ရှောင်ကျို့ မင်းဘယ်လိုနေလဲ
Vol. 49 Ch. 980
ထိုစဉ်က ပေထင်းဟွမ်သည် ခေတ္တမျှကြောက်ခဲ့သည်။ ထိုနတ်အဘိုးကြီး ထွက်လာစဉ်က သူမကို အားအကောင်းဆုံးတိုက်ကွက်ထုတ်ရန် အကြောင်း အရင်းပေးလာသဖြင့် ပျော်ရွှင်ခဲ့သေးသည်။ ထိုသို့သာလုပ်မိခဲ့လျှင် သူမ စိတ် ချမ်းသာနိုင်ပါတော့မလား။
တွေးပင်မတွေးနိုင်ပေ။
“လွန်ခဲ့တဲ့ ၁၄ နှစ်က ဝမ်းကွဲချူဖုန်းက ချူလင်းနှင်ထုတ်တာခံခဲ့ရတယ်၊ သူက ငါ့စိတ်ထဲမှာ နတ်ဆိုးအစေ့ကိုစိုက်လိုက်ပြီ၊ သန့်စင်သောမြို့လည်း မီးလောင်သွားခဲ့တယ်၊ အဲဒီအစေ့ကိုသာ အပင်ပေါက်ခွင့်ပြုလိုက်ရင် ငွေလမြို့ သာ ပျက်ဆီးသွားခဲ့ရင် အဲဒီအစေ့က အမြစ်တယ်ပြီးတော့...” ပေထင်းဟွမ် သည် ပြုံးပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည် “ကံကောင်းလို့ ပေါ့၊ အဲဒါကြောင့် လူအတော်အများက နတ်ဘုရားအဆင့်ကို မတက်နိုင်ကြ တာ၊ နတ်ဘုရားအဆင့်က စွမ်းအားမဟုတ်ဘူး၊ စွမ်းအားစုမိလိုက်တာနဲ့ ဘုံကို ဝင်နိုင်ပြီ”
ပေထင်းဟွမ်၏စကားကို မုချင်းလင်ကြားသောအခါ ချွေးအေးများ ပြန် လာသည်။ ပေထင်းဟွမ်၏မျက်နှာမှ အပြုံးကိုကြည့်ပြီး သူမ တစ်ကိုယ်လုံး ပေါ့ပါးသွားသလိုခံစားရသည်။ သူမသည် ပေထင်းဟွမ်၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည် “ရှောင်ကျို့ မင်းကိုယ်မင်း ယုံကြည်ချက်ထားသင့်တယ်၊ မင်းက မှောအတားအဆီးထဲကို ကျသွားလို့မဖြစ်ဘူး”
“ဟုတ်တယ်” ပေထင်းဟွမ်သည် မုချင်းလင်၏ လက်ကိုပြန်ဆုပ်ကိုင် လိုက်သည် “သွားမယ် ယန်ချန်းကိုသွားကြမယ်”
“ရှောင်ကျို့ မင်းက ယန်ချန်းကလို့ပြောကြတယ်၊ ငါ့ကို ပြောလို့ရမလား ယန်ချန်းရဲ့ပိုင်ရှင်ကဘယ်သူလဲ” ယန်ချန်းအကြောင်းပြောရာတွင် မုချင်းလင် စိတ်ဝင်စားလာသည်။
“သိချင်လား ဒါဆို ငါနဲ့လိုက်ခဲ့လေ” ပေထင်းဟွမ် ပြောပြီးနောက်တွင် မုချင်းလင်ကို လက်ဆွဲကာ ပြေးထွက်လာခဲ့လိုက်သည်။
“အာ.. ရှောင်ကျို့ မင်းက ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ၊ ငါ့ကို သွားရည်ယိုစေတယ်” မုချင်းလင်သည် ပါးစပ်ကို ကျယ်ကျယ်ဟထားကာ ပါးစပ်ထဲသို့ လေများရှိုက်သွင်းလိုက်သည်။ သို့သော် ဤပျော်ရွှင်သောခံစား ချက်သည် အမှန်တကယ်ပင် ကောင်းလွန်းသည်။
ရယ်မောသံများ လမ်းတစ်လျှောက်ပျံ့လွင့်လာသည်။
စီရင်ချက်ဗိမာန်ကျရှုံးပြီးနောက် ၃၃ ကောင်းကင်ဘုံမှ ဆက်ခံသူ ကျွမ်းကျင်သူများ၊ ဝိညာဉ်နတ်ဘုရားမျိုးနွယ်မှလူများသည် ပေထင်းဟွမ်ကို မျက်ခြေမပျက်စောင့်ကြည့်နေခဲ့သည်။ ယန်ယဲ့၏ သတိပေးချက်ရှိသော်ငြား တစ်ဖက်လူသာ တစ်စုံတစ်ယောက်ကိုသတ်ချင်လျှင် တိုးတိတ်စွာလုပ်နိုင်၏။ ပေထင်းဟွမ် သေသွားပြီးမှ ယန်ယဲ့သိသွားလျှင် ဝမ်းနည်းစရာသာဖြစ်သွားလိမ့် မည်။
ငွေလမြို့မှ တိုက်ပွဲပြီးသည့်နောက် ပေထင်းဟွမ်သည် မိမိကိုယ်ကိုယ် ဆန်းစစ်လေသည် “တစ်ချိန်လုံး ချောချောမွေ့မွေ့ဖြစ်နေတယ်၊ တကယ်ကို မယုံနိုင်စရာပဲ၊ သန်မာတဲ့လမ်းကိုလိုက်တာ ကြောက်ဖို့မကောင်းဘူး၊ ဒါပေမဲ့ မူလရည်ရွယ်ချက်ကို မှတ်မိနေဖို့လိုတယ်”
သူတို့နှစ်ယောက်သည် ခြင်္သေ့ကိုယ်၊ လင်းယုန်ခေါင်းသားရဲပျံငှားရမ်းရာ နေရာသို့ ပြန်မသွားတော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ အချိန်ပေါများနေသဖြင့် အစွန်အဖျားကိုရှောင်ရှားပြီး လေကြောင်းမှ ယန်ချန်းကိုသွားရန် ဆုံးဖြတ်လိုက် သည်။ သူတို့နှစ်ယောက်သည် အလင်းစီးကြောင်း နတ်သားရဲပေါ်သို့ တက် လိုက်ကြသည်။ သုံးရက်ကြာ ဖြည်းဖြည်းချင်း ခရီးနှင်လာပြီးနောက် နောက်ဆုံး တွင် တာ့ဝမြို့သို့ရောက်လေသည်။
ထိုနေရာနှင့် တခြားမြို့များတွင် သန့်စင်သောမြို့မှ လွတ်မြောက်လာ သော ဗိမာန်စစ်သည်များသည် ပေထင်းဟွမ်ကို မြို့ကိုအထက်အောက်လှန်ကာ ရှာဖွေနေကြသည်။ ပထမအနေနှင့် စီရင်ချက်ဗိမာန်ကို ပြန်တည်ဆောက်ရေး အတွက် ရန်ပုံငွေစုဆောင်းရေးနှင့် ဒုတိယအချက်အနေနှင့် နတ်ဘုရားဂိုဏ်း ထောက်များသည် ပေထင်းဟွမ်အား ဒေါသထွက်ရန် လူအများကိုလှုံ့ဆော်ခြင်း ဖြစ်သည်။
ထိုလူများသည် သူ၏အပြုအမူကြောင့် အရူးလုပ်ခံလိမ့်မည်ဟု သူမ ထင် မထားပေ။ သူတို့သည် ပေထင်းဟွမ်အပေါ်သို့ ဒေါသပုံချရုံတင်သာမကဘဲ စိတ် ထဲမှ နတ်ဘုရားများကိုပင် တိုးတိတ်စွာ ကျိန်ဆဲကြသည်။ ၃၃ ကောင်းကင်ဘုံ အဝေးမှလူများအတွက် ယုံကြည်မှုစွမ်းအားသည် များစွာလျော့နည်းသွားလေ သည်။
သို့သော် တာ့ဝမြို့တွင် အားအကောင်းဆုံးအင်အားစုသည် နှင်းဝံပုလွေ ကြေးစားအဖွဲ့ဖြစ်သည်။ နှင်းဝံပုလွေမြို့နှင့် ဇာမဏီမြို့တို့သည် မဟာမိတ်များ ဖြစ်ကြသည်။ နှင်းဝံပုလွေမှ သခင်လေးနှင့် ဟွမ်ချန်းမှသခင်လေးတို့အကြားမှ ဆက်ဆံရေးကို ပြည်မကြီးတစ်ခုလုံးသိကြသည်။ ထို့ကြောင့်ပင် စီရင်ချက် ဗိမာန်သည် ထိုနေရာသို့ မဲဆွယ်ရေးအဖွဲ့ကို မပို့ရဲကြပေ။
“လင်အာ ငါ သုံးရက်လုံးလုံး အသားကင်တွေစားထားရတာ ကောင်းကောင်းလေးစားဖို့ စားသောက်ဆိုင်သွားရှာရအောင်” တာ့ဝမြို့၏ မျှော်စင်အောက်တွင်လျှောက်လာပြီး မှတ်ပုံတင်ပြပြီးနောက်တွင် ပေထင်းဟွမ် သည် မြို့ထဲမှ အကြီးဆုံးစားသောက်ဆိုင်ကို ရှာဖွေရင်းတံတွေးမျိုချကာ ပြော လေသည်။