← Chapters

အခန်း (၁၉၆၆)

Vol. 141 Ch. 1966

အခန်း (၁၉၆၆)

Vol. 141 Ch. 1966

သူ့ ရည်ရွယ်ချက်ကို ဝမ်ယွဲ့ တွေ့ရှိ သွားသဖြင့်၊ လင်းယွန်မှ အဆင်မပြေ ဖြစ်သွား လေသည်။

သို့သော် ဝမ်ယွဲ့မှ စိတ်မ၀င်စား တော့ဘဲ ပြုံးလိုက်ပြီး၊

“ ကိစ္စ မရှိဘူး ... ၊ ငါ မင်းကို ဘယ်လို သင်ပေး ရမလဲ မသိလို့ အားနာ မိတယ်၊ မဟုတ် ရင် မင်းရဲ့ ဓားနဲ့ ... လဲလှယ် မိမှာ။ ”

ဘဝ-ရည်ရွယ်ချက် ဟူသည်၊ ကြယ်ဓား ဆုပ်ကိုင် ထားပုံနှင့် တူပြီး၊ အခြား သူများကို မည်သို့ သင်ပေး ရမည်အား မသိချေ။

ကျင့်ကြံမှု လမ်းတွင်၊ သိုင်း ရည်ရွယ်ချက် ဟူသည်၊ နားလည် သဘော ပေါက်မှု​ အပေါ် မူတည် ချေ၏။

တစ်စုံ တစ်ဦးအား ရှင်းပြရန် ကြိုးစားပါက အကျိုး သက်ရောက်မှု မရှိ သကဲ့သို့၊ လွှဲမှားမှု များပင် ဖြစ်လာ နိုင်မည်။

“ ဒါက ရိုးရှင်း ပါတယ် ... ၊ ငါ မင်းကို ပြောသားပဲ၊ အဲဒီ ဓားကို ... ငါ ဖန်တီး ထားတာ၊ မင်းဆန္ဒ ရှိရင် အချိန်မရွေး သင်ပေး နိုင်တယ်။ ”

လင်းယွန်မှ ပြုံးကာ ပြောလိုက်၏။ ဝမ်ယွဲ့ တစ်ယောက် မျက်လုံးပြူး သွားပြီး၊ လျစ်လျူရှု လိုက်​တော့သည်။

ယဲ့ချင်းရှန်သည် သူ့အား လှည့်စားရန် ကြိုးစား နေသည်။ မူလ အလင်းတွင် ပါရှိသည့် ရည်ရွယ်ချက်မှာ ရှေးရိုးဆန် ချေ၏။

၎င်းကို ရှေးဦးခေတ်၌ ဖန်တီးထား သည်ဟု ခံစား ရပြီး၊ ယဲ့ချင်းရှန်မှာ ထိုဓား တစ်ချက်သာ သိနိုင်မည်။

အဘယ့်ကြောင့် ဆိုသော် ထိုခေတ် ကျမ်းစာအုပ် များသည် ပျက်စီးပြီး မပြည့်စုံ​ ကြသော ကြောင့် ဖြစ်၏။

ထိုဓားသည် ယဲ့ချင်းရှန် မဆိုနှင့် ဓားသူတော်စင် တစ်ပါးပင်၊ ဖန်တီး နိုင်သော အရာမျိုး မဟုတ်ချေ။

လင်းယွန်က ဆက်မပြော တော့ဘဲ။

“ မင်းကို ငါ မေးချင်တာ တစ်ခု ရှိတယ်၊ ကောင်းကင် တာအို ဂိုဏ်းထဲမှာ ဘယ်သူက အင်အား အကောင်း ဆုံးလဲ။ ”

-ဟု မေးလိုက်သည်။

ယဲ့ချင်းဟုန်၏ ခွန်အားကို အကြမ်းဖျင်း သူ တွက်ဆ နိုင်၏။ ထိုမေးခွန်းကြောင့် ဝမ်ယွဲ့က အနည်းငယ် စဉ်းစားပြီး၊

“ မျိုးဆက်ဟောင်း တပည့်တွေ အားလုံးက အမည်ခံ သူတော်စင် နယ်ပယ်မှာ ရှိနေပြီ၊ ဒါက ပြင်ပမှာ ဆိုရင်၊ ထူးချွန် ထက်မြက် သူလို့ ... ယူဆ နိုင်ပေမယ့်၊ ...

... မြင့်မြတ် မြေတွေ မှာတော့ ဘာမှ မဟုတ်ဘူး၊ ရွှေအစောင့် တပ်တွေ မှာပဲ ဆက်နေ နိုင်ကြတယ်။ ”

“ ဒါဆို အကျိုးဆောင် ခန်းမမှာ ငါတို့ တွေ့ခဲ့တဲ့ ... ရွှေအစောင့် ပိုင်ရှောင်လို လူမျိုး တွေလား။ ”

လင်းယွန်မှ မေးသည်။

“ ဟုတ်တယ် ... ၊ သူတို့က သူတော်စင် အကြီးအကဲ တွေနဲ့ ယှဉ်နိုင်တဲ့ အဆင့် အတန်း ရှိတယ်၊ ဒါပေမယ့် ...

... သူတို့ အလား အလာက ... ၊ အကန့် အသတ် နဲ့ပဲ၊ သူတို့က အနာဂတ်မှာ သူတော်စင် နယ်ပယ် ရောက်ဖို့ ခက်ကြတယ်။ ”

ဝမ်ယွဲ့မှ ဖြေကြား လာသည်။ ပြီးနောက်။

“ မြင့်မြတ်မြေ တွေက ... တပည့် တစ်ယောက်ကို အလား အလာနဲ့ တိုင်းတာ ကြတယ်၊ ခွန်လွန်က အခြားသော ဉာဏ်ကြီးရှင် တေွနဲ့ ... ယှဉ်နိုင်စွမ်း ရှိတဲ့ လူငယ်တွေကို၊ ...

... ရွှေမျိုးဆက် အ​​ဖြစ် သတ်မှတ်တယ်၊ လက်ရှိ ငါတို့ ဂိုဏ်းမှာ ရွှေမျိုးဆက် တစ်စိတ် တစ်ပိုင်း အဖြစ်၊ ယူဆ နိုင်တဲ့ လူငယ် (၇) ယောက်ပဲ ရှိတယ်။ ”

“ ဟုတ်လား ... စိတ်ဝင် စားစရာပဲ။ ”

လင်းယွန် အမူအရာ လေးနက် လာ၏။

“ ဟုတ်တယ် ... ၊ နဂါးပြာ မှတ်တမ်း မကြာခင် ပေါ်လာတော့မှာ ဖြစ်လို့ ... ခွန်လွန်က ရွှေခေတ် ပြန်ရောက် လာလိမ့်မယ်၊ မြင့်မြတ် မြေတွေ ကြားမှာ၊ ဒါက ... လျှို့ဝှက်ချက် မဟုတ်ဘူး၊ ငါတို့ဂိုဏ်း ဆိုရင် ...

... လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ် တည်းက ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ် နေခဲ့ တာ၊ ရွှေခေတ်မှာ ငါတို့ရဲ့ မျိုးဆက်တွေ တောက်ပဖို့၊ ရည်ရွယ် ထားတယ်၊ ...

... သူတို့ အားလုံး အဲဒီ အချိန် ဆိုရင်၊ သူတော်စင်တွေ ဖြစ်လာ လိမ့်မယ်၊ ဒီထက် ပို​ပြီး တိတိ ကျကျ ပြောရရင်၊ မဟာ သူတော်စင် နယ်ပယ်ကို ကျော်လွန်ပြီး၊ ဧကရာဇ် အထိ တောင် မျှော်လင့် ထားကြတယ်။ ”

“ မင်း ... ဆိုလိုတာက ... ၊ ရွှေမျိုးဆက် ဆိုတာ၊ ဧကရာဇ် တစ်ပါး ဖြစ်ဖို့ အလား အလာ ရှိတယ်ပေါ့ ... ဒီလိုလား။ ”

လင်းယွန်မှ ပြန်မေးသည်။

“ ဟုတ်တယ် ... ။ ”

“ အဲဒီ (၇)ယောက်က ဘယ်သူ တွေလဲ။ ”

“ မင်း သိ​လောက်တဲ့ ... လူနဲ့ စလိုက် ရအောင်၊ ပထမ တစ်ယောက်က ... ငရဲ သစ်ခွ ခြံဝင်းရဲ့ ... သန့်ရှင်းသော သမီးတော်ပဲ။ ”

ဝမ်ယွဲ့မှ ပြုံးကာ ပြောသည်။

“ သူက မွေးရာပါ ယန်-သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး၊ မီး-ရေခဲ ရည်ရွယ်ချက် ဆုပ်ကိုင် ထားတယ်၊ နတ်ခန္ဓာ အထိ မြှင့်တင်ဖို့ ကြိုးစားနေ တယ်လို့ ကြားတယ်၊ ...

... ကျင့်ကြံမှုက နိဗ္ဗာန်-နဝမမြောက် ... အသွင် ကူးပြောင်းမှု ရောက်​နေပြီ၊ သူဆန္ဒ ရှိတဲ့ အချိန်တိုင်း .. အမည်ခံ သူတော်စင် နယ်ပယ်ကို တက်လှမ်း နိုင်တယ်။ ”

လင်းယွန် ခမျာ မျက်လုံးပြူး သွား၏။ ပိုင်ရှုရင် တစ်ယောက် အဘယ်ကြောင့် သည်မျှ ထိတ်လန့် စရာ ကောင်းနေခဲ့ သည်ကို၊ နားလည် လိုက်ပြီ ဖြစ်သည်။

“ ဒုတိယ လူ ကိုလည်း ... ၊ မင်း ရင်းနှီးတယ်၊ သူက ငါတို့ ဝမ်-မိသားစုရဲ့ ပါရမီရှင် ဝမ်မူယန်ပဲ၊ ယင်-နန်းတော်က သန့်ရှင်းသော သမီးတော်။ ”

“ သူက ဒီလောက်လည်း မဟုတ် ပါဘူး။ ”

လင်းယွန်က အံ့သြ​ သွားသော လေသံနှင့် ပြောကြားလိုက်သည်။ သူသာ မှန်ကန်စွာ မှတ်မိ နေပါက၊ ဝမ်မူယန်သည် နိဗ္ဗာန်-စတုတ္ထမြောက် အသွင် ကူးပြောင်းမှုတွင် ဖြစ်သည်။

“ သူ့ အသက် ... ဘယ်လောက် ရှိပြီလို့ မင်းထင်လဲ။ ”

ဝမ်ယွဲ့မှ မေးသည်။ ထို့နောက် လင်းယွန် အဖြေကို စောင့် မနေ တော့ဘဲ၊ သူ့ကိုယ်တိုင်ပင် ပြန်ဖြေ သွား၏။

“ သူ့ အသက်က ... နှစ်ဆယ်​ မပြည့် သေးဘူး၊ ကောင်းကင် စက်ဝန်း ဘုံကျောင်းကို ဝင်လိုက်ရင် ... ဘာဖြစ် မလဲ စဉ်းစားကြည့်၊ နောက်တစ်ခုက အရေး အကြီးဆုံးပဲ၊ ...

ဝမ်ယွဲ့က ထိုနေရာ အရောက်တွင် သူ့အသံကို တိုးလိုက်ကာ၊

“ သူက ထူးဆန်းတယ်၊ ဝမ်-မိသားစုရဲ့ အကြီးအကဲ တွေတောင် သူမ ရုပ်ကို မမြင်ဖူး ကြဘူး၊ နတ်မိစ္ဆာ မျက်နှာ တစ်ထောင် ပညာ ရပ်ကို လေ့ကျင့် ထားပြီး၊ ...

... နေလ ယင်-နတ်ခန္ဓာနဲ့၊ မွေးရာပါ သူတော်စင် နှလုံးသား ပိုင်ဆိုင် ထားတယ်လို့ ကောလာ ဟလတွေ ရှိတယ်။ ”

-ဟု ပြောကြား လာ၏။

ထိုစကားကြောင့် လင်းယွန် မျက်နှာ ပြောင်းလဲ သွားကာ၊ လေးလေး နက်နက် အတွေးများ ဝင်လာ ခဲ့သည်။

ဝမ်မူယန်သည် အလွန် လျှို့ဝှက် ဆန်းကြယ်ချေ၏။ ဝမ်-မိသားစုပင် သူမအား မမြင်နိုင်ဟု မထင်ထား မိချေ။

“ တတိယ တစ်ယောက်က သန့်ရှင်းသော သားတော်ပဲ၊ သူ့အသက် သုံးနှစ် အရွယ် ထဲက၊ သန့်ရှင်းသော သားတော် ဘွဲ့ ရထားတာ၊ အခု ဆို ... တံခါးပိတ် ကျင့်ကြံနေတာ နှစ်(၂၀) ရှိပြီ၊ အရမ်း လျှို့ဝှက် လွန်းတဲ့ လူ၊ ...

... စတုတ္ထ လူက တော်ဝင် သမီးတော် ခြံဝင်းရဲ့ .. သန့်ရှင်းသော သမီးတော် မြောင်ရင်၊ သူ့မှာ ဖျက်ဆီးခြင်း သူတော်စင် ယင်-ခန္ဓာ ရှိပြီး၊ မဟာ ယင်-သူတော်စင် ကျမ်းကို လေ့ကျင့် ထားတယ်၊ ...

... သူမှာ လျှို့ဝှက် ဆန်းကြယ်တဲ့ နောက်ခံမျိုး ရှိတယ်၊ သူ ဘယ်က လာတယ်၊ သူ ဘယ်သူ ဆိုတာ ... ဘယ်သူမှ မသိဘူး၊ တော်ဝင် သမီးတော် ခြံဝင်းမှာ ... သူ ပေါ်လာ တုန်းက အကြီး အကျယ် ရုတ်ရုတ် သဲသဲ ဖြစ်ခဲ့​ကြ သေးတယ်။ ”

“ ဘယ်သူမှ သူ့ကို စုံစမ်းဖို့ မကြိုးစား ဖူးလား။ ”

လင်းယွန်က မေးသည်။

“ ဘယ်သူ စုံစမ်း ရဲမှာလဲ၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင်က နတ်နဂါး အသွေး အသား ပိုင်ဆိုင်ပြီး၊ ဧကရီနဲ့ သွေးသား ဆက်နွယ်မှု ရှိတယ်၊ ဒါပေမယ့် ...

... ဘာကြောင့် သူ့ မိသားစု ကနေ ... ထွက်လာပြီး၊ ကောင်းကင် တာအို ဂိုဏ်းမှာ လာနေ ရတာလဲ ဆိုတာတော့ ဘယ်သူမှ မသိဘူး။ ”

ထိုစကားကို လင်းယွန်က အံ့သြခြင်း မရှိခဲ့ချေ။ ယင်းသည် သူ့ဆရာ သက်တံဓား သူတော်စင်နှင့် ပတ်သတ် နေပေ လိမ့်မည်။

“ ပဉ္စမ တစ်ယောက်က ... မင်းမိသားစုရဲ့ ပါရမီရှင် ယဲ့ဖန်ပဲ၊ သူ့ အကြောင်း ကိုတော့ မင်း အသိဆုံးပဲ ... ၊ ငါ ဆက်မပြော တော့ဘူး။ ”

သို့သော် ယဲ့ဖန် အကြောင်း၊ သူ မသိ သဖြင့် လင်းယွန်မှ ကူကယ် ရာမဲ့စွာ ပြုံးလိုက် မိသည်။

“ နောက် တစ်ယောက်က ... ကျန်း-မိသားစုရဲ့ ... ပါရမီရှင် ကျန်းမူလန်၊ နတ်နဂါး အရိုး ပိုင်ဆိုင်ပြီး၊ နဂါး မိသားစုရဲ့ သိုင်း ပညာ ရပ်တေွကို လေ့ကျင့် ထားတယ်၊ ဒါကြောင့် ကောင်းကင် တာအို ဂိုဏ်းက၊ ...

... သူတော်စင် တပည့်တွေ ကြားမှာ၊ အသန်မာဆုံး ကိုယ်လုံး ကိုယ်ပေါက် ပိုင်ရှင် တစ်ယောက်ပဲ။ ”

နတ်နဂါး အရိုး အကြောင်း ကြားသော အခါတွင်၊ လင်းယွန်၏ မျက်လုံးများ လင်းထိန် သွားသည်။

“ ဘာဖြစ် တာလဲ ... ၊ မင်း သူ့ကို သိလို့လား။ ”

လင်းယွန် အမူ အရာ ပြောင်းလဲ သွားသည်ကို သတိပြုမိ သဖြင့်၊ ဝမ်ယွဲ့မှ မေးမြန်း လာသည်။

“ မဟုတ် ပါဘူး ... ၊ ငါ မသိဘူး။ ”

နတ်နဂါး အရိုး ဟူသော အမည်​ကြောင့် လင်းယွန် လက်များ ယားယံလာ၏။ အဆုံးတွင် နတ်နဂါး အရိုး များစွာကို၊ သည်လက်ဖြင့် နှိုက်ယူ ခဲ့ဖူးသည်။

“ နောက်ဆုံး တစ်ယောက် ကတော့ ... လျှို့ဝှက် အဆန်း ကြယ်ဆုံး လူပဲ၊ တာအို ယန် နန်းတော်ရဲ့ ... သန့်ရှင်းသော သားတော်။ ”

ဤလူ အမည်ကို ရင်းနှီးနေ သ​ဖြင့် လင်းယွန်မှ မအံ့​သြချေ။ ကောင်းကင် တာအို ဂိုဏ်းကြီးသို့ ရောက်တည်း ကပင်၊ ထိုသူ အကြောင်း ကြားခဲ့ ရ၏။

“ သူက ... အခု ဘယ်မှာလဲ။ ”

“ မသိဘူး၊ ကောင်းကင် စက်ဝန်း ဘုံကျောင်းတော်ရဲ့ ... (၃၆) လွှာမှာ လေ့ကျင့် နေနိုင်တယ်၊ ဒါမှမဟုတ် အရှေ့ဘက် ပျက်စီးမြေ ကနေလည်း ... ထွက်သွား နိုင်တယ်။ ”

ဝမ်ယွဲ့မှ ခေါင်းယမ်းကာ ပြန်ဖြေသည်။ ထိုစကားကြောင့် လင်းယွန် တစ်ယောက် အနည်းငယ် ငြိမ်သက် သွား၏။

“ မင်း ... သူ့ကို အရင်က တွေ့ဖူးလား။ ”

“ တွေ့ဖူးတယ်၊ ဒါပေမယ့် အဝေး ကနေ တစ်ကြိမ်ပဲ မြင်ဖူးတာ၊ သူက ထူးထူး ခြားခြားပဲ ဆိုတာထက် ဘာမှ ပိုပြီး မသိ ခဲ့ဘူး၊ သူနဲ့ နတ် ဖီးနစ် တောင်ရဲ့ မင်းသမီးကို၊ ...

... အရှေ့ဘက် ပျက်စီးမြေက ... ၊ ကြယ်နှစ်ဖော် အဖြစ် သတ်မှတ် ကြတယ်၊ သူတို့ အမည် တွေကို ခွန်လွန်က သိတယ်။ ”

“ သူတို့ အမည်ကို ... ခွန်လွန်က သိတယ်လား။ ”

လင်းယွန်မှ ပြုံးကာ သံယောင်လိုက် ရေရွတ်လိုက်၏။ သူသည် ထိုသူ မည်သူ့ ကိုမျှ အရှုံး ပေးလိမ့်မည် မဟုတ်ကြောင်း၊ ဆုံးဖြတ်ချက် ချလိုက်သည်။

ဝမ်ယွဲ့က ထိုအရာကို သတိ ပြုမိ သော်လည်း၊ ၎င်းနှင့် ပတ်သတ်ပြီး ဝေဖန်ချက် မပြုချေ။

“ ညီအစ်ကို ယဲ့ ... ၊ မင်းမှာ သူတို့ကို လိုက်မီဖို့ အချိန် ရှိပါ သေးတယ်၊ အလင်း မူလ ဓားက ရွှေမျိုးဆက်ရဲ့ ... ကျေးဇူးတော် အချို့ကို ပိုင်ဆိုင် ထားတယ်၊ ဒါက မင်းအတွက် ... အခွင့် အရေးပဲ။ ”

“ ဟုတ်လား ... ။ ”

လင်းယွန်က ပြုံးမိသည်။ သို့သော် ဝမ်ယွဲ့မှ ယဲ့ချင်းရှန် တစ်ယောက် သူ့ကိုယ်သူ ယုံကြည်မှု မရှိဟု နားလည်မှု လွဲသွားကာ၊

“ သေချာတာ​ပေါ့ ... လက်ရှိ မင်းရဲ့ အောင်မြင်မှု တွေက၊ သူတော်စင် မူလ ကနေ လာတယ်လို့ ... လူတိုင်း ပြော​နေ ကြတယ်၊ ဒါပေမယ့် ... ငါတော့ မယုံဘူး၊ ...

... အလင်း မူလကို နားလည်ဖို့ ဆိုရင် ... သူတော်စင် တစ်ပါးတောင် အခက် တွေ့လိမ့် မယ်၊ ဒါဆို သူတော်စင် မူလကို သန့်စင်ရုံနဲ့ ဘယ်လိုလုပ် နားလည် နိုင်မှာလဲ။ ”

“ ဒါတော့ သေချာတယ်၊ အလင်း မူလကို ငါဖန်တီး ထားတာ ... သူတော်စင် မူလနဲ့ ဘာမှ မဆိုင်ဘူး။ ”

လင်းယွန်မှ ဝန်ခံ လိုက်သည်။ သို့သော် ဝမ်ယွဲ့မှာ မျက်လုံးပြူး သွားပြီး လျစ်လျူရှု သွား တော့၏။ သူ့စကားကို မယုံချေ။

ဝမ်ယွဲ့ နှုတ်ဆက် ထွက်သွား ပြီးနောက် လင်းယွန် တစ်ယောက် တည်း အတွေး များဖြင့် ကျန်ရစ် ခဲ့သည်။ ကောင်းကင်ကြီး မှောင်သွား ချိန်၌၊ ခရမ်းငယ်က မနေနိုင် တော့ဘဲ၊

“ သွားကြ ရအောင်။ ”

-ဟု လာခေါ် တော့၏။

“ ငါ လမ်းသိတယ်၊ အခုချိန် ငရဲ သစ်ခွ ရင်ပြင်မှာ၊ နင့်ကို တွေ့ရင် ဘယ်သူမှ သံသယ ဝင်ကြ တော့မှာ မဟုတ်ဘူး၊ ဒါက အရမ်း ကောင်းတဲ့ အခွင့် အရေးပဲ။ ”

“ နေပါဦး စောင့်ရအောင်၊ နေ့ခင်းက ဖြစ်ပျက် သွားတဲ့ နောက်မှာ၊ နိမ့်ကျတဲ့ ပုံရိပ်မျိုး ငါ ထိန်းထားဖို့ လိုတယ်။ ”

လင်းယွန်က ငြင်းဆန် လိုက်၏။

“ ဟမ့် ... နင် ဘယ်တုန်းက နိမ့်ကျတဲ့ အသွင်မျိုး ယူဖူးလို့လဲ။ ”

ခရမ်းငယ်က အထင် အမြင် သေးစွာ ပြောလာသည်။ ထိုစကားကို ပြန်လည် ချေပလို သော်လည်း၊ သူမ မမှား သဖြင့်၊ လင်းယွန်မှ လျစ်လျူရှု လိုက်ရ၏။

ကတိ ပေးထား ပြီးနောက်၊ ကောင်းကင် ရေကန်သို့ သွားမည်မှာ မှန်သော်လည်း၊ ယနေ့ မဟုတ်ချေ။

ထို့နောက် တစ်ညလုံး အရိယာ ဓားသုတ္တန်ကို လေ့ကျင့် နေခဲ့သည်။ မိုးကုပ် စက်ဝိုင်းမှ နေရောင်ခြည်များ တောက်ပ လာချိန် မှသာ ရပ်နား လိုက်၏။

မြေပြင် ပေါ်ရှိ ငရဲပန်း ပွင့်က၊ ခန္ဓာကိုယ်ထဲ ပြန်ဝင် လာသည်။ မျက်ဝန်း အတွင်း၌ အေးစက် နေသော ငရဲ စွမ်းအင်များ ရစ်သိုင်း နေ၏။

ခရမ်းရောင် နန်းတော် အတွင်းရှိ၊ ငရဲပန်းတွင် ပွင့်ချပ် (၈၀) ရှိလာပြီး ဖြစ်သည်။ ယင်းမှာ ဒသမ အဆင့် အထွတ် အထိပ် ဖြစ်ချေ၏။

ရုတ်တရက် ခြံဝင်း ထဲသို့၊ မဖိတ်​ခေါ် ထားသော ဧည့်သည် တစ်ဦး ရောက်ရှိ နေ သည်ကို သတိ ထားမိ လိုက်သည်။

အဖြူ​ရောင် ဝတ်ရုံကို ဆင်မြန်းလျက် သူ့အား ကျောပေး ထိုင်နေ၏။ လှည့်မကြည့် သော်မှ ငရဲ သစ်ခွ ခြံဝင်း၏ သန့်ရှင်းသော သမီးတော် ဖြစ်ကြောင်း ပြောနိုင်သည်။

“ အစ်မ ပိုင် ... ။ ”

“ ငါ့နောက် လိုက်ခဲ့ ... ၊ ငါ့ဆရာက နင့်ကို တွေ့ချင် နေတယ်။ ”

ပိုင်ရှုရင်က လှည့်ကာ ပြောလာ သဖြင့် လင်းယွန် မျက်နှာ ပြောင်းလဲ သွားပြီး သတိဝင် လာတော့၏။ ဟောပြောပွဲ ပြန်လည် စတင်မည့် နေ့သည်၊ မနက်ဖြန် မဟုတ်ချေ။

“ လာ ... ။ ”

ပိုင်ရှုရင်က ကောင်းကင်ပေါ် ပျံတက် သွားသဖြင့့်၊ ဓားသေတ္တာကို ဆွဲကာ အမြန် လိုက် ရတော့သည်။

တိမ်ပင်လယ် ကြီးကို ဖြတ်နေစဉ်၊ တောင်တန်းကြီး တစ်ခုအား တိမ်များကြးမှ ဖျပ်ခနဲ မြင်လာ ရသည်။

( ဒါ ... ငရဲသစ်ခွ တောင်ပဲ၊ ဟိုမှာ ကောင်းကင် ရေကန်။ )

ခရမ်းငယ်က အတွင်းမှ ချောင်းကာ ထအော်သည်။ ထိုစကားကြောင့် လင်းယွန်မှာ စိတ်လှုပ်ရှား လာ၏။

ပိုင်ရှုရင်သည် သူ့အား အဘယ့်ကြောင့် ဤနေရာသို့ ခေါ်ဆောင် လာသည်ကို တွေးဆ မရသေး သဖြင့်၊ သတိ မပြတ် ဝံ့ချေ။

***

All Chapters