← Chapters

သမိုင်း တွင်မည့် ဥပမာ။

Vol. 141 Ch. 1964

သမိုင်း တွင်မည့် ဥပမာ။

Vol. 141 Ch. 1964

လင်းယွန်၏ စကားများက ယဲ့ရှင်းအား ဒေါသကြောင့် တုန်တုန် ယင်ယင် ဖြစ်လာစေ ခဲ့သည်။

သူ့ အနေ အထားတွင် ရှိနေ ပါက မည်သူ မဆို သေသည် အထိ၊ ဒေါသ ထွက်သွား မည်မှာ သေချာ၏။

ယဲ့-မိသားစုဝင် များ၏ မျက်နှာမှာ၊ ကြောက်စရာ ကောင်း လောက်အောင် မည်း မှောင် ကုန်သည်။

“ မင်း ... အရမ်း တော်တယ်။ ”

ယဲ့ရှင်း မျက်နှာ နီရဲလာပြီး၊

“ မင်း တစ်နေရာ ရာမှာ ... ဒါကို သင်ယူ ထား​ ပြီးသား မဟုတ်လား၊ သတိ ရပြီ၊ အသူရာ ဓား သူတော်စင်က ... မင်းကို သင်ပေး ခဲ့တာပဲ ဖြစ်မယ်။ ”

-ဟု ပြောကြား လိုက်သည်။

ယင်းမှာ ဖြစ်နိုင်ခြေ ရှိ၏။ လွန်ခဲ့သည့် ခုနစ်ရက်က ယဲ့ကူဟန်သည် ယဲ့ချင်းရှန်အား ခေါ်ဆောင် သွားကြောင်း၊ လူတိုင်း သိထား ကြသည်။

ပြန်ရောက် လာသော အခါ၊ နိဗ္ဗာန် အဆင့်တွင် ရောက်ရှိ နေခဲ့၏။ ထို့ကြောင့် ယဲ့ရှင်း စကားမှာ အဓိပ်ပ္ပါယ် ရှိချေပြီ။

“ ကိုယ့်ပါးကို ရိုက်စမ်း။ ”

ကျောက်စိမ်းဓား သူတော်စင်က အမိန့်ပေး လိုက်သည်။

“ ဖျောင်း ... ။ ”

“ ဖျောင်း ... ။ ”

ယဲ့ရှင်း တစ်ယောက်၊ ရုတ်ချည်းပင် ဘယ်လက်ဖြင့်၊ သူ့ကိုယ်သူ ပါး​ပြန် ရိုက်လိုက် ၏။ ထို့နောက် ညာလက်ဖြင့် ကျန် တစ်ဖက် ကိုလည်း၊ ဆော်ချ ပစ်လိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ် သွားကာ၊ ယဲ့ချင်းဟုန် သည်ပင် ခေါင်းညိမ့် မိ၏။

ကျောက်စိမ်းဓား သူ​တော်စင်မှ၊ ပထမဆုံး အကြိမ် ဂျူနီယာ တစ်ယောက်ကို သင်ခန်းစာ ပေးခြင်း ဖြစ်သည်။

“ ယဲ့ချင်းရှန် ... မင်း မဆိုးဘူး၊ နောက်ဆုံး စာလုံး တစ်လုံးကို ... ငါ တမင် ချန်ထားတာ။ ”

ကျောက်စိမ်းဓား သူတော်စင်က လင်းယွန်အား ချီးကျူး စကား ဆိုကာ ဆက်၍၊

“ ဟောပြောပွဲ ပြီးပြီ ... နှစ်ရက် နေရင် ပြန်ဆုံကြမယ်၊ ဒီနေ့ ပြောခဲ့တာ တွေကို မမေ့ နဲ့။ ”

-ဟု ဆိုကာ သူတော်စင် ရောင်ဝါများ ဖုံးအုပ်လျက်၊ ကောင်းကင်ပေါ် ပျံတက် သွား​တော့သည်။

“ ဝှစ် ... ။ ”

ထိုကြောင့် လူတိုင်းက ဦးညွှတ် လက်​ဝှေ့ ယမ်းလိုက် ကြပြီး၊

“ သိုင်းအဒေါ်ကို လေးစားစွာ ပါတယ်။ ”

-ဟု နှုတ်ဆက် လိုက်တော့သည်။

တစ်ဖက်တွင် လင်းယွန်မှ အနည်းငယ် စိတ်ပျက် သွားပြီး သူ့ကြောင့် ထွက်သွား သည် လောဟု တွေးမိ လာ၏။

ကျောက်စိမ်းဓား သူတော်စင် ထွက်ခွာ သွားသော အခါ၊ လူတိုင်း အပေါ်ရှိ ဖိအားများ လျော့ပါး သွားလေသည်။ အချင်းချင်း ဆွေးနွေးမှုများ စတင် လိုက်​ကြ၏။

ယနေ့ ဟောပြောပွဲမှ၊ အကျိုး အမြတ် များစွာ ရရှိ ချေပြီ။ ဓားတာအို အပေါ် နားလည် နိုင်စွမ်းအား မြှင့်တင် ပေးနိုင်သည် သာမက၊ ဓား ရည်ရွယ်ချက် တွင်လည်း၊ သိသိ သာသာ တိုးတက် ခဲ့ကြသည်။

လင်းယွန်မှ ပိုင်ရှုရင်အား လှည့်ကြည့် လိုက်သည်။ သည်နေ့ သူမသည် သူ့အတွက် ခက်ခဲသော အရာ များစွာကို၊ ဖန်တီး ခဲ့၏။

“ ငါရဲ့ စွမ်းဆောင်မှုကို သန့်ရှင်းသော သမီးတော် အနေနဲ့ ... ဘယ်လို ​မြင်လဲ။ ”

ထို့ကြောင့် မျက်ဝန်းများ မှေးစင်းလျက် မေးမြန်းလိုက် လေသည်။ ပိုင်ရှုရင်မှာ ဒေါသ ထွက်နေ သော်လည်း၊ အကြောင်း အရာ များကို ကွဲကွဲ ပြားပြား ရှုမြင် တတ်၏။

“ ဒီနေ့ သခင်လေး ယဲ့ရဲ့ ... ထူးခြားတဲ့ ဓားစွမ်းရည်ကို ... ငါ မြင်တွေ့ခွင့် ရခဲ့ ပါပြီ။ ”

ထိုသို့ ကောင်းမွန်သော မှတ်ချက်မျိုး ပေးလိမ့် မည်ဟု မမျှော်လင့်သော လင်းယွန်မှ အံ့အား သင့်စွာ ပြုံးတော့၏။

“ သန့်ရှင်းသော သမီးတော်ရဲ့ ဗျပ်စောင်း စွမ်းရည် ကလည်း၊ အထင် ကြီးစရာ ကောင်းပါ တယ်၊ ဒါပေမယ့် နည်းနည်းတော့ ... အားနည်း နေ​သေးတယ်။ ”

“ ဟုတ်လား ... ။ ”

​“ ဟုတ်ပါတယ် ... ၊ နောက် ကြုံတဲ့ အခါကျရင်၊ ငါ့အတွက် ... သီချင်း တစ်ပုဒ် လောက် တီးပေးပါ။ ”

ပိုင်ရှုရင်အား သူ့အတွက် ဗျပ်စောင်း တီးပြရန် ပြောဆို နေသော လင်းယွန်ကြောင့် လူတိုင်း မော့မကြည့်ဘဲ မနေနိုင် တော့ချေ။

“ ယဲ့ချင်းရှန် ... မင်းက အသူရာ ဓား သူတော်စင်ရဲ့ ... လမ်းညွှန်ချက် တချို့ ရရုံနဲ့၊ ဒီလို ... မောက်မာ ရဲလား။ ”

ပိုင်ယိဟွာက ဒေါသတကြီး ဝင်ရောက် အော်ငေါက် လာသည်။

“ သန့်ရှင်းသော သမီးတော်... သူ့ကို အာရုံစိုက် နေစရာ မလို ပါဘူး၊ ဒီကောင့်ကို သင်ခန်းစာ ပေးလိုက် ပါ့မယ်။ ”

ယဲ့ရှင်းမှ အေးစက်စွာ ဝင်ပြော လာ ပြန်၏။

“ ပါးစပ် ပိတ်ထား ... ၊ ပါးနှစ်ဖက် အရိုက်ခံရတာ မင်းအတွက် ... မလုံလောက် ဖူးလား။ ”

ပိုင်ရှုရင်က ယဲ့ချင်းရှန်ထက် ယဲ့ရှင်းကို ပို၍ မုန်းတီး လာ၏။ သူမဘဝ၌ တစ်စုံ တစ်ယောက် အပေါ်၊ ဤမျှ ဆိုးဆိုး ရွားရွား ကြိမ်းမောင်ခြင်း မျိုး ရှားပါးလှ သောကြောင့်၊ လူတိုင်း ချက်ချင်း တိတ်ဆိတ် သွားသည်။

ဤအချက်ကြောင့်၊ ယဲ့ရှင်းအား အဆင် မပြေသော အနေ အထားသို့ ရောက်ရှိ လာစေ ၏။

“ ဝှစ် ... ။ ”

ပိုင်ရှုရင်မှ မထွက်ခွာမီ ယဲ့ချင်းရှန်ထံ အေးစက်စွာ လှည့်ကြည့်ပြီး၊ အင်္ကျီ လက် ကောက်ဝတ် အိုးကို ရုတ်သိမ်း လိုက်သည်။

ဤလူနှင့် တွေ့ချိန်တိုင်း၊ ဒေါသ ထွက်ရ၏။ ၎င်းမှ အမြဲတမ်း အသာစီး ရနေခဲ့ သောကြောင့်၊ သဘာဝ အတိုင်း သူမအား စိတ်မသက် မသာ ဖြစ်လာ စေသည်။

“ ကောင်းပြီ ... ငါတို့ တွေ့ကြမယ်။ ”

ပိုင်ရှုရင်မှ ပြောပြီး ထွက်သွား တော့သည်။ လင်းယွန်က ပြုံးလိုက်၏။

“ ဒီကောင်က တကယ့်ကို ... အထင် ကြီးစရာပဲ ... ။ ”

ချန်ကျန့်မှ မျက်လုံးများ မှေးစင်းလျက် ပြုံးကာ မှတ်ချက်ပြု မိသည်။ သူသည် ယဲ့ချင်ရှန် အပေါ်၊ လျှော့တွက်ထား မိချေ၏။

“ မင်း ... ငါတို့ကို လှည့်ဖြားပြီး ... ၊ ထွက်သွား နိုင်မယ် ထင်လို့လား။ ”

ထွက်ခွာရန် ပြင်နေသော လင်းယွန်ကို၊ ယဲ့ရှင်းက ဟန့်တား လာသည်။

ဤသည်မှာ နေလ ကျောက်စိမ်း နန်းတော် ဖြစ်သဖြင့်၊ ယဲ့ချင်းဟုန်နှင့် ယဲ့ယန်ပိုင်မှ မျက်နှာ ပြောင်းသွားသည်။ သို့​သော် ရပ်ကြည့် နေလိုက်သည်။

“ မင်းက လူယုတ်မာပဲ ... ၊ ငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက် ခဲ့ရုံတင် မကဖူး လှောင်ပြောင်ဖို့ သတ္တိရှိ တယ်လား၊ ဒီနေ့ မင်းကို လွယ်လွယ်နဲ့ သွားခွင့် မပြုဘူး။ ”

ယဲ့ရှင်း၏ ဒေါသမှာ၊ အဆုံး မရှိ တောက်လောင် လာတော့၏။ ဆန့်ကျင်ဘက် အနေနှင့် လင်းယွန်မှာ ပြုံးနေ ခဲ့သည်။

တစ်ဖက် လူသည် နိဗ္ဗာန်-ပဉ္စမမြောက် အသွင် ကူးပြောင်းမှုတွင် ရှိနေသဖြင့်၊ သူ့အား ရိုက်နှက် နိုင်မည်ဟု ထင်နေ ချေပြီ။

သူ ဟူသည် အမည်ခံ သူတော်စင် နတ်ဆိုး သားရဲ တစ်ကောင်ကို၊ သတ်ဖြတ် နိုင်လု နီးပါး တိုက်ပွဲ ဝင်ထားသူ ဖြစ်၏။

ထိန်း မထား ပါက၊ ဤ​နေရာရှိ လူအားလုံး ပေါင်းလျှင်ပင်၊ သူ့အား ရိုက်နိုင်မည် မဟုတ်ချေ။

“ ငါက တခြား လူတွေကို၊ အခွင့် အရေး ပေးရတာ ကြိုက်တယ်၊ ယဲ့ဖေးဖန် ... တုန်းက၊ ငါ့ကို ဒီ-အဆင့်ထဲ ဝင်စေချင် တာမို့ ... သူ့ဆန္ဒ အတိုင်း ဖြည်းဆည်း ပေးခဲ့တယ်၊ ဒါပေမယ့် အသုံး မကျတာ စိတ်ပျက် စရာပဲ၊ ...

... ဒီနေ့လည်း မင်းကို ... အခွင့်အရေး ပေးမယ်၊ လာ ... မင်း ငါ့ကို သင်ခန်းစာ ဘယ်လို သင်ပေး မလဲ ကြည့်ရအောင်။ ”

ယဲ့ရှင်းမှာ အနည်းငယ် တွေဝေ သွား၏။ သူ့အနေဖြင့် ခြိမ်​ချောက်ခြင်း မျှသာ ဖြစ်သည်။ သို့သော် တစ်ဖက် လူသည် သူ့အား စိန်ခေါ်လာ သောကြောင့်၊ အနည်းငယ် ခက်ခဲ သွား၏။

“ အဲဒီ ကောင်က တကယ် မလွယ်ဘူး၊ သူတော်စင် သခင် ကိုတောင် ပါးရိုက်ဖို့ သတ္တိ ရှိတာ ... ဒီလောက်က အံ့သြ စရာ မဟုတ် တော့ပါဘူး။ ”

“ ဒါပေမယ့် ... လက်ရှိ အခြေ အနေက မတူဘူး၊ ယဲ့ရှင်းက နိဗ္ဗာန်- ပဉ္စမမြောက် အသွင် ကူးပြောင်းမှု အဆင့်မှာ ရှိပြီး၊ သူနဲ့ ကွာခြားချက် ရှိတယ်။ ”

လူတိုင်းက ယဲ့ရှင်းနှင့် ယဲ့ချင်းရှန် ကြား တိုက်ပွဲကို မျှော်လင့် လာကြ၏။

“ တိရစ္ဆာန် မသား... ဒီနေ့ ယဲ့ မိသားစု တိုက်ရိုက် မျိုးဆက်ရဲ့ ... တန်ခိုး အစစ် အမှန်ကို မင်းသိအောင် ... ငါ ပြမယ်။ ”

“ ဟား ဟား ဟား ... ။ ”

ယဲ့ရှင်း စကားကြောင့် လင်းယွန်က ရယ်သည်။ ယဲ့ရှင်းနှင့် ပတ်သက်ပြီး၊ အထင်ကြီး စရာ တစ်ခုမျှ မရှိချေ။

“ ဝှစ် ... ။ ”

ယဲ့ချင်းမှ သူ့ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး၊ သိပ်သည်းသော ရောင်ဝါဖြင့် လွှဲခုတ် လာသည်။

“ ခရစ် ... ။ ”

ဓားက တရိပ်ရိပ် ကျဆင်း လာစဉ် လေထု အတွင်း သေးငယ်သော အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာတော့၏။

၎င်းမှာ မြန် သော်လည်း၊ လင်းယွန်၏ နေနတ်ဘုရားအား ဖမ်းဆီးခြင်းက ပိုမြန်သည်။ ထို့ကြောင့် ယဲ့ရှင်း၏ တိုက်ခိုက်မှုကို အလွယ် တကူ ရှောင်ရှား လိုက်၏။

သူ ပြန်ပေါ် လာသော အခါတွင် လက်၌ ခါးစည်းကြိုး တစ်ချောင်း၊ ကိုင်ဆောင် ထားခဲ့ လေသည်။

ယဲ့ရှင်းမှ ခေါင်းငုံ့ ကြည့်လိုက်သော အခါ သူ့ဘောင်းဘီ ချောင်ကျလာ သည်ကို မြင်လိုက် ရသဖြင့်၊ မျက်နှာ ပျက် သွား၏။

“ ငါ့ ခါးပတ် ... ။ ”

ဘောင်းဘီအား အမြန် ဖမ်းဆွဲပြီး ထုံးချည်လျက်၊ ပြုံးကြည့် နေသော လင်းယွန်ထံ မော့ကြည့် လိုက်လေသည်။

“ မင်းက ... ငါ့ဓားကို ဆွဲဖို့ မထိုက်တန် ​သေးဘူး၊ ဒီခါးစည်း​ကြိုး ကိုပဲ သုံးရအောင်။ ”

တစ်ဆက်တည်းမှာပင် ပိုးစုန်းကြူး နတ်ဓားအား ထုတ်ဖော် လိုက်၏။ များမကြာခင် ယဲ့ချင်း တစ်ယောက် ညံ့ဖျင်းသော အနေ အထားသို့ ကျရောက် သွားသည်။

တစ်ဖက်သတ် ရိုက်နှက်ခြင်း ကိုသာ ခံနေရပြီး၊ ပိုးစုန်းကြူး နတ်ဓားအား လင်းယွန် ကဲ့သို့၊ လှပစွာ ထုတ်ပြနိုင်ခြင်း မရှိ ခဲ့ချေ။

လင်းယွန်က ပဉ္စမမြောက် ဓားပုံစံကို ထုတ်လွှတ် ပြီးနောက်၊ ယဲ့ရှင်း လက်၌ ရှိသော ဓားကို ခါးစည်းကြိုးဖြင့်၊ ပုတ်ချ လိုက်၏။

“ စွပ် ... ။ ”

သူတော်စင် ဓားက ကျောက်တိုင် ထဲသို့ လွင့်စဉ် စိုက်ဝင် သွား၏။ တစ်ဆက် တည်းမှာ ပင်၊ ခါးစည်းကြိုးက သူ့ မျက်နှာထံ ဦးတည် ဝင်ရောက် လာတော့သည်။

“ ဖြန်း ... ။ ”

“ ဖြန်း ... ။ ”

“ အား ... ။ ”

လက်ဖဝါးဖြင့် ပါးရိုက် လိုက်သည့် အလား ပြင်ထန်​ ချေပြီ။ ယင်းက ယဲ့ချင်ဟုန် မျက်နှာကို သဘာဝ အတိုင်း နက်မှောင်သွား စေ၏။

“ ဂျွတ် ... ။ ”

ပါးရိုက် ခံရသည့် အရှိန်ကြောင့် ယဲ့ရှင်း ခမျာမှာ ကျောက်တိုင် ကြီးထံ လွင့်စဉ်လျက် ခါးဖြင့် ရိုက်မိ သွားလေသည်။

“ ဝှစ် ... ။ ”

ခါးစည်းကြိုးက နဂါး အ​မြီး အလား လိုက်ပါလာပြီး ကျောက်တိုင် ထဲသို့ နက်ရှိုင်းစွာ ထိုးစိုက် တော့၏။

“ ..... ။ ”

တစ်ချိန်တည်း မှာပင်၊ ယဲ့ရှင်း၏ ထုံးထားသော ဘောင်းဘီ သည်လည်း ပြေလျော့ သွားလေသည်။

လူအုပ်ကြီးက ထိုမြင်ကွင်းကြောင့် မျက်လုံးပြူး ကုန်သည်။ ထိုစဉ် လင်းယွန်က ရယ်မော လိုသော အသံဖြင့်၊

“ ယဲ့ရှင်း... မင်းက ကျန်းယွီ ထက်တောင် သေးတာပဲ။ ”

-ဟု လှောင်ပြောင် ပြောကြား လိုက် တော့၏။

ထိုစကားသည် ကောင်းကင် တာအို ဂိုဏ်းအတွင်း သမိုင်း တွင်မည့် ခိုင်းနှိုင်းချက် ဖြစ်လာ တော့မည် ဖြစ်သည်။

အဘယ့်ကြောင့် ဆိုသော် ကောင်းကင် တာအို ဂိုဏ်းတစ်ခု လုံးသည် ကျန်းယွီ မည်မျှ သေးငယ် သည်ကို သိထား ကြပြီး၊ ​တော်ဝင် သမီးတော် ခြံဝင်း၏ တပည့်မများ ကပင် ရယ်မော ခဲ့ကြ ဖူး၏။

ထို့ကြောင့် ကျန်းယွီထက် သေးငယ်သည် ဟူသော စကားက ယဲ့ရှင်းအား ဂန္ဓဝင် တွင်သွား စေပေ တော့မည်။

“ အဟက် ... ဒါပဲလား၊ ယဲ့-မိသားစု တိုက်ရိုက် မျိုးဆက်ရဲ့ ... အခြေခံ အုတ်မြစ်က၊ အထင်ကြီး စရာလည်း မရှိ ပါဘူး။ ”

လင်းယွန်က ယဲ့ချင်းဟုန်တို့ အဖွဲ့ထံ တစ်ချက် လှည့်ကြည့်ကာ လေှာင်ပြောင် လိုက် လေသည်။

“ ဟမ့် ... ယဲ့-မိသားစုမှာ မင်းကို အနိုင်ယူနိုင်တဲ့ လူ .. မရှိဖူးလို့၊ တကယ် ထင်နေ တာလား။ ”

ယဲ့ယန်ပိုင်က မထိန်းနိုင် တော့ဘဲ၊ လင်းယွန်ကို တိုက်ခိုက် လိုက်တော့၏။ သူသည် ဒေါသ ကြီး သော်လည်း သတိ ရှိသည်။

နိဗ္ဗာန်-ဆဋ္ဌမ အဆင့် ကျင့်ကြံမှုအား ထုတ်ဖော်ကာ၊ သိပ်သည်းသော ရောင်ဝါဖြင့် လင်းယွန် အပေါ် ကန့်သတ် ပစ်ပြီး၊ လက်ကို မြှောက်လျက် ပါးရိုက် ချလိုက် ​တော့သည်။

***

All Chapters