ်လုံးလုံး နောက် က လိုက်သတ်ပြီး သားရဲနဲ့လဲထားတာ၊ အဲဒါက ညီအစ်ကိုအရင်းတဲ့၊ သခင် ပေထင်းဟွမ်က မင်းသားချူဖုန်းရဲ့ ဝမ်းကွဲပဲတော်တာ၊ ဒီလောက်အားကောင်း တဲ့လူလေ အစ်ကိုလုပ်တဲ့သူအတွက် ဘာလို့လက်စားမချေမှာလဲ”

အမျိုးသားသည် ဈေးတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ ကျောက်စိမ်း ဝိညာဉ်ကျောက်ဖြူများနှင့် ခင်းထားသော ကျယ်ပြန့်သည့်လမ်း၊ ဘေးနှစ်ဖက် တွင် ဥရောပပုံစံအဆောက်အဦးများနှင့် နဂိုကအလွန်ပင် ကြွယ်ဝသည့်မြို့ပင် ဖြစ်သည်။ သူသည် သူ့ကိုယ်သူပြောနေခြင်းလား အဘိုးကြီးကိုပြောနေသည် လားမသဲကွဲသည့်လေသံနှင့် တိတ်တိတ်လေး သက်ပြင်းချလေသည် “ငွေလမြို့ သာ ပျက်စီးသွားရင် နှမြောစရာပဲ”

ထိုအမျိုးသား၏ ရေရွတ်သံကိုကြားပြီးနောက် သူ့ဘေးမျမိန်းကလေး သည် စားပွဲပေါ်မှ သူ့လက်ပေါ်သို့ လက်တင်ပြီး နူးညံ့စွာနှစ်သိမ့်ပေးလေသည် “နောက်ဆုံးမှာ ဖျက်ဆီးမခံရဘူးမလား”

“ဘယ်လိုလုပ် ဖျက်ဆီးခံရမှာလဲ” ထိုအမျိုးသားသည် ငွေလမြို့ကို စိတ်ပူ ပေးနေသည်ဟု အဘိုးကြီးတွေးပြီး ပြုံးကာပြောလိုက်သည် “သခင်ပေထင်းဟွမ်က အားကောင်းတဲ့လူပဲ၊ သူ လက်မြှောက်လိုက်တာနဲ့ သန့်စင်သောမြို့ကို ဖျက်ဆီးခဲ့တာမြင်သားပဲ၊ ငွေလမြို့ကိုသာ တကယ်ဖျက်ဆီး ချင်ရင် လေပေါ်မှာရပ်ပြီး ဝိညာဉ်အဆင့်စွမ်းအင်ပစ်လိုက်ရုံပဲ၊ အဲဒါကိုတော့ ဘယ်တော့မှစိတ်မပူဘူး”

အဘိုးကြီးပြောလေလေ အမျိုးသားသည် ပိုဝမ်းနည်းလေဖြစ်နေသည်။ သူသည် ဖက်ထုပ်တစ်ပန်းကန်ကိုပင် ကုန်အောင်မစားခဲ့ပေ။ သူ ထွက်မသွား ခင်တွင် စားပွဲပေါ်သို့ ပတ္တမြားတစ်လုံးပစ်သွားလေသည်။

အဘိုးကြီးသည် ထိုနေရာတွင် ခင်းကျင်းပြီးသည့်နောက် နောက်တစ် နေရာမပြောင်းချင်တော့ပေ။ သူသည် စားပွဲရှေ့တွင်ရပ်ပြီး ဖက်ထုပ်များ ထုပ် နေချိန်တွင် လှုပ်ရှားသံကြားသဖြင့် နောက်လှည့်ကြည့်လိုက်သည်။ စားပွဲပေါ်မှ ပတ္တမြားကို ပထမဆုံးမြင်လိုက်ရချိန်တွင် မှင်တက်မိသည်။ သူသည် ငေးကြောင်နေရာမှ ပတ္တမြားကို ကောက်ယူကာ ထိုအမျိုးသားနှင့်အမျိုးသမီး ထွက်သွားသည့်ဘက်သို့ အမြန်ပြေးလိုက်လေသည်။ သူ သူတို့ကို မည်သည့် နေရာတွင် တွေ့တော့မည်နည်း။

“မိုးနတ်မင်းရေ နောက်ဆုံးတော့ အဆင့်အတန်းမြင့်အမျိုးသားနဲ့ ဒီအဘိုးကြီးကို တွေ့ခွင့်ပြုပြီပေါ့” အဘိုးကြီးသည် ပတ္တမြားကိုကိုင်ကာ ပေထင်းဟွမ်ထွက်သွားသည့်ဘက်သို့ တုန်ယင်စွာနှင့် စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်လေသည်။

ပတ္တမြားသည် ပင်မတိုက်ကြီးတွင် ပထမတန်းစားလူများအကြားတွင် လည်ပတ်သည့် ငွေကြေးဖြစ်သည်။ သာမန်လူများအတွက် ရွှေဒင်္ဂါးများသည် ငွေကြေးတွင် အမြင့်ဆုံးဖြစ်သည်။ ပတ္တမြားတစ်တုံးလျှင် ရွှေဒင်္ဂါး တစ်သောင်း နှင့်လဲလှယ်နိုင်သည်။ အဘိုးကြီးအတွက် ယခုချိန်မှစပြီး လမ်းပေါ်တွင် ဈေးရောင်းရန်မလိုတော့ပေ။

“ငါက အသက်ကြီးပါပြီ မြေးလေးကိုပျိုးထောင်ရဦးမယ်၊ ငါ့ကို ရက်နည်း နည်းလောက်ပဲ အသက်ပိုရှင်ဖို့ စီရင်ချက်ဗိမာန်မှာ အမြဲတမ်းဆုတောင်းနေတာ သခင်ပေထင်းဟွမ်ကမှ စီရင်ချက်ဗိမာန်ထက်ပိုကောင်းသေးတယ်” အဘိုးကြီး သည် တစ်ဘဝစာနေလာသဖြင့် ထိုလူငယ်သည် သခင်ကြီးပေထင်းဟွမ်ဖြစ် ကြောင်းကို မပြောနိုင်စရာမရှိပေ။

ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပေထင်းဟွမ်လာသည်နှင့် သူ လွတ်မြောက်တော့မည်။ သခင်ပေထင်းဟွမ်သည် နတ်ဘုရားထက်ပင် ပို၍ မြင့်မြတ်နေသည်။

အမှန်ပင်။ ထိုလူနှစ်ယောက်သည် ပေထင်းဟွမ်နှင့် မုချင်းလင်တို့ ရုပ်ဖျက်ထားခြင်းပင်။ သူတို့နှစ်ယောက် မြို့မှအတူတကွထွက်လာပြီးနောက် မြို့တံခါးဝတွင် ရပ်လိုက်ကြသည်။ ပေထင်းဟွမ်သည် မနက်ခင်းအလင်းရောင် အောက်မှ ထိုရှင်းလင်းပြီး ခမ်းနားသောမြို့ကို နောက်ပြန်ကြည့်လေသည် “လင်အာ မင်းသိလား၊ ငွေလမြို့ရဲ့လေထဲမှာရပ်တုန်းက အထူးသဖြင့် ဓား သမား ၇ ယောက်နဲ့တွေ့တုန်းက ဒီမြို့ကိုဖျက်ဆီးဖို့ တကယ်လှုပ်ရှားမိခဲ့တယ်”

မုချင်းလင်သည် ပေထင်းဟွမ်၏ရင်ထဲမှ အပြစ်မကင်းမှုကို ခံစားမိသည်။ သူမသည် လက်ကိုတင်းတင်းဆုပ်ကိုင်လိုက်သည် “ရှောင်ကျို့ ဒါက မင်းအမှား မဟုတ်ပါဘူး၊ အဲဒီတမန်တော်က အရမ်းအားကောင်းတာပါ၊ မင်းသာ အားကောင်းတဲ့တိုက်ကွက်မသုံးရင် အကုန်လုံးကို ဖြေရှင်းလို့မရဘူး၊ ဘယ်လို လုပ်တတ်နိုင်မှာလဲ အဲဒါမင်းအမှားဟုတ်ရဲ့လား”

“အဲဒါက အကြောင်းပြချက်မဟုတ်ဘူး” မနက်ခင်းအလင်းတွင် ပေထင်းဟွမ်သည် မျက်လုံးမှေးကြည့်လိုက်သည် “မှော်အတားအဆီး ဘယ်လို ထွက်လာတာလဲဆိုတာပဲ သိတယ်၊ အားအကောင်းဆုံးနည်းပညာကပဲ သန့်စင် သောမြို့ကို ဖျက်ဆီးနိုင်တာ၊ ပိုအားကောင်းလေလေ လူတွေကိုစွဲလမ်းစေပဲ၊ အဲဒါကြောင့် သန့်စင်သောမြို့ကို ပြားအောင်လုပ်ချင်ခဲ့တာ၊ ကံကောင်းလို့ ကံကောင်းလို့ ငွေလက အချိန်မှီလိုက်တယ်”

All Chapters