← Chapters

ယဲ့-မိသားစုမှာ ... တကယ်ပဲ၊ ဘယ်သူမှ မရှိ ကြတော့ ဖူးလား ... ။

Vol. 141 Ch. 1965

ယဲ့-မိသားစုမှာ ... တကယ်ပဲ၊ ဘယ်သူမှ မရှိ ကြတော့ ဖူးလား ... ။

Vol. 141 Ch. 1965

ယဲ့ယန်ပိုင်သည် နိဗ္ဗာန်-ဆဠမမြောက် အသွင် ပြောင်းခြင်း ခွန်အား အပြည့်ဖြင့် ပါးရိုက် လာခဲ့သည် ။

လက်ဖဝါး ထံမှ ကောင်းကင်ကို ကွဲအက် သွားစေမည့် ကြောက်စရာ အငွေ့ အသက်များ ပေးစွမ်း လာသည်။

ယင်းကြောင့် လူတိုင်း မျက်နှာ ပြောင်းလဲ ကုန်၏။ နိဗ္ဗာန်-ပထမ အသွင် ပြောင်းခြင်း ထံမှ တစ်စုံ တစ်ယောက်သည် နိဗ္ဗာန်-ဆဌမရှိ၊ တစ်စုံ တစ်ယောက်အား၊ ယှဉ်နိုင်စရာ အကြောင်း မရှိချေ။

သို့သော် ယဲ့ချင်းရှန်က နောက်ပြန် မဆုတ်ခဲ့ဘဲ၊ ထိုတိုက်ခိုက်မှုအား ထိပ်တိုက် ရင်ဆိုင် လိုက်သည်။

တိုက်ပွဲ ထံမှ ပြင်းထန်သော လှိုင်းလုံးကြီး တစ်ခု ပျံ့ကား လာသဖြင့်၊ လူတိုင်းက ၎င်းတို့၏ နိဗ္ဗာန် ရောင်ဝါအား ထုတ်လွှတ်ကာ၊ ချေဖျက် လိုက်ရ တော့၏။

ဖုန်မှုန့်များ ငြိမ်သက် သွားသော အခါ၊ ယဲ့ချင်းရှန်မှာ မူလ နေရာ၌ ခြေ တစ်ဖဝါးမျှ မရွေ့ ခဲ့ချေ။ ထို့ကြောင့် လူတိုင်း အံ့အားသင့် သွား ကြသည်။

“ ဒါ ... ဒါက၊ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

ယဲ့ယန်ပိုင် မှလည်း ထိတ်လန့် သွားပြီး၊ လေးနက်သော အသွင်ဖြင့်၊ လက်သီး တစ်ချက် ထပ်မံ ထိုးနှက် လိုက်၏။

ထိုစဉ် လင်းယွန် ခန္ဓာ ကိုယ်မှ ငရဲပန်း ပွင့်ချပ်များ လွင့်ပျံ လာကာ၊ လက်ကို မြှောက် လာသည်။

ယခု တစ်ကြိမ်တွင် ၎င်းတို့ နှစ်ဦး စလုံးက၊ နောက်ဆုတ်ရန် ရည်ရွယ်ချက် မရှိခဲ့ဘဲ၊ ခွန်အား​သက်သက်ဖြင့် ရင်ဆိုင်လိုက် ကြသည်။

ထိပ်တိုက် တွေ့ဆုံမှု တိုင်းသည်၊ ပတ်ဝန်းကျင်ရှိ ငရဲပန်း ပွင့်ချပ် များကို ပို၍ များပြား လာစေ၏။

၎င်းစွမ်းအင်သည် နိဗ္ဗာန် ရောင်ဝါကို ဝါးမြိုနိုင် သောကြောင့်၊ ယဲ့ယန်ပိုင်၏ စွမ်းအား (၃၀%)အား၊ လျော့ချ ပေးသည်။

ကျန်တဲ့ (၇၀%) အတွက်မူ၊ ဓား ရည်ရွယ်ချက်မှ တစ်ဝက် တိတိ ဖျက်ဆီးကာ၊ သူတော်စင် ခန္ဓာကိုယ် နှစ်ပါးမှ၊ ခံယူ ပေး၏။

မိုးပြာ နဂါး သူတော်စင် ခန္ဓာဖြင့် ခေါင်းချင်းဆိုင် တိုက်ပြီး၊ နဂါး​ပြာ ခန္ဓာ ကိုယ်မှ ဒဏ်ရာ များအား ပြန်လည် ကုသ ပေးသည်။

သို့သော် ယဲ့ယန်ပိုင် ခန္ဓာ အတွင်း၌ စွမ်းအင်များ ကုန်ဆုံးခြင်း မရှိ သဖြင့် စိတ်မရှည် နိုင်တော့ချေ။

“ ဟား ဟား ဟား ဒါက ယဲ့-မိသားစုရဲ့ ခွန်အားလား၊ ငါ့အတွက် ပျော်စရာလည်း လုံးဝ မ​ကာင်ဘူး။ ”

လင်းယွန်က ရယ်မောလျက် နောက် (၃)လှမ်း ဆုတ်ကာ၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းနှင့် အရိယာ ဓားသုတ္တန်ကို ဖြန့်ဝေ လိုက်သည်။

“ လာ ပြီ ... ။ ”

ယဲ့ယန်ပိုင်အား အသက်ရှူချိန် မပေးချေ။ လက်သီး များဖြင့် တရစပ် ပစ်ခတ် လိုက်သည်။ လက်သီးရိပ် များက အနက်ရောင် ပန်းပွင့်များ ရစ်သိုင်း နေသည့်၊ ဓားများ ကဲ့သို့၊ ရွာချ တော့သည်။

ယဲ့ယန်ပိုင် ခမျာ နိဗ္ဗာန် ရောင်ဝါ အချို့ဖြင့် သူ့ခန္ဓာကိုယ် အတွင်း ဝင်လာသော ငရဲ စွမ်းအင် များကို တွန်းထုတ် ထားရသည်။

ထို့ကြောင့် အဆိုပါ လက်သီး များကို မြင်သော အခါ၊ ကြောက်လန့် သွား၏။ မြေပြင် ပေါ် ပြန်လည် ဆင်းသက် လိုက်ပြီး၊ အသက် တစ်ချက် ရှူရန် ပြင်မိသည်။ သို့သော် တစ်ဖက် လူမှ သူ့အား အဆင်း မခံချေ။

မြေပြင်မှ နေ၍ အကြိမ်ပေါင်း များစွာ လိုက်ပါ တိုက်ခိုက်ပြီး၊ သူ့ကို လေထဲ တန်းလန်း ဖြစ်စေ ခဲ့သည်။

“ ဝေါ့ ... ။ ”

ထို့ကြောင့် မြေပြင်ပေါ် ခြေချနိုင် သည်နှင့်၊ သွေးမည်းများ ချက်ချင်း အန်ထုတ် လိုက်ကာ၊ နောက် သုံးလှမ်း ဆုတ်ခွာ သွားရသည်။

အဆိုပါ မြင်ကွင်းက၊ ရပ်ကြည့် နေသော သူတော်စင် တပည့် အပေါင်း တို့ကို၊ အံ့အားသင့် တုန်လှုပ် သွားစေ၏။

တစ်ဖက်တွင် ယဲ့-မိသားစု ဝင်များ အားလုံး၏ မျက်နှာများ မည်းမှောင် နေခဲ့သည်။ ပိုင်ယိဟွာက၊

“ ယဲ့-မိသားစုရဲ့ ... မျိုးဆက် သစ်တွေ ကြားမှာ၊ ယဲ့ချင်းရှန်ကို အနိုင် ယူဖို့ ... တကယ်ပဲ ဘယ်သူမှ ... မရှိတော့ ဖူးလား။ ”

-ဟု ရေရွတ် လိုက်သည်။

“ ဟမ့် ... ။ ”

ထိုစကားကြောင့် ယဲ့ချင်းဟုန် ခမျာ ဒေါသထွက် လာပြီး၊ နိဗ္ဗာန်-သတ္တမ အသွင် ပြောင်းခြင်း ရောင်ဝါနှင့် အမွေခံ ဓား သုတ္တန်အား ဖြန့်ထုတ် လိုက်သည်။

“ ဝှစ် ... ။ ”

သည့်နောက် လင်းယွန်ထံ လက်ဝါး တစ်ချက် ပေးပို့ လိုက်၏။ လင်းယွန် ပတ်ပတ် လည်ရှိ၊ ပွင့်ချပ်များ ပေါက်ကွဲ ကုန်ပြီး၊ ခြေလှမ်း အနည်းငယ် ​ပြန်ဆုတ် လိုက်ရသည်။

ခြေလှမ်း တိုင်းတွင်၊ ကမ္ဘာဖျက် ဆေးအိုး ကြီး၏ စွမ်းအင်ကို ခန္ဓာကိုယ် အတွင်း ပျံ့နှံ့စေ ပြီးနောက်၊ လက်ဖဝါးဖြင့် လှည့်ကာ ပြန်လည် ရင်ဆိုင် လိုက်၏။

“ ဖပ် ... ။ ”

“ အွတ် ... ။ ”

နိဗ္ဗာန်-သတ္တမမြောက် အသွင် ကူးပြောင်းခြင်း အစွမ်းသည် ယဲ့ယန်ပိုင်၏ ဆဌမမြောက် အသွင် ကူးပြောင်း ခြင်းထက် ပို၍ ကြောက်စရာ ကောင်း လေသည်။

ကမ္ဘာဖျက် ဆေးအိုး ကြီးကို အသုံး မပြုသော်၊ ဤသို့ ထိပ်တိုက် ရင်ဆိုင် ခြင်းဖြင့်၊ ပြင်းထန်သော ဒဏ်ရာများ ရရှိ နိုင်​၏။

“ ဝေါ့ ... ယဲ့-မိသားစုရဲ့ ပါရမီရှင် ဆိုတဲ့၊ မင်းက ငါ့ကို ခိုးကြောင် ခိုးဝှက် ဝင်တိုက်တာ လား၊ အရှက်မဲ့ လိုက်တာ၊ ...

... အနည်း ဆုံးတော့ ... ကျန်းယွီတောင် ငါ့ကို မျက်နှာ ချင်းဆိုင် တိုက်ဖို့ သတ္တိ ရှိတယ်၊ ဟား ဟား ဟား ... ။ ”

လင်းယွန်က နှုတ်ခမ်း ထောင့်စွန်းမှ သွေးများကို သုတ်လိုက်ပြီး၊ လက်အား ဆန့်ခွဲ လျက်၊

“ ယဲ့ချင်းဟုန် ... ဒီနေ့ မင်းရဲ့ ခိုးဝင် တိုက်ခိုက်မှု အတွက် ... ငါ သတိရ နေမှာပါ၊ အခုတော့ ငါသွား နှင့်တော့မယ်။ ”

-ဟု ဆိုကာ၊ နောက်ပြန် ပျံသန်း သွားတော့သည်။ ယဲ့ချင်းဟုန် ခမျာ မျက်နှာ မည်းမှောင် သွား၏။

သူ၏ ဆန္ဒ အမှန်မှာ၊ ယဲ့ချင်းရှန်အား သင်ခန်းစာ ပေးပြီး၊ မိသားစု ဂုဏ်သိက္ခာကို ပြန်လည် ထူထောင်ရန် ဖြစ်သည်။

သို့​သော် တစ်ဖက် လူမှ သူ့အား လှောင်ပြောင်လျက်၊ သည်အတိုင်း ထားသွား ခဲ့ချေပြီ။

“ သွား ရ အောင် ... ။ ”

ချက်ချင်းပင် ထွက်ခွာရန် ပြင်လိုက်မိ တော့၏။ ပိုင်ယိဟွာနှင့် ရှောင်ကျင်းယန်တို့ နှစ်ဦးသာ ရပ်ကျန် ခဲ့သည်။

“ ယဲ့ချင်းဟုန် တကယ် မပျော် တော့ပုံ ရတယ်။ ”

ရှောင်ကျင်းယန်က ယဲ့-မိသားစုဝင် များ၏ နောက်ကျောကို ကြည့်ကာ ပြောကြား လိုက် လေသည်။

“ ဘယ်တတ် နိုင်မလဲ၊ ယဲ့ချင်းရှန်က သူတို့ အားလုံးနဲ့ ပြိုင်ပြီး၊ တိုက်ပေး ရအောင် လူမိုက်မှ မဟုတ်တာ၊ ဒါပေမယ့် ... ဒီကောင်က အခုလို ထားခဲ့ မယ်လို့၊ မထင် တာတော့ အမှန်ပဲ။ ”

တစ်စုံ တစ်ယောက်မှ ယဲ့ချင်းရှန်အား သင်ခန်းစာ တစ်ခု သင်ပေးရန် မြင်ချင် ခဲ့သည်။ သို့သော် ၎င်းက ပြိုင်ဘက် နှစ်ယောက်ကို အနိုင် ယူပြီး၊ ချက်ချင်း ထွက်ခွာ သွားခဲ့၏။

“ ဒါလည်း ကောင်းပါတယ်၊ အမြင့် ရောက်လေလေ၊ အကျနာ လေလေပဲ။ ”

ထိုအချိန်တွင် လင်းယွန် တစ်ယောက် သူ့အိမ်သို့ ဦးတည် လာခဲ့၏။ ဝမ်ယွဲ့က သူ့ကို လိုက်မီ လာသည်။ သူတို့ နှစ်ဦးမှာ၊ သူငယ်ချင်းများ ဖြစ်နေပြီ ဖြစ်၏။

“ အစ်ကိုဝမ် ... ငါ့ ဒဏ်ရာ ဘယ်လိုလဲ ... ။ ”

လင်းယွန်က အိမ်ရောက် သည်နှင့်၊ ဝမ်ယွဲ့အား ဖိတ်ခေါ်က မေးသည်။ ဝမ်ယွဲ့မှ ဒဏ်ရာများကို စစ်ဆေးပြီး၊

“ ကောင်းပါတယ်၊ အစကတော့ ... မင်း ဒဏ်ရာ ရသွား ပြီလို့ ထင်ခဲ့တာ၊ ဒါ​ပေမယ့်​ ... ငါ အရမ်း စိုးရိမ်​​ လွန်နေခဲ့ ပုံပဲ။ ”

“ ဒါနဲ့ အစ်ကိုဝမ် ... မင်းရဲ့ ဘဝ ရည်ရွယ်ချက်က ဒဏ်ရာ တွေကို ကုသ ရာမှာ ထိရောက်မှု ရှိရဲ့လား။ ”

“ မဆိုး ပါဘူး ။ ”

“ ဒါဆို လုပ်ပါဦး။ ”

ဒဏ်ရာ ရရှိခဲ့ သော်လည်း နဂါးပြာ အရိုးကြောင့် အများစုမှာ ပြန်လည် ကောင်းမွန် လာ​ပြီ ဖြစ်သည်။

သို့သော် ဘဝ-ရည်ရွယ်ချက် အစွမ်းကို သိမြင်လို၍ ပြောလိုက်ခြင်း ဖြစ်၏။ တစ်ဖက် လူ ဝမ်ယွဲ့ သည်လည်း၊ စမ်းကြည့်ရန် ဆန္ဒရှိ သဖြင့်၊ ခေါင်းညိမ့် လိုက်သည်။

အတွင်းခန်း ရောက် သည်နှင့်၊ ဘဝ ရည်ရွယ်ချက်ကို လင်းယွန် ခန္ဓာ ကိုယ်ထဲသို့၊ လောင်းထည့် တော့၏။

လင်းယွန်က လိပ်နက် အသွင် ပြောင်းခြင်းဖြင့်၊ နဂါးပြာ အရိုးအား ဖုံးကွယ် ထားပြီး ဖြစ်သည်။

ထို့ကြောင့် ဘဝ-ရည်ရွယ်ချက်နှင့် နဂါးပြာ အရိုး၏ ခြားနားချက်ကို ခံစားရန် မျက်လုံးများ မှိတ်ချ မိ၏။

၎င်းတို့ နှစ်ခု လုံး၌ များပြား လှသော အသက် စွမ်းအင်များ ပါရှိနေ သော်လည်း၊ ခြားနားချက် ကြီးမား လေသည်။

နဂါးပြာ အရိုး၏ ကုသ နိုင်စွမ်း သုံးပုံ တစ်ပုံခန့် အကျိုး သက်ရောက်မှု မျိုးသာ၊ ဘဝ-ရည်ရွယ်ချက်မှ ရရှိ ပေ၏။

( နဂါးပြာ အရိုးရဲ့ အလား အလာကို ... ၊ ငါအပြည့် အဝ ... မတူးဖော် ရသေး ပုံပဲ။ )

လင်းယွန်မှ အတွေး ပွားနေ မိ၏။ လုံးဝ ပြန်လည် ကောင်းမွန်လာ ပြီးနောက် ဝမ်ယွဲ့က မျက်လုံးများ ဖွင့်ကာ၊

“ မင်းက ငါ့ရဲ့ ဘဝ-ရည်ရွယ်ချက်ကို စမ်းသပ် နေတာပဲ။ ”

-ဟု ပြောကြား လာ တော့သည်။

ဘဝ-ရည်ရွယ်ချက်ကို လင်းယွန် ခန္ဓာ ကိုယ်ထဲ သွန်းလောင်း လိုက်သော အခါ၊ တစ်ည အနား ယူရုံ​ဖြင့်၊ ဒဏ်ရာများ ပေျာက်ကင်း နိုင် မည်ကို၊ သူ သတိ ပြုမိခဲ့ လေသည်။

***

All Chapters