← Chapters

ပြောပါဦး ... ၊ သန့်ရှင်းသော သမီးတော်နဲ့ ... ငါ၊ ဘယ်သူ ပိုလှလဲ။

Vol. 141 Ch. 1961

ပြောပါဦး ... ၊ သန့်ရှင်းသော သမီးတော်နဲ့ ... ငါ၊ ဘယ်သူ ပိုလှလဲ။

Vol. 141 Ch. 1961

ကျောက်စိမ်းဓား သူတော်စင်နှင့် လင်းယွန်တို့ ပြဿနာ တက်နေ ချိန်တွင်၊ ယဲ့ကူဟန်က မူလ နဂါး မဟာ သူတော်စင်နှင့် တွေ့ဆုံ နေသည်။

မူလ နဂါး မဟာ သူတော်စင်၏ အသား အရေမှာ၊ မွဲခြောက်ခြောက် ဖြစ်နေ သည်ကို၊ သူ သတိထား မိ၏။

မူလ နဂါး မဟာ သူတော်စင် ဟူသည် ကိုယ်လုံး ကိုယ်ပေါက်ဖြင့် သူတော်စင် လမ်း လျှောက်လှမ်း သူ ဖြစ်သောကြောင့်၊ သက်တူ ရွယ်တူ များကြားတွင်၊ သက်တမ်း ပိုများ လေသည်။

(၆)လ တိုင်တိုင် တိုက်ပွဲဝင် ခဲ့သော် ငြားလည်း၊ ပင်ပန်း နွမ်းနယ်မှု လုံးဝ မရှိခဲ့ ဖူးချေ။

၎င်းနှင့် ဆရာ သခင်မှာ၊ နတ်ဆိုး ဂိုဏ်းမှ စွမ်းအားရှင် တစ်ပါးကို (၁၅)ကြာ အတူ ရင်ဆိုင် ခဲ့ကြပြီး၊ နောက်ထပ် (၁၅) ရက်ကို ဆရာ သခင် အတွက်၊ အချိန် ဆွဲပေး ထားခဲ့ ဖူး၏။

ထို့ကြောင့် ဆရာ သခင်မှာ၊ အဆိုပါ တန်ခိုးရှင်ကို သတ်ကာ၊ သက်တံဓား ဟူသော ဂုဏ်သိက္ခာအား ထူထောင် ခဲ့သည်။

“ သိုင်း ဦးလေး ... ၊ မျက်နှာလည်း မကောင်းပါလား၊ ဧကရာဇ် နယ်မြေကို တက် လှမ်းဖို့ ပြင်ဆင် နေပြီလား။ ”

ယဲ့ကူဟန်က နတ်နဂါး သစ်သီးကို ဝါးလျက်မှ မေးမိသည်။ သူ့မေးခွန်းကြောင့် မူလ နဂါး မဟာ သူတော်စင်က မျက်လုံးပြူး သွားပြီး၊

“ ငါက ဧကရာဇ် နယ်ပယ်ကို တက်နိုင်ရဲ့ သားနဲ့၊ သူ့ကိုယ်သူ ... သေလမ်း တွန်းပို့ နေတဲ့၊ သက်တံဓားလို လူမျိုး မဟုတ်ဘူး၊ အဲဒီ ကောင်က တကယ် စိတ်ပျက် စရာ ကောင်းတယ်။ ”

-ဟု ပြန်ဖြေ လာ၏။ ပြီးနောက်၊

“ နှစ်တစ်ရာ အတွင်း၊ အမည်ခံ ဧကရာဇ် နယ်ပယ်ကို ရောက်ရင်၊ ငါ ကံကောင်း နေပါပြီ၊ ဒါပေမယ့် ရောက်ဖို့ မလွယ်ဘူး။ ”

“ ဒါဆို ဘာလို့လဲ ... ။ ”

“ ငါတပည့်က သူတော်စင် ခန္ဓာ နှစ်ပါးကို နတ်ခန္ဓာ အဖြစ် ပေါင်းစပ် လိုတယ်၊ ဒါကြောင့် သဘာဝ အတိုင်း ... သူ့အတွက် နည်းလမ်း ရှာနေတာ။ ”

“ သိုင်းဦးလေး ... အခု နည်းလမ်း ရှာတွေ့ ပြီလား။ ”

မူလ နဂါး မဟာ သူတော်စင်က သက်ပြင်းချလျက်၊

“ ရှေးဦးခေတ် တည်းက နတ်ခန္ဓာတွေ ရှားပါးတယ်၊ နတ်ခန္ဓာပိုင်ရှင် အများစု ကလည်း မွေးရာပါ တွေပဲ၊ အခုလို သာမာန် ခန္ဓာကိုယ်ကို နတ်ခန္ဓာ အဖြစ် အဆင့် မြှင့်တင်ဖို့ ခက်တယ်။ ”

-ဟု ညည်းတွား လိုက်သည်။

“ နတ်ခန္ဓာ ဖန်တီး တာက ... လူသား တစ်ယောက် အတွက်၊ ကောင်းကင်ကို အံတုဖို့ အစပြု နေတာ ပါပဲ။ ”

ယဲ့ကူဟန်က ခေါင်းညိတ် သဘောတူသည်။

“ ဟုတ်တယ် ... ဒါပေမယ့် နောက်ဆုံးတော့ ... ငါ နည်းလမ်း ရှာတွေ့ပြီ။ ”

“ ဘယ်လို ... ။ ”

ယဲ့ကူဟန် တစ်ယောက် ထိတ်လန့် အံ့ဩ သွားသည်ကို၊ ကျေနပ်စွာ ပြုံးလျက် လုံယွင်မှ အရသာခံ ကြည့်နေ လိုက်တော့သည်။

“ အဲဒီကောင် သက်တံဓားတောင် မသိဖူး မဟုတ်လား။ ”

“ ဟုတ်တယ် ... ဆရာတောင် မသိ ပါဘူး။ ”

ယဲ့ကူဟန်က ရယ်ချင် စိတ်ကို ထိန်းကာ၊ အလိုက်သင့် ပြန်ပြော လိုက်၏။

“ ဟား ဟား ဟား ... ။ ”

လုံယွင်မှ သက်တံဓားထက် သာလွန်သော အရည်အချင်းကို ပြသ နိုင်ပြီ ဖြစ်သဖြင့်၊ အနိုင်ရ သွားဟန် ရယ်သည်။

ယဲ့ကူဟန်က ရေနွေးကြမ်း ခွက်အား ချကာ သက်ပြင်းချ လိုက်သည်။ ဆရာသခင် အနေဖြင့်၊ လင်းယွန်ကို ကောင်းကင် တာအို ဂိုဏ်းသို့၊ ပို့ရ သည့် အကြောင်းရင်းအား နားလည် လာ၏။

ဤအရေးကို ကြိုမြင်ပုံ ရလေသည်။

“ နည်းလမ်းက ဘာလဲ ... ။ ”

“ ရှေးဟောင်း မှတ်တမ်းတွေ ထဲမှာ ... ၊ မိုးပြာ နဂါး မိသားစု ကတောင် ... နတ် ခန္ဓာကို မလေ့ကျင့် ကြဘူး၊ အများစုက အခြား မြင့်မြတ်တဲ့ ခန္ဓာ တွေကို၊ ...

... ကျင့်ကြံ ကြတယ်၊ ဥပမာ ... မြင့်မြတ်သော မိုးပြာ သခင် ခန္ဓာကိုယ် တို့လို၊ ကျင့်ကြံရ လွယ်ကူတဲ့ ခန္ဓာမျိုး ... ။ ”

မဟာ သူတော်စင် လုံယွင်က ရှင်းပြ၏။ ရုပ်ခန္ဓာ များနှင့် ပတ်သတ်က သူတော်စင်များ ကြားတွင်၊ သူ့ကဲ့သို့ မည်သူမျှ နက်နက် ရှိုင်းရှိုင်း နားလည် ထားမည် မဟုတ်ချေ။

“ မြင့်မြတ်သော မိုးပြာ နဂါး သခင် ခန္ဓာကိုယ်က သန်မာပြီး၊ နတ်ခန္ဓာ တွေထက် မနိမ့်ကျ ပါဘူး၊ အချို့နေရာ တွေမှာ သူတောင် ... ပိုအားကောင်း နေသေးတယ်။ ”

လုံယွင်က ခေတ္တရပ် လိုက်ပြီး၊

“ မိုးပြာ နဂါး နတ်ခန္ဓာ ကတော့ ... ပျောက်ဆုံး လုနီးပါး ဖြစ်နေတဲ့၊ အသန်မာဆုံး နတ်ခန္ဓာ (၁၀)ပါး ထဲက တစ်ပါးပဲ။ ”

ထိုမျှ သမိုင်းကြောင်း ကြီးကျယ် နေလိမ့်မည်ဟု မထင် ထားသော ယဲ့ကူဟန်က အံ့အားသင့် သွားသည်။

“ ဘာကြောင့် မိုးပြာ နဂါး နတ်ခန္ဓာရဲ့ နည်းစနစ်နဲ့ အမွေတွေ မရှိတော့ တာလဲ ဆိုရင်၊ မိုးပြာ နဂါး နတ်ခန္ဓာ တစ်ခု ဖွဲ့စည်း လိုက်တိုင်း၊ အုပ်စိုးရှင် နက္ခတ် ဆင်းလာပြီး၊ ...

... မိုးပြာ နဂါး ဒုက္ခကို ခံယူ စေတယ်၊ ဒါကြောင့် သေဆုံးသူ များခဲ့တယ်၊ သူနဲ့ ယှဉ်ရင် မြင့်မြတ်သော မိုးပြာ နဂါး သခင် ခန္ဓာ ကိုယ်က အောင်မြင်မှု များကြတယ်။ ”

“ ဒါဆို ... ။ ”

ယဲ့ကူဟန် အမူအရာမှာ လေးနက် လာသည်။

“ ဒါ မဆိုနဲ့ ... သူ့အတွက် တစ်ခုခုတော့ ငါလုပ်ပေး ရမယ်၊ ဒါမှ ... နတ်ခန္ဓာ ပြီးမြောက် သွားပြီး၊ သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိ လာမှာ။ ”

“ အခု တွေ့ပြီလား။ ”

“ နတ်ဘုရား တွေသာ .. ကောင်းကင်ကို ဖီဆန်ပြီး၊ သူတို့ ကပဲ မိုးပြာ နဂါး ဒုက္ခ အပေါ် တွန်းလှန် နိုင်လိမ့်မယ်။ ”

မူလ နဂါး မဟာ သူတော်စင်၏ စကား ကြောင့်၊ ယဲ့ချင်းရှန် တစ်ယောက် တစ်စုံ တစ်ရာ အပေါ်၊ နားလည် သဘောပေါက် လာသည်။

“ သိုင်းဦးလေး ... မင်း ... ။ ”

“ ဟုတ်တယ် ဘာလို့လဲ ... ၊ သူက ငါ့တပည့်ပဲ၊ သူ့ အတွက် ငါ သွားရမယ်၊ မင်း ငါ့ကို ဖျောင်းဖျ နေစရာ မလိုဘူး။ ”

မူလ နဂါး မဟာ သူတော်စင်မှ ပြုံးကာ ပြောကြား လိုက်သည်။ တစ်ဖက် လူအား သွေး ဆောင်ရန်၊ ကြံရွယ် ထားသော ယဲ့ကူဟန်မှ တိတ်ဆိတ် သွား၏။

သက်ပြင်းချလျက်၊

“ ဘယ်ကို သွားမယ် ဆုံးဖြတ် ထားလဲ။ ”

-ဟု မေးမြန်း လိုက်သည်။

“ အရှေ့ ပင်လယ် အလွန်က၊ နတ်နဂါး သင်္ချိုင်း ရည်ရွယ် ထားတယ်။ ”

“ ဘယ်တော့ သွားမှာလဲ။ ”

“ မင်းကို စောင့်နေတာ၊ မင်း ပြန်ရောက် လာပြီ ဆိုတော့ ... အခုပဲ ငါ သွားတော့မယ်။ ”

မူလ နဂါး မဟာ သူတော်စင်က တုံ့ဆိုင်း သွားပြီးနောက်၊ ‘အဲဒီ ဘိုးကြီး ဘယ်လို နေသေး လဲ၊’ -ဟု မေးလာ၏။

“ သူ့နှလုံးသား ထဲက ... အဲဒီ ဓားကို မစွန့်လွှတ် နိုင်သေးဘူး။ ”

“ ဖြန်း ... ။ ”

“ ငါ သိတယ် ။ ”

မူလ နဂါး မဟာ သူတော်စင်မှ သူ့ပေါင်သူ ပြန်ပုတ်လျက်၊

“ အဲဒီ ကောင်က ... ဘယ်သူ့ ကိုမှ အောက်ကျို့ ချင်တာ မဟုတ်ဘူး ... ၊ ဧကရာဇ် ဖြစ်တာနဲ့၊ ယုချင်းဖန်ကို တိုက်ချင် နေတာ။ ”

ယုချင်းဖန် ဟူသည် ခွန်လွန်ကို ကိုယ်စား ပြုသည့်၊ တစ်ဦး တည်းသော ဓားဧကရာဇ် ဖြစ် ချေပြီ။ ရွှေခေတ်တွင် မွေးဖွား လာပါက ဓား နတ်ဘုရား ဖြစ်နိုင်သူ ဖြစ်၏။

“ မင်း ... ၊ ကျန့်မိသားစုဆီ ... သွားခဲ့ သေးတယ် မဟုတ်လား၊ သူတို့ရော ဘယ်လိုလဲ။ ”

“ အချိန် မကျ သေးဖူးတဲ့။ ”

“ ဟ ... ဒီကောင် တွေက တကယ့် လိပ်တွေပဲ၊ စွန့်စားဖို့ စိတ်ကူး မရှိဘူး၊ တစ်ချိန် လုံး ပုန်းနေ ကြတယ်၊ ဒါနဲ့များ ... သူတို့ကိုယ် သူတို့ အင်ပါယာ မိသားစုလို့ ခေါ်ဝံ့ ကြသေး တယ်၊ မထိုက်တန် လိုက်တာ။ ”

ယဲ့ကူဟန်က မျက်ခုံးပင့် လိုက်၏။ လုံယွင်၏ ဤအမြင်ကို လက်မခံ လိုသော်လည်း၊ ပြန်လည် ချေပ လိုစိတ် ကင်းမဲ့ နေခဲ့သည်။

“ ကောင်းကင်ဘုံ ကျောက်စိမ်းဓား သူတော်စင်က လင်းယွန်မှန်း သိသွား ပြီလား၊ သိုင်းဦးလေး။ ”

ယင်းအစား ခေါင်းစဉ် ပြောင်းလိုက်၏။

“ မသိနိုင် လောက်ဘူး၊၊ ”

လုံယွင်မှ ပြုံးလျက်၊

“ ဒါပေမယ့် နည်းနည်းတော့ ... သံသယ ဝင်နေ တယ်လို့၊ ငါ ခံစား မိတယ်၊ မင်းကို လာ မရှာ ဖူးလား။ ”

“ အိမ်မှာ မနေဘဲ၊ မအား ချင်ယောင် ဆောင်ထားတယ်၊ သူနဲ့ တွေ့ရင် လိမ်ဝံ့မှာ မဟုတ်ဘူး။ ”

“ ဟား ဟား ဟား ... ၊ အဲဒီ ကောင်လေး အတွက်၊ ကောင်းကင် တာအို ဂိုဏ်းက အသင့် လျော်ဆုံး ပါပဲ ... ၊

... သတ်ဖြတ်ခြင်း မဟာ သူတော်စင် ကတောင်၊ သူ့ကို မျက်စိကျ နေတယ်၊ အရမ်း ကံကောင်းတယ်။ ”

“ ဒါပေမယ့် ... ထျန်ရွှမ်ဇီ ဒဏ်ရာ တွေက ပြန်ကောင်း လုနီးပါး ဖြစ်နေပြီ။ ”

ယဲ့ကူဟန်က စိတ်ပူစွာ ပြောကြား လိုက်သည်။

“ အရှေ့ဘက် ပျက်စီးမြေကို ... ၊ သိမ်းယူ မယ်လို့ သူပြော ခဲ့တာ ငါကြား ပါတယ်၊ ဟား ဟား ဟား ... ၊ ဧကရီရဲ့ ခွေး တစ်ကောင်က ဒီလို အရည်အချင်း ရှိလား ငါ သိချင်တယ်။ ”

လှောင်ပြုံးဖြင့် ရေနွေးကြမ်း ခွက်ကို အပြီးသတ် မော့သောက်ကာ၊ ချက်ချင်း ထွက်ခွာ သွားတော့၏။

“ သိုင်း ဦးလေး ... ။ ”

မူလ နဂါး မဟာ သူတော်စင်အား သတိထားရန် ယဲ့ကူဟန်မှ ပြောလို ခဲ့သည်။ ဤခရီးသည် သူ့ အသက်အား လောင်းကြေး ထပ်ကာ သွားလာ ရခြင်း ဖြစ်၏။

“ ငါ ပြန် မရောက်မှာ ... စိုးရိမ် နေတာ မဟုတ်လား၊ ဟား ဟား ဟား ... ၊ ယဲ့ကူဟန် မင်းကို ငါသဘော မကျဘူး၊ အဲဒီ အဘိုး ကြီးထက်၊ ...

... ငါက ဘယ်နေရာမှာ ... ၊ အားနည်း နေလို့လဲ၊ နောက်ပြီး သူက ငါ့ တပည့်ပါ၊ ပြန် မလာ နိုင်တော့ရော ဘာဖြစ် သေးလဲ။ ”

မူလ နဂါး မဟာ သူတော်စင်၏ အသွင်မှာ အဝေးရောက် သွားပြီ ဖြစ်သည်။ မကျေမနပ်ဖြင့် ပြန်လည် ပြောကြား လာသော၊ သူ့ စကား အချို့ သည်သာ လွင့်ဝဲ ကျန်ရစ် ခဲ့၏။

လင်းယွန်က ထိုအချင်း အရာကို မသိချေ။ မူလနဂါး မဟာ သူတော်စင် တံဆိပ်ကို ထုတ်ယူ ကာ၊ ညစ်ကျယ်ကျယ် ပြောလိုက်သည်။

နန်းတော်ရှိ လူတိုင်းက သူ့ကြောင့် ထိတ်လန့် တုန်လှုပ် ကုန်၏။ ဤလူငယ်သည် အမှန်ပင် ရိုင်းစိုင်း ချေပြီ။ သူတော်စင် သခင်ကို ပါးရိုက် ရုံတင် မကဘဲ၊ ကျောက်စိမ်းဓား သူတော်စင်အား ဆန့်ကျင် နေ၏။

ခွန်လွန်၌ ကျောက်စိမ်းဓား ဟူသည် အထွတ်အထိပ် တန်ခိုးရှင် ဖြစ်သည်။ ဒေါသ ထွက်လာသော် လွယ်မည် မဟုတ်ချေ။

လင်းယွန်က မတ်တပ် ထရပ်ကာ ထွက်သွားရန် ပြင်လိုက်သည်။

“ ထိုင် ... ။ ”

ကျောက်စိမ်းဓား သူတော်စင်က ပြောပြီး လင်းယွန်ကို ဓားဖြင့် ဖျာပေါ် ဖိချပစ် လိုက်၏။ ဤဓားသည် နူးညံ့ သိမ်မွေ့ သော်လည်း ခမ်းနားသော တန်ခိုးပါ ရှိသည်။

“ ဆရာ ... သူ လိမ်နေတာ မဟုတ်ဘူး။ ”

ပိုင်ရှုရင်က မကြိုက် သော်လည်း၊ အပြစ်ပေါ့ စေရန် ကူပြောပေး လိုက်သည်။

“ ယဲ့ချင်းရှန် ... ၊ မူလ နဂါး မဟာ သူတော်စင်တောင်၊ ငါ့ရှေ့မှာ ဒီလို စကားမျိုး မပြော ဝံ့ဘူး၊ အခု ပြောပါ၊ အကြောင်း ပြချက် ခိုင်လုံရင် ... မင်းကို လွတ်ပေး လိုက်မယ်။ ”

ကျောက်စိမ်းဓား သူတော်စင်က စကား ပြောပြီးနောက်၊ လင်းယွန် ရောင်ဝါကို အလွယ် တကူ ချိုးဖျက် ပစ်လိုက်သည်။

လင်းယွန်က သက်ပြင်းချ လိုက်၏။ သူ့ဓား ရည်ရွယ်ချက် ပျက်ပြယ် သွားကာ ဓား ပင်လယ် ရှိ၊ ကြယ် သည်လည်း မှိန်ဖျော့ သွားခဲ့သည်။

အသက် ပြင်းပြင်း ရှူလျက်၊ အနန္တ ကြယ်တာရာ ကောင်းကင်ကို ဖြန့်ကျက်ကာ၊ ကြယ်မီးတောက်အား ပြန်လည် လင်းစေ လိုက်သည်။

“ သိုင်းအဒေါ် ... မင်းရဲ့ ပြစ်ဒဏ်ကို ကျေကျေ နပ်နပ် လက်ခံ ပါတယ်၊ မင်း အပြစ် ပေးချင် ပေးပါ။။ ”

ထိုစကား ထဲတွင် ဝှက်ထားသော အဓိပ္ပါယ် ရှိသည်။ တစ်ဖက် လူ၏ စကားမှာ၊ မှန် သကဲ့သို့ သူ သည်လည်း မမှားချေ။

“ မင်းကို ... အပြစ် ပေးချင် တယ်လို့ ... ငါပြောနေ လို့လား၊ ပြောပါဦး ဘာက မင်းကို အံဩ စေတယ် ဆိုတာ၊ လူတိုင်းက ငါ့စကား အပေါ်၊ အာရုံစိုက် နေချိန်မှာ၊ မင်း တစ်ယောက်တည်း၊ ...

... ဂီတကို နားထောင် နေတယ်၊ ဒါကို မရှင်းပြ နိုင်ရင် ... ဒီနေရာက မင်းနဲ့ မသက်ဆိုင် တော့ဘူး၊ ထွက်သွားပါ။ ”

ထိုစကားကြောင့် လင်းယွန်က ပြုံးလိုက်သည်။

“ သီချင်းက ... အရမ်း အံ့ဩစရာ ကောင်းပေမယ့်၊ တီးတဲ့ လူက ... သီချင်းထက် ပိုပြီး၊ အံ့ဩ စရာ ကောင်းနေတယ် ... ၊ ငရဲ သစ်ခွ ခြံဝင်းရဲ့ ... သန့်ရှင်းသော သမီးတော် ဆိုတာ ကျောက်စိမ်းနဲ့ တူတဲ့၊ ...

... အလှ တရားပါ၊ သီချင်းသံ တွေက ကျောက်စိမ်းတုံး ကနေ ... လာနေ သလိုပဲ၊ ပုံမှန် အားဖြင့် ကျောက်စိမ်း ဆိုတာ မြင့်မြတ်မှုကို ကိုယ်စား ပြုတယ် မဟုတ်လား၊ ...

... သန့်ရှင်းသော သမီးတော်ရဲ့ ဂီတက ... အဲဒီ ကျောက်စိမ်းလိုပဲ သန့်စင်တယ်၊ ဒါကြောင့် ဗျပ်စောင်းနဲ့ ငရဲ သစ်ခွ ခြံဝင်းရဲ့ သမီး တော်က၊ အံ့ဩစရာ ကောင်းလောက်အောင် လိုက်ဖက် နေတယ်လို့ ပြောမိ တာပါ၊ သူ့အလှက ပြိုင်ဘက်ကင်း တယ်။ ”

ထိုရှင်းပြချက်ကြောင့် လူတိုင်း တိတ်ဆိတ် သွား၏။ သို့သော် ကျောက်စိမ်းဓား သူတော်စင် က၊ သူ့အား အလွတ် မပေးချေ။

“ ဒါဆို ငါက ... သန့်ရှင်းသော သမီးတော်ထက် ရုပ်ဆိုး တယ်လို့ ... မင်းက ဆိုလိုချင် တာလား၊ ပြောပါဦး မင်းက ငါ့ကို လျစ်လျူရှုပြီး ... သီချင်း ကိုပဲ နားထောင် နေရအောင်။ ”

ပိုင်ရှုရင် အပါအဝင် လူတိုင်း မျက်နှာ ပြောင်းသွား၏။ ယဲ့ချင်းရှန် ဘေးတွင် ထိုင် နေသော ယွမ်ချန်မှာ မရိုးမရွ ဖြစ်လာသည်။

ဤအရာသည် အန္တရာယ် ရှိသော မေးခွန်း ဖြစ်၏။ လင်းယွန် မည်သို့ ဖြေဖြေ၊ ဂိုဏ်းရှိ အလှ တရား နှစ်ပါးကို စော်ကားခြင်း ‘မည်’ပေမည်။

***

All Chapters