← Chapters

တောင်းပန် ပါတယ်၊ ငါ ... အခုမှ သိသွားတာ။

Vol. 141 Ch. 1963

တောင်းပန် ပါတယ်၊ ငါ ... အခုမှ သိသွားတာ။

Vol. 141 Ch. 1963

“ ဘာအတွက် ရှက်ရမှာလဲ၊ အနည်း ဆုံးတော့ မင်းလို လက်ပါးစေ တစ်ယောက် ထက်၊ အများကြီး သာပါ သေးတယ်။ ”

လင်းယွန်မှ ပြုံးပြီး ပြန်ပြောသည်။ အကယ် ၍သာ ပိုင်ရှုရင်နှင့် ကျောက်စိမ်းဓား သူတော်စင် ကြောင့်သာ မဟုတ်သော်၊ ဤလူအား ပါးရိုက် သတ်ပြီး ဖြစ်ပေမည်။

“ လုံလောက်ပြီ ... တက်လာခဲ့ ... ။ ”

လင်းယွန်နှင့် ယဲ့ရှင်းတို့ ငြင်းခုံ နေသည်ကို ပိုင်ရှုရင်မှ စကား ဖြတ်ချ ပစ်၏။

“ ကျွန်တော်လည်း စမ်းကြည့်ဖို့ ... ဆန္ဒ ရှိပါတယ်။ ”

ယဲ့ရှင်းက ထရပ် သည်။ အစောပိုင်းတွင် ယဲ့ချင်းဟုန် တို့ဖြင့် မယှဉ်နိုင် သောကြောင့် ရှေ့ ထွက်ရန်၊ ရည်ရွယ်ချက် မရှိ ခဲ့ချေ။

သို့သော် ယဲ့ချင်းရှန်ပင် ထွက်လာ ရဲသည့်နောက်၊ သူသည် ၎င်းထက် သန်မာ မည်ဟု ယုံကြည် လာ၏။

“ ကောင်းပြီ ... ။ ”

ပိုင်ရှုရင်မှ ခေါင်းညိမ့် ပြ၏။ လေထုမှာ ချက်ချင်း တင်းမာလာ တော့သည်။ ဤစမ်းသပ် မှုသည်၊ သည်မျှ ပေါက်ကွဲ စေသော အခြေအနေ များဖြင့်၊ ပြည့်နှက် လာလိမ့် မည်ဟု မည်သူမျှ မထင် ထားချေ။

“ စိတ်ဝင် စားစရာပဲ ... ၊ ယဲ့ရှင်းက ထွက်သွား ရဲတယ်။ ”

“ သူ့အတွက် ဘာများ ... ၊ ကြောက်​နေရ ဦးမှာလဲ၊ စာလုံး တစ်လုံးတောင် နား မလည်နိုင် ဖူးဆိုတဲ့ ... ယဲ့ချင်းရှန် ထက်တော့ သာမှာပါ။ ”

“ ယဲ့ချင်းရှန်က ဒီ-အဆင့်မှာ၊ ချန်ပီယံ ဆိုပေမယ့်၊ ငါတို့လို ထျန်း-အဆင့် ပြိုင်ပွဲဝင် တွေကို ... ယှဉ်လို့ မရ ပါဘူး။ ”

ကြည့်ရှု သူများ အချင်းချင်း ဆွေးနွေး နေကြစဉ်၊ အရွေး ခံထားရ သူများက ဓားပညာ ရပ်ကို၊ စတင် ဖော်ဆောင်လာ ကြ၏။

သူတို့၏ ဓားများကို လွှဲလိုက်​သော​ အခါ၊ စုတ်တံဖြင့် ရေးဆွဲ လိုက်သကဲ့သို့၊ ရှေးဟောင်း စကား လုံးများ ပေါ်လာသည်။

နိဗ္ဗာန်-သတ္တမ မြောက် အဆင့်သို့ ကူးပြောင်းထားသော ဓားသမား ရှစ်ဦး၏ ဓားတာအိုမှာ နက်ရှိုင်း ချေ၏။

သို့တိုင် ရံဖန် ရံခါတွင် ထစ်ငေါ့ကုန် ကြ သေးသည်။ ဓားများကို ပို၍ အားစိုက် လွှဲကာ၊ အတင်း အကြပ်ရေး ကြသည်။

၎င်းတို့နှင့် ယှဉ်သော်၊ ယဲ့ရှင်း၏ စွမ်းဆောင် ရည်မှာ ပို၍ ညံ့ဖျင်း၏။ နဖူး၌ ချွေးများ ဖုံးလွှမ်း နေပြီး၊ တခြား သူများ၏ စာလုံးကို ခဏ-ခဏ ခိုးကြည့် လေသည်။

လင်းယွန် မှာမူ၊ ရပ်လျက် မလှုပ်ချေ။ မျက်မှောင်ကြုတ်လျက် အတွေးထဲ နစ်မျော နေ ခဲ့သည်။

“ အမှိုက် ... ။ ”

ထိုမြင်ကွင်းကြောင့် ယဲ့ရှင်းက ကြိတ်ရယ်ကာ၊ ယုံကြည်မှု ပြန်ရ လာ၏။

“ ယဲ့ချင်းရှန် ... နင် ... စာလုံး တစ်လုံးမှ မမှတ်မိ ရင်တောင်၊ ဓားရေးကို မှတ်မိ သင့်တယ် မဟုတ်လား။ ”

ပိုင်ရှုရင်က လင်းယွန်ကို ကြည့်ကာ ပြောလိုက်သည်။

“ ဖြည်းဖြည်းပေါ့ ... ငါ စဉ်းစား ပါရစေဦး။ ”

လင်းယွန်မှ ပြုံးပြီး၊ မျက်လုံး မှိတ်ချ လိုက်၏။ ဆယ့်ငါးမိနစ် ကုန်လွန် ပြီးနောက်၊ ရေှာင်ကျင်းယန်တို့ ရှစ်ယောက် အနားတွင်၊ ပွက်ပွက်ဆူ နေသော ဓား ရည်ရွယ်ချက်များ စုရုံးလာ တော့သည်။

သူတို့ ရေှ့၌ စကားလုံး နှစ်လုံး ပေါ်လာ၏။ တစ်လုံး စီသည် ရွှေရောင် ဖြစ်ပြီး၊ ခပ်ဖျော့ဖျော့ သူတော်စင် ရောင်ဝါများ ဖုံးလွှမ်း နေသည်။

အထူးသဖြင့် ရှောင်ကျင်းယန်၊ ပိုင်ယိဟွာနှင့် ယဲ့ချင်းဟုန် တို့၏ စာလုံးများ ဖြစ်၏။ ​မြင်သည့် လူတိုင်း လက်လှမ်း မမီအောင် ဝေးကွာနေ ချေပြီ။

“ အိုး ... သူတို့ သုံးယောက်က ... ၊ ပါရမီရှင်တွေ ပီပီ မယုံ နိုင်စရာ ပါပဲ၊ ကျင့်ကြံမှု အမြင့်ဆုံး ဖြစ်တဲ့ ... ကျန်းခွိုက်​တောင် ... ၊ သူတို့ကို မယှဉ် နိုင်ဘူး။ ”

“ ယဲ့ရှင်းက လွဲရင် ... လူတိုင်း မဆိုး ပါဘူး၊ အိုး ... ဟား ဟား ဟား ကြည့်စမ်း ယဲ့ချင်းရှန်က သူ့ဓား ကိုတောင် မဆွဲ နိုင်ဘူး၊ ရှက်စရာပဲ ... ။ ”

လူတိုင်း၏ အကြည့် များက ယဲ့ချင်းရှန် ပေါ်သို့ ကျရောက် ကုန်၏။ ၎င်း အခြေ အနေမှာ ထူးခြား လွန်းချေပြီ။

ဆယ့်ငါး မိနစ် အကြာတွင်၊ လူတိုင်း ရပ်တန့်သွား ကုန်ပြီး၊ ရေးထားသော စာလုံးများ လေထဲ ဝံပျံ နေသည်။

ထိုအထဲတွင် ယဲ့ချင်း မပါ ဝင်ချေ။ သူ ရေးထားသော စာလုံး များမှာ၊ ဖရိုဖရဲ ဆန်၏။

ကျောက်စိမ်းဓား သူတော်စင်က ရှောင်ကျင်းယန်တို့ သုံးယောက် အုပ်စုကို ကြည့် လိုက်ပြီး၊

“ မင်းတို့ တွေက တာအို စည်းချက် (၅၀%) ကို ဆုပ်ကိုင် ထားနိုင်တယ်၊ နံ့သာတိုင် တစ်တိုင် အတွင်း၊ ဒီလောက် ရတာ အံ့သြစရာ ပါပဲ။ ”

-ဟု မှတ်ချက် ပေးတော့၏။

“ ကျေးဇူး တင်ပါတယ် ... သိုင်း အဒေါ်။ ”

သုံးယောက်သား ပြုံးရွှင် ကုန်၏။ အခြား သူများ အနေ နှင့်မူ တာအို ရစ်သမ် (၃၀%) သာ ဆုပ်ကိုင် ထားကြောင်း မှတ်ချက် ပေးခဲ့သည်။

“ မင်း ကတော့ ... ။ ”

ကျောက်စိမ်းဓား သူတော်စင်က ယဲ့ရှင်း၏ စာလုံးကို ကြည့်ပြီး၊ မည်ကဲ့သို့ မှတ်ချက် ပေးရ မည်ကို၊ မသိ ဖြစ်လာ၏။

“ အဟား ... ။ ”

ယဲ့ရှင်းမှာ ရှက်လွန်း သဖြင့်၊ ခေါင်းငုံ့ ထားသည်။ ပတ်ဝန်းကျင်မှ ရယ်မောသံ များပင် ထွက်လာ​ ခဲ့၏။

အတန်ကြာ တိတ်ဆိတ် သွားပြီး၊ ကျောက်စိမ်းဓား သူတော်စင်က ခေါင်းယမ်း လျက်၊

“ မင်း ... ရေးထား တာကို၊ ငါ မဖတ် တတ်ဘူး။ ”

-ဟု ပြောလာ တော့သည်။

“ ဟား ဟား ဟား ... ။ ”

အဆုံးတွင် လူတိုင်းက သည်းမခံ နိုင် တော့ဘဲ၊ ကျယ်လောင်စွာ ရယ်မော လာသည်။ ယဲ့ရှင်း ခမျာ နောင်တ ရသွား၏။

အရမ်း ရှက်စရာ ကောင်းလွန်း သဖြင့်၊ ထွက်ပြေး ချင်စိတ် ပေါက်လာသည်။ သို့သော် ရုတ်တရက် သတိရ သွားကာ၊

“ ယဲ့ချင်းရှန် ... မင်း ဘာလုပ် နေတာလဲ။ ”

-ဟု လှည့်ကာ မေးလိုက်သည်။

သို့မှသာ လင်းယွန်အား၊ မျက်လုံးဖွင့် ကြည့်ပြီး၊ ပိုင်ရှုရင်ထံ လှည့်ကာ ပြုံးပြလိုက် တော့၏။

“ ဓားပညာကို မမှတ်မိ ပေမယ့် ... ၊ စာရေးနည်း​တော့ မှတ်မိ ပါသေးတယ်၊ ငါ့ကို စုတ်တံ ငှားလို့ ရမလား ... အစ်မ ပိုင်။ ”

“ စုတ်တံလား ... ။ ”

ပိုင်ရှုရင်က တစ်ခုခု ကန့်ကွက် ချင်သော်လည်း ကျောက်စိမ်းဓား သူတော်စင်မှ၊ စုတ်တံ တစ်ချောင်းကို လင်းယွန်ထံ ကမ်းပေး လာသည်။

လင်းယွန်က စုတ်တံ ထိပ်ဖျားကို တံတွေးဖြင့် ဆွတ်ကာ ‘သ’ ယူပြီး၊ အနည်းငယ် စဉ်းစား လိုက်၏။

“ ဒီကောင်က ဘယ်လို သရုပ်​ဆောင် ရမလဲ တကယ် သိတယ်၊ သိုင်းအဒေါ်ရဲ့ စာလုံး တွေမှာ သူတော်စင် တာအိုနဲ့ ... တာအို ရစ်သမ်တွေ ပါတာ သူ ...

... မသိဘူး၊ ဒါက စုတ်တံနဲ့ ... ပုံဖော်လို့ မရဘူး၊ ဓားကို သုံးပြီး ပုံဖော် ရမယ့် နည်းလမ်း ပဲ၊ သနား စရာ ကောင်းလိုက်တာ။ ”

“ ဟုတ်တယ် ... တာအို စည်းချက်နဲ့၊ ရည်ရွယ်ချက်ကို မသိရင် ... ဒီစကားလုံး တွေက ဘယ်သူမှ ကူးရေးလို့ မရနိုင်ဘူး။ ”

ပတ်ဝန်းကျင်မှ ဆွေးနွေး သံများ ထွက်လာသဖြင့်၊ ပိုင်ရှုရင်က မျက်ခုံးပင့်ကာ၊

“ ယဲ့ချင်းရှန် ... ၊ နင် ... မလုပ် နိုင်ရင် ဆင်းသွားပါ။ ”

-ဟု ဝင်ပြော လိုက်ရ၏။

နောက်ဆုံးတွင် လင်းယွန်က ပြုံး​ပြီး၊ စုတ်တံအား လှုပ်ရှား လိုက်​တော့သည်။ တခြား လူများ အတွက် မဖြစ်နိုင် သော်လည်း၊ သူ့ အတွက် လွယ်ကူ၏။

ဓားဂိုဏ်း၌ သက်တံဓား သူတော်စင် နှင့်အတူ အပူပင် ကင်းသော ဓားကိုးကွက်အား၊ ရေးသား ဖူး၏။

အစောပိုင်း အချိန်၌ စာလုံး သုံးလုံး၏ လိုအပ် နေသော အရာကို၊ မစဉ်းစား နိုင်သော ကြောင့်သာ မရေးခြင်း ဖြစ်သည်။

ယခုမူ အချိန် မရှိတော့ လေရာ၊ ထိုစာလုံး သုံးလုံး ကိုသာ ပြန်လည် ရေးပြရန်၊ ဆုံးဖြတ် လိုက် တော့၏။

ခဏအကြာ လင်းယွန် အနား တဝိုက် နောက်ဆက်တွဲ ပုံရိပ်များ ပေါ်လာပြီး၊ စုတ်တံ အဖျားမှ ဓားရည်ရွယ်ချက်က၊ မှင်များ သဖွယ် ထင်ရှား လာသည်။

ယင်းက ထာဝရ တည်တံ့ နေသည့် စာလုံးများ အလား၊ အမျိုးမျိုးသော တာအို ရစ်သမ်များ ပါရှိ နေ၏။

ယင်းကြောင့် လူတိုင်း မယုံကြည် နိုင် လောက်အောင် ထိတ်လန့် သွားသည်။ အချိန် ယန္တရားကြီး ပြောင်းပြန် သွားနေ သကဲ့သို့၊ ဓား ရည်ရွယ်ချက်နှင့်၊ တာအို စည်းချက် များအား၊ ရှင်းရှင်း လင်းလင်း မြင်လာ ရ၏။

“ ဒါ ... ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

ယဲ့ရှင်းမှ အံသြ သွားသည်။ ရှောင်ကျင်းယန်တို့ သုံးယောက် မှာမူ၊ မှင်တတ် နေကြ၏။

“ ဟား ဟား ဟား ... ။ ”

စာလုံး သုံးလုံးကို၊ ပုံတူ ကူးရေးပြ လိုက် ပြီးနောက်၊ လင်းယွန်မှ ရုတ်တရက် အရူး ကဲ့သို့၊ ရယ်​မော လာတော့သည်။

“ ငါ သိပြီ ... ၊ ဟား ဟား ဟား။ ”

သူ့ ရယ်သံ​ကြောင့် လူတိုင်း နား မလည်နိုင် ဖြစ်လာ၏။

“ သိုင်းအဒေါ် ... သိုင်းအဒေါ်က၊ စာလုံး တစ်လုံးကို တမင် ချန်ထားခဲ့တာကိုး၊ ထင်တော့ ထင်သား ဒီစာလုံး သုံးလုံးနဲ့ ... ၊

... ပတ်သက်ပြီး တစ်ခုခု ... လိုအပ် နေပါတယ် ထင်ထားတာ၊ အံ့သြ စရာ မရှိ တော့ ပါဘူး။ ”

လင်းယွန်မှ ရေရွတ်လျက်၊ စတုတ္ထ မြောက် စာလုံးကို ချရေး လိုက်သော အခါတွင်၊ ရွှေရောင် အဆင်းများ တောက်ပ လာတော့သည်။

အခြားသော သူများ ရေးသည့် စကားလုံး များကို၊ နှင်းများ အလား အရည်ပျော် ကျသွား စေ​၏။

“ ကောင်းကင် ထိပ်မှာ ... ။ ”

ဤအခိုက်တွင် ကျောက်စိမ်းဓား သူတော်စင်မှ တမင် တကာ စာလုံး တစ်လုံးကို ချန်ထား ခဲ့ကြောင်း နားလည် လိုက်ကြသည်။

“ ကောင်းကင် ထိပ်မှာ ... ။ ”

-ဟူသော စာလုံးမှ အလင်းများ ဖြာကျ လာပြီး၊ ယဲ့ရှင်း ရေးထားသည့် စာလုံးမှ လွဲ၍ လူတိုင်း၏ စကား လုံးများ၊ ပျောက်ကွယ် သွားတော့၏။

ကျောက်စိမ်းဓား သူတော်စင်မှ ယဲ့ရှင်း၏ စာလုံးကို မဖတ် နိုင်သည်မှာ၊ လွန်အံ့ မထင်ချေ။ ၎င်းသည် အဓိပ္ပါယ် မရှိသော စာလုံးများ ဖြစ်နေ ချေ၏။

ဤမြင်ကွင်းကြောင့် ယဲ့ချင်းဟုန်၏ နှုတ်ခမ်းထောင့် လှုပ်ခါ သွားကာ၊ ရှက်စိတ်များ ဝင်ရောက် လာတော့သည်။

တစ်ဖက်တွင် ယဲ့ရှင်းမှာ မျက်နှာ တစ်ပြင်လုံး နီရဲလျက်၊ တွင်းတူးကာ ပုန်းအောင်း ချင်လာ၏။ သို့တိုင်၊

“ ယဲ့ချင်းရှန် မင်းက ... လူယုတ်မာပဲ ... ၊ ဘာလို့ စောစောက ... မင်း မသိဖူးလို့ ... ပြောခဲ့ တာလဲ။ ”

-ဟု လှည့်ကာ ငေါက်ငမ်း လိုက်သည်။

“ တောင်းပန် ပါတယ် ... ၊ ငါ အခုမှ သိသွားတာ။ ”

လင်းယွန်မှ ပြုံးကာ ပြန်ဖြေ လိုက်တော့၏။

***

All Chapters