အစ်မပိုင် ... ၊ မင်းက ငါ့ကို ထွက်လာ စေ ချင်လို့လား။
Vol. 141 Ch. 1962
လင်းယွန်မှာ ခေတ္တမျှ တုန်လှုပ် သွား၏။ ရိုကျိုးမှု မရှိသည့် အပေါ် သူ့ကို အပြစ် မတင်ဘဲ သူ့စကား၏ ဟာကွက် ပေါ်သာ၊ ထောက်ပြ လာခဲ့သည်။
ထိုအဓိပ္ပါယ်ကို အခြား သူများ မသိ သော်လည်း၊ လင်းယွန်မှ ကောင်းကောင်း သိ၏။ ပိုင်ရှုရင်အား ချီးမွမ်း လျှင်ပင် သူ့အား အပြစ် ပေးမည် မဟုတ်ချေ။
ထို့ကြောင့် ရှောင်ကျင်းယန်နှင့် အခြား သူများ ထင်ထား သကဲ့သို့၊ ဖြစ်လာမည် မဟုတ် ကြောင်း သူ သိ၏။
“ သိုင်းအဒေါ်ရဲ့ အလှက ပြိုင်ဘက်ကင်း မဟုတ်ဘူး။ ”
သူ့အဖြေကို ကြားသော အခါ လူတိုင်း မျက်နှာများ ပြောင်းလဲ သွားသည်။ ယဲ့ချင်းရှန် မှာ ရဲရင့်လွန်း ချေပြီ။ ပိုင်ရှုရင် သည်ပင် မျက်ခုံးပင့် မိ၏။
“ သိုင်းအဒေါ် ... မင်းက မင်းရဲ့ အသွင် အပြင်ကို ... သူတော်စင် ရောင်ဝါနဲ့ ... ဖုံးအုပ် ထားတဲ့ အတွက်၊ နတ်သမီးနဲ့ တူတယ်၊ လက်လှမ်း မမီဘူး။ ”
“ ယဲ့ချင်းရှန် ... ၊ မင်းရဲ့ စကား အသုံး အနှုန်းတွေက ကြမ်းတယ်၊ မင်း ဆရာနဲ့ ... မခြားဘူး။ ”
ကျောက်စိမ်းဓား သူတော်စင်က ခံစားချက် မရှိသော လေသံဖြင့်၊ သုံးသပ်ကာ၊
“ ဒီတစ်ကြိမ်တော့ လွှတ်လိုက်မယ်၊ ဟောပြောပွဲကို ဆက်လုပ် ရအောင် ... ၊ ရှုရင် ဗျပ်စောင်း ဆက်တီးပါ။ ”
ကျောက်စိမ်းဓား သူတော်စင်မှ မည်သည့် ဆရာကို ရည်ညွှန်းမှန်း မသိသဖြင့်၊ လင်းယွန်က ထိတ်လန့် သွားသည်။ သို့တိုင် လက်ဝှေ့ ယမ်းပြီး၊
“ ကျေးဇူး တင်ပါတယ် သိုင်းအဒေါ် ... ။ ”
-ဟု ပြန်ပြော လိုက်သည်။
ဤသို့ အလွယ် တကူ ပြီးပြတ် သွားလိမ့် မည်ဟု မမျှော်လင့် မထားသောကြောင့် လူတိုင်း ပါးစပ် ပိတ်ကျ သွား၏။
“ ယင်နဲ့ ယန်ကို ပေါင်းစပ်ပြီး၊ မရဏ အငွေ့အသက် ရအောင်၊ ဘယ်လို သန့်စင်ရမလဲ ဆိုတာ ဆက်ပြောမယ်။ ”
ထိုဆောင်ပုဒ်၏ အဓိပ္ပါယ်ကို သူမပင် ရှင်းရှင်း လင်းလင်း မသိချေ။ သူမ နားလည် ထား သမျှ ကိုသာ၊ မျှဝေ နိုင်ခဲ့ရသည်။
အချိန်တို အတွင်း မှာပင်၊ လူတိုင်း၏ ဓားတာအို နားလည် နိုင်စွမ်းက၊ လျင်မြန်စွာ မြင့်တက် လေသည်။
ထိုစာကြောင်းသည် လေးနက်မှု အပြည့် ရှိသဖြင့်၊ လင်းယွန် သည်လည်း အတွေးနက် သွား၏။
ကျောက်စိမ်းဓား သူတော်စင်မှ စုတ်တံနှင့် စာရွက်ကို ယူလိုက်သည်။ သူတော်စင် ရောင်ဝါ များ သိုင်းခြုံလျက်၊ ဓား ရည်ရွယ်ချက်ဖြင့်၊ စာလုံးများ ရေးဆွဲ တော့၏။
စာလုံးတိုင်းသည် ဓားကွက် တစ်ကွက် ဖြစ်ကာ၊ ယင်းသည် အစွမ်း ထက်ကြောင်း ခံစား လာရသည်။
လူတိုင်း စိတ်ဝင်စားမှု မြင့်တက် လာ တော့၏။ ထိုဓားရေးမှ တစ်စုံ တစ်ရာ သင်ယူနိုင် ပါက၊ တိုက်ပွဲဝင် စွမ်းအား မြှင့်တက် နိုင်ပေမည်။
ရှောင်ကျင်းယန်၊ ပိုင်ယိဟွာ၊ ယဲ့ချင်းဟုန်နှင့် တခြား သူများမှာ၊ ကျောက်စိမ်းဓား သူတော်စင် ၏ ရေးသားမှု အတွင်း ပါဝင်သော၊ ရှုပ်ထွေး သည့် ဓားပညာကို၊ စိတ်ဝင်စား မိ၏။
သူမ ရေးထား သည်မှာ ရှေးဟောင်း စကားလုံး သုံးလုံး ဖြစ်ပြီး၊ အဓိပ္ပါယ်အား မည်သူမျှ နား မလည် နိုင်ချေ။
“ မင်းတို့ တွေက ... ဒီထဲမှာ ပါတဲ့၊ ဓားပညာကို ရှာရမယ်၊ အမွှေးတိုင် လောင်ကျွမ်း ချိန် တစ်တိုင် ကုန်ရင် ... ငါ ပြန်မေးမယ်။ ”
လူတိုင်းသည် ချက်ခြင်း စတင် လေ့ကျင့် တော့၏။ ပိုင်ယိဟွာက ဦးစွာ ဓား အလင်းဖြင့်၊ ရေးသား နိုင်ခဲ့သည်။ သူ့ရှေ့၌ ရွှေရောင် စာလုံး သုံးလုံး ပျံဝဲ နေ၏။
သူသည် ငရဲ သစ်ခွ ခြံဝင်း၌၊ အသန်မာဆုံး ဓားသမား ဖြစ်၏။ ရှောင်ကျင်းယန်၊ ယဲ့ချင်းဟုန် တို့ သည်လည်း၊ သူနှင့် ရှေ့မနှောင်း မှာပင် ပြီးဆုံး လာခဲ့သည်။
“ သူတို့ သုံးယောက်က အရမ်း တော်တယ်၊ မျှော်လင့်ထား သလိုပါပဲ။ ”
“ ဒီလောက် အချိန်လေးနဲ့၊ ... စကားလုံး တစ်လုံးကို ပြန်ရေးဖို့ အတွက်တောင်၊ မလွယ် လှတာ၊ စကားလုံး သုံးလုံးဆို ပိုဆိုးမယ်။ ”
“ သူတို့က တကယ့်ကို ... ၊ အရည်အချင်း ရှိတဲ့ သူပဲ။ ”
လူတိုင်းက မနာလို စိတ်ဖြင့် ဆွေးနွေး လာကြသည်။ ထိုအသံ များကြောင့် ပိုင်ယိဟွာ တို့ သုံးယောက်သား ပျော်ရွှင် လာသည်။
အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းချိန် ဟူသည် လုံလောက် သည်ထက် ပိုနေ သည်ဟု ခံစား ရ၏။
တစ်ဖက်တွင် လင်းယွန်မှာ မျက်ခုံးပင့် လိုက်သည်။ တစ်နေရာ ရာ၌ တစ်စုံ တစ်ရာ မှားယွင်း နေချေပြီ။
ယင်းသည် တစ်ဖက် လူမှ နားမလည်၍ မှားခြင်းမျိုး မဟုတ်ဘဲ၊ အနှစ်သာရ မပါ သလို လစ်ဟာ နေခြင်း ဖြစ်၏။
သူ ဟူသည် ဓားနှလုံးသားကို ဆုပ်ကိုင် နိုင်ပြီးနောက်၊ ဓားပညာရပ်များ အပေါ် အသေး စိတ် မြင်နိုင်သည်။
ထို့ကြောင့် ပြီးပြည့် စုံသော ပညာရပ် တစ်ခုကို ဖန်တီး လိုသည့် ဆန္ဒမှာ၊ သူ့ဗိုက်ထဲ ကျလိ-ကျလိ ဖြစ် လာ၏။
“ အချိန် ပြည့်ပြီ။ ”
ပိုင်ရှုရင်က လူတိုင်းကို ဝေ့ကြည့်ကာ၊
“ ဆရာက ... မင်းတို့ကို စမ်းသပ် မယ်လို့ ပြောတယ် မဟုတ်လား၊ ဘယ်သူ တက်လှမ်းဖို့ ဆန္ဒ ရှိလဲ။ ”
-ဟု မေးမြန်း လိုက်သည်။
ထိုမေးခွန်းကြောင့် လူတိုင်း စိတ်လှုပ်ရှား နေစဉ်၊ ရှောင်ကျင်းယန်မှ ပြုံးလျက် ထရပ်လာ သည်။
“ ငါ စမ်းကြည့်ဖို့ ... ဆန္ဒ ရှိပါတယ်။ ”
ပိုင်ရှုရင်မှ ခေါင်းညိတ် လိုက်သည်။ ယင်နန်းတော် ထရပ်လာ သဖြင့်၊ ယန်နန်းတော် ကလည်း၊ ထိုင်မနေ တော့ချေ။ ယဲ့ချင်းဟုန်က ပြုံးလျက် ထရပ် လာသည်။
ထို့နောက်တွင် ငရဲ သစ်ခွ ခြံဝင်း၏ ပိုင်ယိဟွာနှင့် အထက် ကိုးပါး တောင်ထိပ်မှ ကျန်းခွိုက်တို့ လိုက်ပါ လာ၏။
၎င်းတို့သည် ကျောက်စိမ်းဓား သူတော်စင် ရှေ့တွင်၊ အရည် အချင်းများ ပြသကာ၊ သူမအား လေးလေး နက်နက် စွဲမှတ် စေလိုသည်။
“ ဘယ်သူ ရှိသေးလဲ။ ”
ပိုင်ရှုရင်က ထပ်မေး၏။
“ ငါ စမ်းကြည့်ဖို့ ... ဆန္ဒ ရှိတယ်။ ”
“ ငါ လည်း ... ။ ”
အများစုမှာ ပိုင်ရှုရင် ရှေ့တွင်၊ ကောင်းကောင်း ပြသ ချင်ကြ၏။ ဤနေရာရှိ လူတိုင်း ဓား သမားများ ဖြစ်ကြ သဖြင့်၊ မာန ကြီးကာ၊ အရှုံး မပေး လိုချေ။
ထိုမြင်ကွင်းကြောင့် လင်းယွန်မှာ ပြုံး လိုက်၏။ အမွှေးတိုင် တစ်တိုင် အတွင်း စကား သုံးလုံးကို ပုံဖော်နိုင် သော်လည်း၊ ၎င်းမှာ ပြည့်စုံမည် မဟုတ်ချေ။
ပိုင်ရှုရင်က လူ(၈)ယောက် ကိုသာ ရွေးပြီး ရှေ့ထွက် စေလိုက်သည်။ ၎င်းတို့နှင့် ယှဉ်သော် ကျန်သူ များမှာ၊ သူမ အမြင် ၌ပင်၊ အားနည်း လှသဖြင့်၊ ဝင်ပြိုင်ရန် မလိုချေ။
“ ယဲ့ချင်းရှန် ... ၊ ဘာလို့ ထိုင်နေ တာလဲ။ ”
လင်းယွန်မှ မပါဝင်ချင် သော်လည်း၊ ပိုင်ရှုရင်မှ လွှတ် မထားချေ။ အေးစက်သော အသွင်ဖြင့် ခေါ်ထုတ်ရန် ကြိုးစား တော့၏။
“ ငါလား ... ၊ စကားလုံး တစ်လုံးရဲ့ ... အနှစ်သာရ ကိုတောင် အဓိပ္ပါယ် ဖော်လို့ မရဘူး၊ ဒါကြောင့် ငါ့ကို ထည့်မတွက် ပါနဲ့။ ”
“ ဒါဆို ငါ့ဆရာ သင်ပေး လိမ့်မယ် ထွက်လာပါ။ ”
“ ... .. ။ ”
ပိုင်ရှုရင် စကားကြောင့်၊ လင်းယွန်မှ အံ့အားသင့် သွားသည်။ သူမသည် အမှန်ပင် လက်စားချေ နေချေပြီ။ နားမလည်ဟု ဝန်ခံ ထားသော်မှ အရှက်ခွဲ ချင်နေ၏။
“ သန့်ရှင်းသော သမီးတော်၊ သူ့အတွက် ခက်ခဲတဲ့ အရာတွေ မလုပ် ပါနဲ့၊ အဓိပ္ပါယ် မဲ့တဲ့ စာလုံးတွေ ရေးမိလို့ ... ဟာသတွေ ဖြစ်ကုန် ပါဦးမယ်။ ”
“ ဟား ဟား ဟား ... ။ ”
ယဲ့ရှင်းက လှောင်ပြောင် လိုက်သဖြင့်၊ လူတိုင်း ရယ်မော မိကုန်သည်။ လင်းယွန်မှ သူ့အား လျစ်လျူရှုကာ၊
“ အစ်မ ပိုင် ... ၊ မင်းက ငါ့ကို တကယ် ထွက်လာ စေချင် လို့လား။ ”
-ဟု ပြန်လည် မေးမြန်း လိုက်၏။
“ ဟုတ်တယ် ... ၊ ဒီလိုမှ မဟုတ်ရင် နင့်နဲ့ စကား ပြောဖို့ ... ငါ စိတ်ဝင်စားမယ် ထင်လား၊ နင်က မူလ နဂါး မဟာ သူတော်စင်ရဲ့ သီးသန့် တပည့်ပဲ၊ နင့်မှာ ထူးခြားချက် တစ်ခု ခုတော့ ရှိမှာပါ၊ သဘာဝ အတိုင်း ငါ ကြည့်ရမယ်။ ”
“ ကောင်းပြီ ဒါဆို ... ၊ မင်း ဆန္ဒကို ငါ ဖြည့်ဆည်း ပေးမယ်။ ”
လင်းယွန်မှ ပြုံးပြီး မတ်တပ် ထရပ်ကာ၊ လက်ဝှေ့ယမ်း လိုက်၏။ ဆန့်ကျင်ဘက် အနေ နှင့်၊ ယွမ်ချန်မှာ မျက်လုံးပြူး သွားသည်။
ယဲ့ချင်းရှန်သည် စကားလုံး တစ်လုံးပင် နားမလည်ဟု ဆိုသော်လည်း၊ စိန်ခေါ် ခံရသော အခါ၊ ယှဉ်ပြိုင်ရန် လက်ခံ နေဆဲ ဖြစ်၏။
“ ဟား ... ဟား ... ဟား ... ဘယ်လောက် ရှက်ဖို့ ကောင်းလိုက်လဲ၊ ယဲ့ချင်းရှန် မင်းဘယ်လို ပြုမူ နေထိုင် ရမယ် ဆိုတာ၊ သင်ယူ သင့်ပြီ ထင်တယ်။ ”
ယဲ့ရှင်းက အထင် အမြင် သေးစွာဖြင့် ဝင်ပြော လာတော့သည်။
***