← Chapters

အချစ်နှင့် အမုန်း ... ။

Vol. 141 Ch. 1968

အချစ်နှင့် အမုန်း ... ။

Vol. 141 Ch. 1968

“ ကောင်းပြီ ... ပိုင်ရှုရင် မင်းအရင် ထွက်သွား နိုင်တယ်။ ”

ကျောက်စိမ်းဓား သူတော်စင်က သူမ တပည့်မကို ပြောလိုက်သည်။

“ ဟုတ်ကဲ့ ... ။ ”

ပိုင်ရှုရင်က လင်းယွန်ထံ တစ်ချက် ကြည့်ကာ၊ အထင်အမြင် သေးမှုအား ထင်ထင် ရှားရှား ပြသ ခဲ့၏။

သို့သော် လင်းယွန်မှ မမြင်ချင်ယောင် ဆောင်ထား လိုက်သည်။ သူမ ထွက်ခွာသွား ပြီးနောက်၊ ကျောက်စိမ်းဓား သူတော်စင်က

“ ဘာလို့ ... သဘော မတူ တာလဲ။ ”

-ဟု မေးမြန်း၏။

“ သိုင်း အဒေါ် ... ၊ မုသား စကား ကြား ချင်လား၊ ဒါမှ မဟုတ် အမှန် တရားကို ကြား ချင်လား။ ”

“ နှစ်မျိုးလုံး ... ။ ”

“ သူမရဲ့ ကျင့်ကြံမှုကို ... ၊ ကျွန်တော်နဲ့ အတူတူ ကန့်သတ် လိုက်မယ် ဆိုရင်၊ သူရှုံးမှာ သေချာတယ်။ ”

“ မင်းက ... မင်းဆရာ လိုပဲ၊ ဒေါသ ကြီးတယ်၊ အဆုံး ထိတောင် ငါ့ရဲ့ ကျောက်စိမ်း ဓား မျိုးရိုးကို၊ အထင်သေး နေတယ်။ ”

ကျောက်စိမ်းဓား သူတော်စင်မှ ပြုံးလျက် ပြောကြား လာသည်။ သို့သော် လင်းယွန်မှ မသိ နား မလည် သကဲ့သို့၊ ဟန်ဆောင် လိုက်ပြီး၊

“ ဟုတ်တယ် ... ၊ မူလ နဂါး မဟာ သူတော်စင်က ... ၊ တကယ် ဒေါသ ကြီးတယ်။ ”

-ဟု မှတ်ချက်ချ လိုက်၏။

“ ပိုးစုန်းကြူး နတ်ဓားကို ... မင်း ဘယ်လောက် အထိ ... နားလည် နေ ပြီလဲ။ ”

“ အနန္တ ဓားများ ပေါင်းစည်းခြင်းမှာ ရပ်နေတယ်။ ”

“ ပုံစံ တစ်ခု စီကို ... ဘယ် အဆင့်ထိ နားလည်လဲ။ ”

“ အနိမ့်ဆုံး ပြီးပြည့်စုံသော ကျွမ်းကျင်မှု၊ အချို့မှာ သရုပ်ဖော် အဆင့်။ ”

“ ဒါဆို ... ငါ ကြည့်ရအောင်။ ”

“ ဟုတ်ကဲ့ ... ။ ”

လင်းယွန်က အသက် ပြင်းပြင်း ရှူပြီး ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်လိုက် သည်။

ပြီး ပန်းသင်္ချိုင်းဓားကို ဆွဲလျက်၊ ကစားပြ လိုက်တော့၏။ ဓားရေး၏ နက်နဲ သိမ်မွေ့မှုကို အပြည့် အ၀ ပြသ နိုင်ချေပြီ။

ဤသည်မှာ ဓားရေး တစ်ရပ် အပေါ်၊ သူအလို ရှိသည့် အတိုင်း၊ အသုံးပြု နိုင်သော သရုပ်ဖော် အဆင့် ဖြစ်၏။

“ ကျွန်တော့်ရဲ့ ရှက်စရာ ကောင်းတဲ့ စွမ်းဆောင်ရည် အတွက် တောင်းပန် ပါတယ်။ ”

နောက်ဆုံး ဓားကို ထုတ်ဖော်ပြီး၊ လက်ဝှေ့ယမ်းကာ၊ ပြောကြား လိုက်သည်။

“ တကယ် ရှက်စရာလို့ ... မင်း မထင် ဖူးလား။ ”

“ ဟမ့် ... ။ ”

“ ဘာလဲ ... ၊ ငါက မင်းကို ချီးကျူးမယ် ထင်နေ တာလား။ ”

“ မမျှော်လင့် ရဲပါဘူး။ ”

“ ဒါပေမယ့် ... မျှော်လင့် နေတယ် မဟုတ်လား။ ”

ကျောက်စိမ်းဓား သူတော်စင်က၊ အထင်အမြင် သေးစွာဖြင့် လင်းယွန် ရင်တွင်းမှ ဆန္ဒကို ထုတ်ဖော် ပြောကြား လာသည်။

“ တကယ် မမျှော်လင့် တာပါ။ ”

ကျောက်စိမ်းဓား သူတော်စင်၏ ပစ်မှတ် ထားခြင်း ခံလိုက်ရ သဖြင့်၊ လင်းယွန်မှာ ဦးရေ ပြားများ ထုံကျင် သွား၏။

လက်ရှိ အချိန်၌ အမြီးကုပ် ထားရ ပေမည်။ အဘယ့်ကြောင့် ဆိုသော်၊ သူ့ စီနီယာ အစ်ကိုပင် သူမအား ကြောက်ရ ချေ၏။

“ မင်းက ဓားသမား တစ်ယောက် ဖြစ်ပြီး၊ သရုပ်ဖော် အဆင့်က အဆုံး မဟုတ်ဘူး ဆိုတာ သိသင့်တယ်။ ”

“ ဟုတ်ကဲ့ သိပါတယ်။ ”

“ သိရင် ဘာလို့ ... မလေ့ကျင့် ရတာလဲ။ ”

“ အခုက အချိန် မဟုတ် သေးဘူး ထင်ပါတယ်၊ ပိုးစုန်းကြူး နတ်ဓားက သော့ တစ်ချောင်း ပဲလို့ ခံစား ရတယ်၊ ဓားပုံစံ (၁၃) မျိုးက မှန်းဆ မရ ပါဘူး၊ ဒါကြောင့် ခွဲခြမ်း စိတ်ဖြာခြင်း အဆင့်ကို တက်ဖို့၊ အချိန် စောင့်နေ တာပါ။ ”

“ မဆိုး ပါဘူး ... ၊ အနည်း ဆုံးတော့ ... မင်းမှာ ဦးနှောက် ရှိသေးတယ်၊ နောက်ဆုံး ဓား ပုံစံကို ဘာလို့ မကျွမ်းကျင် ရတာလဲလို့ ... တွေးဖူး သလား။ ”

“ တေရသမ မြောက် ဓားပုံစံက နက်နဲ လွန်းတယ်၊ အဲဒါကို ... နား မလည် နိုင်အောင် ကျွန်တော်က တုံးလွန်း ပါတယ်။ ”

အနန္တ ဓားများ ပေါင်းစည်းခြင်းကို အကြိမ်ပေါင်း များစွာ ကြိုးပမ်း ခဲ့ပြီး၊ မအောင် မြင်ခဲ့ချေ။

သို့သော် လက်ရှိ နားလည် ထားမိ သမျှ ဖြင့်ပင်၊ လုံလောက်ပြီ ဖြစ်လေရာ၊ စိတ်ထဲမှ ထုတ်ထား ခဲ့မိ၏။

“ ဟား ... ဟား ... ဟား ... ။ ”

ကျောက်စိမ်းဓား သူတော်စင်က ရယ်မော လိုက်လေသည်။ သူမ ထံမှ သတ်ဖြတ် လိုသော ဆန္ဒမျိုး၊ တစ်ကြိမ်မျှ မခံစားဖူး သော်လည်း၊ လင်းယွန်မှ ကြောက်၏။

သူမ၏ အပြုံး သည်ပင် သူ့ ဆံပင်ကို ထောင်မတ်သွား စေသည်။

“ ငါ့အမြင် အရတော့ ... ၊ ကောင်းကင် တာအို ဂိုဏ်းမှာ ... အမှိုက်တွေ အများကြီး ရှိတဲ့ အတွက်၊ ဒါနဲ့တင် လုံလောက် နေပြီ၊ တေရသမ ဓားကို၊ လေ့ကျင့်ဖို့ မလိုလို့ မင်း ထင်နေတယ် မဟုတ်လား။ ”

လင်းယွန် မျက်နှာ ပြောင်းလဲ သွား သော်လည်း၊ ဟန်မပျက်၊ ‘သိုင်း အဒေါ် မှန်ပါ တယ်၊’ -ဟု ပြန်ဖြေ မိ၏။

“ ငါ မင်းကို ရိုးသားမယ် ... ၊ ရှုရင်ဟာ ​​လွန်ခဲ့တဲ့ တစ်နှစ်တည်းက တေရသမ ဓားပုံစံကို သင်ယူ ထားပြီးပြီ။ ”

“ ဒါ ... ။ ”

“ ဘာလဲ ... ၊ မဖြစ်နိုင် ဖူးလို့ ... ပြောချင် နေတာ မဟုတ်လား၊ ရှုရင်ကို ငယ်ငယ်တည်းက ငါ သင်ကြား ပေးတာမို့၊ သူရဲ့ အခြေခံ အုတ်မြစ် နဲ့၊ အရည်အချင်း အရ ... မင်းထက် အများကြီး သန်မာတယ်။ ”

လင်းယွန်က ပြန်လည် ငြင်းခုန်ခြင်း မပြုတော့ဘဲ၊ အတွေးထဲ နစ်မျော သွားလေ သည်။

ဆဋ္ဌမမြောက် ဓားပုံစံကို ထုတ်ပြခဲ့ စဉ်က၊ အစ်ကိုကြီးမှ ချီးကျူး စကား ဆို၏။ သူတော်စင် အကြီးအကဲများ ကလည်း၊ ထိတ်လန့် ခဲ့သည်။

ဤအရာကြောင့် သူသည်၊ အတော်ဆုံး ဖြစ်သည် ဟူသော လွဲမှားသည့် အမြင်မျိုး ရရှိ လာကာ၊ ရပ်လိုက် မိ၏။

ထို့ကြောင့် ကောင်းကင်ဘုံ ကျောက်စိမ်း ဓားသူတော်စင်၏ စကားသည်၊ သူ့ အပေါ်သို့ ရေခဲ ရေဖြင့် လောင်းချ လိုက် သကဲ့သို့၊ လန့်နိုးသွား စေသည်။

“ ဘယ်လိုလဲ ... ၊ မင်း အခု သူ့ကို အနိုင်ယူ နိုင်တယ်လို့ ... ထင်နေ သေးလား။ ”

လင်းယွန်မှ မည်သို့ တုံ့ပြန်ရ မည်ကို တွေးတော နေစဉ်၊ ကျောက်စိမ်းဓား သူတော်စင် က၊

“ မင်းက သက်တံဓားရဲ့ တပည့်ပဲ၊ ဘာလို့ ဖုံးကွယ် နေတာလဲ၊ လင်းယွန် ... မင်း ငါ့ရှေ့မှာ ဘယ်လောက် ကြာကြာ၊ လိမ်ညာ နေဦး မှာလဲ။ ”

-ဟု အော်ငေါက်လျက်၊ သူတော်စင် ရောင်ဝါများ ထုတ်လွှတ် လာတော့သည်။

ကောင်းကင်နှင့် မြေကြီး တုန်လှုပ် လာပြီး၊ လင်းယွန်၏ စိတ်ဝိညာဉ်အား ယိမ်းထိုး သွားစေ ခဲ့၏။

လင်းယွန်က ခေါင်းကို မော့ကြည့် လိုက်သော အခါ၊ ကျောက်စိမ်းဓား သူတော်စင် ၏ အသွင် အပြင်ကို၊ ရှင်းလင်းစွာ မြင်လိုက် ရသည်။

သူမ အလှသည် ချို့ယွင်းချက် မရှိချေ။ နဖူးပေါ်ရှိ အနီရောင် မာကျူရီ အမှတ် အသား၌၊ အချစ်နှင့် အမုန်းများ ပူးတွဲ တောက်လောင် နေ၏။

သူမ၏ ကျက်သရေသည် ပြိုင်စံ ရှားပြီး၊ တုနှိုင်းမဲ့၏။ လင်းယွန်မှ အနည်းငယ် တုန်လှုပ် သွားမိသည်။

ဆရာသည် သူ့အား ဤနေရာသို့ ပို့လွှတ် ရာတွင်၊ တစ်စုံတစ်ရာ ရည်ရွယ်ချက် ရှိကြောင်း သေချာ နေချေပြီ။

နောက်ဆုံးတွင် ကျောက်စိမ်းဓား သူတော်စင်၏ အမုန်း တရားမှာ မည်မျှ သိပ် သည်း ကြောင်း မြင်သာ ချေ၏။

***

All Chapters