← Chapters

သက်တံဓား မျိုးရိုးက ဒါပဲလား။

Vol. 141 Ch. 1969

သက်တံဓား မျိုးရိုးက ဒါပဲလား။

Vol. 141 Ch. 1969

ကျောက်စိမ်းဓား သူတော်စင်မှ သူတော်စင် ရောင်ဝါဖြင့်၊ ဖုံးအုပ် ထားသော သူမ ရုပ်သွင်ကို ထုတ်ဖော် ပြသ လာသည်။

“ စီနီယာ ... ၊ မင်း နောက်နေ တာလား။ ”

“ သက်တံဓားရဲ့ မျိုးရိုးက ... ၊ သတ္တိ ရှိရှိ ဝန်မခံ ရဲဖူးလား။ ”

ကျောက်စိမ်းဓား သူတော်စင်မှ လှောင်ပြောင်၏။ လင်းယွန်က ကူကယ်ရာ မဲ့စွာ ပြုံးပြီး၊

“ သိုင်းအဒေါ် ... ၊ မင်း ဘာတေွ ပြောနေ တာလဲ ... ငါနား မလည်ဘူး။ ”

“ ဒါက ကျန့်ဝူမင် ... မင်းကို သင်ပေးခဲ့ တာလား၊ ဆက်ငြင်း နေဦးမယ် ဆိုရင်၊ မင်းကို ငါ အခု ချက်ချင်း သတ်ပစ်မယ်။ ”

သတ်ဖြတ် လိုသော အငွေ့ အသက်များ ပျံ့ကား လာပြီး၊ လိပ်နက် အသွင် ပြောင်းနည်း အား၊ ထိုးနှက် တော့၏။

“ သိုင်းအဒေါ် ... ၊ မင်း ငါ့ကို သတ်ချင်ရင် သတ်နိုင်တယ်။ ”

“ ရွှပ် ... ။ ”

သူတော်စင် ဓားတစ်လက်၊ ရုတ်တရက် ပျံတက်လာပြီး၊ လင်းယွန်၏ မျက်ခုံး နှစ်ခုကြား တိုးဝင် လာ တော့သည်။

မိုးပြာ နဂါး ဓား နှလုံးသားက အချက်ပေး သော်လည်း၊ မျက်လုံး မှိတ်လျက် မရှောင် ခဲ့ဘဲ၊ ခံယူ လိုက်၏။

ဓားက မျက်ခုံးနှင့် (၁) စင်တီမီတာ အကွာတွင် ရပ်တန့် သွားသည်။ သာမန်လူ တစ်ဦးသာ ဆိုက၊ သေသည် အထိ ကြောက်လန့် နေပေ လိမ့်မည်။

ကျောက်စိမ်းဓား သူတော်စင်က လက်ဝှေ့ ယမ်းကာ၊ သူတော်စင် ဓားကို ပြန်ခေါ် လိုက် လေသည်။

ဤအရာက လင်းယွန်အား စိတ်သက်သာရာ ရစေပြီး၊

“ ချမ်းသာ ပေးလို့ ကျေးဇူး တင်ပါတယ်၊ သိုင်း အဒေါ်။ ”

-ဟု ပြောကြား လိုက်၏။

“ ငါ မင်းကို ချမ်းသာ ... ပေးနေတာ မဟုတ်ဘူး၊ မင်းရဲ့ ... အထောက် အထားကို အတည် ပြုဖို့ ကြိုးစား နေတယ်၊ မင်းက ယဲ့ကူဟန်နဲ့ ပတ်သတ်မှု ရှိပြီး၊ ...

... အဲဒီတုန်းက သူ ... ငါ့ဆီ အသနားခံ ပေးခဲ့တယ်၊ ဒါကြောင့် ယဲ့ချင်းရှန် အသက်ကို ငါ မသတ် ခဲ့တာ။ ”

ထိုစကားကို ကြားသော အခါ လင်းယွန် မျက်နှာ ပြောင်းလဲ သွားသည်။ ကျောက်စိမ်းဓား သူတော်စင်မှ

“ လူ တစ်ယောက်ရဲ့ ... စွမ်းရည်က၊ တိမ်မြှပ်နေ နိုင်ပြီး၊ အရှိန် ရလာရင်၊ တဟုန်ထိုး တက်လာ နိုင်တယ်၊ ဒါပေမယ့် ပြောင်းလဲရ ခက်တဲ့ ... အကျင့် တစ်ခု ရှိတယ် ဆိုတာ မင်းသိလား။ ”

“ ဟုတ်ကဲ့ ... မသိ ပါဘူး။ ”

“ ရှင်သန်လို စိတ် ... ၊ ယဲ့ချင်းရှန်ရဲ့ ... နှလုံးသားမှာ ကြောင့်ကြမှုတွေ ရှိပြီး၊ အသက် ရှင်ဖို့ အတွက် ဆိုရင်၊ ဘာမဆို သူ လုပ်တယ်၊ မင်း ကတော့ သူ့လို မဟုတ်ဘူး၊ ...

... ယဲ့ကူဟန်က ငါ့ကို ရှောင်နေ ထဲက၊ ငါ့မှာ မှန်းဆချက် ရှိလာတယ်၊ ဒါကြောင့် အခု မင်းကို ထပ်လောင်း အတည်ပြု လိုက်တာပဲ။ ”

လင်းယွန် မျက်နှာ အနည်းငယ် ပြောင်းလဲသွား သော်လည်း၊ ၎င်းအကြောင်း ငြင်းခုံခြင်း မပြု ခဲ့ချေ။

“ ဆက်ပြီး ပုန်းကွယ် နေပါ၊ ကျန့်ဝူမင် တုန်းကလည်း ဖော်ထုတ်ဖို့ စိတ် မဝင်စား သလို၊ အခု မင်းကိုလည်း ... ငါ စိတ်မဝင် စားဘူး။ ”

ကေျာက်စိမ်းဓား သူတော်စင်၏ စကား သံမှာ၊ အဖျားခတ် တုန်ခါ သွား၏။ ဤသည်မှာ ဓားသမား တစ်ယောက် ဖြစ်သော သူမ၏ မာန ဖြစ်ပေသည်။

“ ဒီနေ့က စပြီး ... ဓားရေး လေ့ကျင့်ဖို့ ... ဒီမှာ ပဲနေ။ ”

“ ဘယ်လောက် ကြာကြာ နေရ မှာလဲ။ ”

“ တေရသမ ဓားပုံစံကို ကျွမ်းကျင် ပြီးရင် ဒီအကြောင်း ဆက်ပြောမယ်။ ”

ကျောက်စိမ်းဓား သူတော်စင်က သူတော်စင် ရောင်ဝါကို ပြန်လည် သိုင်းခြုံလျက်၊ နားမလည် နိုင်သော ခံစားချက်မျိုး ပေးစွမ်း လာပြန်၏။

သူမက စာရွက် တစ်ရွက်ကို ထုတ်ယူကာ၊ ပတ်ဝန်းကျင်မှ သူတော်စင် ရောင်ဝါများကို ဆွဲ ယူလျက်၊ စုတ်တံနှင့် စတင် ရေးသား တော့သည်။

ယင်းသည် စာလုံး တစ်လုံး ဖြစ်ပြီး၊ ၎င်းမှ ဓားရည်ရွယ်ချက်များ ထွက်လာကာ၊ လင်းယွန် ထံ တိုက်ခိုက် လာ၏။

သက်တံဓား သူတော်စင်မှ သူ့အား သင်ကြားစဉ်၊ အသုံးပြု ခဲ့သော သင်ကြားရေး နည်းစနစ်မျိုး ပေပင်။

ကျောက်စိမ်းဓား သူတော်စင်က ပို၍ ရက်စက် ပေ၏။ ဓားသမား ခြောက်ယောက် တိတိ ဖြစ်ပေါ် လာပြီး၊ ခြောက်ယောက် လုံးမှ ကြယ်ဓား ရည်ရွယ်ချက်ကို ပိုင်ဆိုင် ထား ချေပြီ။

၎င်းတို့က ပိုးစုန်းကြူး နတ်ဓားကို ထုတ်ဖော်လျက်၊ မြေပြင်မှ ခုန်တက် လာသော လင်းယွန်အား၊ ဝန်းရံ လိုက်၏။

ခဏ အတွင်း လင်းယွန် ခန္ဓာကိုယ်၌ ဓားဒဏ်ရာများ ရရှိ လာသည်။ တိုက်ခိုက်မှုတွင် ပါရှိသော ကြယ်ဓားမှာ အလွယ် တကူ ဖယ်ရှား၍ မရချေ။ နာကျင် လှ၏။

သူတော်စင် ခန္ဓာကိုယ် နှစ်ခု ဖြင့်ပင်၊ လင်းယွန်ကို ရှုံ့မဲ့ သွားစေသည်။ ကျောက်စိမ်း ဓား သူတော်စင်က သနားခြင်း မရှိဘဲ၊ စာများ ဆက်၍ ရေးဆွဲ နေခဲ့သည်။ ၎င်းသည် ဒုတိယ၊ တတိယနှင့် စတုတ္ထဓား ပုံစံများ ဖြစ်၏။

မိုးပြာ နဂါး ဓား နှလုံးသားမှ၊ သူ့ကို သတိပေး လျှင်ပင်၊ ဒဏ်ရာများ ပို၍ တိုးလာဆဲ ဖြစ်သည်။ ရင်ပြင် တစ်ခုလုံး ဓား ရောင်ဝါများ ဖုံးလွှမ်း လာ၏။

နေနတ်ဘုရားအား ဖမ်းဆီး ခြင်းကို၊ ကန့်သတ်ချက်သို့ တွန်းပို့ပြီး၊ သူ့ကိုယ်သူ (၆) ယောက်၊ ခွဲပစ် လိုက်သည်။

“ ချ လွမ် ... ။ ”

သို့တိုင် သတ္တမမြောက် ဓားပုံစံနှင့် ရင်ဆိုင် ရသော အခါ၊ လက်ထဲရှိ ပန်းသင်္ချိုင်း ပြုတ်ကျ သွား သေး၏။ ဓားသမား (၆)ယောက်က၊ သူ့ကို ချက်ချင်း ဝိုင်းရံလာ တော့သည်။

“ ဒါက သက်တံဓားရဲ့ ... တပည့် အဆင့်လား။ ”

ကျောက်စိမ်းဓား သူတော်စင်က စာရေး ခြင်းကို ရပ်နား လိုက်၏။ လင်းယွန်မှာ ဒေါသ ထွက်လာပြီး၊ မိုးပြာ နဂါး ဓားနှလုံးသား ထုတ်ချင် နေခဲ့သည်။

သို့သော် ကေျာက်စိမ်းဓား သူတော်စင်၏ လှောင်ပြောင် လိုသော အကြည့်ကို မြင်လိုက်ရ ပြီးနောက်၊ တွန့်ဆုတ် သွား၏။

သူ မည်သူ မည်ဝါ ဖြစ်သည်ကို၊ ကိုယ်တိုင် ထုတ်ဖော် လာမည့် အချိန်အား၊ စောင့်ဆိုင်း နေ ပုံရ ချေပြီ။

ယင်းကြောင့် ဒေါသမှာ ငြိမ်သက် သွားပြီး၊ ဝင်လာသော ဓားကို ပုတ်ထုတ်လျက်၊ ကျန်ဓား များကို ပိတ်ဆို့ရန်၊ ပန်းသင်္ချိုင်းအား ပြန်လည် ခေါ်ယူ လိုက်သည်။

“ ဒါက ကောင်းကင်ဘုံ ကျောက်စိမ်း ဓားမျိုးရိုးရဲ့၊ အကောင်းဆုံး ပဲလား။ ”

ထို့နောက် ပြုံးပြီး ပြန်ပြော လိုက်သည်။ ကျောက်စိမ်းဓား သူတော်စင်မှ မျက်နှာ ပြောင်း သွားပြီး၊ ခေါင်းငုံ့ကာ စာဆက် ရေး တော့၏။

ပိုးစုန်းကြူး နတ်ဓား၏ ဒွါဒသမမြောက် ဓားပုံစံကို ရေးသား လိုက်သော အခါ၊ လင်းယွန် တစ်ယောက် သွေး အလိမ်း လိမ်းဖြင့်၊ ဒူး တစ်ဖက် ထောက်ကျ သွားသည်။

“ နောက်ဆုံး ဓားကို ဆက်သွားမယ်။

လင်းယွန်က အံကြိတ်ကာ ပြောသည်။ တစ်ဖက် လူက စိတ်မဝင် စားချေ။ တေရသမ ဓားပုံစံကို၊ ဆက် မရေး တော့ဘဲ၊

“ အမွှေးတိုင် လောင်ကျွမ်းချိန် တစ်ဝက်လောက် အနားယူ၊ ပြီးရင် ... ငါတို့ ဆက်သွားမယ်။ ”

-ဟု ပြောကြား လာသည်။ နေဝင်ချိန် ရောက်သော်၊ ပိုးစုန်းကြူး နတ်ဓားအား၊ အကြိမ် တစ်ရာ နီးပါး၊ ရင်ဆိုင် ခဲ့ပြီး ဖြစ်၏။

ထိုအကြိမ်များ အတွင်း၊ တေရသမ ဓား ဖြစ်သော အနန္တ ဓားများ ပေါင်းစည်း ခြင်းကို၊ မရေးသား ခဲ့ချေ။

ယင်းကြောင့် ကျောက်စိမ်းဓား သူတော်စင်သည် သူ့ကို သွန်သင် နေခြင်းမျိုး မဟုတ်ဘဲ၊ ဆရာ့ ကိုယ်စား လက်စားချေ နေသည်ဟု၊ သံသယ ဖြစ်လာ၏။

“ မနက်ဖြန်မှ ဆက်ရအောင် ... ။ ”

စကားဆုံး သည်နှင့် ကျောက်စိမ်းဓား သူတော်စင်မှာ ကောင်းကင်ပေါ် ပျံတက်ပြီး၊ ပျောက်ကွယ် သွားခဲ့သည်။

လင်းယွန်က ဒဏ်ရာ များကို ကုသရန် တင်ပျဉ်ခွေ ချိတ်ထိုင် လိုက်သည်။ သူ ဟူသည် လွယ်လွယ်ဖြင့်၊ အရှုံးပေး တတ် သူမျိုး မဟုတ်ချေ။

နောက်တစ်နေ့တွင် ဓားသမား အပေါင်း တို့သည် နေလ ကျောက်စိမ်း နန်းတော် အတွင်း စုရုံးခဲ့ ကြ၏။

ယနေ့သည် ကျောက်စိမ်းဓား သူတော်စင် ချိန်းထားသော နေ့ဖြစ်သဖြင့်၊ မည်သူမျှ နောက် မကျ ရဲချေ။

လွန်ခဲ့သည့် နှစ်ရက် အတွင်း၊ ကျောက်စိမ်းဓား သူတော်စင် ရေးသားသော စကားလုံး သုံးလုံး ထံမှ၊ အကျိုး အမြတ်များ ရရှိခဲ့ ကြသည်။

ဝမ်ယွဲ့မှ ချန်ကျန့် အနား တိုးကပ်ကာ၊

“ ယဲ့ချင်းရှန်ကို တွေ့လား။ ”

- ဟု မေးသည်။

“ မတွေ့ဘူး ... ။ ”

ချန်ကျန့်မှ ခေါင်းယမ်း ပြန်ဖြေ ၏။ ယဲ့ချင်းရှန်သာ ရှိနေက သူတို့ သတိ ထားမိ မည်မှာ သေချာသည်။

“ ထူးဆန်းတယ်၊ သူ ဘယ်ရောက် နေလဲ။ ”

ဝမ်ယွဲ့ တစ်ယောက် တွေးတော နေမိသည်။

“ အဲဒီ လောက်လည်း စိတ်မပူ ပါနဲ့၊ သူ လာမှာပါ။ ”

ချန်ကျန့်မှ ပြောသည်။ ဝမ်ယွဲ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး၊

“ သိုင်း အဒေါ်က ... ၊ ဒီတစ်ကြိမ် ဓား ညီလာခံကို၊ အရမ်း ... အရေးထား လာတယ်၊ ဘာကြောင့်လို့ ထင်လဲ၊ အရင် တုန်းက ဒါကို အာရုံ မစိုက်ခဲ့ ပါဘူး။ ”

ချန်ကျန့်မှ ပြုံးပြီး၊

“ ကောင်းကင် တာအို ဂိုဏ်းရဲ့ ... ယခင် အဆင့်က နိမ့်တယ်၊ နောက်ဆုံးတော့ ငါတို့က ဓားသမားတွေ နေတဲ့ ဂိုဏ်းကြီး မဟုတ်လား၊ ဒါကြောင့် သိုင်းအဒေါ်လည်း ... ၊ ရပ်ကြည့် မနေနိုင် တော့တာပါ။ ”

“ ဖြစ်နိုင်တယ်။ ”

ဝမ်ယွဲ့မှ ခေါင်းညိမ့် ပြီး၊ လူအုပ်ကြီးအား ထပ်မံ ဝေ့ကြည့် မိပြန်၏။ ယဲ့ချင်းရှန်ကို အရိပ် အယောင် မျှပင်၊ မတွေ့ရ သေးချေ။

“ ဒီကောင် မလာ ဖူးလား။ ”

သူ့တင် မက၊ အများ စုပင်၊ သတိထား မိလာသည်။ ၎င်းအား သင်ခန်းစာ ပေးလိုသော ယဲ့-မိသားစုမှာ အလှုပ် ခတ်ဆုံး ဖြစ်ချေ၏။

***

All Chapters