အားလုံး၏အမြင်တွင်
Vol. 17 Ch. 237
တောင်ပေါ်မှ စမ်းချောင်းတစ်ခု၏ ပတ်ဝန်းကျင်တွင်
ဂူဟွမ်ဂျီက ကျက်သရေရှိစွာ တည်ရှိနေကာ သူမ၏ လှပသော မျက်လုံးအစုံက စမ်းချောင်းဆီသို့ လှမ်းကြည့်နေသည်။
“နင်ငါ့ကို အမှန်တိုင်း ပြောပြစမ်းပါ ဂူဟွမ်ဂျီ။ ဇူယွမ် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ် ပထမအဆင့်ကို အောင်မြင်သွားတာက သူက နင့်ရဲ့ ဘိုးဘေး တစ်ယောက်စီကနေ အံ့အားသင့်စရာ ကောင်းတဲ့ ရတနာတစ်ခု ရရှိသွားလို့မလား”
ဂူဟွမ်ဂျီ၏ နံဘေးက ပန်းရောင်ဝတ်စုံနှင့် မိန်းမပျိုလေး တစ်ယောက်က မေးလိုက်သည်။ သူမသည်လည်း အတော်ပင် လှပ၍ ကြည်လင်သော မျက်လုံးများက သူမ၏ အလှကို ပိုမို ထင်သာစေသည်။ သူမက ကြီးမြတ်သော ပါရမီရှိသည့်အပြင် ပိုပြီး ဂုဏ်ယူဖွယ်ရာ ကောင်းသည်မှာ သူမ၏ ကိုယ်ကျပ်ဝတ်စုံမှ တင်းကျပ်စွာ ထုပ်ထားရင်း ခံရသော ရွှေရင်အစုံဖြင့်ပြီး ထိုအရာက စမ်းချောင်းနံဘေးရှိ ပရိသတ် ယောက်ျားသား တပည့်များကို အလိုအလျောက်ပင် တံတွေးများ မျိုချစေပေသည်။
ထိုမိန်းကလေးမှာ ဟန်ချိုဆွေ့ ဟုခေါ်ဆိုပြီး ရှန်ဇူတိုက်ကြီးမှ ပထမတန်း တပည့်တစ်ယောက် ဖြစ်သည်။ သူမက ဂူဟွမ်ဂျီလောက် မကျော်ကြား သော်လည်းပဲ သူမကို အပြင်ဘက်တောင်တွင် ကောင်းစွာ သိကြပေသည်။
သူမက ဂူဟွမ်ဂျီနှင့် လွန်စွာ ရင်းနှီးပေသည် ထိုကြောင့် အစောပိုင်းက မေးခွန်းများ မေးဝံ့ခြင်းဖြစ်သည်။
“နင်က ကောလာဟလတွေကို ယုံကြည်တယ်လား”
ဂူဟွမ်ဂျီက မျက်မှောင်ကြုတ်ကာ သူမကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
ဟန်ချိုဆွေ့က ရယ်မောလိုက်ပြီး
“ငါ့ရဲ့ ခံစားချက် ထဲမှာကတော့ အဲဒီကောလာဟလတွေက အခြားအရာတွေထက် ပိုပြီး ယုံကြည်နိုင်စရာ ကောင်းနေတယ်”
သူမ၏ အကြည့်များက ဇူယွမ်ဆီသို့ ရောက်သွားခဲ့သည်။ သူမ၏ အကြည့်တွင် အထင်သေးမှုများ မပါဝင်သော်လည်းပဲ ရှန်ဇူတိုက်ကြီးမှ တပည့်တိုင်းတွင် ရှိသော မောက်မာမှုများ ကတော့ ပါဝင်နေပေသည်။
ထပ်ပြီးသော ဝေးလံသော တိုက်ကြီးမှ လာသောကောင်လေး တစ်ယောက်က ရှန်ဇူတိုက်ကြီးမှ တပည့်များ မလုပ်နိုင်သည့် အရာကို လုပ်နိုင်ခဲ့သည် ဆိုခြင်းကို သူမ အနေဖြင့်လည်း ယုံကြည်ခြင်း မရှိပေ။
ဂူဟွမ်ဂျီက ခေါင်းယမ်းလိုက်ပြီး မည်သည်မှ ရှင်းပြခြင်း မပြုတော့ပဲ ပြောလိုက်သည်။
“စောင့်ကြည့်နေလိုက် နင် မြင်တွေ့ရလိမ့်မယ်”
သူမက ဂူဟွမ်ဂျီ၏ မာနနှင့် ဝံ့ကြွားမှုကို ကောင်းစွာ သိနားလည် သောကြောင့် ဂူဟွမ်ဂျီက ဇူယွမ်ကို နက်နက်ရှိုင်းရှိုင်း ယုံကြည်နေသည်ကို မြင်ရခြင်းမှာ သူမကို အတော်လေး အံ့ဩစေပေသည်။ အခြားသော သာမန်တပည့်များမှာ သူမ၏ အကြည့်ကို မဖမ်းစားနိုင်ပဲ လုဖန်းတောင်မှ သူမနှင့် နီးကပ်ရန် အကြိမ်ကြိမ် ကြိုးစာသော်လည်းပဲ အေးစက်စက် တုံ့ပြန်မှုများသာ ရရှိခဲ့သည်။
ထို့ကြောင့် ကောင်းကင်က ကောင်းချီးပေးသည့် သမီးပျို ဂူဟွမ်ဂျီက အခြားသော တိုက်ကြီးမှ ကောင်လေး တစ်ယောက်ကို အလွန် ယုံကြည်နေခြင်းက ဟန်ချိုဆွေ့ အတွက် ခေါင်းများ ချာချာလည်သည် အထိ စဉ်းစားစရာ ဖြစ်ခဲ့သည်။
ဟန်ချိုဆွေ့က မဝံ့မရဲနှင့်ပြောသည်။
“ဟွမ်ဂျီ နင်ဒီလောက်မြန်မြန် ဇူယွမ်နဲ့ နီးစပ်သွားတာက ... လုဖန်းကို အရမ်း မပျော်မရွှင် ဖြစ်စေတယ်လို့ ငါကြားခဲ့ရတယ်”
ဂူဟွမ်ဂျီက ချက်ချင်း မျက်မှောင် ကြုတ်သွားပြီး
“ဒါက လုဖန်းနဲ့ ဘာမှမသက်ဆိုင်ပဲ”
ဟန်ချိုဆွေ့က ပြန်ပြောသည်။
“နင်အခုထိ သူ့ရဲ့ ရည်ရွယ်ချက်ကို နားမလည် သေးတာလား”
ဂူဟွမ်ဂျီက အဝေးသို့ လှမ်းကြည့်လိုက်ပြီး
“သူ့အတွက် ပြောပေးဖို့ နင့်ကို သူတောင်းဆို ထားတာလား”
ဟန်ချိုဆွေ့က ကို့ယို့ကားယားနိုင်စွာ ပြုံးလိုက်သည်။
ဂူဟွမ်ဂျီက အေးစက်စွာ ပြောသည်။
“နင်သူ့ကို ပြောပြလိုက် ငါ့ကို စိတ်ဝင်စားတာ ပြဿနာမရှိပေမဲ့ ငါ့ရဲ့ ကိစ္စတွေကို ဝင်ရောက် စွက်ဖက်ရင်တော့ ပြီးမှ ငါ့ကို အပြစ်မတင်နဲ့လို့”
ဟန်ချိုဆွေ့က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ငါက စကားကို သယ်ဆောင်လာရုံလေးပါ ငါ့အပေါ် ဒေါသမထွက်ပါနဲ့”
ဂူဟွမ်ဂျီက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး မည်သည့်စကားမှ မဆိုတော့ပဲ စမ်းချောင်းဆီသို့ ထပ်ပြီး ကြည့်လိုက်သည်။
ဟန်ချိုဆွေ့က တံတွေး မျိုချလိုက်ပြီး စမ်းချောင်းဘက်သို့ လှည့်ကာ မပျော်ရွင်ဟန်ဖြင့် ပြောသည်။
“ကောင်းပြီ ငါတို့ရဲ့ ဂုဏ်ယူရတဲ့ အမျိုးသမီး ဟွမ်ဂျီတောင်မှ အသိအမှတ် ပြုထားတဲ့ သည်လေလုံးထွားတဲ့ ကောင်လေးကို ကြည့်ဖို့အတွက် ငါလည်း စိတ်ဝင်စားသွားပြီ”
“ဒါပေမဲ့ အဲဒီကောင်လေးက လေတစ်လုံး မိုးတစ်လုံး ဖြစ်မနေဖို့ မျှော်လင့်ပါတယ်”
***
“စလိုက်ရအောင်”
ဇူယွမ်၏ စကားသံ ထွက်ပေါ်လာချိန်တွင် စမ်းချောင်း၏ ဘေးတစ်ဘက်စီမှ လူများက သူဆီသို့ စိတ်ဝင်စားစွာ ကြည့်လာကြသည်။
ချောင်းရှိုး ရှောင်ထျန်းရွမ်တို့ လူစု၏ အကြည့်မှာ ပြောင်းလဲခြင်းမရှိပဲ စမ်းချောင်း၏ နံဘေးတွင် ထိုင်လိုက်ကြသည်။
“ညီတော် ဇူယွမ် ပြီးရင် ဘာဆက်လုပ်ရမလဲ”
ချောင်းရှိုးက မေးလိုက်သည်။ သူက သက်သောင့်သက်သာ ဖြစ်စွာပဲ ရှိသော်လည်း ဇူယွမ် အတွက် စိုးရိမ်ပေသည်။
သူတို့သာ ရှုံးနိမ့်ခဲ့ပါက များစွာသော တပည့်များက သူ့ကို လှောင်ရယ်ကြ ပေလိမ့်မည်။
ပိုပြီး စိုးသည်မှာ ကျူးယွဲ့သာ ထိုကိစ္စကို စည်းကမ်း ထိန်းသိမ်းရေးခန်းသို့ သတင်းပို့လိုက်ပါက ဇူယွမ်မှာ ပြစ်ဒဏ်ခံရမည် ဖြစ်သည်။
ရလဒ်အနေဖြင့် ဇူယွမ်မှာ အပြင်ဘက်တောင် တပည့်မှ နှင်ထုတ်ခံရမည် ဖြစ်သည့်အတွက် ပေးဆပ်ရမည့် တန်ဖိုးမှာ အလွန် ကြီးမားပေသည်။
ဇူယွမ်မှာ ကျောက်တုံးပေါ်တွင် ထိုင်လျက် ပြောခဲ့သည်။
“လူတိုင်း စတင်ပြီး သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လှည့်ပတ်လိုက်ကြပါ”
လူတိုင်းက ထိုစကား ကြားသည်နှင့် မျက်လုံး မှိတ်လိုက်ကြပြီး သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို စတင်လှည့်ပတ် လိုက်သည်။
အာရုံစိုက်နေသော အကြည့်များ အောက်တွင် ဇူယွမ်က သူ၏ခါးတွင် ချိတ်ဆွဲထားသည့် ကောင်းကင်ဘုံ ယွမ်စုတ်တံကို ထုတ်ယူလိုက်သည်။ သူ၏လက်ကို စုတ်တံကို ဆုပ်ကိုင် လိုက်သည်နှင့် အဖြူရောင် အမျှင်များက သူ၏ စုတ်တံမှ ထွက်လာပြီး ကြိုးမျှင်(၁၂)ခုအသွင်သို့ ပြောင်းလဲသွားကာ ချောင်းချိုးတို့ လူစုဆီသို့ ပျံဝဲသွားသည်။
“ပြီးရင် မင်းတို့တွေရဲ့ မူလချီတွေကို ငါညွှန်ပြတဲ့အတိုင်း ထိန်းချုပ် လည်ပတ်ပေးဖို့ လိုအပ်တယ်”
လူတိုင်း၏ နားတွင် ဇူယွမ်၏အသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
သည်စကားများကို ကြားရချိန်တွင် ကျိုးယုက အသံတိုးလေးနှင့် ပြောလိုက်သည်။
“သူတကယ် လုပ်နိုင်တာ သေချာရဲ့လား။ သူ့ကိုယ်သူ ဘာလုပ်နေတာလဲရော သိလား။ ငါတို့ရဲ့ မှုလချီတွေသာ သူညွှန်ပြတဲ့အတိုင်း စီးဆင်းရင်း မထိန်းချုပ်နိုင်ရင် ငါတို့ရဲ့ သွေးကြောတွေ ပျက်စီးသွား လိမ့်မယ်”
ချောင်းရှိုးက ထိုအခိုက်တွင် ခဏမျှ တိတ်ဆိတ်သွားပြီး အံကြိတ်ကာ ပြောလိုက်သည်။
“အားလုံးပဲ စိတ်အေးအေး ထားကြပါ။ ညီငယ်လေး ဇူယွမ်က အကျိုးအကြောင်း မဆင်ခြင်တတ်တဲ့သူ မဟုတ်ပါဘူး ။ သူ့က အခြေအနေတွေ အားလုံးကို နားလည်တယ်”
ချောင်းရှိုးသည် သူတို့အားလုံးထဲတွင် အယုံကြည်ရဆုံးသူ ဖြစ်သည်။ ထို့ကြောင့် သူ့စကား ကြားချိန်တွင် လူတိုင်းက ခေါင်းညိတ် လိုက်ကြသည်။
မည်သူမှ ထပ်မံပြောဆိုခြင်း မရှိတော့ပဲ သူတို့၏ မူလချီများကို ညွှန်ပြမှုအတိုင်း နူးညံ့သိမ်မွေ့သော အသွင်သဏ္ဌာန် ကျင့်စဉ်အတိုင်း လှည့်ပတ် လိုက်တော့သည်။
ထိုနောက် စမ်းချောင်း တစ်ဝိုက်လုံး တိတ်ဆိတ် သွားတော့သည်။
စမ်းချောင်း၏ နှစ်ဖက်လုံးတွင် ရှိနေကြသူများက မျက်တောင်ပင် မခတ်ပဲ ထိုမြင်ကွင်းကို ကြည့်နေကြသည်။
စမ်းချောင်းမှ ရေစီးသံ တသွင်သွင်ကိုသာ ကြားရပေသည်။
အချိန်များကလည်း ရေစီးနှင့်အတူ မျောပါသွားသည်။ အချိန်နှစ်နာရီက လျင်မြန်စွာ ကုန်ဆုံးသွားသည် ... သို့သော်လည်း မည်သည့် လှုပ်ရှားမှုမှ ဖြစ်ပေါ်ခြင်း မရှိတော့ပေ။
ဟန်ချိုဆွေ့က သမ်းဝေလိုက်ပြီး ပျင်းရိနေသော အသံဖြင့် ပြောလိုက်သည်။
“သူ နည်းနည်းလေးမှကို လှုပ်ရှားတာဖြစ်ဖြစ် တစ်စုံတစ်ခု ဖြစ်ဖြစ် မဖြစ်သေးဘူးလား”
ဂူဟွမ်ဂျီက မျက်မှောင် ကြုတ်လိုက်ပြီး
“နင့်လို သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို ကြိုးစားပြီး မကျင့်ဖူးတဲ့ လူကတော့ ဘယ်သိမလဲ။ သွေးကြောကို ရှာရတာ လွယ်ကူတာ မဟုတ်ဘူး။ ပြီးတော့ သူက ဒါဇင်ချီတဲ့ လူတွေအတွက် လုပ်ပေးနေတာ။ သူရဲ့ စိတ်ဝိညာဉ် မြင်နိုင်စွမ်းက ဘယ်လောက်တောင် အားကောင်းတယ်လို့ နင်ထင်လဲ”
ဂူဟွမ်ဂျီ၏ ဆူငေါက်ခံရ ပြီးနောက် ဟန်ချိုဆွေ့က မပျော်မရွှင် ဖြစ်သွားပြီး ဇူယွမ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဒါဆို သည်လုပ်ရပ်ကို သူဘယ်လောက်ကြာကြာ လုပ်နေနိုင်မလဲ ကြည့်ရတာပေါ့”
အချိန်က ဆက်လက် စီးဆင်းနေပြီး နောက်ထပ် အချိန်နှစ်နာရီက ကုန်ဆုံးသွားပြီ ဖြစ်သည်။
မသဲကွဲသော ညည်းညူသံများကို စမ်းချောင်း၏ နှစ်ဖက်လုံးတွင် ကြားနေရသည်။ သို့သော်လည်း သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လေ့ကျင့်ဖူးသည့် တပည့်များကသာ ထိုကျင့်စဉ်၏ အခက်အခဲကို နားလည်သည့် အတွက် တိတ်ဆိတ်စွာ ဆက်လက် စောင့်ဆိုင်းနေသည်။
အချိန်က ဆက်လက် စီးဆင်းနေပြီး ခြောက်နာရီ ကြာမြင့်သွားပြီ ဖြစ်သည်။
နွေးထွေးသော နေရောင်ခြည်က ဇူယွမ်ပေါ်တွင် ဖြာကျနေပြီး ဇူယွမ်၏ ခန္ဓာကိုယ်မှာ တောက်ပနေသည်။
“မင်းတို့ ထိန်းချုပ် ထားတာတွေကို ဖြေလျှော့လို့ရပြီ”
ဇူယွမ်၏ အသံကို နားထဲကြားချိန်တွင် ချောင်းရှိုးတို့ လူစုက ကျင့်စဉ်အတိုင်း လည်ပတ် နေသည်ကို ရပ်တန့်လိုက်သည်။ ထိုအခိုက်မှာပင် သူတို့ကိုယ်ထဲမှ မူလချီများက အားကောင်းစွာဖြင့် ခန္ဓာကိုယ်ရှိ အမှတ် တစ်နေရာသို့ အားပြင်းစွာ လည်ပတ် စီးဆင်းသွားသည်ကို ခံစားမိလိုက်သည်။
ဘန်း ... ဘန်း ... ဘန်း ...
သူတို့ ခန္ဓာကိုယ်တစ်ခုလုံး စွမ်းအား ရုတ်တရက် တိုးလာသည်ကို ခံစားမိလိုက်ပြီး သူတို့၏ အာရုံခံစားမှုတွင် သွေးကြောတစ်ခု ပေါ်လာခဲ့သည်။
မူလချီများက ထိုသွေးကြောထဲသို့ အနည်းငယ်စီ စီးဝင်နေသည်။
ဟုတ်ပေသည် ထိုအရာက သွေးကြောများ ပွင့်သွားခြင်းပင် ဖြစ်သည်။
ချောင်းရှိုးတို့ လူစု၏ မျက်လုံးများမှာ ထိုအခိုက်တွင် ပွင့်လာကြပြီး မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
“ဟဟ သွေးကြော ဖွင့်နိုင်ခဲ့ပြီကွ ... ပေါ်လာခဲ့ပြီကွ ... ”
အချို့သော သူများက သူတို့၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပဲ ရယ်မောကာ စတင် ကခုန်လာကြသည်။
ရုတ်ရုတ်သဲသဲ ဆူဆူညံညံ ဖြစ်သွားသည်။
ဆူဆူညံညံ အသံများက စမ်းချောင်း၏ နှစ်ဖက်လုံးတွင် ပေါ်ထွက်လာခဲ့ပြီး တပည့်တိုင်း တုန်လှုပ်သွားခဲ့သည်။
“ဘာ။ ပွင့်သွားခဲ့တယ်လား။ သူက တစ်ချိန်တည်းမှာပဲ လူဆယ်နှစ်ယောက်ကို သွေးကြောတွေ တစ်ပြိုင်နက်တည်း ပွင့်စေနိုင်တယ်ပေါ့”
အချို့သော သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လေ့ကျင့်နေသော တပည့်များက ထခုန်လုမတတ် ရှော့ရသွားကြသည်။ သူတို့က အံ့အားသင့်နေသော မျက်နှာများဖြင့် ရေရွတ်လိုက်ကြသည်။
“ဒါအမှန် မဖြစ်နိုင်ပါဘူး။ ဟုတ်တယ်မလား”
သူတို့ အနေဖြင့် သွေးကြောရှာခြင်းမှာ မည်မျှ ခက်ခဲကြောင်းနှင့် ဒုက္ခများကြောင်း နားလည်ပေသည်။ ထိုသည်ကို ဇူယွမ်က တစ်ယောက်ပင် မဟုတ်ပဲ ဒါဇင်ချီသည့် လူများကို တစ်ချိန်တည်းမှာပဲ သွေးကြောများ ပွင့်အောင် ဆောင်ရွက် နိုင်ခဲ့သည်။ သူ၏ မြင်နိုင်စွမ်းမှာ မည်မျှ အားကောင်းလှသနည်း။
“ဒါ မဖြစ်နိုင်ဘူး ... ”
ဟန်ချိုဆွေ့၏ ပါးစပ်မှာ ကျယ်လောင်စွာ ပွင့်ဟနေပြီး သူမကိုယ်သူမပင် ရပ်တည်နိုင်ခြင်း မရှိပဲ ဆက်ပြောသည်။
“ဒါတွေအကုန်လုံးက ဆတ်တိုက် ထားကြတာမလား”
သူမက ထိုသို့ပြောလိုက်ပြီး ယခုထိပင် ယုံကြည်နိုင်စွမ်း မရှိသေးပေ။ ထို့ပြင် ထိုအရာမှာ ဆတ်တိုက် ထားသကဲ့သို့ပင် မြင်နေရသည်။
ဒါပေမဲ့ ထိုအရာက ဆတ်တိုက်ထားခြင်း မဟုတ်လျှင် အမှန်တကယ်လား။
ဟန်ချိုဆွေ့၏ မျက်လုံးများမှာ ခပ်မှိန်မှိန် လင်းလက်နေပြီး ဇူယွမ်၏ ပုံရိပ်ကို စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။
“ဒါဆိုသူက တကယ်ကို စွမ်းရည် ရှိတာပေါ့”
ရုတ်ရုတ်သဲသဲ ဖြစ်ဖြင်းက အချိန်အတော် ကြာသည်အထိ ရပ်ဆဲသွားခြင်းမရှိပဲ လူတိုင်း ရှော့ရနေကြသည်။ ထိုနောက် ရုတ်တရက် လူတိုင်းက တောက်လောင်နေသော မျက်ဝန်းများဖြင့် ဇူယွမ်ဆီသို့ လှမ်းကြည့် လာကြသည်။
ဇူယွမ်က ထိုအကြည့်များကို မမြင်ချင်ယောင် ဆောင်လိုက်ပြီး မောပန်းစွာဖြင့် သူ့နဖူးကို ကိုယ်တိုင် နိုပ်နယ်နေသည်။ ဒါဇင်ချီသော လူစုကို တစ်ကြိမ်တည်း အကူအညီ ပေးခြင်းက သူ့စိတ်ဝိညာဉ် စွမ်းအားကို ကုန်ခန်းစေပေသည်။
“ညီတော် ဇူယွမ် မင်းက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ”
ချောင်းရှိုးက အမှန်ပင် စိတ်လှုပ်ရှား နေပေသည်။
သူ၏ နံဘေးတွင် ကျိုးယုဟုခေါ်သော မိန်းကလေး၏ နှုတ်ခမ်းများက လှုပ်နေပြီး သူမ၏ မျက်နှာတွင် လုံးဝကို အံ့အားသင့်နေဟန် ပေါ်လွင်နေသည်။ သူမအနေဖြင့် ဇူယွမ်၏ စွမ်းဆောင်နိုင်မှု အပေါ် အမှန်ပင် အံ့အားသင့် ရပေသည်။
ဇူယွမ်က သူတို့အား လက်ဝှေ့ယမ်း ပြလိုက်ပြီးနောက် စမ်းချောင်း၏ နံဘေးရှိ မရေမတွက် နိုင်သော သူများကို ကြည့်ကာ တည်ငြိမ်သော အမူအရာ ကွဲပြားခြင်း မရှိသော ပုံမှန်လေသံဖြင့် ပြောသည်
“အစောပိုင်းက စမ်းသပ်မှုမှာ ငါ့ရဲ့ လုပ်နိုင်စွမ်းက အကန့်အသတ် ရှိတယ်ဆိုတာ ငါရှာတွေ့ခဲ့တယ် ဒါကြောင့်မို့ အများဆုံး လူတစ်ရာသာ လက်ခံဖို့ ငါဆုံးဖြတ်ချက် ချလိုက်ပြီ။ ဒီထက်ပိုတဲ့ လူတွေကို ငါလက်ခံတော့မှာ မဟုတ်ဘူး”
ဇူယွမ်၏ စကားလုံးများက ပတ်ဝန်းကျင် တစ်ခုလုံးကို တိတ်ဆိတ် သွားစေသည်။
တပည့်များစွာက မျက်တောင် ခတ်လိုက်ကြသည်။ သည်အဓိပ္ပာယ်က လူဦးရေတစ်ရာပဲ ကန့်သတ် လက်ခံမယ်လို့ ဆိုလိုတာမလား။
ခဏမျှ တိတ်ဆိတ်သွား ပြီးနောက် ပရမ်းပတာ အခြေအနေ ဖြစ်ပွားသွား တော့သည်။
တစ်ယောက်ပြီး တစ်ယောက် ကျိုင်းကောင်တွေလို ဆင်းသက်လာခဲ့ပြီး အော်ဟစ်ကာ စမ်းချောင်းဆီသို့ ဦးတည်လာကြသည်။
“ကျွန်တော် စာရင်းပေး ချင်ပါတယ်”
“ကျွန်တော်ရောပဲ”
“အစ်ကိုကြီး ကျွန်တော့်အတွက် နေရာ တစ်နေရာ ချန်ထားပေးပါ”
“....”
ဟန်ချိုဆွေ့က စမ်းချောင်း နံဘေးတွင် ဝရုန်းသုန်းကား ဖြစ်နေသော အခြေအနေကို ကြည့်ပြီး တံတွေး မျိုချလိုက်သည်။ ထို့နောက် သူမက ဂူဟွမ်ဂျီကို ပြုံး၍ကြည့်လိုက်ပြီး ချိုလွင်သော အသံဖြင့် ပြောလိုက်သည်။
“ဟွမ်ဂျီ နင်ဇူယွမ်နဲ့ ရင်းနှီးတယ်မလား။ ငါ့အတွက် တစ်နေရာ ရနိုင်မလား မေးပေးပါလား”
ဂူဟွမ်ဂျီက သူမ၏ အကြည့်များကို အောက်ဘက်ရှိ စမ်းချောင်း နံဘေးက ပုံရိပ်ဆီသို့ ရွေ့လိုက်ပြီး သူမ၏ နှုတ်ခမ်း ထောင့်စွန်းတွင် အပြုံး ယောင်ယောင်လေး ပေါ်လာခဲ့သည်။
ဒီကောင် စတင်ပြီး နာမည်ကျော်ကြား လာတော့မည် ဖြစ်သည်။